ရက်ကန်းလုပ်ငန်းနန့် စပ်ဆိုင်ရာ ဝေါဟာရတိ
အသွင်ပြင်
| မြန်မာ | ရခိုင် |
|---|---|
| ရက်ကန်းရက်လုပ်သော မိန်းမ | ယိုင်သည် |
| ရက်ကန်းကျွမ်းကျင်သူ | ရကန်းတတ် |
| ရက်ကန်းထည်ရောင်းမိန်းမ | ဒလာမ |
| ချည်လိပ်ချား | လက်တား၊ လုပ်တား |
| ချည်ချား | ချသျှေ |
| ချည်ရှည်ခုံ | ချခုံ၊ ရှည်ခုံ |
| ချည်ရှည်ရာတွင်သုံးဝါးငယ် | လက်လံတုတ် |
| ချည်ရှည်ရာငုတ်တိုင် | လက်လံတိုင် |
| ရစ် | ရဟတ် |
| ရစ်ဖောက် | ရွန်းသီး |
| ယက်ဖောက် | ရွန်းသီးခွံ |
| လွန်း | ရွန်း |
| ဗိုင်းငင်တယ် | ချည်ပတ်တေ |
| ကော်စာတင် | ခြည်နယ်ရေ၊ အစာတင်ရေ |
| ချည်ပူးတယ် | ခြည်ဖျက်တေ၊ လက်ယှက်ငင်ရေ |
| လက်ခတ်ဆင် | လက်ခတ်ညှိရေ |
| ယက်ဖောက်တယ် | ရွန်းသီးယောက်တေ |
| ကော်စာတင်ပြီးလျှင် | ပြန်ရှည်ခြင်း ခြည်တန်းရေ |
| ရက်ကန်းစင် | ယိုင်စင် |
| နယ်ဂန် | နွယ်ဂန် |
| နယ်စူး | နွယ်စူး |
| အထည်သားလိပ် | လက်လိပ် |
| စီး | ကျော့ |
| ယဉ်ဘောင် | ယိုင်ဘောင် |
| ယဉ်သွား | ယိုင်သွား |
| ပန်းဖော်ပျဉ်ပြား | ရက်မ |
| ချည်တစ်ပင် | ခြည်တမျှင် |
| ချည်လေးပင် | ခြည်တမျက် |
| ချည်တစ်လုံး | ခြည်တခင် |
| ချည်နှစ်ထုံး | ခြည်တပူး |
| ပင်တိုင်ချည် | အတိုင်ခြည် |
| ရက်ဖောက်ချည် | အဖောက်ခြည် |
| ချည် | ခြည် |
| ချည်မည်း | ရှား၊ မဲခြည် |
| ချည်နီ | မကာ |
| ချည်ဆိုးဆေး | ဆာဖာဆိုးဆေး |
| ပန်းရောင် | ဆာဖာရောင် |
| အညိုရောင် | ဒုတ္တာရောင် |
| မီးခိုးရောင် | အာကာရောင် |
| အနီရောင် | မူကာဆီး |
| တရောင်တည်း | အဆင် ဘိန်း |
| အကွက်ကြီးအဆင် | သဘောက်ပြက်ဆင် |
| အကွက်သေးအဆင် | ကွက်စိပ်ဆင် |
| မန္တလေးပိုးထည်ဆင် | ချပ်မတတ် |
| ဗန်ကောက်ဆင် | ဘယ်လိမ်ညာလိမ်ဆင် |
| အချိတ်ဆင် | ပန်းဖော်၊ ရက်မထောင် |