Jump to content

ရခိုင်

ဝီကီးပီးဒီးယား က

အစိုင်အလာမှတ်တမ်းတိအရ ဗုဒ္ဓဖရားသျှင် သက်တော်ထင်ရှားဟိစဉ် နောက်ပါရဟန်းငါးရာနန့် ရခိုင်ပြည်သို့ ကြွရောက်ကာ သာသနာပြုခကြောင်း တွိ့ရရေ။ ဓညဝတီ ရခိုင်ပြည်သျှင်မင်းနန့်တကွ ပြည်သူပြည်သားတိ လျှောက်ထားတောင်းပန်ချက်အရ ရခိုင်သို့ ဗုဒ္ဓဘုရားသျှင် ကြွရောက်တော်မူလာရာ၊ ဂစ္ဆပနဒီမြစ်အနီး သေလာဂီရိကျောက်တောင်ထိပ်တွင် သက်ဆင်းရပ်နားတော်မူရေ။ ထိုတောင်ထိပ်မှ ဓညဝတီ ရခိုင်ပြည်တဝှမ်း မျှော်ကြည့်ယင်း မိမိ၏နုစိုင်ဘဝတိက ဖြိုက်ပျက်ကျင်လည်ခရေ ဒက်ချ်(ဒေသ)တိကို နောက်ပါရဟန်းတိအား လက်ညှိုးညွှန် ဗျာဒိတ်တော်ထားတော်မူရေ။ နောင်အခါ ရခိုင်ဘုရင် အဆက်ဆက်ရို့ရေ မြတ်စွာဘုရားသျှင်ဧ ဗျာဒိတ်တော်အတိုင်း ဘုရားသျှင်ဧ ဓာတ်တော်မွေတော်တိကို ဌာပနာပြုပနာ စာတီပုထိုးတိ တည်ထားကိုးကွယ်ခကတ်ရာ၊ ဂစ္ဆပနဒီမြစ်ဝှမ်းတစ်လျှောက် တောင်ကုန်းတောင်ထိပ် အသီးသီးမာ အဆူဆူသော စေတီပုထိုးတိကို ဂနိတိုင် ဖူးတွိ့ရခြင်းဖြိုက်တေ။

မြတ်စွာဘုရားသျှင် ကြွရောက်တော်မူရာကာလမာ ဘီစီ (၆)ရာစုအထဲဖြိုက်ပနာ ဓညဝတီပြည်ကြီးကို စန္ဒသူရိယ ဘုရင် စိုးစံရေကာလဖြိုက်တေ။ ရှီဟောင်းပီမူတစ်ခု ဖြစ်ရေ (သဗ္ဗဒါနပတာရနကျမ်း)မာ မဟာမုနိသွန်းလုပ် ရေထိ ပြည့်စုံစွာ ဖတ်ရှုနိုင်ပါရေ။ ဘုရားသျှင်လည်း မဟာမုနိ ရုပ်သျှင်တော်ကို ကိုယ်စားအဖြိုက် သွန်းလုပ်ပြီးနောက် ချိုက်သားရဟန်းရို့ ရက္ခပူရတိုင်း ဓညဝတီပြည်ကြီးရေ မဇ္ဈိမတိုက် ဒုသနဂိုရ်ရို့ထက် အလွန်ပြည့်ဖြိုးရေ ကောက်သလေးရို့နန့် ကောင်းမွန်မြင့်မြတ် နှစ်သက်ဖွယ်ကောင်းရေ ဆွမ်းအဟာရကို သုံးဆောင်ကတ်ရပါရေ။ ရှီလွန်လီ‌ေရ ဘုရားသုံးဆူရို့လည်း ဤပြည်ကြီးကို "ဓညဝတီ"ပြည်ဟု ဗျာဒိတ်ပီးတော်မူခရေ။ ယခုတုံလည်း ဤပြည်သူလူ ခပ်သိမ်းရို့ရေ စိုးစဉ်းမျှ ငတ်မွတ်ခြင်းမဟိစဖူး။ ယင်းကြောင့် ဤပြည်ကို ဓညဝတီပြည်ဟုပင် ထင်ရှားခေါ်ဝေါ်စီ သတည်းဟု ဗျာဒိတ်ထားတော်မူရေ။ ဗျာဒိတ်တော်အတိုင်းပင် ရခိုင်ပြည်တွင် နှစ်ပေါင်းများစွာကပင် ဆန်ရီစပါး ပေါကြွယ်ခလီရေ။ ပိုလျှံစွာတိကို အိမ်နီးချင်းတိုင်းပြည်တိပါးသို့ ရီကြောင်းမှ တင်ပို့ရေ။ အစိုင်အဆက် အီးချမ်းသာယာခရေ။ ဓညဝတီဆိုရေ နာမည်မှာ ရှီကျရေနာမည်ရင်းဖြိုက်ပနာ တိုင်းပြည်တစ်ခုလုံးကို ဆိုလိုရေ။

နှောင်းပိုင်းတွင် ရက္ခပူရ၊ ရက္ခိုင်ပြည်၊ ရခိုင်တိုင်း အဂု့ခါ ရခိုင်ပြည်နယ်ဆိုပနာ အဆင့်ဆင့်ပြောင်းလဲ ခေါ်ဝေါ်ခရေ။ ယင်းသို့ ပြောင်းလဲခစွာမှာ ရက္ခိုင်တိနီထိုင်ရာ ဒေသဖြစ်မှုကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြိုက်ပါရေ၊ ရက္ခိုင်ဆို‌ရေ အမည်ကား ဇာလဲ။ နိုင်ငံခြားသားတိက ဇာပိုင် ခေါ်ဝေါ်ကတ်ပါလဲ။ ရခိုင်တိုင်းရင်းသားရို့က မိမိကိုယ်ကို "ရက္ခိုင်"ဟု ခေါ်ဝေါ်သုံးစွဲကတ်စွာကို ကြိုက်နှစ်သက်ကတ်တေ။ ရက္ခိုင်ဟူသော အမည်မှာ ကကောင်းရှီးကျရေ။ ရခိုင် သမိုင်းတိတွင် ဘီလူးတိ(နီဂရတ်တို)တိ စတင်နီထိုင်ခရာ ဒေသဖြစ်၍ ပါဠိ၊ သက္ကတ၊ ဘာသာစကား "ရက္ခပူရ" ဟု ခေါ်၍ နီထိုင်ရေသူတိကို ရက္ခိုင်ခေါ်ကြောင်း ဆိုပါရေ။ ယင်းမှ "ရခိုင်" ဖြစ်လာရေလို့ ဆိုကတ်တေ။

ရခိုင်တိုင်းရင်းသားတိကို နိုင်ငံခြားသား အထူးသဖြင့် အိန္ဒိယ၊ ဘင်္ဂလီတိက မောဂ် (Magh) ဟု ခေါ်ဝေါ် ရွီးသားကတ်တေ။ ပညာသျှင်တိက ယပိုင်ခေါ်ဝေါ်မှုနန့်ပတ်သက်ပနာ အမျိုးမျိုးယူဆကတ်ရေ။ ပညာသျှင်အချို့ က "မီးကို ကိုးကွယ်ရေသူတိ"မီးကို ကိုးကွယ်ရေသူတိ" ဆိုပနာ အဓိပ္ပါယ်ရသော ပါရှန်စကား ဖြစ်တေလို့ ဆိုရေ။ ရခိုင်ရို့ အတိတ် သမိုင်းနန့် လက်ဟိအခြေအနီအရ မီးကို ကိုးကွယ်မှုမဟိကတ်လို့ ယင်းအယူအဆမှာ၊ ဖြစ်တန်ရာမဟိပါ။

အချို့ပညာသျှင်တိက (Magh) မောဂ်ဆိုရေ ဝေါဟာရက "မော့ဒူ၊" (Magdu) ဆိုရေ သက္ကတဝေါဟာရက ဆင်းသက်လာကြောင်း ဆိုရေ။ မော့ဒူး၏ အဓိပ္ပါယ်မှာ ပင်လယ်ငှက်၊ ပင်လယ်ပျော်လူသား၊ ပင်လယ်ကို ကြိုက်နှစ် သက်ကတ်သူတိဆိုပနာ အဓိပ္ပါယ်ရပါရေ။ အေအချက်မှာ အလွန်ပင်နီးစပ်ကြောင်း တွိရရေ။ ဇာကြောင့်ဆိုကေ ရခိုင်မျိုးနွယ်တိမှာ ဘင်္ဂလားပင်လယ်အော်နန့် ဖက်၍ မွီးဖွားကြီးပြင်းလာကတ်သူတိ ဖြိုက်ပနာ "ပင်လယ်ပျော်" တိဖြိုက်ခြင်းကြောင့်ပင်၊ စာရွီးဆရာကြီး ဆာအာသာဖေယာကမူ မော့ဂ်(Magh) ဆိုရေ ဝေါဟာရစွာ အိန္ဒိယနိုင်ငံ မာဂဓ (Magada)တိုင်းက ဆင်းသက်လာကတ်သူတိဖြိုက်လို့ မော့ဂီဟု ခေါ်ဆိုကတ်ခြင်းဖြိုက်တေလို့ မိန့်ရေ။ အိန္ဒိယနိုင်ငံ မာဂဓတိုင်း ကမ်းခြီနန့် ရခိုင်ဒေသရေ ရှိနှစ်ပေါင်းများစွာကပင် ရီကြောင်းနန့် ကူးလူးဆက်ဆံခြင်း ဟိခရေ။ အနောက်တိုင်းသားရို့ကမူ ရခိုင်လူမျိုးရို့ကို "အာရကန်"(Arakan)ဟု ခေါ်ဆိုကတ်ပြန်ရေ။

ဇာကြောင့် (Rakhine)ကို Arakan လို့ ခေါ်ကတ်ပါလဲ။

ကပ္ပတိန်ယူလီ၏ ရှီးလည်းကျ၊ စိတ်ဝင်စားဖွယ်လည်းဖြစ်ရေ၊ အနောက်အာရှမှ တရုပ်ပြည်သို့ ပင်လယ် ခရီးလမ်းဟူရေ စာအုပ်တွင် ရခိုင်ဒေသကို အာရကန်ဆိုပနာ တိုလီမီ၏ အာဂျာလ် (Argyre) ကို ကိုးကား၍ သုံးနှုံးခေါ်ဝေါ်ထားကြောင်း တွိရရေ။

တိုလမီရေ ခရစ်သက္ကရာဇ် (၂)ရာစုလောက်တွင် ငွေထွက်ရေတိုင်းပြည်အဖြိုက် စစ်တကောင်း၊ နတ်မြစ်ဝ အလွန်မာ ရခိုင်ဒေသကို "အာဂျာန်"အာဂျာန်"အာဂျာန်"အာဂျာန်"အာဂျာန်"လို့ ဦးစွာဖော်ပြခရေ။ ယင်းနောက် ၁၆ရာစုအရောက်တွင် မဟာမေဒင်၊ သမိုင်းဆရာတစ်ဦးဖြစ်ရေ ရှဟာဘူဒင် (Shahabudin) က ရခိုင်ပြည်မာငွီတွင်းတိဟိကြောင်း ဖော်ပြရေ။ (၁၇)ရာစုသို့ ရောက်ရေအခါ အနောက်တိုင်းရင်းသားတိ လာရောက်ကုန်သွယ်ကတ်ရာ အထူးသဖြင့် ဒတ်ချ်ရို့၏ မှတ်တမ်းတွင် ရခိုင်ပြည်မြောက်ဦးမြို့တော်မှ ငွီသားတိ လာရောက်ဝယ်ယူရဟိကြောင်း ဖော်ပြထားရေ။ အဆိုပါ ငွီနိုင်ငံဆိုပနာ တိုလပီခေါ်ခရေ (Argyre) မှ Arakan ဖြစ်လာဟန်ဟိကြောင်း အချို့က ယူဆကတ်ရေ။

ရခိုင်၏မူလအမည်ဖြစ်တေ ရက္ခိုင် (Rakhine)ကို အာရပ်တိနန့် အိန္ဒိယနွယ်ဖွားတိက ၎င်းရို့၏ အသံ လီယူလီသိမ်းအတိုင်း ရှိမှ"အာရ်"ကို ထည့်၍ "အာရ်ရက္ခိုင်"ဟု ခေါ်ဝေါ်ပြောဆိုကတ်ရေ။ အနောက်တိုင်း သား နန့် အာရပ်ရို့ကတဖန် တဆင့်တက်၍ အသံဖလှယ်ကတ်ရာ "အာရကန်"(Arakan) ဖြစ်လာဟန် ဟိပါရေ။ အလွန်ပင် အသံထွက် နီးစပ်ပါရေ။ ယုတ္တိဟိပါရေ။

မူလအမည်ဖြစ်ရေ ရက္ခိုင်ကို သျှစ်သောင်းဘုရားအနီးဟိ အနန္ဒစန္ဒြားကျောက်စာ (၁၁)ရာစုမာ ဦးစွာ တွိရ ရေ။"အာရက္ခဒေ့ချ်"(Arakadesa) ဟု ဖော်ပြထားရာ ရက္ခိုင်ရို့မြီလို့ အဓိပ္ပါယ်ရဟိပါရေ။ ပထမဆုံး အထောက်အထားဖြစ်တေလို့ ယူဆရပါရေ။ ပါမောက္ခလူးစ် အဆိုအရ အေဒီ ၁၂၉၉ ခု ထိုးရေ ပုဂံကျောက်စာ တစ်ချပ်တွင် "ရက္ခိုင်"ဆိုပနာ တွိရရေ။

နီကိုလာလွန်တီ (Nicola Canti) ၁၄၂၀-၁၄၃၀ ဆိုသူက ရက္ခိုင်ပြည်ကို "ရချန်နီ" Rachani လို့ ရီးသားခရေ။ ၁၆ရာစု အလယ်ခန့်မာ တူရကီသင်္ဘော ကပ္ပတိန်တစ်ဦးကမူ "ရကန်"(Rakai)ဟု ရွီးသားခပြန်ရေ။ အားလုံးပင် မူလအခေါ်နန့် နီးစပ်မှု ဟိကတ်ပါရေ။ အေဒီ ၁၅၁၆ ခုနှစ်တွင် ဘာဘိုဆာ (Barbosa)ဆိုသူက အာရကန် (Aracan)ဆိုပနာ ဂနိခေတ် နိုင်ငံခြား သားအခေါ်နန့် အနီးစပ်ဆုံး အသုံးပြုရီးသားခရေ။ နောက်ပိုင်းတွင် ဥရောပတိုက်သားတိ၊ အထူးသဖြင့် ပေါ်တူဂီ အိန္ဒိယအနွယ်တိက ထိုစာလုံးနန့်အနီးစပ်ဆုံး စာလုံးတိဖြင့် သုံးစွဲလာကတ်ရေ။ ၎င်းရို့မှာ Reeon, Rakan , Arraeam, Araeao, Orrakan နန့် Arrakan ဆိုပနာ အမျိုးမျိုးအဖုံဖုံ ခေါ်ဝေါ်ရီးသားကတ်လာရေ။

နိုင်ငံခြားသားတိအနီနန့် ဇာပိုင်ပင် ခေါ်ဆိုကတ်ပါဇီ၊ပက်စီ ရခိုင်လူမျိုး၊မျိုးနွယ်တိအဖို့ ရက္ခိုင်ဆိုပနာ လီးလီး ကျောက်ကျောက် အသံထွက်ဆိုရေ။ ရခိုင်ဆိုပနာ ခေါ်ရစွာကို အကြိုက်ဆုံးဖြိုက်ကတ်တေ။ အမျိုးနန့်သီလကို စောင့်ထိန်းကတ် ရေသူတိဖြိုက်ကတ်လို့ စောင့်ရှောက်ခြင်း အဓိပ္ပါယ်ရရေအတွက် "ရက္ခိုင်"အခေါ်ကို ပိုပနာ နှစ်သက်ကတ်‌ေစာ်ဖြစ်တေ။ ဒေအကြောင်းကို-

အသျှင်နာဂိန္ဒမော်ကွန်းမာ=

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အမျိုးသီလ၊ နှစ်ဌာနကို

ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍

ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်

အနွတ္တသညာ၊ ခေါ်အပ်ရာတည်း ဟူ၍လည်းကောင်း၊

ကျွန်းမာဇမ္ဗူ

လူမာရက္ခိုင်

ကြိုင်ဘိသတင်း

ကင်း‌ရေအပြစ်

ချစ်‌ရေအမျိုး

ကြိုး‌ရေလုံးလ

မြတ်စာဂနန့်

နှစ်ဝနတ်လူ

ချစ်ကြည်ဖြူသည်

နိဗ္ဗူဆုတောင်းပြည့်အံ့တည်း။

ဆိုပနာ တွိရလီရေ။[]

  1. ထွန်းရွှေခိုင်၊ မြောက်ဦးမြို့တော်-(p-9)