Jump to content

ရခိုင်ကလောင်လုပ်နည်း

ဝီကီးပီးဒီးယား က

ကလောင်ကို “ကောင်လောင်၊ ကူလောင်' လို့လေ့ အယင်က ခေါ်ကတ်ပါရေ။ အယင်က ရခိုင်တိရေ စက္ကူ၊ မင်၊ ကလောင်ရို့ကို ကိုယ်တိုင်လုပ်ပြီး အသုံးပြုခပါရေ။ ကလောင်(တန်) ပြုလုပ်ဖို့ အတွက် ဝါး(မဒဲဝါး၊ တရဂူဝါး၊ ကသောင်းဝါးတိ)အရင်းပိုင်းက အလယ်ပိုင်းထိကို အဆစ်မပါယောင် ဖြတ်လို့ လက်တစ်လုံး (၁. ၅)စင်တီလောက်စီ ခြမ်းထားရပါရေ။ အအူကို စကေခြစ်ထား ခွါထားရပါရေ။ ယင်းဝါးခြမ်းကို ချက်ပြုတ်တေ စဖိုအထက်က ကြပ်စင်မှာ တင်ထားလို့ အခြောက်ခံ ကြပ်တိုက်ထားရပါရေ။ လိုရေခါ တစ်ထွာလောက် အပိုင်းအနားဇောင်း သတ်လို့ အကိုင်တန် ပြုလုပ်ရပါရေ။ အဖျားနသွီးကို တြိဂံပုံစံဖြစ်ယောင် ၂ ဖက် အနားက ချွန်ရပါရေ။ အခေါက်ဖက်ကို အထက်က ထား အသားဖက်ကို အောက်ဖက်က ထိန်းလို့ လက်ကိုင်နိုင်ယောင် လုပ်ထားရပါရေ။ နသွီးအောက်ဖက်က အသား(အဖျား)ကို စကေချူးချူး မှင်တို့လို့ ရွီးရယောင်ထိ ပြုလုပ်ပြီးကေ အဖျားမှာ ၂ ခြမ်း ဖြစ်ယောင် လက်တစ်ဆစ် (၂. ၅)စင်တီမီတာလောက် ခွဲထားရပါရေ။ အဖျားကို စာလုံးပုံ ကြီးငယ်လိုရေပိုင် ချွန်ထားရပါရေ။ ယေပြီးခါမှ စာရွက်၊ ပုရပိုက် ထက်၊ အောက်၊ ဝဲယာ အနားကျန် ချန်ထားရပါရေ။ အလယ်ဂေါင်မှာ တခါတရီ ၁ ခု၊ တခါတရီ ၂ ခု လက်မခွဲလောက် အဝိုင်းနှစ်ထပ် မှင်နန့် လုပ်ရပါရေ။ ယင်းကို အချက်၊ အလယ်ချက်၊ ‘ချက်’ လို့ ခေါ်ကတ်ပါရေ။ စာရွက်မှာ ‘မျိုင်း’ လိုရေပိုင် သတ်မှတ်ပြီး ယင်းလုပ်ထားရေ ရခိုင်ဝါးကလောင်နန့် မင်တို့လို့ တို့လို့စီ စာလုံးကို ရွီးကတ်ရပါရေ။ စာလုံး၏ မှင်ခရာကို ကြည့်လို့ ကိုယ်လုပ်မှင်/ ကိုယ်လုပ်ကလောင်ကို သိနိုင်ပါရေ။[]

  1. ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ) ဓမ္မဇေယျ (ရက္ခဘေရီတည်းဖြတ်)၊ ၂၀၂၃ ခုနှစ်၊ စာ-၁၁-၁၂