Jump to content

ရခိုင်စည်

ဝီကီးပီးဒီးယား က

ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တက်ပြီး၊ စည်ကိုတီး ဟု ဆိုလိ့ဟိခကတ်ရေ။ စူလစနြ ́မင်း ဝေသာလီမှ ပင်လယ်ရပ်ခြားသို့ လှီတော်တိနှင့် ခရီးထွက်ရေအခါ ကိုးစိတ် ကိုးလံဟိရေ လှီလောင်းကြီးတိပေါ်၌ ကျင်သန်ခေါ် လူသန်တိတက်ပြီး လှော်ခတ်ရာတွင် ရခိုင်စည်ကို တီးလီရေ။ လှီတော်သံ-ဟန်စွလေကိုလည်း တက်ခတ်သား လူသန်ရို့ သီဆိုကတ်ရေဟု သိရရေ။ ရခိုင်စည်ကို စနြ ́ားမင်းတိလက်ထက်တိစွာ အသုံးပြုခကတ် ရေဟု သိရရေ။ စည်တော်ရွန်းခရေ့တောင်ကို စည်ကြီးတောင်ဟု ဂနိတိုင် ခေါ်ဝေါ် လျက် ဟိကတ်ရေ။

ရာဇဝင်မှတ်တမ်းရို့၌ ဒွါရာဝတီမြို့က ဒသဘာတိက ညီနောင်ရို့ ပင်လယ်ကမ်းနား ရေကစားရာသို့ မျောပါလာရေ ကက္ကဋပုစွန်လက်မကို ဗဟိုစည်ကြက်လုပ်၍ မြှောက်စည် ပြုထားခရေဟု ဆိုရေ။ ထိုအခါမှစ၍ စည်တူရိယာပေါ်လာရေ့ သဘောပင် ဖြစ်ရေ။ အဓိပ္ပာယ်မှာ စည်တူရိယာကို ဒွါရာဝတီ-ဝေသာလီရို့၌ စတင်အသုံးပြုခရေဟု ဆိုလိုရေ။ စည်တိူရိယာကို များရေအားဖြင့် ပိတောက်သားနန့်လုပ်ရေ။ တဖက်တွင် နွားသားရီ၊ တဖက်တွင် ဆိတ်သားရီကို ကြက်ရပေရေ။ ဆိတ်သားရီကြက်ရေ့ ဘက်ကို စောင် ဘက်လို့ခေါ်ပြီး နွားသားရီ ကြက်ရေ့ဘက်ကို ဗြိန်း ဘက်လို့ ခေါ်ရေ။ အချို့နီရာတိတွင် ဗြိန်း ဘက်လို့မခေါ်ဘဲ ဂြမ်းလို့ ခေါ်ရေ။ စောင်ဘက်ကို အခြင်း ဖော်ရေ့ဘက်ဟုခေါ်ပြီး ဗြိန်းဘက်ကို အသံလိုက်ရေဘက်လို့ ခေါ်ရေ။

စည်တီးရေ့အခါ ရခိုင်အသံ စောင်-ဗြိန်း ဆိုရေ အသံမျိုးထွက်လာလီရေ။ တစ်စုံတစ်ခု ကောင်းမှု ကုသိုလ်ပြုရေ့အခါ ယင်းကောင်းမှုနန့်ပတ်သက်ရေ့ တီးလုံးတီးကွက်မျိုးတိကို တီးရရေ။ စောင်ဘက်ကို လက်နန့်အခြင်းဖော်ပြီးကေ ဗြိန်းဘက်ကို ဆင်စွယ်ခေါ်ရေ့ တုတ်နန့် တီးရရေ။ မင်္ဂလာဟိရေ အမှုကိစ္စရို့မှာ တီးမည်ဆိုကေ စည်ရို့၏ထုံးစံအတိုင်း အဝတ် ဝတ်ပီးရရေ။ ဤသို့ ဝတ်စားဆင်ယင်မှုတွင် အမျိုးအစားအားဖြင့် နှစ်မျိုး သုံးမျိုးဟိရေ။ စည်ဝတ်ခါးပုံကြိုး၊ ရင်သိုင်း၊ သဘင်တွဲအစဟိရေ့ အဝတ်အစားတိကို ဝတ်ဆင်ရရေ။ ရာဇဝင်မှတ်တမ်းရို့၌ ရခိုင်အမျိုးသားရို့ရေ အောက်ပါစည်တိကို အသုံးပြု ခကတ် ရေဟု တွိ့ရရေ။

၁။ မြောက်စည် (ဗဟိုစည်)

၂။ သံလွင်စည်

၃။ မုရိုးစည် (စည်ဗြော)

၄။ စည်ပုတ်

၅။ စည်ကြီး (ရွန်းစည်)

၆။ ဒုံမင်း

၇။ စည်ပန်းတောင်း

၈။ စည်ဝမ်း

၉။ ပတ်သာ (ပတ်မ)

၁၀။ တစ်ဖက်စည်

၁၁။ ပန်းတျား (ပန်းတျင်း)

၁၂။ ပတ်စည် (ကျင်စည်)

၁၃။ စည်ချေ []

  1. ဦးဘစံ -ရက္ခမဏ္ဍိုင် အမှတ် ( ၁ ) -p16