ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
| ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ | |
|---|---|
| အင်္ဂလိပ် နာမည် | Rakhine Nationalities Development Party |
| ဥက္ကဋ္ဌ | ဒေါက်တာအေးမောင် |
| အတွင်းရေးမှူး | ခိုင်ပြည့်စိုး |
| တည်ထောင်ခြင်း | ၆ မေ ၂၀၁၀ |
| ဖျက်သိမ်းခြင်း | ၁၃ ဇန်နဝါရီ ၂၀၁၄[၁] |
| ဆက်ခံ | ရခိုင်အမျိုးသားပါတီ |
| ဌာနချုပ် | စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ |
| နိုင်ငံရီး သဘောတရား | ရခိုင်လူမျိုး အခွင့်အရီး |
| ဝက်ဘ်ဆိုဒ် | |
| http://rakhinendparty.webs.com/ | |
| ပါတီအလံ | |
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကို ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဦးဆောင်ပြီးကေ မေလ ၄ ရက်နိက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခရေ။ ပါတီ မှတ်ပုံတင်ခွင့်ပြုချက်ကို ဂုလ ၁ ရက်နိတွင် မှတ်ပုံတင်အမှတ် ၂၈ ဖြင့် ရဟိခရေ။ ပါတီတွင် ဥက္ကဋ္ဌ တဦး၊ ဒု ဥက္ကဋ္ဌ ၄ ဦး (ဦးအုန်းတင်၊ ဦးတင်ဝင်း၊ ဦးစောဖြူ၊ ဦးအောင်ဘန်းသာ)၊ အထွီထွီ အတွင်းရီးမှူး ဦးဦးလှစော၊ တွဲဘက်အတွင်းရီးမှူး ၄ ဦး (ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဦသာထွန်းလှ၊ ခိုင်ပြည်စိုးတို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၈ ဦးရို့ဖြင့် ဖွဲ့စည်းခရေ။ ပါတီရုံးချုပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထားဟိပြီးကေ တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ဝင်ပြိုင်ရန် ရည်ရွယ်ထားကေလည်း ရခိုင်လူမျိုး အများစုဟိရေ ရခိုင်ပြည်နယ်နန့် ရန်ကုန်တိုင်းဒေသကြီးရို့တွင် အဓိကထား ယှဉ်ပြိုင်ခရေ။
၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နိတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နန့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ရို့စွာ ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရီးထိုးခကတ်ရေ။[၂] ၂၀၁၃ မေလမှ စတင်ခပြီးကေ ပါတီနှစ်ခု ပေါင်းစည်းရေးစွာ ရှစ်လကျော်ကြာမြင့်ခပြီးကေ နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုတိ ပြုလုပ်ခကတ်ရေ။[၃][၄][၅][၆]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ "Arakanese Political Parties Merge to Form ANP"။ 3 February 2014 တွင် ပြန်စစ်ပြီး။
- ↑ http://www.mmtimes.com/index.php/national-news/7194-rakhine-parties-formalise-merger.html
- ↑ http://www.irrawaddy.org/burma/arakanese-political-parties-merge-form-anp.html
- ↑ http://www.bnionline.net/index.php/news/narinjara/16835-arakan-national-party-receives-official-recognition.html
- ↑ url=https://web.archive.org/web/20131025204442/http://www.dvb.no/news/newly-formed-rakhine-national-party-appoints-leadership-burma-myanmar/33197
- ↑ https://web.archive.org/web/20140415091815/http://www.dvb.no/interview/arakan-alliance-burma-myanmar/38244