ရခိုင်နေ့စဉ်ပြော စကားဆက်၊ စကားစပ်၊ စကားသတ်တိ
အသွင်ပြင်
| မြန်မာ | ရခိုင် |
|---|---|
| သို့သော် | ဂေလဲ့ |
| ပြီး | ဗျာယ်၊ ယာ |
| တို့ | ရို့ |
| စို့ | မေ |
| ဘာ | ဇာ |
| မှ | ကေ |
| တည်း | တဲး |
| တယ် | ရေ၊ ယင် |
| လို၊ ကဲ့သို့ | ပိုင် |
| နှင့် | နန့် |
| သတဲ့ | လတ် |
| သိပ် | ကကောင်း |
| တာလဲ | လေချင့် |
| ပါတယ် | ပါယင့်၊ ပါယန့် |
| ဒီလို၊ ဤသို့ | အေပိုင်၊ ဒေပိုင် |
| ဟိုလို၊ ထိုသို့ | ယင်းပိုင်၊ ယန်းပိုင် |
| တော်ပြီ | တန်ဗျာလ် |
| တန်တော့ (တော်တော့) | တန်ဖိ |
| တော်စို့ | တန်ကတ်မေ |
| တကယ်လား | အဂေါင့်ဂေါင့်လား |
| ဤကဲ့သို့ | ဒေချင့်ပိုင်၊ အေပိုင်သျှောင် |
| ထံမှ | ဗက်က၊ ဗတ်က၊ ပါးက |
| ဘယ်လို | ဘဇောင်၊ အေစာ် |
| ဘယ့်နှယ် | ဇာပိုင်၊ အစော်ပိုင် |
| အဲပေါ့ | အေမနားယေ၊ အေမတောင် |
| နေတယ် | နိန်ရေ |
| ဒါပေမဲ့ | ယေကေလဲ့သော့၊ ယေဒါလေ့ |
| ဟုတ်ကဲ့ | ဟုတ်ပါယင့်၊ ဟုတ်ပါယန့် |
| ကြမယ်၊ ကြစို့ | ကတ်မေ၊ ကြတ်မေ |
| သေးတယ် | သိရေ (ဖြစ်သိရေ) |
| ရဲ့လား | ယင့်လား၊ ယန့်လား |
| ဘာလဲ | ဇာလဲ၊ ဇာချင့်လဲ |
| ပြီးပြီ | ပြီးဗျာယ်၊ ပီးယာ |
| ပြီးလျှင် | ပြီးကေ၊ ပီးဂေ |
| ပြီလား | ဗျာယ်လား၊ ယာလား |
| သို့မဟုတ် | မဟုတ်ကေလဲ့ |
| သို့နောက် | အေပြီးကေ၊ ယင်းပြီးကေ |
| ဆိုသကဲ့သို့ | ဆိုရေပိုင်၊ ဆိုရေသျှောင် |
| မဟုတ်ဘူး | အဟင့်၊ အဟုံ့ |
| လှည့်ပါ | ခလိုက် |
| မဟုတ်လျှင် | မသဂါကေ |
| မဟုတ်မှလွဲရော | မဟုတ်ကေနီလီဖိ |
| တစ်ခါတည်းနှင့် | ဒေအတိုင်းနန့် |