ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်
အာရကန် / အာရက္ခ | |
|---|---|
| Coordinates: 19°30′N 94°0′E / 19.500°N 94.000°ECoordinates: 19°30′N 94°0′E / 19.500°N 94.000°E | |
| နိုင်ငံ | |
| ဒေသ | အနောက်ကမ်းရိုးတန်း |
| မြို့တော် | စစ်တွေမြို့ |
| Government | |
| • ဝန်ကြီးချုပ် | ဦးထိန်လင်း |
| • အစိုးရ | ရခိုင်ပြည်နယ် အစိုးရအဖွဲ့ |
| • ဥပဒေပြုလွှတ်တော် | ရခိုင်ပြည်နယ် လွှတ်တော် |
| • တရားလွှတ်တော် | ရခိုင်ပြည်နယ် တရားလွှတ်တော် |
| Area | |
| • Total | ၃၆,၇၇၈.၀ km2 (၁၄၂၀၀.၁ sq mi) |
| • Rank | ၈ |
| လူဦးရေ (၂၀၁၄) | |
| • Total | ၃၁၈၈၈၀၇[၁] |
| • Rank | ၈ |
| Demographics | |
| • လူမျိုးများ | ရခိုင်၊ ကမန်၊ မြို၊ ခမီမြန်မာနှင့် ချင်း၊မရာမာကြီးနှင့်အခြား |
| • ကိုးကွယ်မှု | ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ နှင့် အခြား |
| Time zone | UTC+06:30 (မြန်မာစံတော်ချိန်) |
| Website | rakhinestate.gov.mm |
ရခိုင်ပြည်နယ်စွာ ရခိုင်ရိုးမတောင်တန်းနန့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြှောင်ဒေသမှာ ဟိပါရေ။ ရှိးရခိုင်လူမျိုးတိ၏ ယဉ်ကျေးမှု အမွီအနှစ်တိ ပေါများရေ ဒေသလည်း ဖြစ်ပါရေ။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းမာဟိပနာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံနန့် ဘင်္ဂလားပင်လယ်အော်တိနန့် ဝန်းရံထားပါရေ။ မြောက်လတ္တီကျူဒ် ၁၇ ဒီဂရီ ၃၀မိနစ် နန့် ၂၁ဒီဂရီ ၃၀မိနစ်ကြား၊ အရှိ့လောင်ဂျီကျူဒ် ၉၂ဒီဂရီ ၁၀မိနစ် နန့် ၉၄ဒီဂရီ ၂၀မိနစ်ကြားမာ ဟိပါရေ။ ဧရိယာ စုစုပေါင်း ၁၄၂၀ဝ စတုရန်းမိုင်ကျယ်ပါရေ။ ၂၀၁၀ ပြည့်နစ် ထုတ်ပြန်ရေ အစိုးရစာရင်းအရ လူဦးရေ လေးသန်းနီးပါး (၃ ၈၃၆ ၀၀၀) ထိ နီထိုင်ကတ်ပါရေ။
သမိုင်းကြောင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ပြည်စွာ ရှီးအခါက ရခိုင်ဘုရင်တိ အုပ်စိုးရာ တိုင်းပြည်နိုင်ငံ ဖြစ်ခပါရေ။ အေဒီ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း ရှီးရခိုင်ဘုရင်တိစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနန့် အိန္ဒိယနိုင်ငံ တြိပူရဒေသရို့ကို လက်အောက်ခံ အဖြစ် သိမ်းသွင်းနိုင်ခရေ။ ရခိုင်ဘုရင်တိ တန်ခိုး အထွတ်အထိပ်သို့ ရောက်ဟိစဉ် ရခိုင်ဘုရင့်နိုင်ငံ၏ အကျယ်အဝန်းစွာ အဂု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်က မော်လမြိုင် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ကျယ်ပြန့်ခရေ။ ရခိုင်လူမျိုးရို့၏ မူရင်း ရခိုင်ပြည်စွာ ဘင်္ဂလားနယ်စပ် နတ်မြစ်ဝမှ မော်တင်စွန်း (အဂု ဧရာဝတီတိုင်းနယ်မြီ) အထိ ရှည်လျားရေ ရခိုင်ကမ်းရိုးတန်းဒေသ ဖြစ်ရေ။
ရခိုင်ပြည်နယ်အောင်လံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
- ရခိုင်ပြည်နယ်အောင်လံကို ရှီးခေတ်ကပင် အသုံးပြုခရေ အောင်လံ၏ အခြေခံအမှတ်အသားကို ဦးတည်ထားပါရေ၊၊
- အောင်လံအတိုင်းအတာမာ ခေတ်အဆက်ဆက်က အသုံးပြုခရေ အောင်လံစွာ ကကောင်းရှည်လျှားရေအတွက်နန့် အဂုခေတ်နန့် ကိုက်ညီယောင် အသုံးပြုနိုင်ဖို့အတွက် မူလအတိုင်းအတာကိုမှီပနာ အချိုးအစားအလိုက် ပြုပြင်ခကတ်တေ။ မူလအတိုင်းအတာ အချိုးအစားမာ အလျား ကိုးတောင် အနံ ခြောက်တောင် ဖြစ်ရေ။
- အောင်လံ၏ အရောင်အဆင်းကို မူလရောင်စဥ်အတိုင်း အတည်ပြုခကတ်တေ။ မူလရောင်စဥ် အဆင်းမှာ ဖြူရောင်ထက်ဝက်နန့် အနီရောင်ထက်ဝက်ဖြစ်ရေ။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီးကေ အောက်ပိုင်းထက်ဝက်မာ အနီရောင်ဖြစ်ပါရေ။
- အဓိပ္ပာယ်ဖွင့်ဆိုချက်မာ အပေါ်ပိုင်းအဖြူရောင်စွာ ရခိုင်အမျိုးသားရို့၏ ဖြူစင်ရေစိတ်ဓာတ်ဟိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်ရေ စိတ်ဟိခြင်းနန့် ဖြူစင်တည်ကြည်စောင့်ထိန်းအပ်ရီး ကိုယ်ကျင့်တရားဟိခြင်းတိ ဖြစ်ရေ။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်ရီး သတ္တိနန့် ခိုင်ခံ့တည်ကြည်ရီး ဇာတိသွီး၊ ဇာတိမာန် ဟိခြင်းတိကို ဖော်ဆောင်ရေ။
ရခိုင်ပြည်နယ်တံဆိပ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်လူမျိုးတိ သုံးစွဲခရေ ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြီခံဖော်ပြထားရေ။ ဝေသာလီခေတ် ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးတိ၏ ပေါ်လွင်ထင်ရှားမှု၊ အနုပညာ ဓနဥစ္စာ ကြွယ်ဝခြင်းနန့် ရှီးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားခခြင်းကို ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်တေ။ ယင်းဝေသာလီခေတ် ဒင်္ဂါးကို သဇင်ပန်းခွီ နှစ်ခက်နန့် ခြံရံထားရေ။ ရခိုင်ပြည်နယ် တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဘက်တွင် "ရခိုင်ပြည်နယ်"ဟု ရီးသားဖော်ပြထားပြီးကေ သဇင်ပန်းခွီနှစ်ခက်နန့် ခြံရံထားရေ။
တည်နီရာနန့် အကျယ်အဝန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ပြည်နယ်စွာ ရခိုင်ရိုးမတောင်တန်းနန့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြှောင်ဒေသမာတည်ဟိရေ။ ရှီးရခိုင်လူမျိုးရို့၏ ယဉ်ကျေးမှု အမွေအနှစ်တိ ပေါများရေ ဒေသလည်းဖြစ်တေ။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းမာ တည်ဟိပနာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနန့် ဘင်္ဂလားပင်လယ်အော်ရို့ဖြင့် ဝန်းရံထားရေ။ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၀မိနစ် နန့် ၂၁ ဒီဂရီ ၃၀မိနစ်ကြား၊ အရှိ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀မိနစ် နန့် ၉၄ ဒီဂရီ ၂၀မိနစ်ကြားတွင် တည်ဟိရေ။ ဧရိယာ စုစုပေါင်း ၁၄,၂၀ဝ စတုရန်းမိုင်ကျယ်ဝန်းရေ။
ပထဝီဝင်အနီအထား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြီမျက်နှာသွင်ပြင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ရိုးမတောင်တန်းစွာ ပေ၃၀၀၀ မြင့်ပြီးကေ ကမ်းရိုးတန်းနန့်အပြိုင် သွယ်တန်းလာပြီး တောင်ဘက်သို့ နိမ့်ဆင်းလားရေ။ စွန်တောင်စွာ ရခိုင်ပြည်နယ်မာ အမြင့်ဆုံးတောင်ထိပ်ဖြစ်ရေ။ နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်ရို့ စီးဆင်းနီရေ။ ဖရုံကာကျွန်း၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းတိနန့် ကျွန်းငယ်များစွာ တည်ဟိရေ။
ရာသီဥတု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ပြည်နယ်စွာ ကမ်းရိုးတန်းဒေသဖြစ်ရေအတွက်တာနန့် မုတ်သုံရာသီဥတုမျိုးဟိရေ။ အပူအအီးပြောင်းလဲမှုမပြင်းထန်ပါ။ ပျှမ်းမျှအပူချိန်မာ အပူဆုံးဖြစ်ရေ မေလမာ ၈၄° ဖာရင်ဟိုက် နန့် အအီးဆုံးဖြစ်ရေ ဇန်နဝါရီလ ၇၀° ဖာရင်ဟိုက် ဖြစ်ကတ်တေ။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ခြင်း၊ ရခိုင်ရိုးမတောင်တန်းက မုတ်သုံမိုးတိ ရွာသွန်းခြင်းရို့ကြောင့် မိုးများရေ ဒေသဖြစ်တေ။ နှစ်စဉ်ပျှမ်းမျှ မိုးရီချိန်တိမှာ သံတွဲမြို့မာ ၂၂၁ လက်မ၊ ကျောက်ဖြုမြို့မာ ၁၈၆ လက်မ၊ စစ်တွေမြို့မာ ၂၀၃ လက်မ အသီးသီးဟိကတ်တေ။ ယင်းချင့်အပြင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လိ့ဟိရေ မုန်တိုင်းတိဒဏ်ကြောင့် နီအိမ်တိ ပျက်စီးခြင်း နန့် ရီကြီးခြင်းရို့ကိုလည်း ရံဖန်ရံခါ ခံစားရလီရေ။ မုန်တိုင်းအများစုစွာ မိုးဦးနန့် မိုးနှောင်းကာလတိမာရာ ဖြစ်ပေါ်လိ့ဟိပြီးကေ တခါတရီမှရာ မိုးလယ်ကာလတိမာ တိုက်ခတ်လိ့ဟိရေ။
အုပ်ချုပ်ရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြို့တော်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ပြည်နယ်၏ မြို့တော်မှာ စစ်တွေမြို့ဖြစ်တေ။
အုပ်ချုပ်ရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၀၁၁ခုနှစ်မှ စတင်ပနာ ဝန်ကြီးချုပ်အမှူးပြုရေ ပြည်နယ်အစိုးရအဖွဲ့က အုပ်ချုပ်ရေ။
ဥပဒေပြုရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၀၁၁ခုနှစ်မှ စတင်ပြီးကေ ပြည်နယ်လွှတ်တော်ကို ရွီးကောက်ခံကိုယ်စားလှယ်တိ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တိနန့် ဖွဲ့စည်းပနာ စတင်ကျင်းပခရေ။
တရားစီရင်ရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားရေ။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၁၇)ရုံးဟိရေ။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ခရိုင်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
မြို့နယ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ပြည်နယ်တွင် ခရိုင် (၇)ခု၊ မြို့နယ် (၁၇) မြို့နယ်၊ မြို့ (၂၆) မြို့၊ ရပ်ကွက် (၁၇၀)၊ ကျေးရွာအုပ်စု (၁၀၃၅)။ ရွာပေါင်း (၃၇၃၈) ဟိရေ။ [၂]
လူဦးရေ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မာ လူဦးရေ ၃.၁သန်း နီထိုင်ကတ်တေ။ ရခိုင်ပြည်နယ်မာ မ ဦးရေစွာ ကျား ဦးရေထက် တဖဲ့ချေ ပိုများရေ။ လူဦးရေ ထူထပ်မှုစွာ တစ်စတုရန်းကီလိုမီတာမာ ၈၆.၇ဦး ဖြစ်တေ။ ရခိုင်ပြည်နယ်မာ လူ ၁၀၀ မာ ၈၃ ဦးစွာ ကျေးလက်မာ နီထိုင်ကတ်တေ။
ဘာသာတရား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ပြည်နယ်မာ အကြီးဆုံးဘာသာတရားစွာ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်ပြီးကေ ရခိုင်ပြည်နယ်လူဦးရေ၏ ၆၃.၃၂% ကိုးကွယ်ရေ။ အစ္စလာမ်ဘာသာမာ ဒုတိယလူဦးရေအများဆုံး ဘာသာဖြစ်ပြီးကေ ၃၄.၁၈% ကိုးကွယ်ကတ်တေ။ ယင်းချင့်အပြင် ခရစ်ယာန်၁.၄%၊ ဟိန္ဒူ ဝ.၅%၊ နတ်ကိုးကွယ် ဝ.၁%၊ ဘာသာမဲ့ သို့မဟုတ် အခြား ဝ.၀%ရို့ကိုလည်း ကိုးကွယ်ကတ်ရေ။ ရခိုင်ပြည်နယ်မာ အစ္စလာမ်ဘာသာကို ကမန်လူမျိုးတိနန့် ဘင်္ဂါလီလူမျိုးတိက အဓိကကိုးကွယ်ကတ်ရေ။
လမ်းပန်းဆက်သွယ်ရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ပြည်နယ်၏ ကုန်းလမ်းဆက်သွယ်ရီးမာ ကကောင်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရေ။ ကုန်းလမ်းဆက်သွယ်ရီးမာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအတွက်နန့် လီကြောင်းလမ်းနန့် ရီလမ်းရို့ကိုရာ အဓိက အားထားကတ်ရရေ။ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်း နန့် မာန်အောင် ရို့မာ လီယာဉ်ကွင်းဟိရေ။ စစ်တွေ-ရန်ကုန် ကားလမ်းမာ နှစ်လမ်းလား ကွန်ဂရစ်လမ်းကျဉ်း ဖြစ်ပြီးကေ မိုးရာသီရောက်ကေ ကားဘီးတိချော်ရေ၊ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမာလည်း ယင်းနည်းတိုင်းရာ ဖြစ်ပါရေ။ လမ်းပန်းဆက်သွယ်ရီးစွာ တစ်နှစ်ထက်တစ်နှစ် တဖဲ့ချေစီ တိုးတက်လာပြီးကေ တခြားပြည်နယ် တိုင်းဒေသကြီးနန့် ယှဉ်ကေ ဖွံ့ဖြိုးတိုးတက်မှု ကကောင်း နောက်ကျနီဆဲ ဖြစ်ပါရေ။
စာပီ၊ ယဉ်ကျေးမှုနန့် ရိုးရာဓလိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စာပီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင် စာပီစွာ ဓညဝတီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခကြောင်း၊ အထောက်အထားတွိရရေ။ ဓညဝတီ မြို့ဟောင်းအနီးက တောင်ပေါက်ကြီးကျောက်စာမာ ရှီးခေတ်က အသုံးပြုခရေ ဗြဟ္မီအရီးအသားနန့် ရီးထိုးထားစွာကို တွိရရေ။ ယင်းချင့်အပြင် ဗြဟ္မီအက္ခရာ အရီးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာစွာလည်း ဓညဝတီခေတ် ရခိုင်စာပီ ထွန်းကားမှု၏ သက်သီပင် ဖြစ်ရေ။
ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပီ ထွန်းကားမှုစွာ ကျယ်ပြန့်ခရေ။ အေဒီ ခြောက်ရာစု ဂုပ္ပတအက္ခရာ ဖြင့် ရီးထိုးထားရေ ယေဓမ္မာဂါထာ ရခိုင်ကျောက်စာ အများအပြားကို ဒေခေတ်မာ တွိရရေ။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ မာ ရီးထိုးရေ အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်ရေ။ ယင်းကျောက်စာတွင် ရခိုင် မင်းဆက်တိကို ဂါထာ ၆၅ ဂါထာနန့် ရီးထိုးထားရေ။ ယင်းပိုင် မင်းစဉ်မင်းဆက်တိကို အစအဆုံးမှတ်တမ်းတင်ထားရေ ကျောက်စာမျိုးစွာ မြန်မာပြည်တွင်တောင်မက အိန္ဒိယပြည်မာပါ အစောဆုံးလို့ သိရရေ။ ဝေသာလီခေတ်တွင် ကျောက်စာတိတင်မက မော်ကွန်း လင်္ကာ၊ ရွှန်းလိုက်ရတု၊ အစဟိရေ ရတုကဗျာတိ ထွန်းကားခရေ။ အမတ်ကြီး မေဓပညာရီးသားရေ မေဓပညာမော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာလို့ ထင်ရှားလီရေ။
လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရီးအသားတိနန့် တတူ ကဗျာစာပီတိလည်း ထွန်းကားရေ။ ဗျည်း၃၃လုံးလင်္ကာမာ လေးမြို့ခေတ်မာ ပေါ်ထွန်းခခြင်းဖြစ်ပြီးကေ၊ မြန်မာစာပီတွင် ထင်ရှားရေ လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်မာ ရီးသားခခြင်း ဖြစ်ရေ။ လေးမြို့ခေတ် ရခိုင်ကျောက်စာတိအနက် လောင်းကြက်တောင်မော်ကျောက်စာ နန့် မဟာထီးမီးကျောင်းရုပ်ကျောက်စာ ရို့မှာ ထင်ရှားရေ။ လောင်းကြက်တောင်မော်ကျောက်စာ စွာ အလျား ပေ ၃၀ ဟိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်ရေ။
မြောက်ဦးခေတ်မာ ရီးစပ်သီကုံးခရေ ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို ၏ ကိုယ်ရည်သွီးရတုနန့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုရို့မာ ထင်ရှားရေ။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
- ထက်အာကာဗွီ၊ ဝါယောထွီ၍
- ရီထက်ကားမြီ၊ မြီထက်လီနန့်
- ပထဝီဟု၊ ထူထု နှစ်သိန်း၊
- လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ
- ညီစွာဝန်းလည်၊ ကျောက်တိတည်ကား
ဟူရေ မိုးဖွဲ့ရတုစွာ ရခိုင်ဘာသာစကား၊ ရခိုင်အသံ၊ ရခိုင်ကာရန် နန့် ရီးဖွဲ့ထားရေ ရခိုင်စာပီ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်ရေ။
ယဉ်ကျေးမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရိုးရာဓလိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပညာရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တက္ကသိုလ်နန့် ကောလိပ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စီးပွားရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဒေသထွက်ကုန်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ကမ်းလွန်မာ သဘာဝဓာတ်ငွိ ထွက်ပြီးကေ Shell၊ Total၊ Daewoo၊ Woodside အစဟိစွာ နိုင်ငံခြားကုမ္ပဏီတိက လုပ်ကိုင်လျက်ဟိရေ။ [၃] ရခိုင်ပြည်နယ်စွာ မြန်မာတနိုင်ငံလုံး၏ စွမ်းအင်တူးဖော်ထုတ်လုပ်မှုမှ ရဟိရေ အခွန်ဘဏ္ဍငွီ၏ အရင်းအမြစ်ဖြစ်ကေလည်း ဆင်းရဲမွဲတေမှု နှုန်း ၄၁.၆ ရာခိုင်နှုန်းနန့် မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်တေ။[၄]
ဆန်စပါး စိုက်ပျိုးရီး၊ ပင်လယ်ငါးဖမ်းလုပ်ငန်း နန့် ဝါး၊ အုန်း အစဟိရေ သစ်တောထွက် ပစ္စည်းရောင်းဝယ်ရီး လုပ်ငန်းတိ ဟိရေ။ ဒေသထွက်ကုန်တိကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နန့် မြန်မာနိုင်ငံအနှံ့ တင်ပို့ရောင်းချရေ။
တွင်းထွက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ကမ်းလွန်မာ နာမည်ကျော် မြန်မာ့သဘာဝဓာတ်ငွိသိုက်တိ ဟိရေ။ ရမ်းဗြဲကျွန်း နန့် မိုးစည်ကျွန်း ရို့မာ ရီနံ စိကေတဗွေ ထွက်ရေ။ တောင်ကုတ်မြို့နယ် နီပူတောင်က စကျင်ကျောက် ထွက်ရေ။
စိတ်ဝင်စားဖွယ် နီရာတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- မြောက်ဦးနန်းတော်ရာ နန့် ဘုရားပုထိုးတိ
- ငပလီကမ်းခြီ အပန်းဖြီစခန်း နန့် ကမ်းသာယာကမ်းခြီ
- ဦးရာဇ်တော်ဓာတ်စေတီ
- ဓညဝတီမြို့ဟောင်းနန့် ကျောက်တော်မဟာမုနိဘုရား
- ဝေသာလီဘုရားကြီး နန့် ဝေသာလီမြို့ဟောင်း
- ဗျူးပွိုင့်ကမ်းခြီအပန်းဖြီစခန်း(စစ်တွေ)
- မြေပုံမြို့နယ် အငူကမ်းခြီ
- မြေငူကျွန်း ဆံတော်သျှင်ဇာတီနန့် ကမ်းခြီ
- လေးချမ်းတောင်(မီးပြတိုက်)
- ငှက်ခေါင်းတောင်
- ပန်းနံ့သာကျွန်း
- မအီစက်တော်ရာ
- ပုဏ္ဏားကျွန်းမြို့ ဟိ ဂူဝဘုရား
- ပေါက်တောမြို့ ဟိ ဘုရားကြီး၊ တောင်းဖူး၊ တောင်ညို
ရခိုင်ပြည်နယ်ဟိ ကျွန်းတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ Census Report. The 2014 Myanmar Population and Housing Census. Vol. 2. Naypyitaw: Ministry of Immigration and Population. May 2015. p. 17.
- ↑ နေပြည်တော် တိုင်းဒေသကြီး နန့် ပြည်နယ်တိဟိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
- ↑ "မော်ကွန်းတင်ပြီးမိတ္တူ". Archived from the original on 11 March 2021. Retrieved 6 September 2020.
- ↑ "မော်ကွန်းတင်ပြီးမိတ္တူ". Archived from the original on 19 February 2021. Retrieved 6 September 2020.
- ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း
- D.P.S. MYANMAR GUIDE MAP. 2000.
- http://mizzimaburmese.com/article/9015း