Jump to content

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်

ဝီကီးပီးဒီးယား က

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army; ALA) စွာ မြန်မာနိုင်ငံဟိရခိုင်လူမျိုး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ရေ။[] ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဧ လက်နက်ကိုင် အဖွဲ့လည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၅ ရက်နိတွင် မြန်မာနိုင်ငံ အစိုးရနန့် အပစ်အခတ်ရပ်စဲရီး သဘောတူညီချက်ကို လက်မှတ်ရီးထိုးခရေ။[]

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဧ အကူအညီဖြင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နိတွင် စတင် ထူထောင်ခရေ။ ၁၉၆၈ ခုနှစ် နိုဗင်ဘာလ ၂၆ ရက်နိတွင် ALP ဧ ဗဟိုကော်မတီဝင်ဖြစ်ရေ ခိုင်ရဲခိုင် နန့် အခြား ၉ ဦးရေ စစ်တွေမြို့တွင် ဖမ်းဆီးခံခရရေ။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာလတွင် ALP ခေါင်းဆောင်အများအပြား ထပ်ပြီးကေဖမ်းဆီးခံခရခြင်းကြောင့် ALA နန့် ALP ရို့ ပြိုကွဲခရေ။[]

၁၉၇၁-၇၂ ကာလတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ နိုင်ငံရီးအကျဉ်းသားတိ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခရေ။ နိုင်ငံရီးအကျဉ်းသားဖြစ်ရေ ခိုင်မိုးလင်း လွတ်မြောက်လာပြီးယေနောက် ရခိုင်လွတ်မြောက်ရေးပါတီကို ပြန်လည်စတင်နိုင်ရန်အတွက် KNU ခေါင်းဆောင်နိနန့် တွိ့ဆုံခရေ။ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ KNU ဧ အကူအညီဖြင့် ALP ကို ပြန်လည်ထူထောင်ခရာတွင် ခိုင်မိုးလင်းသည် ALA ဧစစ်ဦးစီးချုပ်ဖြစ်လာပြီးကေ စစ်သည် ၃၀၀ ခန့်ကို သင်တန်းပီးခရေ။

၁၉၇၇ ခုနှစ် ဧပြီ-မေလ တွင် ခိုင်မိုးလင်းဦးဆောင်ရေ ALA စစ်စွာ ၁၂၀ ခန့်ရေ အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယစစ်တပ်နန့် တပ်မတော်ရို့နန့် ထိုက်တိုက် တိုက်ခိုက်မှုတိ ဖြစ်ပွားခရေ။ ခိုင်မိုးလင်းအပါအဝင် ALA တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခပြီးကေ ၇၀ ခန့် ဖမ်းဆီးခံခရရေ။ တိုက်ပွဲမှ ဆုတ်ခွာလားရေ တပ်ဖွဲ့ဝင် ၂၀ ခန့် ပျောက်ဆုံးခပြီးကေ၊ ဖမ်းဆီးခံခရရေ တပ်ဖွဲ့ဝင် ၃၀ ခန့်မှာ ပစ်သတ်ခံခရရေ။ တပ်ဖွဲ့ဝင် ၅၅ ဦးမှာ ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုခံခရပြီးကေ ယင်းအထဲက ၁၁ ဦးမှာ သေဒဏ်ချမှတ်ခံခရကာ ကျန်လူတိ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခရရေ။ ယင်းချင့်ပြီးနောက် လှုပ်ယှားရန် အန္တရာယ်ကြီးမားခြင်းကြောင့် အဖွဲ့မှာ ရပ်နားသွားခရေ။[]

၁၉၈၀ ခုနှစ်တွင် ALA အကျဉ်းသားတိ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခကတ်ရေ။ ၁၉၈၁ ခုနှစ်တွင် KNU ဧ အကူအညီဖြင့်ပင် ALA ကို ပြန်လည်ဖွဲ့စည်းခရေ။ ပြန်လည်ဖွဲ့စည်းရေ ALA ကို ခိုင်ရဲခိုင်က ဦးဆောင်ရေ။[] လက်ဟိတွင် ALA စွာ အမျိုးသားရီးကို အဓိက လှုပ်ယှားကာ ရခိုင်ပြည်နယ်တွင်းဟိ ရိုဟင်ဂျာလူမျိုးတိစွာ ရခိုင်ဒေသခံတိမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာလူတိဖြစ်တေဟု ဆိုရ။[]

  1. Arakan Liberation Party https://web.archive.org/web/20151206113235
  2. Myanmar Peace Monitor - Arakan Liberation Party |https://web.archive.org/web/20180317231141/http://www.mmpeacemonitor.org/research/monitoring-archive/157-alp
  3. Arakan Liberation Party - About ALP|http://www.arakanalp.com/?page_id=6|12 June 2016
  4. ALPWeb2
  5. ALPWeb2
  6. Arakan Liberation Party - So-Called Rohingya|http://www.arakanalp.com/?cat=9|28 January 2022|https://web.archive.org/web/20160224235956/