ရခိုင်ဘာသာစကား
| ရခိုင်ဘာသာစကား | |
|---|---|
| ရက္ခိုင်ဘာသာ | |
| အသံထွက် | ɹəkʰàɪɴbàθà |
| ဒေသခံ | မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ |
| ဒေသ | ရခိုင်ပြည်နယ် |
| လူမျိုးစု | ရခိုင်လူမျိုး |
ဒေသခံ ပြောဆိုသူတိ | ၁,၀၀၀,၀၀၀ (၂၀၁၁-၂၀၁၃)[၁] |
တရုတ်-တိဗက်နွယ် [၂]
| |
| ဒေသိယစကား | |
| ရက္ခဝဏ္ဏအက္ခရာ | |
| တရားဝင် အခြီအနီ | |
ရုံးသုံး အဖြစ် အသုံးပြုမှု | |
လူနည်းစု ဘာသာစကားအဖြစ် အသိအမှတ်ပြုခြင်း | |
| ဘာသာစကားကုဒ်တိ | |
| ISO 639-3 | Either:rki – ရခိုင်ဘာသာစကားrmz – မရမာဘာသာစကား |
| Glottolog | arak1255[၃] |
ရခိုင်ဘာသာစကား (ရက္ခိုင်ဟုလေ့သိကတ်ရေ /rəˈkaɪn/; ရခိုင်: ရခိုင်ဘာသာ [ɹəkʰàɪɴ bàθà], MLCTS: rakhuin bhasa) စွာ ရခိုင်လူမျိုး များပြောဆို ရီးသားကတ်တေ ဘာသာစကားတစ်ခုဖြစ်ပါရေ။ "အာရကန်" စွာ ရက္ခိုင်ဒေသဧ့ ရှေးအခေါ်ဖြစ်တေ။ ရခိုင်ဘာသစကားကို ဒေသိယသံနန့် သုံးမျိုးခွဲခြားနိုင်ရေ: စစ်တွေ–မရမာ (သုံးစွဲသူ သုံးချိုး နှစ်ချိုးခန့်)၊ ရမ်းဗြဲ နန့် သံတွဲ[၄] ဒေသိယရို့ ဖြစ်ပါရေ။ ရက္ခိုင်ဘာသာစကားစွာ ရက္ခိုင်၊ မရမာ နန့် ကမန်ရို့၏ မိခင်ဘာသာစကားဖြစ်တေ။
ရက္ခိုင်ရို့စွာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဗြဟ္မီအက္ခရာကို အစောဆုံး ရယူအသုံးပြုခခြင်းဖြစ်တေ ဆိုရေ အထောက်အထားတိ ဟိပါရေ။ ရက္ခိုင် ကျောက်စာတိကို အစောဆုံးခရစ်နှစ် (၆) ရာစုခန့်မာ ရီးထိုးခကြောင်း သိရရေ။ ရှိးရက္ခိုင်ရို့စွာ ကောင်းမှု ကုသိုလ် မှတ်တမ်းတိကို ဂုပ္တအက္ခရာကို အသုံးပြုပြီးကေ သက္ကတဘာသာနန့် ရီးထိုးမှုတိလည်း ဟိကြောင်း သိရရေ။ ရခိုင်ဘာသာစကားစွာ ရက္ခိုင်ပြည်နယ်ဟိ မြို့၊ မြို့နယ် နန့် ကျေးရွာတိမာ အဓိက ပြောဆိုသုံးစွဲနီကတ်ပြီးကေ ရက္ခိုင်ပြည်နယ်ဟိ လူဦးရွီအများစုစွာ မြန်မာစာကိုရာ စာရီးသားရာမာ အသုံးပြုကြောင်း သိရရေ။
သမိုင်းကြောင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်စာပီစွာ ဓည၀တီခေတ် (အေဒီ တစ်ရာစု) လောက်ကဗင် စတင် ထွန်းကားခကြောင်း၊ အထောက်အထားတွိ့ရရေ။ ဓညဝတီ မြို့ဟောင်းအနီးက တောင်ပေါက်ကြီးကျောက်စာမာ ရှီခေတ်က အသုံးပြုခရေ ဗြဟ္မီအရီးအသားနန့် ရီးထိုးထားစွာကို တွိ့ရရေ။ ယင်းချင့်အပြင် ဗြဟ္မီအက္ခရာ အရီးအသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာစွာလေ့ ဓည၀တီခေတ် ရခိုင်စာပီ ထွန်းကားမှုဧ့ သက်သီ ပင် ဖြစ်တေ။ ဝေသာလီခေတ် (အေဒီ လေးရာစုကနိန် ဆယ်ရာစု) မာ ရခိုင်စာပီ ထွန်းကားမှုစွာ ကျေပြန့်ခရေ။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ နန့် ရီးထိုးထားရေ ယေဓမ္မာ ရက္ခိုင်ကျောက်စာများစွာကို ဒေခေတ်မာ တွိ့ရရေ။ ဝေသာလီခေတ်ဧ့ အထင်ယှားဆုံး ကျောက်စာမာ အေဒီ ၇၂၉ မာ ရီးထိုးရေ အာနန္ဒစန္ဒြကျောက်စာဖြစ်တေ။ ယင်း ကျောက်စာမာ ရက္ခိုင် မင်းဆက်တိကို ဂါထာ ၆၅ ဂါထာနန့် ရီးထိုးထားရေ။ ယင်းပိုင် မင်းစဉ်မင်းဆက်တိကို အစအဆုံး မှတ်တမ်း တင်ထားရေ ကျောက်စာမျိုးမာ မြန်မာပြည်မာရာမက အိန္ဒိယပြည်မာပါ အစောဆုံးဟု သိရရေ။ ဝေသာလီခေတ်မာ ကျောက်စာတိ ရာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စရေ ရတုကဗျာတိ ထွန်းကားခရေ။ အမတ်ကြီး မေဓပညာရီးသားရေ မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ယှားရေ။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) မာ ကျောက်စာအရီးအသားတိနန့် တတူ ကဗျာစာပီတိလေ့ ထွန်းကားရေ။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်မာ ပေါ်ထွန်းခခြင်းဖြစ်ပြီးကေ၊ မြန်မာစာပီမာ ထင်ယှားရေ လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်မာ ရီးသားခခြင်း ဖြစ်တေ။ လေးမြို့ခေတ် ရက္ခိုင်ကျောက်စာတိအနက် လောင်းကြက်တောင်မော်ကျောက်စာနန့် မဟာထီးမီးကျောင်းရုပ် ကျောက်စာရို့မှာ ထင်ယှားရေ။ လောင်းကြက်တောင်မောင် ကျောက်စာစွာ အလျား ပေ ၃၀ ဟိပြီးကေ မြန်မာပြည်မာ အကြီးဆုံး ကျောက်စာ ဖြစ်တေ။ မြောက်ဦးခေတ်မာ ရီးစပ်သီကုံးခရေ ဘဒူမင်းညိုဧ့ ရက္ခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညိုဧ့ ကိုယ်ရည်သွီးရတုနန့် စာဆို ဥက္ကာပျံဧ့ ၁၂ လ ရာသီရတုရို့မာ ထင်ယှားရေ။ မြောက်ဦးခေတ် ရက္ခိုင်စာဆိုတော် ဥက္ကာပျံဧ့-
အောက်အာကာဗွီ၊ ဝါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနန့်
ပထဝီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာ၀ဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား
ဆိုရေ မိုးဖွဲ့ရတုစွာ ရက္ခိုင်ဘာသာစကား၊ ရက္ခိုင်သံ၊ ရက္ခိုင်ကာရန် နန့် ရီးဖွဲ့ထားရေ ရခိုင်စာပီ ဧ့ ကောင်းဘီယက် သာဓက ပြယုဂ် ဖြစ်တေ။
သကျသာကီဝင် မာရယုမင်းလက်ထက်မာ စတင်ကာ စာပီ ဖြစ်ပေါ်ခကြောင်း ပြောဆိုနီကေလေ့ သက်သီအထောက်အထား အခိုင်အမာ မဟိပေ။ ရခိုင်လူမျိုးတိ၏ စာပီမာ သင်္သကရိုက်စာပီဖြစ်ကြောင်း သိရရေ။ သင်္သကရိုက်စာပီစွာ ကကောင်းရှီးကျရေ အိန္ဒိယ ဘာသာရပ် တခုဖြစ်ကြောင်း သိရရေ။ ရက္ခိုင်ပြည်ဧ့ ရှီးဟောင်းစာပီတိမာ သင်္သကရိုက်ဘာသာ စာပီမှ တစတစ ပြောင်းလဲပြီးကေ ရက္ခဝဏ္ဏအက္ခရာ ရက္ခိုင်ဘာသာစာပီ သို့ ပြောင်းရွီ့ လာခခြင်း ဖြစ်ကကြောင်း သိရရေ။
မျဉ်းဖြောင့်တိက လုံးဝိုင်းရေရက္ခိုင်စာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရှိးရက္ခိုင် ကျောက်စာ၊ ရက္ခိုင်ပြည်သုံး ဒင်္ဂါးတိမာ ရီးထိုးထားရေ စာတိမာ အများအားဖြင့်က မျဉ်းဖြောင့်တိနန့် ရီးသားထားရေ စာတိကို တွိ့ဟိရကြောင်းသိရရေ။ အက္ခရာ အသံထွက်တိမာလေ့ သင်္သကရိုက်ဘာသာနန့် အားနုန်းနည်းပါး တူညီနီအနိန်နန့် သင်္သကရိုက်ဘာရာက ပြောင်းရွီ့လာကြောင်း အထောက်အထား တစ်ရပ်အဖြစ် တွိ့ဟိရကြောင်း သိရရေ။
ရခိုင်စာပီကို ပေထက်အက္ခရာ တင်လာရေအခါ ရီးသားရာမာ လွယ်ကူဖို့ လုံးဝိုင်းရေ အက္ခရာတိအဖြစ်သို့ ပြောင်းလဲ အသုံးပြုခကတ်ကြောင်း သိရရေ။ ရှိးရက္ခိုင် မင်းကောင်းမင်းမြတ်ရို့စွာ ပိဋကတ် ကျမ်းဂန်တိ၊ စာပီပရိယတ္တိတိကို ပီမူတိနန့် ရီးမှတ်ပနာ နန်းတော် ပိဋကတ်တိုက်အတွင်းမာ သိမ်းဆည်းစုဆောင်းလာ ခကတ်ကြောင်း သိရရေ။ ရဟန်းပညာဟိ၊ လူပညာဟိရို့စွာ ပျို့ကဗျာတိ၊ လင်္ကာတိနန့် ရတုရကန် ရို့ကိုရီးသားခြင်း ဗေဒင်အတတ်၊ ဆီးအတတ်၊ နက္ခတ်တာရာ အတတ် အစဟိရေ လောကီပညာတိကိုလည်း ရီးမှတ်ကြ ကြောင်းသိရရေ။
ရခိုင်ကျောက်စာတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လေးမြို့ခေတ်ကျောက်စာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- မောင်ရင်ဖြူ၏ ဆင်းတုတော် ဓမ္မခံစာ (သက္ကရာဇ် ၂၀၉)
- နန်းကျားမတ်ရပ်တော်ဘုရား ပလ္လင်စာ (သက္ကရာဇ် ၄၅၁)
- ဘူးတောင်းကွဲကျောက်စာ (သက္ကရာဇ် ၄၅၂)
- သူဌေးငပျောင် ကျောက်စာ(သက္ကရာဇ် ၅၇၃)
- နန်းကျားကြီးဘုရား ကျောက်စာ (သက္ကရာဇ် ၆ဝ၈)
- အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ သီရိဓမ္မရာဇဂုရုကျောက်စာ (သက္ကရာဇ် ၆၅၇/၆၆ဝ)
- မိကျောင်းယောင်စေတီမှ ကြေးဆင်းတုငယ်ပလ္လင်စာ (သက္ကရာဇ် ၆၇၁)
- တိဿဘုရား ပလ္လင်စာ (သက္ကရာဇ် ၆၉၂)
- မဟာထီးကျောက်မိကျောင်း ကျောက်စာ (သက္ကရာဇ် ၇၁၈)
- ကျောက်တော်ဘုရား ကျောက်စာ(လေးမျက်နှာ) (သက္ကရာဇ် ၇၈၃၊ ၈၆၅၊ ၈၈၇)
မြောက်ဦးခေတ်ကျောက်စာတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- လေးမျက်နှာပုထိုးတော် ဌာပနာအံဖုံးကျောက်စာ (သက္ကရာဇ် ၇၉၂)
- ပန်းကုံးသိမ်ဘုရား ပလ္လင်စာ (သက္ကရာဇ် ၈၀၇)
- မဟာသီလဝံသ ကျောက်စာ (သက္ကရာဇ် ၈၁၃/၈၁၈)
- ဆင်ဖြူရှင်မင်း ဘစောဖြူ၏ ဘုရားပလ္လင်စာ (သက္ကရာဇ် ၈၃၀)
- မင်းသားကျွန်းမှ ဆင်းတုငယ်တစ်ဆူ၏စာ (သက္ကရာဇ် ၈၄၁)
- ဂဏန်းချပ်တောင်ဘုရား ကျောက်စာ (သက္ကရာဇ် ၈၄၄)
- ဘုရားနီဘုရား ပလ္လင်စာ (သက္ကရာဇ် ၈၅၁)
- သရက်အုပ် ဝရစ်တောင်ဘုရား ကျောက်စာ (သက္ကရာဇ် ၈၅၇)
- ခြင်ကိုက်အမြင့်တောင်ဘုရား ကျောက်စာ (သက္ကရာဇ် ၈၆၁/၉၁၈)
- သိမ်ကြီးတောင်မြောက်စေတီ၏ ဌာပနာအဖုံးကျောက်စာ(ပါတ်လည်) (သက္ကရာဇ် ၈၇၇)
- ဝေသာလီရွှေတောင်စေတီ ကျောက်စာ (သက္ကရာဇ် ၈၈၁)
- အံတော်သိမ်ဘုရားဆင်းတု ဓမ္မခံကျောက်စာ (သက္ကရာဇ် ၈၈၃)
- အနော်မာဘုရား စေတီငယ်စာ (သက္ကရာဇ် ၈၈၃)
- ဝန်းတီးနတ်ကွန်း ကျောက်စာ (သက္ကရာဇ် ၈၈၃)
- ဥတုခင်စိုင်း ကျောက်စာ (သက္ကရာဇ် ၈၈၆)
- မောင်းဆွဲမှ ကြေးဆင်းတုတော်စာ (သက္ကရာဇ် ၈၉၉)
- မြက်ရိပ်ကျွန်းဘုရားကျောက်စာ (သက္ကရာဇ် ၉၀၀)
- မဟာဝိနည်းထိုရ် ကျောက်စာ (သက္ကရာဇ် ၉ဝ၅)
- အလယ်နိမ္ဗူဇာဘုရား ကျောက်စာ (သက္ကရာဇ် ၉၀၆)
- သရက်တပင်တောင်မော်ဘုရား ကျောက်စာ(သက္ကရာဇ် ၉၀၇)
- ကုလားကဘုရား ကျောက်စာ (သက္ကရာဇ် ၉၀၇/၉၁၁)
- တက်စားပီးထီးစေတီ ကျောက်စာ (သက္ကရာဇ် ၉၁ဝ)
- ပန်းမြောင်းကျောက်စာ (သက္ကရာဇ် ၉၁၃)
- သီရိသူရိယဓမ္မရာဇာ ကျောက်စာ (သက္ကရာဇ် ၉၁၅)
- ထုက္ကန်သိမ်ဘုရား ကျောက်စာ (သက္ကရာဇ် ၉၁၅)
- အရိမေတ္တေယျ ကြေးဆင်းတုတော်ငယ် ပလ္လင်စာ (သက္ကရာဇ် ၉၁၅)
- ရွက်ညိုတောင်ဘုရား ကျောက်စာ (သက္ကရာဇ် ၉၁၅)
- နတ်တံခါး ကြေးဆင်းတုငယ်ပလ္လင်စာ (သက္ကရာဇ် ၉၁၆)
- ပန်းဈေးမြောင်း ကျောက်စာ(သက္ကရာဇ် ၉၁၆)
- ပိန္နဲတောင်စေတီ ကျောက်စာ (သက္ကရာဇ် ၉၁၇/၈၉၉)
- ဝလေဘုရားကျောက်စာ (ခေါ်) သုံးကန်စုဘုရားကျောက်စာ]] (သက္ကရာဇ် ၉၁၈)
- ပြွန်ခေါင်ကျေးရွာဆင်းတုတော် ကမ္ဗည်းစာ (သက္ကရာဇ် ၉၃၀)
- ဝတ်အိတ်ကုန်းဘုရား ကျောက်စာ (သာသနာ သက္ကရာဇ် ၂၁၁၃၊ ခန့်မှန်းသက္ကရာဇ် ၉၃၁)
- ပုဏ္ဏားမြောင်း ကြေးဆင်းတုတော်တစ်ဆူ၏စာ (သက္ကရာဇ် ၉၃၆)
- ရွှေစံဦးဆင်းတုတော် ဓမ္မခံစာ (သက္ကရာဇ် ၉၃၉)
- ဂဠုန်တောင်ဘုရား ကျောက်စာ(ငါးမျက်နှာ) (သက္ကရာဇ် ၉၄၃/၉၄၇)
- ပီပင်ကုန်းဘုရား ကျောက်စာ (သက္ကရာဇ် ၉၄၉)
- ကြေးဆင်းတုတော်တစ်ဆူ၏ ဓမ္မခံတော်စာ (သက္ကရာဇ် ၉၅၃)
- ပေါင်တော်စေတီ ကျောက်စာ (သက္ကရာဇ် ၉၅၄)
- ရေတံခါးဘုရား ဓမ္မခံစာ (သက္ကရာဇ် ၉၅၄)
- သကျဝတဘုရားမင်း ကမ္ဗည်းစာ (သက္ကရာဇ် ၉၅၄)
- မြောက်ဦးပြတိုက်မှ ကြေးဆင်းတုတော်တစ်ဆူ၏စာ (သက္ကရာဇ် ၉၅၅)
- နရာဓိပတိကျောက်စာ (သက္ကရာဇ် ၉၅၅)
- အံတော်သိမ်ဘုရားမုခ်ဝ စုလစ်မွန်းချွန်ကျောက်စာ (သက္ကရာဇ် ၉၅၈)
- ကျောက်ဆိပ်ဓါတ်တော်စေတီ ကျောက်စာ (သက္ကရာဇ် ၉၆၄)
- ညီမတော်စေတီ ဌာပနာဆင်းတုတော် ဓမ္မခံစာ (သက္ကရာဇ် ၉၆၇)
- အဇီခံသူကြီးမယား ဥပလဝန်ကျောက်စာ (သက္ကရာဇ် ၉၆၇)
- ပန်းဈေးမြောင်းချတွင်းကျိုင်ကျောက်စာ (သက္ကရာဇ် ၉၇၁)
- အဂ္ဂစိန္တေယျဘုရားဆင်းထု ဓမ္မခံစာ (သက္ကရာဇ် ၉၇၇)
- ဝရဓမ္မရာဇာ ကျောက်စာ (သက္ကရာဇ် ၉၈၀)
- မဟာထီးရေတွင်း ကျောက်စာ (သက္ကရာဇ် ၉၈၁)
- ဇုန္ဒတ်လင်္ကျာပျံချီ ကျောက်စာ (သက္ကရာဇ် ၉၈၄/၉၈၇)
- ဝန်းတီးနတ်ကွန်းကျောက်ရုပ်စာ (သက္ကရာဇ် ၉၀၅)
- ရန္ဒမဉ္ဇူကောင်းမှုတော် ကမ္ဗည်းစာ (သက္ကရာဇ် ၉၈၈)
- တက်စားပီးထီး ဘုရားကျောက်စာ (သက္ကရာဇ် ၉၉၀) ၆
- မိဖုရားသျှင်ထွေ အလယ်စေတီကျောက်စာ (သက္ကရာဇ် ၁ဝဝ၂)
- သင်းတော်ဆွေကျောက်စာ (ခေါ်) ကန်ရှည်သမုတ်သိမ်တိုင်ကျောက်စာ]] (သက္ကရာဇ် ၁ဝဝ၇)
- မဟာမုနိ ကြေးပုရပိုဒ်စာ (သက္ကရာဇ် ၁ဝ၃၅)
- တြင်းနဝင်း (ခေါ်) သက်တော်ရဘုရားကျောက်စာ (ဒုတိယချပ်) (သက္ကရာဇ် ၁ဝ၃၈)
- ပိန္နဲချောင်းစား လှဖြူလင်မယား ကျောက်စာ (သက္ကရာဇ် ၁ဝ၅ဝ)
- ကုလားတန်စား ကျောက်စာ (သက္ကရာဇ် ၁ဝ၇၁)
- တေဇရာမ ကျောက်စာ (ပထမချပ်) (သက္ကရာဇ် ၁၀၇၃)
- တေဇရာမ ကျောက်စာ (ဒုတိယချပ်) (သက္ကရာဇ် ၁ဝ၇၈)
- တေဇရာမ ကျောက်စာ (တတိယချပ်) (သက္ကရာဇ် ၁ဝ၇၈)
- တေဇရာမ ကျောက်စာ (စတုတ္ထချပ်) (သက္ကရာဇ် ၁၀၈၀)
- ခမောင်းတက် ကတ္တော်သိမ်ဘုရား ကျောက်စာ (ပထမချပ်) (သက္ကရာဇ် ၁ဝ၈၅)
- ဦးမြဝါစေတီမှ ကြေးဆင်းတုစာ (သက္ကရာဇ် ၁ဝ၈၇)
- ကြေးသပိတ်ခြေစာ (သက္ကရာဇ် ၁ဝ၈၈)
- မင်းသံလွှတ်အမတ် ထွန်းပေါ်ဘုရား ပလ္လင်စာ (သက္ကရာဇ် ၁ဝ၉၉)
- ကြေးအမြောက်စာ(သက္ကရာဇ် ၁၁၀၃)
ဗမာမြို့ဝန်ခေတ်နန့် အင်္ဂလိပ်ကော်မီရှင်နာခေတ်ကျောက်စာတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- မာန်အောင်မြို့ မဟာကြီးဘုရား ကျောက်စာ (သက္ကရာဇ် ၁၁၅၆)
- နန်းသားကန်တော် ကျောက်စာ (သက္ကရာဇ် ၁၁၈၃)
- ရမ်းဗြဲမြို့သူကြီး ကာဒီရေကန် ကျောက်စာ (သက္ကရာဇ် ၁၁၉၇)
- ရမ်းဗြဲမြို့သူကြီး ကာဒီပိဋကတ်တိုက် ကျောက်စာ (သက္ကရာဇ် ၁၂ဝ၆)
- ဦးရာဇ်တောင်ဘုရား ကျောက်စာ (သက္ကရာဇ် ၁၂၂၁) ဘုံ
- ကျောင်းမှ ကြေးဆင်းတုတော် ဓမ္မခံစာ (သက္ကရာဇ် ၁၂၂၄)
- မဟာမုနိမှ ရှမ်းဆရာမောင်ရွှေမှုံ ကျောက်စာ (သက္ကရာဇ် ၁၂၂၈)
- နိုင်ငံတောင်မှ ဂူဝကျောက်စာ (သက္ကရာဇ် ၁၂၃၅)
- သျှစ်သောင်းကျောင်းမှ ကြေးဆင်းတုငယ်ပလ္လင်စာ (သက္ကရာဇ် ၁၂၃၇)
- ဦးရာဇ်တောင်စေတီတော်ရှိ မမြတ်ဦးကျောက်စာ(သက္ကရာဇ် ၁၂၄ဝ)
- ပြိုင်းဓါတ်တောင်စေတီတော် ခြေတော်ရာ ကျောက်စာ (သက္ကရာဇ် ၁၂၄၅)
- လက်ကောက်ဈေးဘုန်းကြီးကျောင်း ကျောက်စာ (သက္ကရာဇ် ၁၂၅၁)
- မဟာမုနိ သီရိပဝရသကျမာရဇိန် ရုပ်ပွားတော်မြတ်(သက္ကရာဇ် ၁၂၆၂)
- မဟာအတုလဝေယန် တန်ဆောင်းတော်ကြီး မော်ကွန်း(သက္ကရာဇ် ၁၂၆၂)
- ဦးရဲကျော်သူ ကြေးခေါင်းလောင်းကြီး ကမ္ဗည်းစာ (သက္ကရာဇ် ၁၂၆၈)
သက္ကရာဇ်မဲ့ကျောက်စာတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- စမ္ဘဝက်မြို့ဟောင်းမှ အုတ်ခွက်စာ (ခန့်မှန်းသက္ကရာဇ် ၁၅၆-၁၈၀)
- အမတ်ကြီးအနန္တသူကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၄၆၅-၄၈၅)
- တောင်ကုတ်မြို့ဟောင်း ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၄၈ဝ-၄၈၅)
- ကြေးဆင်းတုတော်ငယ်တစ်ဆူ၏ ဓမ္မခံစာ (ခန့်မှန်းသက္ကရာဇ် ၆၁၂-၆၁၈)
- အပေါက်ဝကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၆၁၂-၇၉၂)
- ရွှေကူတောင်အရှေ့ဘက် စေတီတွင်း ကျောက်ဆင်းတုပလ္လင်စာ (ခန့်မှန်းသက္ကရာဇ် ၆၁၂-၇၉၂)
- ရသေ့တောင်မြို့ တောကျောင်းကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၆၁၂-၇၉၂)
- ပုရိန်အဆုံးတောင် ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၇၆၈)
- တောင်ဖြူ လေးမျက်နှာဘုရား ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၇၉၂)
- နန်းသာကန် အရှေ့တောင်ထောင့် ကျောက်ရုပ်တိုင်စာ (ခန့်မှန်းသက္ကရာဇ် ၇၉၂)
- ရွှေထီးသိမ်ကြီးဘုရား ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၇၉၂-၈၉၃)
- အမြင့်တောင်ဘုရား ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၇၉၂-၇၉၅)
- ဒိသာပါမောက္ခ ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၇၉၂-၈ဝဝ)
- မင်းသမီးမြောင်း ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၇၉၂-၈၉၃)
- ဆင်ဝင်ဘုရား ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၇၉၂-၈၉၃)
- စောနန်းမင်းဖြူ အုတ်ခွက်စာ (ခန့်မှန်းသက္ကရာဇ် ၈၂၀-၈၄၄)
- ဒေါင်းတောင်ရိုး ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၈၅၆-၈၆၃)
- စန္ဒရားမင်းတံတိုင်း ကျောက်တိုင်စာ (ခန့်မှန်းသက္ကရာဇ် ၈၆၃-၈၇၅)
- ပါးတော်တောင်စွယ်မှ မင်းရာဇာကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၈၆၃-၈၇၅)
- သူဇာကောင်းမှု ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၈၉၃-၁ဝဝဝ)
- ဝေသာလီအနောက်မြောက်ထောင့် မြို့ရိုးဘုရားမှစာ (ခန့်မှန်းသက္ကရာဇ် ၈၉၃-၁၀၀၀)
- လက်ကြွယ်တောင်စေတီမှ ဌာပနာငွေပြားစာ(ခန့်မှန်းသက္ကရာဇ် ၈၉၃-၁၀၀၀)
- ပဆာမင်းကျောက်ရုပ်စာ (ခန့်မှန်းသက္ကရာဇ် ၈၉၅)
- သျှစ်သောင်းလှိုဏ်ဂူတော်ဒုတိယထပ်နံရံကျောက်ဆစ်ရုပ်တုအောက်ခြေစာ(ခန့်မှန်းသက္ကရာဇ်၈၉၇)
- သျှစ်သောင်းဘုရား လှေကားရင်းမှ နတ်ရုပ်စာ (ခန့်မှန်းသက္ကရာဇ် ၈၉၇)
- ဘုရားလှဘုရား ကျောက်စာ ( ခန့်မှန်းသက္ကရာဇ် ၈၉၇)
- ကုတိုးသည်ဘုရား ကျောက်စာ (သက္ကရာဇ် ၉၃၃-၉၅၅)
- ထုက္ကန့်သိမ်ပုထိုးတော်ကြီး ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၉၃၃)
- စမြုံတော်ဓါတ်စေတီ အုတ်ခွက်စာ (ခန့်မှန်းသက္ကရာဇ် ၉၅၃)
- ပါးမွှေးတော်ဓါတ်စေတီ ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၉၅၃)
- အယသမင်္ဂီစေတီမှ အုတ်ပေချပ်စာ (ခန့်မှန်းသက္ကရာဇ် ၉၅၃)
- နားလိပ်တော်စေတီ ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၉၅၃)
- ရေတံခါးဘုရားတောင်စေတီ ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၉၅၄)
- မဟာထီးဘုရား ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၉၅၅)
- ရတနာပုံစေတီ ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၉၇၅)
- ဟရီတောင်ဘုရား ကျောက်စာ (ခန့်မှန်းသက္ကရာဇ် ၉၈၅)
- တြင်းနဝင်း(ခေါ်)သက်တော်ရဘုရားကျောက်စာ(ဒုတိယချပ်) (ခန့်မှန်းသက္ကရာဇ်၁ဝ၃၈)
- ခမောင်းတက် ကတ္တော်သိမ်ဘုရား ကျောက်စာ (ဒုတိယချပ်) (ခန့်မှန်းသက္ကရာဇ် ၁ဝ၈၅)
- စံကားတောင်ဘုရား ဆင်းတုတော်ကြောဘက်စာ (ခန့်မှန်းသက္ကရာဇ် ၁၀၉၃)
လိ့လာရန်ဝေါဟာရတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ကဇပ်ခြင်း ဝေါဟာရတိ
- ကိုယ်အင်္ဂါ အစိတ်အပိုင်း ဝေါဟာရတိ
- ကိုးကွယ်မှုဆိုင်ရာ ဝေါဟာရတိ
- ကောက်ပဲသီးနှံ ဝေါဟာရတိ
- ကြောင်းကျိုးပြ ကြိယာတိ
- ခရီးအကွာအဝီး ဝေါဟာရတိ
- ငွီကြေးနန့် ပတ်သက်ရေ ဝေါဟာရတိ
- စကားစပ်၊ စကားတွဲတိ
- စစ်တွေ အဝဘက်နန့် ကျောက်ဖြူ - ရမ်းဗြဲ ပြောစကားတိ
- ဆွေမျိုးတော်စပ်ခြင်း ဝေါဟာရတိ
- တိရိစ္ဆာန်ကျေးငှက် ဝေါဟာရတိ
- နေ့ရက် အချိန်သတ်မှတ်ခြင်း ဝေါဟာရတိ
- ပန်းမာလ် ဝေါဟာရတိ
- ပိုးမွှား ဝေါဟာရတိ
- ဘယဆီး ဝေါဟာရတိ
- ဘာသာခြား စကားသံတိက တဆင့် ဆင်းသက်လာရေ ရခိုင်ဝေါဟာရတိ
- မင်္ဂလာဆောင်နန့် စပ်ဆိုင်ရာ ဝေါဟာရတိ
- မုန့်ပဲသရေစာ ဝေါဟာရတိ
- ရက်ကန်းလုပ်ငန်းနန့် စပ်ဆိုင်ရာ ဝေါဟာရတိ
- ရခိုင်စကား အသံနီ အသံထားတိ
- ရခိုင်စကားပြော အသုံးအနှုန်းတိ
- ရခိုင်နေ့စဉ်ပြော စကားဆက်၊ စကားစပ်၊ စကားသတ်တိ
- ရာထူးအလိုက် ဝေါဟာရတိ
- ရိုးရာအက၊ ပွဲလမ်းသဘင်၊ နိကြီးရက်ကြီး ဝေါဟာရတိ
- ရောဂါဝေဒနာ ဝေါဟာရတိ
- လူပုဂ္ဂိုလ်နန့် စပ်ဆိုင်ရေ ဝေါဟာရတိ
- လှည်းနန့်ဆိုင်ရာ ဝေါဟာရတိ
- လှေနန့်ဆိုင်ရာ ဝေါဟာရတိ
- သစ်ပင်ဝါးပင် ဝေါဟာရတိ
- သစ်သီးဝလံ ဝေါဟာရတိ
- သတ္တု စပ်ဆိုင်ရာ ဝေါဟာရတိ
- သဘာဝဆိုင်ရာ ဝေါဟာရတိ
- သားငါး ဝေါဟာရတိ
- အကျင့်စာရိတ္တ၊ ပုံပန်းသဏ္ဍာန် ခေါ်ဝေါ်ခြင်း ဝေါဟာရတိ
- အခြင်အတွယ် ဝေါဟာရတိ
- အဆောက်အဦး ဝေါဟာရတိ
- အဆောက်အဦးနန့် စပ်ဆိုင်ရာ ဝေါဟာရတိ
- အတီးအမှုတ်၊ တူရိယာ ဝေါဟာရတိ
- အရွယ်အလိုက် ဝေါဟာရတိ
- အလုပ်အကိုင်နန့် စပ်ဆိုင်ရေ ဝေါဟာရတိ
- အဝတ်တန်ဆာ ဝေါဟာရတိ
- အသုဘနန့် ဆိုင်ရာ ဝေါဟာရတိ
- အိမ်ဆောက်ကိရိယာ ဝေါဟာရတိ
- အိမ်ဆောက်ပစ္စည်း ဝေါဟာရတိ
- အိမ်သုံးပစ္စည်းနန့် တခြား အသုံးအဆောင် ဝေါဟာရတိ
- ဦးရေ အနည်းအများ အလိုက် ပြောဆိုရေ စကားတိ
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ရခိုင်ဘာသာစကား at Ethnologue (18th ed., 2015) (subscription required)
မရမာဘာသာစကား at Ethnologue (18th ed., 2015) (subscription required) - ↑ https://glottolog.org/resource/languoid/id/arak1255
- ↑ Hammarström, Harald; Forkel, Robert; Haspelmath, Martin, eds. (2017). "Rakhine". Glottolog 3.0. Jena, Germany: Max Planck Institute for the Science of Human History.
- ↑ Okell 1995, p. 3.
ကျမ်းပြုစာတမ်းစာရင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- "The Arakanese Dialect of the Burman Language" (1897). The Journal of the Royal Asiatic Society of Great Britain and Ireland: 453–461. Royal Asiatic Society of Great Britain and Ireland.
- "Three Burmese Dialects" (1995). Papers in Southeast Asian Linguistics 13.