ရခိုင်မှင်လုပ်နည်း
အသွင်ပြင်
ရခိုင်မှင်လုပ်တေခါ သပြီပင်၊ ချချားပင်၊ ကဇုပင် စရေ သစ်ပင်က သစ်ခေါက်တိကို အစိမ်းခွါယူပြီး ရီနန့်စိမ်ထားရပါရေ။ ယင်းမှာ ကဇုသီး၊ ချချားသီးရို့ကိုလေ့ ထောင်းထုလို့ ထည့်ရပါရေ။ သံတို၊ သံစတိကိုလေ့ ထည့်ရပါရေ။ သင့်တော်ရေ အချိန်ထိ (တပတ်-လခွဲခန့်) စိမ်ထားရရေ။ ယင်းကို အထပ် အထပ် စစ်လို့ အဖတ်တိကို ဆယ်ပြီး ရီနံမှိုင်း၊ သဲခြံမှိုင်းရို့ကို ထည့်ပသာ အကြိုင်က အနစ်နီးပါး စာရွီး ရယောင်ထိ မီးအီးအီးနန့် တဆတ်ဆတ် ချက်ရပါရေ။ မင်စက်ချကြည့်လို့ မင်ထင်းရာ ‘တက်ယာ” ဆိုကေ မီးကချလို့ ရပါယာ။ တာရှည် ထိန်းသိမ်း ထားပါဖိ။ ကလောင်နန့် အသုံးပြု စာရွီးလို့ ရပါယာ။[၁]
- ↑ ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ) ဓမ္မဇေယျ (ရက္ခဘေရီတည်းဖြတ်)၊ ၂၀၂၃ ခုနှစ်၊ စာ-၁၁