ရခိုင်ရိုးမ
တမ်းပလိတ်:Infobox mountain range
အရှိပါကစ္စတန်ပြည်နယ်နန့် ဗမာနိုင်ငံအကြားတွင် မြောက်နန့်တောင် တန်းပနာဟိရေ တောင်ကုန်းဒေသကို အနောက်ဘက်တောင်ကုန်းဒေသဟု ခေါ်တွင်ရေ။ ထိုကုန်းမြင့်ပိုင်းတွင် ရခိုင်တောင်ကုန်းဒေသ၊ ချင်းတောင်တန်း၊ လူရှေ (လူဟိုင်း)တောင်ရို့ ပါဝင်လီရေ။ ရခိုင်ရိုးမတောင်တန်းရေ ထိုတောင်တန်းဒေသမှ တောင်ဘက်သို့ ကမ်းရိုးတန်းနန့် ယှဉ်ပြီးကေ ထိုးထွက်လာသော တောင်တန်းဖြစ်တေ။
ရခိုင်ရိုးမရေ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပြည်ခရိုင်၊ ဟင်္သာတခရိုင်၊ ပုသိမ်ခရိုင်ရို့နန့် ရခိုင်ဘက်ဟိ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်တိကို ခွဲခြားထားလီရေ။ တောင်တန်းတစ်လျှောက်တွင် ပျမ်းမျှအနိန်နန့် အမြင့်ပေ ၄ဝဝဝ နန့် ပေ ၅ဝဝဝ အကြားမာ ဟိရေ။ မြောက်ဘက်တွင် ထိုထက်မြင့်မားသော တောင်တန်းတိ ဟိလီရေ။ ရိုးမတောင်တန်းရေ မတ်စောက်ပြီးကေ တောထူထပ်ရေ။ ယေကေလဲ ကျွန်းပင်တိ မပေါက်။
ရိုးမတောင်ပေါ်တွင် ချင်းလူမျိုးရို့ နီထိုင်ကတ်တေ။ တောင်ယာစိုက်စားကတ်ရေ။ ပြောင်းဆန်နန့် တောင်ပေါ်စပါး တစ်မျိုးကို ရှီးရိုးနည်းပိုင် စိုက်ပျိုးလုပ်ကိုင်ကတ်လီရေ။ ရခိုင်ရိုးမတောင်ကို ဖြတ်ကျော်နိုင်သော တောင်ကြားလမ်း နှစ်ခု ဟိရေ။ ပထမတောင်ကြားလမ်းမှာ ကျောက်ဖြူခရိုင် အမ်းမြို့မှ မင်းဘူးခရိုင် ငဖဲမြို့သို့ပေါက်သော အမ်းတောင်ကြားလမ်း ဖြစ်ပြီးကေ၊ ဒုတိယတောင်ကြားလမ်းမှာ သံတွဲခရိုင် တောင်ကုတ်မြို့မှ ပြည်မြို့နန့် တစ်ဖက်ကား ဧရာဝတီမြစ်ပေါ်ဟိ ပန်းတောင်းမြို့သို့ ပေါက်သော တောင်ကုတ်တောင်ကြားလမ်း ဖြစ်တေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ဗမာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)