ရခိုင်ရိုးရာ မုန့်တီ
ရက္ခိုင်မုန့်တီ | |
| အဓိကသုံးဆောင်မှု | မိုးထစာ၊ နိခင်းစာ |
|---|---|
| မူရင်းနိုင်ငံ | မြန်မာနိုင်ငံ |
| ဒေသ | ရက္ခိုင်ပြည်နယ် |
| အဓိက ပါဝင်ဝန် | မုန့်တီဖတ်၊ ငါး၊ ငါးပိ၊ ငရုတ်ကောင်း၊ နံနံပင်၊ ကြက်သွန် |
ရက္ခိုင်မုန့်တီစွာ ရက္ခိုင်လူမျိုးတိ၏ ရှီးရိုးရာအစားအစာတစ်မျိုးဖြစ်တေ။ နိစိုင် မုန့်ပဲပိုင်စရာ၊ မိုးထစာ၊ နိခင်း-ညဇာ အဆာပြေအစားအစာအဖြစ် စားသုံးလိ့ဟိကတ်ရား အလှူတိမာလည်း ထည့်သွင်း လှူဒါန်းလေ့ဟိကတ်ရေ။ ရက္ခိုင်လူမျိုးရို့၏ ရိုးရာအစားအစာတိထဲက မြန်မာလူမျိုးရို့ အကြိုက်ဆုံးအစားအစာထဲမာ တခုအပါအဝင်ဖြစ်ပြီးကေ ရက္ခိုင်မုန့်တီကို အာပူလျှာပူနန့် ဖဖြောင့်ရက္ခိုင်မုန့်တီ၊ ရက္ခိုင်မုန့်တီသုပ် ဆိုပနာ အမျိုးမျိုးပြုလုပ် စားသုံးနိုင်ရေ။ ရက္ခိုင်မုန့်တီမာ ပါဝင်တတ်ရေ ဝန်တိနန့် ရက္ခိုင်မုန့်တီချက်ပြုတ်နည်းကို အောက်ပါအတိုင်း လိ့လာနိုင်ရေ။
ပါဝင်ဝန်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- (၁) မုန့်တီဖတ်
- (၂) သင်းပေါင်းထိုး သို့မဟုတ် လကျောက် သို့မဟုတ် ငါးကြင်း
- (၃) ဆား
- (၄) ငါးပိ
- (၅) ငရုတ်ကောင်း
- (၆) ကြက်သွန်ဖြူ
- (၇) ပတဲကော (မထည့်ဘဲလည်း ချက်နိုင်ရေ။)
- (၈) ဘယာကျော် (သို့) ငါးဖယ်ဆုပ်
- (၉) နံနံပင်
- (၁၀) ကြက်သွန်နီတွာ (ကြက်သွန်နီကြော်)
- (၁၁) အာပူလျှာပူ (ငပိရေချက်)
- (၁၂) မှင်းဂျိင်းသီး/မရန်းသီး ပုန်းရည် (သို့) ယှောက်ချိုသီး / သံပရာသီး
ရက္ခိုင်မုန့်တီချက်နည်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အထက်ပါဝန်တိ အစုံအလင်ရဟိပါက သင်းပေါင်းထိုး သို့မဟုတ် လကျောက် သို့မဟုတ် ငါးကြင်း အား ရေစင်အောင်ဆေးပြီး ရေတစ်ဆူစာ ပြုတ်ပါ (သို့) ကင်ပါ ။ ပြုတ်ထားရေ / ကင်ထားရေငါးကို အရိုးနန့် အရေခွံစင်အောင် ပြုလုပ်ပြီးကေ အသားလုံးသျှေတိဖြစ်ယောင် လက်နန့်လုံးပါ။ (ငါးအသားလုံးစိကေသျှေကို ငပိရေချက်အတွက်ချန်ထားပါ။) ပြီးကေ လဘောနည်းအတိအပေါ်လိုက်ပြီးကေ အနီတော်သံပုရာပိုင်းနန့် ရပူအိုးကို ကျွကျွက်ဆူအောင်တည်ထားပါ။ ပတဲကော အပင်နန့်အမြစ်ကို မကြေတကြေထောင်းပြီး ရပူအိုးစတည်ကပင်ထည့်ပါ။ ငရုတ်ကောင်းအား ညက်ညက်ထောင်းပါ။ ပြီးကေ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး ရပူပွက်ပွက်ထဲကို ငရုတ်ကောင်းနန့် အတူထည့်ပါ။ (ကြက်သွန်ဖြူဟာလာမနွှင်ဘဲ ထည့်ပါက ပိုပြီးကေမွှီးပျံ့ရေရနံ့ကိုရဟိပါဖို့။) ငါးပိ အနီတော်(လိုအပ်ပိုင် သျှေအတိ ထည့်နိုင်ရေ)၊ ဆား၊ အချိုမှုန့် (သို့) ပုစွန်ခြီာက်မှုန့်ကိုထည့်ပြီး အိုးအပေါင်ကို ဆယ့်ငါးမိနစ်ခန့် ဖုံးအုပ်ထားပါ။ ငါးအသားတုံးသျှေတိကို ထည့်ပါ။ ဟင်းရည်ပြွက်ပြွက်ဆူလာရေအထိထားပြီးပနာ အရသာအနီတော်ဖြစ်ကေ ဟင်းခါးရည်အဖြစ် (တွာထားရေ ကြက်သွန်နီထည့်နိုင်) နံနံပင်၊ကြက်သွန်နီကြော်၊ မုန့်တီဖတ်၊ ဘယာကျော် (သို့) ငါးဖယ်ဆုပ်၊ မှင်းဂျိင်းသီးပုန်းရည် ရို့နန့် တွဲဖက် သုံးဆောင်နိုင်ရေ။
မုန့်တီလျှာပူအာပူ သို့မဟုတ် ရက္ခိုင်မုန့်တီသုပ် စားသုံးလိုကေ ငပိရေချက်(သို့) ငရုတ်သီးထောင်း ပြုလုပ်ပီးရပါဖို့။
ရက္ခိုင်မုန့်တီအသုပ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မုန့်တီဖတ်စိကေသျှေမာ အာပူလျှာပူငရုတ်သီးထောင်း (သို့) အာပူလျှာပူငပိရေချက် ကို အနီတော်ထည့်ပါ။ ဆား၊ တချို့မှုန် နန့် မန်ကျည်းမှည့်ရည် အနီတော်ထည့်ပြီး သမအောင်မွှေပြီးကေ နံနံပင်၊ တွာထားရေ ကြက်သွန်နီ၊ ကြက်သွန်ကြော်၊ ငါးဖယ်၊ ဘယာကျော် ရို့နန့် ရောစပ်စားသုံးနိုင်ရေ။ (အရည်ချွဲချွဲသုပ်ထားရေ ရက္ခိုင်မုန့်တီအသုပ်ကို စားသုံးလိုကေ အာပူလျှာပူ ငပိရေချက် ပြုလုပ်ဖို့နန့် ပုံမှန်အသုပ်စားသုံးလိုကေ အာပူလျှာပူ ငရုတ်သီးထောင်းကို သုံးနိုင်ရေ။)
အာပူလျှာပူ ငရုတ်သီးထောင်း ပြုလုပ်နည်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ငရုတ်သီးအစိမ်းစိကေသျှေနန့်အတူ ငါးပိစိကေသျှေကို မီးဖုတ်ပြီး၊ ငရုတ်ကောင်းစိကေသျှေ၊ ကြက်သွန်ဖြူရို့အား ခပ်ညက်ညက် ဖြစ်ယောင် ရောပြီးထောင်းပါက ရက္ခိုင်မုန့်တီအသုပ်မာ ထည့်သွင်းစားသုံးရန် အဆင်သင့်ဖြစ်ရေ ငရုတ်သီးထောင်းကို ရဟိပြီဖြစ်တေ။
အာပူလျှာပူ ငပိရေချက် ပြုလုပ်နည်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အိုးအသေးတလုံးထဲမာ အာပူလျှာပူငရုတ်သီးထောင်း၊ ချန်ထားရေ ငါးအသားလုံးစိကေသျှေနန့် ဟင်းခါးရည်စိကေသျှေကို မပျစ်မကြဲဖြစ်ယောင် ထည့်၍ တစ်ဆူစာတည်ပြီး ကျက်ပါက ငပိရေချက် ရဟိပြီဖြစ်တေ။ ငပိရေချက်ကို မုန့်တီအရည်ထဲ ထည့်၍လေးကောင်း၊ မုန့်တီသုပ်အဖြစ်လေးကောင်း ပြုလုပ်ပနာ စားသုံးနိုင်ရေ။
ငါးမှုန့် ပြုလုပ်နည်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သင်းပေါင်းထိုး၊ ငါးကြင်း ကိုယ်ခြီရာ ငါးမှုန့်ပြုလုပ်ဖို့သင့်တော်ရေ ငါးတစ်မျိုးကို ပြုတ်ပါ။ ရေဆူပါက အရေခွံနန့် အရိုးစင်အောင်နွှင်ပြီး အသားသတ်သတ်ဖယ်ထားပါ။ သံပုရာပိုင်းမာဆီစိကေသျှေထည့်ပြီး ဆီဆူပါက ဆနွင်းမှုန့်စိကေသျှေကိုထည့်မွှေပါ။ ဆနွင်းမှုန့်ကျက်ရေအနံ့ရပါက အသားသတ်သတ်ဖယ်ထားရေ ငါးတိကိုထည့်ပါ။ ဆားစိကေသျှေ ထည့်မွှေပြီး ငါးမှုန့်သျှေတိကြွပ်ရွလာရေအထိ မွှေပြီးကေ အဆင်သင့်ထည့်ပြီးစားသုံးနှိုင်ရေ ငါးမှုန့်ကိုရယာဖြစ်တေ။ ငါးမှုန့်ပြုလုပ်ရာမာ သင်းပေါင်းထိုး၊ ငါးကြင်း စရေ ကိုယ်ခြီရာငါးကို ကင်ခြင်းနန့်ပြုလုပ်ပါက ဟင်းရည်အနံ့သင်းသင်းကို ရဟိနိုင်ရေ။
မှင်းဂျိင်းသီးအခြည်ရည် ပြုလုပ်နည်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မှင်းဂျိင်းသီးတောင့်အစိမ်း (၂)တောင့်၊ (၃)တောင့်လောက်ကို ဟာလာမခွာဘဲ ရပူဆူဆူထဲမာ ဆယ်မိနစ်ခန့်ထည့်ပြုတ်ပါ။ မှင်းဂျိင်းသီးတောင့်တိ နူးလောက်ယင့်အချိန်မာ မှင်းဂျိင်းသီးတောင့်တိကို ရီထဲမှ ဆယ်ယူဖိ ဟင်းဇားတခုထဲကို ပြောင်းထည့်ပါ။ ထိုဟင်းဇားထဲကို ရပူသုံးပုံတပုံခန့်ထည့်ပြီး မှင်းဂျိင်းသီးတောင့်တိကို ဟင်းခပ်ဇွန်းနန့် လိုသလောက်ချေပီးပါ။ သင့်တော်ရေအချဉ်အရသာ အနီတော်ရကေ မုန့်တီထဲ ထည့်ပြီး စားသုံးနိုင်ရေ။
ငါးဖယ်ဆုပ်ကြော် /ငါးဖယ်လုံးကြော်ပြုလုပ်နည်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရက္ခိုင် အခေါ် ငါးညို့ (သို့မဟုတ်) ငါးဖယ်ငါးကို ရေစင်အောင်ဆေးပြီး အလယ်ကျောရိုးဘေးဘက်မှနိန်ပနာ တစ်ဖက်တစ်ချက်ခြမ်းပြီး အလယ်ကျောရိုးကို ဖယ်ထုတ်ပါ။ ဘေးတစ်ဖက်တစ်ချက်ဟိ အသားတိကို ဇွန်းနန့် အရိုးလွတ်ယောင် ခြစ်ပါ။ ရဟိလာရေ အသားတိကို ငရုတ်ဆုံထဲမာ ပျောင်းစွာအထိနာနာထောင်းပီးရား ညိတ်ပေါင်းပျောင်းရေအနိန်အထားရပါက ဟင်းဇားတလုံးထဲမာ ထည့်ပြီးဖယ်ထားပါ။ ချင်းစိကေသျှေကို သေချာညက်အောင်ထောင်းပြီး ထောင်းထားရေ ငါးဖယ်အသားတိမာ ထည့်ပါ။ ဆားစိကေသျှေ၊ ကြက်သားမှုန့်စိကေသျှေ၊ ဆနွင်းမှုန့်စိကေသျှေ (ထည့်စွာဆိုရုံ) ထည့်ပြီး ငါးဖယ်အသားတိမာ နှံ့စွာအထိ နယ်ပီးပါ။ နယ်ထားရေ ငါးဖယ်အလုံး (သို့မဟုတ်) ငါးဖယ်ဆုပ် ကိုလက်နန့် လိုရေပိုင် ပုံစံပြုလုပ်ပနာ လောင်ပွန်းထက်မာ တင်ထားပါ။ ပြီးကေ မီးဖိုမာ ဆီအိုးတည်ပြီး ဆီဆူပါက ငါးဖယ်လုံး (သို့) ငါးဖယ်ဆုပ်တိကို သံပုရာပိုင်းမာ နီရာအကျယ်ကိုလိုက်၍ လိုအပ်ပိုင် ထည့်ကြော်ပြီးကေ မုန့်တီမာ ထည့်သွင်းစားသုံးနှိုင်ရေ ငါးဖယ်ဆုပ်ကြော် (သို့မဟုတ်)ငါးဖယ်လုံးကြော်ကို ရဟိနှိုင်ရာဖြစ်တေ။
ရက္ခိုင်မုန့်တီနန့် တွဲဖက်စားသုံးနှိုင်ရေ အရာတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- (၁) ဘယာကျော်
- (၂) ငါးဖယ်ဆုပ်ကြော် (သို့မဟုတ်) ငါးဖယ်လုံးကြော်
- (၃) ဘူးသီးကြော်အပြား (ဘူးသီးအချောင်းပေါက်စချေတိကို မုန့်နှစ်နန့်ရောစပ်ကာ ဗြက်ကြော်ထားရေ ဘူးသီးကြော်)
- (၄) ငါးမှုန့် (မှတ်ချက်။ ပါပရာကြော်မဟုတ်)
- (၅) မှင်းဂျိင်းသီးပုန်းရည်