ရခိုင်ရှီးဟောင်းစက္ကူလုပ်နည်း
အသွင်ပြင်
စက္ကူကို ရခိုင်တိမှာ သစ်ခေါက်တိနန့် အများလုပ်ကတ်တေ။ သစ်ခေါက်မှာ ညောင်ခေါက်၊ ညောင်ကြွပ်ခေါက်ကို သုံးရေ။ ညောင်ကြွပ် စရေ အခေါက်တိကို ထုထောင်း၊ ပေါင်း၊ ပြုတ် လုပ်နည်းအတိုင်း လုပ်ပြီး ဆန်မှုန့်တီးဆန်ခါပိုင် လိုရေအတိုင်း ရက်လို့ ပေါင်းဖတ်(ပြုတ်ဖတ်)ကို ရီနန့် ဖျော်ပနာ အမှုန့်အသား သန့်အောင်လုပ်တေ။ အမှုန့်အသား သန့်လားကေ ရီထဲ ဆန်ခါချ ယင်းအထက် ပေါင်းပြုတ်ဖတ်ကို ဖျော်ရေ။ အမှုန့်ညီလား ထိုင်လားကေ ဆန်ခါကို အသာချေ မလှုပ်ယောင် ဖေါ်ယူရ ပါရေ။ ယင်းပြီးမှ စင်မှာတင် လှန်းထားရေ။ ခြောက်ကေခွါပြီးမှ စက္ကူ စာရွက် ‘တရွား’ ဖြစ်လာပါရေ။ အဖြူ၊ အဝါ၊ အနက် စရေ အရောင်တိ ထည့်ချင်ကေလေ့ ထည့်လို့ရပါရေ။[၁]
- ↑ ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ) ဓမ္မဇေယျ၊ ရက္ခဘေရီ(တည်းဖြတ်)၊ ၂၀၂၃ ခုနှစ်၊ စာ-၉