Jump to content

ရခိုင်လူမျိုး

ဝီကီးပီးဒီးယား က
ရခိုင်လူမျိုး
လူဦးရေ စုစုပေါင်း
(စုစုပေါင်း ၃,၃၄၆,၀၀၀ (၂၀၁၀ ခန့်မှန်း)
အများစု နေထိုင်ရေ နီရာ
 Burma၃,၁၀၇,၀၀၀[]+[]
 Bangladesh၂၀၇,၀၀၀[][]
 India၃၂,၀၀၀[]
ဘာသာစကား
ရခိုင်မြန်မာ
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုတိ
ဗမာလူမျိုးမရမာကြီး၊ တိဗက်-ဗမာမျိုးနွယ်စု

"'ရခိုင်လူမျိုးတိ "'၏ အစ မာရယုက ဟု ရခိုင်သမိုင်းပညာသျှင်တိ တစ်ညီတစ်ညွတ်တည်း ပြောဆိုကတ်ရေ။ သက်ကျသာကီမင်းတစ်ပါးအဖြစ်မှ ရသေိ့အဖြစ် နန်းစွန့်လာရေ သက်ကျသာကီ မင်းသားနန့် ဒိုင်းနက်မျိုးနွယ်စု အကြီးအကဲ၏ သမီးတော်ရို့ အ‌ကြောင်းပါ ပေါင်းဖက်ရာကနီ ရခိုင်ရို့၏ ပထမဆုံးမင်း ဖြစ်လာနိုင်ဖို့ သားတော် မာရယုကို မွီးဖွားခရေ။ မာရယုစွာ အသားစားလူရိုင်း(ဘီလူး)ရို့၏ ရန်ကို အနိုင်ယူပြီး နောက်နောင်ထပ်မံ တိုက်ခိုက်ခံရခြင်း မဟိစီရန် ရည်ရွယ်ပြီးကေ အနီးအနားဟိ ဒိုင်းနက် အပါအဝင် မျိုးနွယ်စုတိကို စုစည်းလျက် မြို့ပြလူနီမှု စနစ်နန့် ပထမ ဓညဝတီခေတ်ကို စတင်တည်ထောင်ခပါရေ။(ကိုးကား - စစ်တွေညိုသန့် စာပီဟောပြောပွဲမှကောက်နုတ်ချက်) "'ရခိုင်လူမျိုး"'ရို့စွာ ရခိုင်ပြည်အဖြစ် ခေတ်ကြီး ၄ခေတ်အထိ ကိုယ့်ထီးကိုယ့်နန်းနန် သီးခြားရပ်တည်လာကတ်ပြီးကေ တတိယဓညဝတီခေတ်မာ စာပီကို စတင်သုံးစွဲကြောင်း ခန့်မှန်းရရေ။၁ရာစု လက်ရာဖြစ်တေ ဗြဟ္မီအရီးအသားနန့် တောင်ပေါက်ကြီးကျောက်စာ (ကိုးကား- အသျှင်စကိန္ဒ_ရခိုင်စာပီခရီးလမ်း‌ကြောင်း(ဓညဝတီခေတ်စာပီအပိုဒ်)) အဖြစ် ဗုဒ္ဓတရားတော်များကို ထွင်းထု မှတ်တမ်းတင်ထားရေ ကျောက်စာကို တွိဟိခပါရေ။ယင်းခေတ်ကပင် စာပီနန့် ကြေးသွန်းအတတ်ကိုလေ့ ကျွမ်းကျင်စွာတတ်မြောက်ကတ်ပြီးဟန် ဟိကတ်ပါရေ။

တတိယဓညဝတီခေတ်ကို စတင်သော စန္ဒသူရိယမင်းသည် ဘုရားသျှင်တော် ပွင့်ဗျာလ်ကြားသည်နန့် ဘုရားသျှင်ကို အလွန်တရာဖူးမျှော်လိုရေ ဆန္ဒ ဖြစ်ပေါ်လာခြင်းအောင် အနောက်မစ္ဆိမ ဒေသကို ကိုယ်တိုင် ကြွချီဖို့ အကြံတော်ကို မူးကြီးမတ်ရာတိကို တိုင်ပင်လီရေ။ လမ်းခရီး ဝီးလွန်း၍ ပညာဟိရေ မူးမတ်ရို့က ဘုရားသျှင်တော် အမှန်ဖူးရကံ ဟိပါကေ ဘုရားသျှင်တော်ကို ရည်စူး၍ ပန်း၊ဆီမီးကပ်လှူပြီး ယုံကြည်တည်ကြည်သော စိတ်(မနောကံ)ဖြင့်လျှောက်ထားပင့်ဆောင်သင့်ကြောင်း အကြံပီး၍ မနောကံဖြင့် ပင်ဆောင့်ရာ ဘုရားသျှင် သိတော်မူပြီး အတိတ်ကံကို ဆင်ခြင်ပြီး "ကိုယ်ပွားတော်" ကိုးကွယ်ရန် ကံပါသည်ကို သိရ၍ ရခိုင်ပြည်သို့ ကြွချီချီးမြောက်ပါသည်။ (((အကျယ်ကို နောက်မှ ဖော်ပြပါမေ။)))

ဂုအခါ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊‌ ကျောက်တော်၊ ‌ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ အစဟိရေ မြီ​ပြန့်ပိုင်းတွင် ရခိုင်အမျိုးသားရို့ နီထိုင်လျက်ဟိကတ်တေ။

မြန်မာနိုင်ငံပြည်မနန့် ရခိုင်ပြည်အကြားတွင် ရခိုင်ရိုးမ(ခေါ်)အနောက်ရိုးမတောင်တန်းတည်ဟိရေအတွက် ရာဇဝင်ချင်း ဆက်စပ်မှုမဟိလှချေ။ ရခိုင်ပြည်ရေ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် တည်ဟိရေအတွက်တာကြောင့် နိုင်ငံခြားနန့် အဆက်အသွယ် အရောက်အပေါက်ပိုလွယ်ရေ။ ရခိုင်ရာဇဝင်အစမှာ အလွန်ရှီးကျလွန်းပြီးကေ မင်းဆက်ပေါင်းတိ များစွာ ဟိခရေ။ ရခိုင်မာ တွိရရေ ရှီးကျောက်စာတိအနက် အာနန္ဒစန္ဒြ ကျောက်စာမာ ဘီစီ ၅၁၈ မှစလို့ အေဒီ ၇၂ဝ တိုင်အောင် မင်းစဉ်မင်းဆက်တိကို ဖော်ပြထားစွာကို တွိရရေ။​ ရခိုင်တွင် မြို့တည်ပနာ စာပီအရီးအသား တတ်ကျွမ်းလျက် ဗုဒ္ဓဝါဒီ၊ ဗြာဟ္မဏဝါဒီ ဟိသူရို့ရေ ခရစ်နှစ်ဦးမှစပြီးကေ ဟိနီကတ်တေလို့ ဆိုလီရေ။ ယင်းရို့ရေ ငွီဒင်္ဂါးတိ သွန်းလုပ်ပနာ ရောင်းဝယ်ရာတွင် ဖေသာအဖြစ် သုံးရေ။ ထိုသူရို့ကား မြန်မာနိုင်ငံအလယ်ပိုင်းမှ ပျူရို့နန့် ခေတ်ပြိုင် ဖြစ်လီရေ။ ယကေလည်း ထိုစဉ်ကပေါ်ပေါက်ခရေ မင်းရို့ အုပ်ချုပ်ရေ ပြည်သူရို့ကား ဇာလူမျိုးဖြစ်၍ ဇာအချိန်အခါကပင် ရခိုင်မာအခြီစိုက်ပနာ ပြည်ရွာထူထောင်ရေအကြောင်းကိုမူ မပြောနိုင်သိမ့်ပါ။

ဇာပိုင်ပင်ဖြစ်ဖြစ် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်ရေ ရခိုင်လူမျိုးရေ ရှေးနှစ်ပေါင်းများစွာကပင် မိမိရို့ ကိုယ်ပိုင်အုပ်ချုပ်ရီး၊ ကိုယ်ပိုင်စာပီ ယဉ်ကျေးမှုနန့် အခြီစိုက် တိုးတက်လာရေ လူမျိုးဖြစ်လီရေ။

ရခိုင်စာပီ ယဉ်ကျေးမှုရေ သီးခြားလွတ်လပ်စွာ ထွန်းပြောင်ခလီရေ။ ရခိုင်စာပီနန့် စပ်လျဉ်းသည့် ကျောက်စာ၊ မော်ကွန်းစာတိကို ဓညဝတီခေတ် (ဘီစီ ၅ ရာစုမှ အေဒီ ၄ ရာစု)မှ စပြီးကေ ရှာဖွီတွိဟိရရေဟု ဆိုရေ။ ရခိုင်ရတု၊ လင်္ကာ၊ ဘွဲ့၊ ဧချင်းရို့ကိုလည်း ဝေသာလီခေတ် (အေဒီ ၁၅ ရာစုမှ ၁၈ ရာစု)ရို့၌ အခိုင်အမာ တွိဟိရလီရေ။ ယကေလည်း ရခိုင်စာပီ ရေ အေဒီ ၁၇၈၄ ခုနှစ် မြန်မာရို့နန့် စစ်ဖြစ်ပြီးရေ အချိန်နန့် အေဒီ ၁၈၂၄-၂၆ ခုနှစ် ဗြိတိသျှနယ်ချဲ့ရို့လက်အောက်ကို ကျရောက်ရေ အချိန်မှအစပြုပနာ တဖြည်း ဖြည်း မှေးမှိန်ခရလီရေ။[]

ရခိုင်လူမျိုးတိအား ရက္ခိုင်၊ ရခိုင်၊ အာရကန်၊ စသဖြင့်ခေါ်ဝေါ်မှုတိလည်းဟိကတ်ရေ။

Arakan(အာရကန်) ဆိုရေစကားအသုံးအနှုံးမှာ ပါဠိ အာရက္ခမှ ဆင်းသက်လာခြင်းဖြစ်ပြီး မိမိကိုယ်ကိုလည်းကောင်း ပတ်ဝန်းကျင်နိုင်ငံတိကိုလည်းကောင်း စောင့်ရှောက်ခြင်း စောင့်ရှောက်သည့်လူမျိုးဟု အဓိပ္ပာယ်ရရေ။ အထူးသဖြင့် အနောက်တိုင်းစာပေတိတွင် အသုံးများစွာကို တွိ့ရရေ။

မောက်ဟူရေ အခေါ်အဝေါ်မှာ ဘင်္ဂလီစာပီတိမာ ရခိုင်လူမျိုးတိကို ခေါ်ဝေါ်သုံးစွဲရေ စကားလုံးဖြစ်ရေ။ ရခိုင်ရို့စွာ ဂေါတမမြတ်စွာဘုရားသျှင် ပွင့်တော်မူရာ အိန္ဒိယပြည်မြောက်ပိုင်းမှမာဂတိုင်းသားတိဖြစ်ကတ်ရေ။ ယင်းမှ ဆင်းသက်လာရေ အနွယ်တော်တိ ဖြစ်ရေကြောင့် မာဂတတိုင်းသားတိ မောက် ဟုခေါ်ဝေါ်သုံးစွဲခခြင်းဖြစ်ရေ။

နောက်ခံသမိုင်းကြောင်းနန့် ပေါ်ပေါက်လာပုံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရခိုင်ဆိုရေ စကားစော် ပါဠိ စကားမှ ဆင်းသက်လာရေ။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ)ဟု အဓိပ္ပာယ်ရရေ။

ပျူ နန့်အနွယ်တူ ကမ်းယံ လူမျိုးတိ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက်သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြားလူမျိုးစုတိစော်လည်း ရခိုင်ကမ်းရိုးတန်း ဒေသတိသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ တိဘက်မှ ဝင်ရောက်လာကတ်ရေ။ ရခိုင်ကမ်းရိုးတန်းဒေသနန့် သက်ဆိုင်သည့် သမိုင်းတိကို လိလာသည့် အခါ ရှေးအကျဆုံး မင်းဆက်တိနန့် ပြည်နယ်တိစော် စစ်တွေပတ်ဝန်းကျင် ဒေသတဝိုက်လောက်တွင် အခြေခံစော်ကို အများဆုံးတွိ့ဟိရရေ။

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသတိ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းတိမှာ ပျူနန့်အနွယ်တူ ကမ်းယံလူမျိုးတိ စော် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသတိမှတဆင့် ဝင်ရောက် လာဖွယ်ရာဟိရေ။ ရခိုင်ရာဇဝင်ဟောင်းတိ၌ ရီးသား ဖော်ပြထားစော်မှာ ဗုဒ္ဓ ပွင့်တော်မမူမှီ လွန်ခသည့်နှစ်ပေါင်း ၅၀ဝ၀ ကျော်လောက်မှ စ၍ဓညဝတီကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခကြောင်း ဒုတိယအကြိမ် ဓညဝတီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းစော် ဗုဒ္ဓနန့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခကြောင်း ရီးသား ဖော်ပြကတ်ရေ။

ရခိုင်ကမ်း ရိုးတန်းဒေသတဝိုက်တွင် တွိ့ဟိရရေ။ အဆင့်အတန်းချင်း သမိုင်းဝင်ထောက်အထားတိအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်တိစွာကပင် မင်းဆက်တိ ထူထောင်ပြီးစီးကြောင်း တွိ့ဟိရရေ။ အထူးသဖြင့် ဝေသာလီ သပိတ်တောင် ဓညဝတီ ပြည်နယ်တိစော် သူ့ခေတ်နန့် သူ့အခါ ထင်ရှားကြီးကျယ် သည့်ပြည်နယ် တိဖြစ်ခကတ်ရေ။ ယကေလည်း ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုလုံးကိုစည်းလုံး သိမ်းသွင်းသည့် မင်းဆက်တိ မဟိခပေ။ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းဟိသံတွဲစော် ၁၃ ရာစုခန့်အထိ သီးခြားကင်းလွတ်ခသည့် ပြည်နယ်ဒေသအဖြစ် တည်ဟိခရေ။ မြန်မာတစ်နိုင်ငံလုံးကို စတင်စည်းရုံးခသည့် ပုဂံမင်းဆက်ဘုရင်တိဧ လက် အောက်ပြည် နယ်တိအဖြစ် ကျရောက်ခြင်းမဟိပဲ သီးခြားကင်း လွတ်ခရေ။

ရှေးဦးပိုင်းတွင် ရခိုင်လူမျိုးရို့စော် ဟိန္ဒူအယူဝါဒကိုလက်ခံကိုးကွယ်ကတ်ပြီး နောက်ပိုင်းတွင်မူ ဗုဒ္ဓဘာသာကိုးကွယ်သူတိဖြစ်လာကတ်ရေ။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရီးကို ရိုသေကိုင်းရှိုင်း ကတ်ရေ။ ရခိုင်လူမျိုးရို့စော် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ရေ။ ဓညဝတီခေတ် ဘီစီ ၅ ရာစုတွင် စန္ဒသူရိယဘုရင်မင်းမြတ်ဧပင့်ဖိတ်မှုကြောင့် ဂေါတမမြတ်စွာဘုရားသျှင်စော် ရခိုင်ပြည်သို့ကြွရောက်တော်မူခရေ။

(ဒေမှာဆက်ကြည့်ပါ)

  1. ဗုဒ္ဓသာသနာနှစ်
  2. ရခိုင် ပဉ္စမသံဂါယနာ မော်ကွန်းစာ
  3. ရခိုင်စတုတ္ထသံဂါယနာတင်ခြင်း
  4. ရခိုင်ပြည်နယ် ဗုဒ္ဓဘာသာ
  5. ရခိုင်ဘုရားရှိခိုး ဆုတောင်းအမျှဝီ

ရိုးရာယဉ်ကျေးမှုနန့် ဓလိထုံးစံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရခိုင်လူမျိုးရို့ စော် ရခိုင်ဘာသာစကားနန့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကတ်ရေ။ ရခိုင်ဘာသာစကားနန့် မြန်မာ ဘာသာစကားစော် အတော်တိတိတူပြီး ရသံ /r/ နန့် ဂျသံ /j/ ထွက်ကွာရေ။

ရခိုင်လူမျိုးရို့စော် များရေအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကတ်ရေ။ သူရို့စော် အရှေ့တောင်အာရှဧ ပထမဦးဆုံးရေ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူတိ ဖြစ်ကတ်ရေ။ ရခိုင်ယဉ်ကျေးမှုစော် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခရေ။ ရခိုင်လူမျိုးရို့ဧ စာပေ၊ ဂီတ နန့် အနုသုခုမပညာရပ်ရို့စော် ဘာသာရီးကို အခြေခံပြီး တိုးတက်လာခရေ။ ရခိုင်လူမျိုးရို့ဧ ကျင် အားကစားနန့် ဆီမီးခွက်အကရို့စော်ထင်ရှားရေ။


ရခိုင်လူမျိုးတိစော် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နီထိုင်ပြီး ယဉ်ကျေးမှုနန့် ကိုးကွယ်ယုံကြည်မှုတွင် ဟိရေ။ အရင်က အိန္ဒိယရို့နန့် ဆင်တူရေ ဝတ်စားဆင်ယင်မှုမျိုးဟိခရေ။ ယကေလည်း မြောက်ဦးခေတ် ကုန်ဆုံးချိန်မှ စ၍ ရခိုင်ရို့ဧ ဝတ်စားဆင်ယင်မှုတိ၊ ယဉ်ကျေးမှုတိ မှေးမှိန်လာပြီး ဗမာလူမျိုး ရို့ဧ ဝတ်စားဆင်ယင်ပုံတိ လွှမ်းမိုး လာခရေ။ ဂနိအချိန်အခါတွင် ရခိုင်အမျိုးသားတိစော် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကို ရိုးရာပုဆိုးနန့် တွဲဖက်ဝတ်ဆင်ကတ်ရေ။ အမျိုးသမီးတိစော် ဇာပုဝါကို ရင်စလွယ်သိုင်းပြီး ကော်လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို လုံချည်နန့် တွဲဖက်ဝတ်ဆင်ရေ။ ၁၇ ရာစု ရခိုင်မင်းဆက်တိဧ ဗိသုကာ လက်ရာတိနန့် ဗုဒ္ဓဘာသာနန့် သက်ဆိုင်ရေ အဆောက်အဦးတိကို မြောက်ဦးမြို့တွင်လိလာ နိုင်ရေ။

  1. ကုန်းပြိုင်လောင်းပြိုင်ပွဲ
  2. မယိမ်တက်ပွဲ
  3. ရခိုင်ရိုးရာ ဒိုးကစပ်ပွဲ
  4. ရခိုင်ရိုးရာ ဒုံးယိမ်းပွဲ
  5. ရခိုင်ရိုးရာ ရထားဆွဲပွဲအစ
  6. ပန်းရထားဆွဲပွဲ
  7. ရခိုင်သမက်တက်ပွဲ
  8. ရခိုင်သျှင်ပြုဓလေ့နန့် ရတုဆိုပွဲ
  9. ၁၂-ရာသီပွဲတော်အကတိ
  10. ငစည်အက
  11. ရခိုင်ဆီမီးခွက်အက
  12. ကျင်ပွဲ
  13. ဒေါင်းပြောက်ခုန်တမ်းကစားနည်း
  14. လောင်းပြိုင်ပွဲ
  15. အောင်လူဆီးတမ်းကစားခြင်း
  1. ရခိုင်ရို့ ဧ့ တူရီယာစည်တိ
  2. ခရုသင်း (တူရိယာ)
  3. ရခိုင်စည်
  4. ရခိုင်စောင်းတူရိယာ
  5. ရခိုင်တရော
  6. ရခိုင်ပလွေ
  7. ရခိုင်မိကျောင်းတူရိယာ
  8. ရခိုင်ရိုးရာစည်တော်
  1. စစ်တကောင်း
  2. ရောင်ပူ
  3. ဂင်္ဂါသာရ
  4. ဒါကာ
  5. မောက်သူဇာ
  6. ကုမ္ဘီလာ
  7. သျှီလက်
  8. တိလင်္ဂါ
  9. ဂေါတောပလ္လင်
  10. ပဋိက္ကယား
  11. ကံသာ
  12. ဘရိသတ်
  1. ရခိုင်
  2. ကမန်
  3. ခမီ
  1. ဒိုင်းနက်
  2. မရမာကြီး
  3. မြိုလူမျိုး
  4. သက်

ရခိုင်ယှေးဟောင်းမြို့တော်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  1. ကန်သုံးဆင့်မြို့
  2. ကျောက်ပန်းတောင်းမြို့
  3. ခြိတ်မြို့
  4. တတိယဓညဝတီမြို့
  5. ဒုတိယ ဓညဝတီမြို့
  6. ဒုတိယစမ္ဘဝက်မြို့
  7. ဒုတိယပုရိန်မြို့
  8. ဒုတိယလောင်းကြက်မြို့
  9. နီလာပန်းတောင်းမြို့
  10. ပဉ္စာမြို့
  11. ပဌမပုရိန်မြို့
  12. ပထမစမ္ဘဝက်မြို့
  13. ပထမလောင်းကြက်မြို့
  14. မြို့ဟောင်းတောင်ငူမြို့
  15. ဝေသာလီမြို့
  16. သပိတ်တောင်မြို့
  1. ရခိုင်ဘုရင်တိ စာရင်း
  2. ရခိုင်ပြည်နယ်
  3. ရခိုင်ပြည်နယ်အလံ

ထင်ရှားရေ ရခိုင်လူမျိုးတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  1. "Rakhine people who speak Sittwe Dialect". Retrieved 2010-07-22.
  2. "Rakhine people who speak Yangbye Dialect". Retrieved 2010-07-22.
  3. "Rakhine people in Bangladesh". Retrieved 2010-07-22.
  4. "Rakhine people who speak Marma". Retrieved 2010-07-22.
  5. "Rakhine people in India". Retrieved 2010-07-22.
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  7. Blogger
  8. ရခိုင်ရာဇဝင် ။ အောင်သာဦး
  9. စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇဝင်သစ် ရခိုင်သမိုင်း၊ ၁၅၊ ၁၈ ရာစု
  10. အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
  11. မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)
  12. မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နန့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။
  13. ရခိုင်ဂီတ ဒေါ့ကွန်