Jump to content

ရခိုင်ဝီကီးပီးဒီးယား

ဝီကီးပီးဒီးယား က
Favicon of Wikipedia ရခိုင်ဝီကီးပီးဒီးယား
ဝဘ်ဆိုဒ် အမျိုးအစား
အွန်လိုင်းအခမဲ့စွယ်စုံကျမ်း
ဖတ်ရှုရဟိနိုင်မှုရခိုင်ဘာသာ
တည်ထောင်အောက်တိုဘာ-၄-၂၀၂၂
ပိုင်ဆိုင်သူဝီကီးမီဒီယာ_ဖောင်ဒေးရှင်း
ဖန်တီးသူရခိုင်ဝီကီးမီဒီယာအဖွဲ့
တည်းဖြတ်သူတိရခိုင်ဝီကီးပီးဒီးယန်း
ဝဘ်ဆိုဒ်rki.wikipedia.org
စီးပွားရီးမဟိ
အသုံးပြုသူ1171ယောက်၊ (၁၃ ဂျူလိုင်လ ၂၀၂၆ထိ)
ရွှင့်တင်ခြင်း၂၉ ဩဂုတ် ၂,၀၂၅; ၁ဝ လ အကြာက (၂,၀၂၅-၀၈-29)

ရခိုင်ဝီကီးပီးဒီးယား စွာ ဝီကီးပီးဒီးယား ၏ ရခိုင်ဘာသာ အင်တာနက် စွယ်စုံကျမ်းတစ်ခု ဖြစ်ပါရေ။ ရခိုင်ဝီကီးပီးဒီးယား ကို ရခိုင်စာပီနန့် ရခိုင်ယဉ်ကျေးမူဝါသနာပါရေ ဝါသနာသျှင်တိက ရခိုင်ဝီကီးပီးဒီးယား ကို ဝီကီပီးဒီးယားမှာ စတင်ခပါရေ။ ယူနီကုတ်ဖောင့် ၅.၂ နန့် ဆောင်းပါးပေါင်း ၁,၄၆၃ စောင်ကို (ဂျူလိုင်လ ၂၀၂၆ အထိ) ထည့်သွင်းထားပြီးသား ဖြစ်ပါရေ။

စမ်းသတ်ရခိုင်ဝီကီးပီးဒီးယားမာ

  • စာမျက်နှာ ၂၉၁၈ (အမျိုးအစား, တမ်းပလက်, ဆွီးနွီးချက်, အပြောင်းအရွိ့)
  • တည်းဖြတ်သူ ၇၄
  • တည်းဖြတ်အကြိမ်- ၉၇၂၁

နန့် ရွှင့်တင် နိုင်ခပါရေ။

သမိုင်းကြောင်း

ရက်စွဲမှတ်တမ်း

လုပ်ဆောင်မူမှတ်တမ်း

  • ၁၁-၁၀-၂၀၂၂ - ရခိုင်ဝီးကီးပီးဒီးယား လျှောက်ထားမူအပြီးမာ YaThaWinTha ဦးဆောင်ပြီးကေ စိတ်ပါဝင်စားရေ လူတိနန့် ပထမအကြိမ် Workshop ကို ထိုင်းနိုင်းငံ၊ အယုဒ္ဒယမာ ပြုလုပ်ခပါရေ၊ စိတ်ဝင်စားလူနှစ်ဆယ်လောက် တက်ရောက်ခပါရေ။ ဝီကီးပီးဒီးယားဆိုစွာဇာလေ့ နန့် ရခိုင်ဝီးကီးပီးဒီးကို ဇာကြောင့် လိုအပ်လဲဆိုစွာကို အဓိက ဆွီးနွီးခတ်ကတ်ပါရေ။
  • ၁၈-၁၁-၂၀၂၂ - ဒုတိယအကြိမ် Workshop ကို YaThaWinTha ဦးဆောင်ပြီးကေ စိတ်ပါဝင်စားရေ လူတိနန့် ထိုင်းနိုင်းငံ၊ အယုဒ္ဒယမာ ပြုလုပ်ခပါရေ၊ စိတ်ဝင်စားလူသုံးဆယ် လောက် တက်ရောက်ခပါရေ။ စမ်းသတ်ရခိုင်ဝီးကီးပီးဒီးယား အောင်မြင်အောင် ဇာပိုင်ပါဝင် ရီးသားရဖို့ အကြောင်းနန့် စမ်းသတ်ရခိုင်ဝီးကီးပီးဒီး အောင်မြင်ဖို့အတွက် လိုအပ်ရေ အချက်အလက်တိကို ဦးတည်ဆွီးနွီးခကတ်ပါရေ။
  • ၂-၂-၂၀၂၅- တတိယအကြိမ် Workshop ကို ထိုင်းနိုင်းငံ၊ အယုဒ္ဒယမာမြို့မာ ပြုလုပ်ကျင်းပ ခပါရေ၊ ဒေအကြိမ်မာ ရခိုင်ဝီးကီးပီးဒီးယားနန့် ဆက်နွီနီရေ ရခိုင်ဘာသာစကားနန့် ခေတ်သစ်နည်းပညာတိအကြောင်းကို ဆွီးနွိးခကတ်ပါရေ၊
    1. ဦးလှမြင့် (ရခိုင်သားကြီးစာပေ) က "ရခိုင်စာပီဖြတ်သန်းမူခရီး"
    2. ဒေါက်တာယသဓမ္မ က "ရခိုင်ဘာသာစကားကို linguistics ကတင်ပြခြင်း"
    3. YaThaWinTha က "နည်းပညာနယ်ထဲက ရခိုင်ဘာသာ"
  • ၂၃-၅-၂၀၂၅ - ဝီကီးမီဒီယာ ဖောင်ဒေးသျှင်းက ဗီလပိုင်နိုင်ငံမာ ကျင့်ပပြုလုပ်ရေ ESEAP_Strategy_Summit_2025 ကို Myanmar Wikimedia Community User Group ကိုယ်စား ရခိုင်ဝီကီးပီးဒီးယား ကိုယ်စားလှယ်အဖြစ် တက်ရောက်ခပါရေ၊(ESEAP Strategy Summit 2025/Report/YaThaWinTha)
  • ၂၁-၁၀-၂၀၂၅ စတုတ္ထအကြိမ် Workshop ကို ထိုင်းနိုင်းငံ၊ အယုဒ္ဒယမာမြို့မာ ပြုလုပ်ကျင်းပ ခပါရေ၊ ဒေအကြိမ်မာ ရခိုင်ဝီးကီးပီးဒီးယားနန့် ဆက်နွီနီရေ ရခိုင်ဘာသာစကားနန့် ရခိုင်ဝီကီးပီးဒီးယား User တိုးလာရီးကို အကြောင်းကို ဆွီးနွိးခကတ်ပါရေ။[]
    1. ဒေါက်တာယသဓမ္မ - "ရခိုင်ဘာသာဗေဒအမြင်နန့် သုတေသနစာ‌တန်း အ‌ခြေနေများကို ဆွေးနွေးတင်ပြခြင်း"
    2. YaThaWinTha- "ရခိုင်ဝီကီးပီးဒီးယားကို လမ်းလျောက်သင်ပီးခြင်း"
    3. ဦးလှမြင့် (ရခိုင်သားကြီးစာပေ) - "ကျွန်တော့ဘဝနန့် သားကြီးဘားသို့ ပီးစာတိ"
    4. ဥက္ကာမင်းညို - "ရခိုင်ကဗျာ စာပီကို ခြီရာခံခြင်း"
    5. ရက္ခဘေရီ - "တြိပူရသို့ ရှိဟောင်းစာပီရှာဖွီရီး"

ဆိုရှယ်မီဒီယာ

  • ၄-၁၂-၂၀၂၂ မာ ရခိုင်ဝီကီးပီးဒီးယား Facebook Page ကို တည်ဆောက်ခပါရေ
  • ၂၄-၂-၂၀၂၅ မာ ရခိုင်ဝီကီးပီးဒီးယား Telegram Group ကို တည်ဆောက်ခပါရေ

Wikimedia Projects of Languages Spoken in Arakan Language

ဘာသာစကား ပရိုဂျက် ဆောင်းပါး စာမျက်နှာ တီးဖြတ် Admins Users Active Users
ရခိုင်ဘာသာ Favicon of WikipediaWikipedia ၁,၄၆၃ ၅,၀၃၄ ၁၉,၅၃၆ ၁,၁၇၁ ၁၃

ရခိုင်ဝီကီးပီးဒီးယား အဆက်ဆက် Administrator တိ

ရခိုင်ဝီကီးပီးဒီးယား မာ အောက်ပါအသုံးပြုသူတိစွာ Administrator (Admin) အဖြစ် အဆက်ဆက် တာဝန်ထမ်းဆောင်ခကတ်‌ရေ။

Administrator History

အမှတ် အသုံးပြုသူ စတင်ခန့်အပ်နိ တာဝန်ပြီးဆုံးနိ Timeline Test admin
1 YaThaWinTha 2026-03-13 ၁၃ စက်တင်ဘာလ ၂၀၂၆

ကိုးကား

  1. https://burmese.narinjara.com/news/detail/68b577ebffdcb3b2de530725
  2. https://burmese.narinjara.com/news/detail/68fa024d8fe3fedca43c67d0