Jump to content

ရခိုင်အမျိုးသားပါတီ

ဝီကီးပီးဒီးယား က

ရခိုင်အမျိုးသားပါတီ (Rakhine National Party; သို့မဟုတ် Arakan National Party) စွာ မြန်မာနိုင်ငံဟိ နိုင်ငံရီးပါတီ တစ်ခုဖြစ်ပြီးကေ ရခိုင်ပြည်နယ်နန့်ရန်ကုန်တိုင်းဒေသကြီးဟိ ရခိုင်လူမျိုးတိ ကိုယ်စားပြု ပါတီဖြစ်ရေ။ ပါတီဧ နိုင်ငံရီး သဘောတရားမှာ ရခိုင်လူမျိုး အခွင့်အရီးနန့် ကွန်ဆာဗေးတစ် ဝါဒ ဖြစ်ရေ။ ပါတီဧ နိုင်ငံရီး ရပ်တည်ချက်မှာ လက်ယာ ဖြစ်ရေ။[] []

ပါတီကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နိတွင် တည်ထောင်ခပြီးကေ ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နိတွင် ပြည်ထောင်စု ရွီးကောက်ပွဲ ကော်မသျှင် ထံတွင် မှတ်ပုံတင်ခရေ။[][][] ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် (၂) မှ ရွီးကောက်ခံ ပြည်နယ်အမတ် ဦးညီပုကို ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုပြုတင်သွင်းလိုက်ရေအတွက် လွှတ်တော်ဥက္ကဋ္ဌနန့် ဒုဥက္ကဋ္ဌမှလွဲပနာ ကျန်ရခိုင်အမျိုးသားပါတီမှ လွှတ်တော်အမတ်အားလုံး လွှတ်တော်ကို သပိတ်မှောက်ကာ လွှတ်တော် မပြီးခင် ထွက်ခွာလားခကတ်ရေ။[]

၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နိတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နန့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ရို့စွာ ရခိုင်အမျိုးသားပါတီ အမည်နန့် သဘောတူညီချက်ကို လက်မှတ်ရီးထိုးခကတ်ရေ။[] ၂၀၁၃ မေလမှ စတင်ခရေ ပါတီနှစ်ခု ပေါင်းစည်းရီးစွာ ရှစ်လကျော်ကြာမြင့်ခပြီးကေ နှစ်ဦးနှစ်ဖက် ဆွီးနွီးမှုတိ ပြုလုပ်ခကတ်ရေ။[][][၁၀][၁၁]

  1. https://www.reuters.com/article/us-myanmar-election-rohingya/rising-rakhine-party-looming-threat-to-myanmars-muslim-minority-idUSKCN0RV5RO20151001
  2. Graeme Acton (2016-03-10). "Myanmar - A Democracy Under Construction". RNZ (in New Zealand English). Retrieved 2026-04-06.
  3. http://www.moi.gov.mm/Moi:Eg/announcement/7/03/2014/id-1159
  4. http://www.moi.gov.mm/Moi:Eg/announcement/7/03/2014/id-1160
  5. http://www.irrawaddy.org/burma/arakanese-political-parties-merge-form-anp.html
  6. http://burmese.dvb.no/archives/141409, ရခိုင်အမျိုးသားပါတီအမတ်တိ လွှတ်တော်ကို သပိတ်မှောက်ထွက်ခွာ|ဒီမိုကရက်တစ် မြန်မာ့အသံ|၂၈ မတ် ၂၀၁၆|၂၈ မတ် ၂၀၁၆
  7. http://www.mmtimes.com/index.php/national-news/7194-rakhine-parties-formalise-merger.html
  8. http://www.bnionline.net/index.php/news/narinjara/16835-arakan-national-party-receives-official-recognition.html
  9. "Newly formed Rakhine National Party appoints leadership". www.dvb.no (in American English). Archived from the original on 2013-10-25. Retrieved 2026-04-06.
  10. "Arakan alliance". www.dvb.no (in American English). Archived from the original on 2014-04-15. Retrieved 2026-04-06.
  11. http://www.bnionline.net/index.php/news/narinjara/16854-sittwe-to-host-arakan-national-partys-important-meeting.html