Jump to content

ရခိုင်အမျိုးသား ကွန်ဂရက်

ဝီကီးပီးဒီးယား က

၁၉၄၀ ပြည့် နှစ် ဝန်းကျင်တွင် ပေါ်ပေါက်ခပြီးကေ တို့ဗမာအစည်းအရုံး နန့်ဆက်သွယ်ပနာ ၁၉၄၁ ခုနှစ်တွင် ပေါက်တော ၌ ညီလာခံ ကျင်းပခရေ။ ညီလာခံတွင် လွတ်လပ်ရီး ကိစ္စတိကို ဆွီးနွီးညှိနှိုင်းခကတ်သဖြင့် ဗြိတိသျှ အစိုးရက ရခိုင်ကွန်ဂရက် နောက်ကို နောက်ယောင်ခံစုံစမ်းမှုတိလုပ်ပနာ ထင်ယှားရေ ခေါင်းဆောင်တစ်ဦးဖြစ်ရေ ဦးကျော်ဦးအပါအဝင် ခေါင်းဆောင်တိကို တစ်ဦးပြီးကေ တစ်ဦး ဖမ်းဆီးပြီးကေ အိန္ဒိယအကျဉ်းထောင်တိသို့ ပို့ပစ်ခကတ်ရေ။ ယပိုင်နည်းနန့် ရခိုင်အမျိုးသားကွန်ဂရက်စွာ ဖက်ဆစ်ဂျပန် ဆန့်ကျင်ရီး လှုပ်ရှားမှု ခေတ်မတိုင်ခင် အထိရာ လှုပ်ယှားနိုင်ခကေလည်း ရခိုင်အမျိုးသားရီးအတွက် ယှေးဦးစွာ ပေါ်ထွန်းခရေ နိုင်ငံရီး အဖွဲ့အစည်းတစ်ခု အဖြစ်မှတ်တမ်း တင်ထားကတ်ရရေ။[]

  1. ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း-ဝင်းတင့်ထွန်း၊ ဩဂုတ် ၂၀၁၀