ရတနာမိုင်
ရတနာမိုင် (၁၉၈၉ ဩဂုတ် ၁၇ မွီးဖွား) စွာ ရခိုင်လူမျိုးဖြစ်ပြီးကေ မြန်မာနိုင်ငံတွင် ရုပ်ရှင်မင်းသမီးနန့်အဆိုတော်တဦး ဖြစ်တေ။
အစောပိုင်းဘဝနန့် ပညာရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရတနာမိုင်ကို ရခိုင်ပြည်နယ်၊ သံတွဲမြို့မာ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၁၇ ရက်နိ မွီးဖွားခရေ။ သူမစွာ တစ်ချိန်က ကျော်ကြားခရေ အမျိုးသမီးအဆိုတော် မိုင် ၏ သမီးဖြစ်တေ။ သူမစွာ လသာ (၂) မှ ထူးချွန်နန့် ဒဂုံ (၁) သို့ ပြောင်းခရေ။[၁][၂]
အနုပညာလှုပ်ရှားမှုတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၀၀၆ ခုနှစ် စီးတီးအက်ဖ်အမ် ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲမာ မိခင်ဖြစ်သူ မိုင်နန့် သီချင်းအတူဆိုပနာ အနုပညာလောကသို့ ဝင်ရောက်လာခရေ။ သူမစွာ တေးစီးရီး ငါးခု ဖြန့်ချိခပြီးကေ "အလွမ်းသင့်ပန်းချီ"၊ "Good Night"၊ "သူသိစေ"၊ "ပြောသားပဲ"၊ "မမေးပါနဲ့ ရိုးရိုးလေး"၊ "လိုရာသုံး" သီချင်းတိမှာ ထင်ရှားရေ။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးခရေ အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ အမည်ဟိ ရုပ်ရှင်တွင်လည်း ကျောင်းသူ ရတနာမိုင်အဖြစ် ပါဝင်သရုပ်ဆောင်ခရေ။ [၃]
တေးအယ်လ်ဘမ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- မရှိလို့မဖြစ်
- ပ ဖ ဗ ဘ မ
- Good Night, Lover
- သူသိစေ
- ပြောသားပဲ
- Who are you[၄]
ရရှိသော ဆုတံဆိပ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- Female Singer Award of Most Requested Song (ရွှေအက်ဖ်အမ် 7th Anniversary)
- Female Singer Award of Most Popular Requested Song (စီးတီးအက်ဖ်အမ် 16th Anniversary)
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ လသာ (၂) ကျောင်းကနေ ထူးချွန်နဲ့ အ.ထ.က(၁)ဒဂုံကို ပြောင်းခဲ့ပါတယ်။
- ↑ တေးသံရွင် ရတနာမိုင္နွင့် တြေ့ဆုံျခင်း |https://news-eleven.com/article/200985
- ↑ https://web.archive.org/web/20130703082748/http://www.shweo.net/shweomovie/movie/id/3648
- ↑ ရတနာမိုင်၏ Who Are You တေးစီးရီး မိတ္ဆက္ပြဲ |https://web.archive.org/web/20210614095418/http://www.goldenplacemyanmar.com/events/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%81%8F-who-are-you-%E1%80%B1%E1%80%90%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%9B%E1%80%AE%E1%80%B8-%E1%80%99/