ရန်ကို ရန်ချင်းမတုံ့ပြန်မှ အီးချမ်းနိုင်ဖို့
အသွင်ပြင်
ရန်ကို ရန်ချင်းမတုံ့ပြန်မှ အီးချမ်းနိုင်ဖို့
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ရန်ကို ရန်ချင်းမတုံ့ပြန်မှ အီးချမ်းနိုင်ဖို့
န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝရေနေ စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။
ဝေရေန- ရန်တုံ့ပြန်နီဖို့ဆိုကေ၊ ဝေရာနိ- ရန်တိရေ၊ ကုဒါစနံ- တခါလေးသော၊ န ဟိ သမ္မန္တိ- မအီးချမ်းနိုင်။ အဝေရေနစ- ရန်မတုံ့ပြန်မှရာ၊ ဝေရာနိ- ရန်တိရေ၊ သမ္မန္တိ- အီးချမ်းနိုင်ရေ။ ဧသ-ဧသော၊ အေပိုင်အစဟိရေအားဖြင့် ရန်မတုံ့ပြန်ကေ အီးချမ်းခြင်းရေ၊ သနန္တနော=ဟှိအစဉ်အလာဖြစ်တေ၊ ဓမ္မော=ဓမ္မတာတရားရာ။(ပါ-၅)
အေသူရေ ငါ့ကို ဆဲဖူးရေ အေသူရေ ငါ့ကို နှိပ်စက်ဖူးရေ အေသူရေငါ့ကို အနိုင်ယူဖူးရေ အေသူရေ ငါ့ဥစ္စာကို ခိုးယူဖူးရေဆိုပနာ ထိုသူဧ့အပေါ်မှာ ရန်ငြိုးထားကတ်တေ။
ထိုသူဧ့အပေါ်မှာ ရန်ငြိုးထားကတ်တေ ယင်းသူတိစော် ဖြစ်ပေါ်လာဖို့ ရန်မီးတိရေ မအီးချမ်းနိုင်။
ယင်းပိုင်ပုံစံ ရန်ငြိုးမရေထား သူတိရေရာ ဖြစ်ပေါ်လာဖို့ ရန်မီးတိက အီးချမ်းနိုင်ဧ့။ အေချင့်စော် သူတော်ကောင်းတိဧ့ အစဥ်အလာ သဘောထား တရားရာ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ (ခုဒ္ဒကနိကာယ်၊ ဓမ္မပဒပါဠိတော်၊ ယမကဝဂ္ဂ၊ ကာဠယက္ခိနီဝတ္ထု)