ရမ်း၀ကျွန်း
ရမ်း၀ကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရမ်းဝကျွန်းစွာ မြောက်ဦးမြို့က အနောက်ဘက် အဖြောင့် ခုနစ်မိုင်အကွာမာ ဟိရေ။ သရီချောင်းဧ လက်ဝဲကမ်းအရပ်ဖြိုက်ရေ။ တောင်ဘက်ပိုင်းစွာ သရီချောင်းအဝပိုင်း ဖြိုက်ရေ။ ယင်းတစ်ဘက်ကမ်းစွာ ကောင်းကျော်ထင်ကျွန်းဖြိုက်ရေ။ အရှိဖက်စွာ ပြလှကျွန်းအရပ်ဖြိုက်ရေ။ အနောက်ဘက်အရပ်စွာ ကုလားတန်မြစ် အရှိကမ်း၌ဟိရေ အုန်းကျွန်းအရပ်ဖြိုက်ရေ။ မြောက်ဘက်က ရှင်ကျော်အရပ်စွာ ရမ်းဝအရပ်ဝင်သာ ဖြစ်နှိုင်ရေ။
ရမ်းဝအရပ်စွာ သမိုင်းကို စူဠစန္ဒရားမင်းဧ မိဖုရား စန္ဒာဒေဝီနန့် ဆက်စပ်ပြဆိုရေ မင်းကြီးဖေါင်တော်နစ်ကာ ကံကုန်လီရေအတွက်ကြောင့် ဓမ္မဇေယျအမတ်ကြီးက ဝေသာလီသို့ ပြန်လာရေအခါ မိဖုရားတော်က ယင်းအားမယုံကြေဖြိုက်ပြီးကေ ဒေအရပ်က ထွက်ပြီးကေ ရမ်းတားရေအဝ အနိန်နန့် နာမည် တွင်စွာဟူ၏(စန္ဒ။၁း၂၉၆)။ ဝေသာလီတည်ဟိရာ ရမ်းချောင်းဧ အဝစွာ ယင်းအချိန်ခါက အဂုရမ်းဝက ဖေါက်ထွက်ခဟန်တူလီရေ။
ဝေသာလီခေတ် ကုန်လွန်ပြီးနောက် ပဉ္စာမြို့တော်ဧ နောက်ဆုံးကာလမာ ရမ်းဝအကြောင်း သမိုင်းတစ်ရပ်ဟိပါလတ်တေ။ လက်ယာမင်းနန်ကို နန်းတင်ဖို့ ပါလာကက်သူတိထဲက တချို့စွာ မဟာမုနိဆင်းတု ပေါင်တော်ကို ဖေါင်တော်နန့် တင်ယူခရာ ဒေရမ်းဝစည်းမာ မြုပ်လားခရေ။(စန္ဒ။ ၁း၃၂ဝ)။ ရမ်းဝစည်းစွာ ရမ်းဝဝဲပင် ဖြစ်ရေ။ ရံဖိရံခါ ပေါ်တတ်ရေလို့ ယူဆရရေ။
မြောက်ဦးခေတ်မာ ဘုရင်တိစွာ မဟာမုနိကို ဖူးမျှော်ပနာ အပြန်ခရီး၌ မြို့တော်ကို မဝင်မီ ဒေအရပ်မာ ဖောင်တော်စွာ တနားချေ နီခကတ်ရေ။(စန္ဒ။၂:၂၂၄၊၃၂၄)။
မြောက်ဦးခေတ်နှောင်းပိုင်းမာ ဒေအရပ်စွာ ပုန်ကန်သူရို့ဧ စခန်းကောင်းတစ်ခု ဖြိုက်လာခရေ။ သာဓကအနိန်နန့် ၁၆၉၇-ခုနှစ်မာ ပုန်ကန်သူရို့ကို ဒေအရပ်၌ ဖလောင်းဘုရင်ဂျီ သင်္ဘောစီးပနာ တိုက်ခိုက်ခကေလေ့ မနိုင်ခကြောင်း၊ မိန်းစားက လာရောက်တိုက်ခိုက်မှ နိုင်ခရရေ။ (စန္ဒ။၂း၂၃၅)။ ရက္ခိုင်မငြိမ်မသက်ဖြိုက်စိုင် ၁၇၇၈-ခုဝါခေါင်လတွင်လည်း ရလာကျွန်းအုပ်က ဒေအရပ်မာ တပ်တည်ခ ကြောင်း၊ နတ်တော်လမာ ကုလားရွှီစာက တပ်တည်ခပြီးကေ ပြာသိုလမာ ဘုရင်က လားရောက်တိုက်ခ မောင်းထုတ်ခကြောင်းလည်းဆိုရေ။(စန္ဒ။၂:၂၈၉၊၂၉၁)။
ရမ်းဝကျွန်းစွာ မြောက်ဦးမြို့တော်အနီးမာဟိကာ ကုလားတန်လွင်ပြင် အထက် အောက်၊ အရှိ အနောက်ရို့ကို ကွပ်ကဲနှိုင်ရေအနိန်အထားမာ ဟိနီရေအတွက်နန့် ရာဇဝင်၌ ထင်ယှားခခြင်းဖြိုက်လီရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။