ရလာကျွန်း
ရလာကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရလာကျွန်းစွာ ကုလားတန်မြစ်ဝှမ်းလွင်ပြင်တွင် မြောက်ဘက်အကျဆုံးဖြိုက်တေ အရပ်ဖြိုက်ရေ။ အဂုကျောက်တော်မြို့က အရှိမြောက်ဘက်အဖြောင့် လေးမိုင်အကွာ ကုလားတန်မြစ်ဧ လက်ယာကမ်း အကွိ့တွင် ဟိရေ။ ဒေအရပ်ကနီ အရှိတောင်ဘက် လေးမိုင်အကွာတွင် မဟာမုနိသိမ်တော်ကြီး တည်ဟိရေ။ အနီးရှိ ခေါင်းတုတ်ရွာကို အစွဲပြုပနာ ခေါင်းတုတ်ရလာလို့ အဂုနာမည်တွင်ရေ။ ရလာဆိုရေ နာမည်မှာ ရီလာဆိုရေ ရက္ခိုင်စကားကို ခေါ်ခြင်းပင်ဖြိုက်ရေ ဟူ၏။ ကုလားတန်မြစ်ရီစွာ ကကောင်းကြီးပြီး အာသံပေါက်ရေအခါ မြစ်ကြောင်းရီစွာ သာမန်အချိန်အခါပိုင် အနောက်ဘက်ကို ကွိ့ကောက် မစီးပဲနန့် တဟုန်ထိုးဆင်းလားရေအတွက်ကြောင့် ရီလာရေ အရပ်ကို အစွဲပြုပနာ နာမည် တွင်စွာဟူ၏။
မင်းရာဇာကြီးစာတမ်းအရ တတိယဓညဝတီခေတ် သူရိယဓိပတိလက်ထက်မာ ဒေရလာအရပ်စွာ ရက္ခိုင်ဒေသဧ ပင်မကင်းကြီးငါးရပ်ဝင် တစ်ခုဖြိုက်ခရေ။ ပါကုန်ဧ့ သုံးရာခိုင်နှုန်းကို ကောက်ခံခွင့်ဟိရေဟူ၏။
ရလာရေ အခွန်အတုတ် ကင်းခွန်ကကောင်းကြီး ရဟိရေ အရပ်အနိန်နန့် မြောက်ဦးခေတ်တွင် မြောက်ဦးအသက်၊ ရွှီအိမ်။ ရွှီအိမ်အသက်၊ ရလာ”ဆိုပနာ ဆိုရိုးစကား ဖြိုက်ခရေ။ ရွှီအိမ်မာ မြောက်ဦး နန်းတော်ကုန်းအရှိဖက် တစ်မိုင်ခန့်အကွာက လေးကျွန်းမြင့်မိုရ်အရပ် ဖြိုက်ရေ။ လက်အောက်နယ်စားတိ နှစ်စိုင် လာရောက်ကန်တော့ရရေ အရပ်ဖြိုက်ရေ။ ရလာကင်းခွန်ကြောင့် ဘုရင်စွာ မိမိကိုယ်ရံတော်တပ်တိကိုအားကောင်းယောင် လုပ်နိုင်ခြင်းဖြိုက်ရေ။ ဘုရင်အားရှိမှ လက်အောက် နယ်စားတိလည်း ကျိုးနွံစွာဖြိုက်ရေ။
မြောက်ဦးခေတ်နှောင်းမာ အုပ်ချုပ်ရီးအားနည်းချိန်၌ ဒေအရပ်စော်လည်း ပုန်ကန်အုံးထရာ အရပ်တစ်ခု ဖြိုက်ပါလတ်တေ။ ၁၇၇၈-ခုနှစ် ဝါခေါင်လတွင် ကုလားသင်္ဘောထိုးစာနန့် ရလာကျွန်းအုပ်စုရို့စွာ ပူးပေါင်းပနာ ရမ်းဝအရပ်တွင် တပ်တည်ပနာ နတ်တော်လတထိ ထိန်းထားခကတ်ရေ။ ဘုရင်ကလာတိုက်အတွက်ကြောင့် တပ်ပျက်လားလီရေ(စန္ဒ။၂း၂၈၉)။
ရခိုင်စာပေ ဘဒ္ဒကပ်အံ၌ 'ရလာကျွန်းကြီး၊ ကြောင်းကြီးလေးသွယ်၊ ဟိသည်ငွေတူ၊ နောက်မူ ဖန်သွင်၊ ဖန်သွင်သော်လေ--ဟန်စွလေ။ ။”ဟုပါဟိစွာကို ထောက်ပနာ ရလာအရပ်ကို အရပ်လေးသွယ်မှ ဆက်သွယ်ထားကြောင်း သိဟိရပါရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)