ရာမောင်ကျွန်း
ရာမောင်ကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရာမောင်ကျွန်းစွာ ကျိန်းကျွန်း၊ ကြပ်စင်ကျွန်းရို့၏ အရှိဖက်တွင် ဟိရေ။ ငါးစင်ရိုင်းကျွန်းဟုလေ့ တွင်ရေ။ ကုန်းဘောင်ဆက်ရာဇဝင်၌ ယမုံကျွန်းဟု သုံးထားရေ။ ရာမောင်ကို ၄င်းရို့ အသံထွက်အတိုင်း သုံးထားပုံရရေ။ ကျွန်း၏ အရှိဖက်တွင် ရက္ခိုင်တောင်ခြီ ဟိရေ။
ရှီးခေတ် ရက္ခိုင်အစီအမံစနစ်တွင် ရာမောင်နတ်ကြီး၊ပြင်ကဆီးစွာ၊ ရန်မီးတခါ မပြူရာ၊ ဟုဆိုဟိရေ။ ရက္ခိုင်တောင်ပိုင်းမှ ချီလာရေ ပြည်တွင်း၊ပြည်ပ ရန်သူတိစွာ ရက္ခိုင်ကုလားတန်လွင်ပြင်ရှိမြို့တော်တိသို့ ဒေရာမောင်ကျွန်း၊ ကျိန်းကျွန်း၊ ကြပ်စင်ကျွန်းရို့ကို ဖြတ်ပနာရာ ရောက်ဟိတတ်ကတ်ရေ။ သို့ဖြိုက်ပနာ ရာမောင်ကျွန်းစွာ အရီးကြီးရေ အပိုင်းမှ ပါဝင်ခရေ။
ရာဇဝင်၌ ရာမောင်ကျွန်း၏ အရီးပါရေပိုင် မြောက်ဦးမြို့ကို တပင်ရွှီထီးတပ်ရို့ လာရောက်ဝန်းရံစိုင်က စတင်တွိ့ရရေ။ ယင့်ခါက တပင်ရွှီထီးတပ်အား ပိတ်ဆို့ဖို့ မင်းဘာယှင့်က သူရဲတစ်သိန်း၊ ကိုယ်ရံငါးသောင်းရို့ကို ရာမောင်ကျွန်း၊ မြီငူကျွန်းရို့၌ ချထားခစွာကို တွိ့ရရေ(စန္ဒ။၂း၇၁)။ မင်းရာဇာကြီးရေ ပဲခူးမှရဟိခသော သုန်ပန်းတိထဲက သုံးသောင်းကို ဆင်အောက်မားအသင်း တွင်ဖြည့်ကာ ဒေကျွန်းတွင် ချထားခရေ (စန္ဒ။၂း၁၅ဝ)။ သားတော်အိမ်ရှိမင်း မင်းခမောင်းက သံတွဲကနိန် ပုန်ကန်ပနာ ချီတက်လှာရေအခါ မင်းရာဇာကြီး၏ တပ်စွာ ဒေကျွန်းရှိ ဘားမြို့က ဆီးဆို့တိုက်ခိုက်ကာ ဖမ်းဆီးခရေ (စန္ဒ။၂း၁၅၄)။ ဘားမြို့စွာ အဂုဘားပြိုအရပ်ပင် ဖြစ်ရေ။
မင်းမတည်ပြည်မရပ်ကာလမာ ဒေကျွန်းစွာ ဘုရင်ကို ပုန်ကန်ရာမှာ ပါခရေ (စန္ဒ။၂း၂၄ဝ)။ စန္ဒဝိဇယမင်း(နန်းစံ ၁၇၁၀-၁၇၃၁)စွာ အရှိသို့ ချီတက်ခစိုင်က ရဟိခသော တလိုင်းမြန်မာရို့ကို ဒေကျွန်းနန့် ကြပ်စင်ကျွန်းရို့တွင် ချထားခရေ (စန္ဒ။၂း၂၄၆)။ ၁၇၇၈-ခုနှစ်မာ ဒေကျွန်းစား ငသံတွေစွာ ဘုရင်ကိုပုန်ကန်ခကေလေ့ ပျက်စီးပနာ ဗြီးလီရရေ (စန္ဒ။၂း၂၈၅)။
၁၇၇၈-ခုနှစ်မာ စန္ဒသတိဿရာဇာမင်းစွာ ရက္ခိုင်တောင်ပိုင်းသို့ တိုင်းခန်းလှည့်နီရာ ပုန်ကန်သူ ရို့က ခံတပ်သုံးတပ်ကိုတည်ခရေ ဒေကျွန်းဘားပြိုအရပ်တွင် လေးထုခံတပ်တခုကို တည်ခပြီးကေ ဘုရင်အပြန်ကို စောင့်နီခကတ်ရေ။ ယေကေလဲ ဘုရင်တပ်၏ တိုက်ခိုက်မှုကို မခံနိုင်ပဲ ပျက်လီရေ (စန္ဒ။၂း၂၈၆-၂၈၈)။ ပုန်ကန်သူရို့စွာ မင်းရာဇာကြီးလက်ထက် သားတော်မင်းခမောင်းကို တိုက်ခိုက်ရေနည်းကို သုံးခလိုဟန်တူကတ်ရေ။
၁၇၈၁-ခုနှစ်ကဆုန်လတွင် အရှိပြည်သို့ လားရောက်ကြကာ အကူအညီတောင်းခံသူအဖွဲ့တွင် ရာမောင်ကျွန်းနေ ငသံတွ လည်း ပါဝင်ခရေ (စန္ဒ ၂း၂၉၄)။ နောက်တစ်နှစ် တပေါင်းလတွင် ငသံတွေစွာ ထပ်မံသောင်းကျမ်းခရေ။ မဟာသမ္မတမတ်က လားရောက်တိုက်ခိုက်ခရေ သစ္စာခံလအနိန်နန့် ဘုရင်က ၄င်းအား ကုလားတန်စား အရာကိုပီးခရေ။ သို့ရာမှာ ၄င်းမှာ ဘဏ္ဍာငွေနန့် အတူ ထပ်မံ သောင်းကျမ်းပြန်ရေ (စန္ဒ။၂း၂၉၇)။ ၁၇၈၄-ခုနှစ်မာ အမရပူရတပ်ရို့ထံ ၄င်းက အညံ့ခံခပြီးကေ မြောက်ဦးသို့ ချီတက်သော စစ်ကြောင်းတွင် ပါဝင်ခရေ (ဦးမောင်မောင်တင်-၅။ စန္ဒ။၂း၃ဝ၅)။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။