ရာရှင်နယ်ကိန်း
ရာရှင်နယ်ကိန်း (rational number) ဆိုရေမှာ အပိုင်းကိန်း အနီနန့် ရီး၍ရရေ ကိန်းကို ခေါ်ရေ။ အပိုင်းကိန်း တွင် a ရေ ကိန်းပြည့်ပိုင်းဝေ (integer numerator) ဖြစ်ပြီး၊ b ရေ သုညမဟုတ်ရေ ကိန်းပြည့်ပိုင်းခြေ (nonzero integer denominator) ဖြစ်ရေ။ သာဓကဆိုရကေ ၁/၃၊ ၇/၈၊ -၁/၂ စရေရို့မှာ ရာရှင်နယ် (ဝါ) အပိုင်းကိန်းတိ ဖြစ်ကတ်ရေ။ ပိုင်းခြေ သုညမဖြစ်ရခြင်းမှာ အရီးကြီးသည့် ကန့်သတ်ချက်ဖြစ်ရေ။
ရခိုင်ဘာသာဖြင့် ရေရွတ်ရေအခါ ၁/၃၊ ၇/၈ နန့် -၁/၂ ရို့ကို "သုံးပုံ၊ တစ်ပုံ၊" "ရှစ်ပုံ၊ ခုနစ်ပုံ၊" "အနှုတ် နှစ်ပုံ၊ တစ်ပုံ၊" စရေဖြင့် ပိုင်းခြေကိန်းကို ဦးစွာ ရေရွတ်ရရေ။ ("ပုံ" အစား "ပိုင်း" ဟုလည်း သုံးကတ်ရေ။) တစ်စုံတစ်ခုကို သုံးပုံ၊ သုံးပိုင်း အညီအမျှပိုင်းပြီးနောက် တစ်ပုံနန့် ညီမျှရေ ပမာဏ၊ စသည့်ဖြင့် အနက်ကောက်ယူနိုင်ရေ။
ကိန်းတစ်ခုတည်းကို အပိုင်းကိန်းဖြင့်ရီးရာတွင် တစ်မျိုးထက်ပို၍ ရီးနိုင်ရေ။ သာဓကအားဖြင့် ၂/၄ နန့် ၁/၂ နှစ်မျိုးစလုံးမှာ ကိန်းတစ်ခုတည်းကို ကိုယ်စားပြုရေ။ ထို့အတူ -၁/၂ ကို အနီဖြင့်လည်းကောင်း၊ အနီဖြင့်လည်းကောင်း ရီးနိုင်ရေ။ သို့ရာတွင် အနှုတ်ကိန်းကို ပိုင်းဝေမှာထား၍ ရီးခြင်းက ပို၍တွင်ကျယ်ရေ။
သဘာဝကိန်းတိုင်းမှာ ရာရှင်နယ်ကိန်းတိ ဖြစ်ရေကို သတိပြုသင့်ရေ။ သာဓကဆိုကေ သဘာဝကိန်း ၅ ကို ၅/၁ ဟုရီး၍ ရရေကြောင့် ၅ မှာ ရာရှင်နယ်ကိန်းလည်း ဖြစ်ရေ။ ယကေလည်း သဘာဝကိန်းမဟုတ်ရေ ရာရှင်နယ်ကိန်းတိစွာဟိဧ။ သာဓက၊ ၁/၂၊ ၄/၅၊ -၁၃/၁၄။
ရာရှင်နယ်ကိန်းစုကို သင်္ကေတ သုံး၍ ရီးရေ။ အချိုး (ratio) ဟု အနက်ရသည့် “Quotient” ဆိုသည့် ဂျာမန်စာလုံးကို အရင်းပြုထားခြင်းဖြစ်ရေ။ ဒေသင်္ကေတကို ၁၉၆၀ ပြည့်လွန်နှစ်တိဆီက ဘိုဘာကီရီး Algèbre တွင်စတင် အသုံးပြုရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ Weisstein, Eric W. "Rational Number." From MathWorld--A Wolfram Web Resource.