Jump to content

ရူပိယသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၅၈၂။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ ရာဇဂြိုဟ်မြို့ ရှဉ့်နက်ရို့အား အစာကျွေးရာ ဖြိုက်ရေဝေဠုဝန်ကျောင်း၌ သီတင်းသုံးနီတော်မူရေအခါ သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာအမျိုးတစ်မျိုး၏ အိမ်သို့ ကပ်သော အမြဲဆွမ်းဝတ်ဟိရေ ရဟန်းဖြိုက် ၏၊ ထိုအမျိုး၌ အကြင် ခဲဖွယ်စွာလိ့ကောင်း၊ ဘောဇဉ်စွာလိ့ကောင်း ဖြိုက်အံ့၊ ထိုခဲဖွယ်ဘောဇဉ်မှ သာကီဝင်မင့်သားအသျှင်ဥပနန္ဒ အတွက် အဖို့ 'အစု' ထားရ၏။

ယင်းခါ ညချမ်းအချိန်မာ ထိုအမျိုး၌ စမဲဟင်းလျာ ဖြိုက် ပေါ်၏၊ ထိုစမဲဟင်းလျာမှ သာကီဝင် မင့်သားအသျှင်ဥပနန္ဒ၏ အဖို့ကို ဖယ်ထား၏၊ ထိုအမျိုး၏ အချေ 'သူငယ်' စွာ မိုးသောက်စစီာထပနာ့"အကျွန်ုပ်အား စမဲဟင်းလျာကို ပီးကတ်ဖိ"ဟု ငို၏၊ ယင်းခါ ထိုယောက်ျားစွာ ဇနီးကို "အသျှင့်အတွက် အဖို့ 'အစု' ကို အချေ 'သူငယ်' အား ပီးဗလင့်ာ့၊ အခြား (ဟင်းလျာ) ကို ဝယ်ပနာ အသျှင့်အားလှူကုန်အံ့"ဟု ပြောဆို၏။

ယင်းခါ သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ စီာစီာသား၌ သင်္ကန်းကို ပြင်ဝတ်ပနာ သပိတ် သင်္ကန်းကိုယူဆောင်ကာ ထိုအမျိုးပါးကို ချိုင်းကပ်ပနာ ခင်းထားသော နီရာမာ ထိုင်ရေ၊ ယင်းခါ ထိုယောက်ျားစွာသာကီဝင်မင့်သား အသျှင်ဥပနန္ဒပါးကို ချိုင်းကပ်ပနာ ယှိခိုးပြီးကေ တစ်ခုသော နီရာမာ ထိုင်လျက်သာကီဝင်မင့်သား အသျှင်ဥပနန္ဒကို "အသျှင်ဘုရား ယမန်နိ ညချမ်းအချိန်က စမဲဟင်းလျာဖြိုက် ပေါ်ပါရေ၊ ထိုစမဲဟင်းလျာမှ အသျှင့်အတွက် အဖို့ 'အစု' ကို ထားပါရေ၊ အသျှင်ဘုရား ဒေအချေ 'သူငယ်' စွာ မိုးသောက်စစီာ ထပနာ 'အကျွန်ုပ်အား စမဲဟင်းလျာကို ပီးကတ်ဖိ'ဟု ငိုပါရေ၊ အသျှင့်အတွက် အဖို့ 'အစု'ကို အချေ 'သူငယ်' အား ပီးရပါရေ၊ အသျှင်ဘုရား အသပြာနန့်အဇာကို ဆောင်လာရပါဖို့လဲ"ဟု လျှောက်၏။

ဒါယကာ အသပြာကို ငါ့အား စွန့်လှူပြီး ဖြိုက် သလောဟု (မေး၏)။

မှန်ပါရေ အသျှင်ဘုရား စွန့်လှူပြီးပါရာဟု (လျှောက်၏)။

ဒါယကာ ငါ့အား ထိုအသပြာကိုပင် ပီးဗလင့်ာ့ဟု (ဆို၏)။

ယင်းခါ ထိုယောက်ျားစွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒအား အသပြာကို ပီးလှူပြီးနောက်"ငါရို့စွာ ရွှီငွီကို ခံယူပိုင် ဒေအတူပင် ဒေသာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ရေရဟန်းရို့စွာ ရွှီငွီကို ခံယူကတ်ကုန်၏"ဟု သရော်၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏၊ ရဟန်းရို့စွာသရော် ရှုတ်ချ အပြစ်ပြ ပြောဆိုရေ ထိုယောက်ျား၏ (စကားကို) ကြားကတ်ရေသာတည်း။

အလိုနည်းသော ရဟန်းရို့စွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ အဇာကြောင့် ရွှီငွီကိုခံယူဘိသနည်းဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာသာကီဝင်မင့်သား အသျှင်ဥပနန္ဒကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။


"ဥပနန္ဒ သင်ရေ ရွှီငွီကို ခံယူရေဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျား သင်ရေ အဇာကြောင့် ရွှီငွီကို ခံယူဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျား ဒေ (သင်ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၅၈၃။ "အကြင် ရဟန်းစွာ ရွှေ ငွေကို (ကိုယ်တိုင်ကေလေ့) ခံယူ ငြားအံ့၊ (သူတပါးကိုကေလေ့) ခံယူစီငြားအံ့၊ အနီးမာ ချထားအပ်ရေ ကိုကေလေ့ သာယာငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ်သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။

၈-ရူပိယသိက္ခာပုဒ် အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅၈၄။ အကြင်ဟူစွာ အကြင်သို့သဘောဟိရေ။ပ။

ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟု အလိုရှိအပ်၏။

ရွှေ ဆိုစွာ ဘုရားအဆင်းတော်နန့်တူသော ဝထုကို ဆိုအပ်၏။

ငွေ ဆိုစွာ အသပြာ ကြေးဖေ့သာ သစ်သားဖေ့သာ ချိပ်ဖေ့သာ အရောင်းအဝယ် ဖြိုက် နှိုင်သမျှဝထုတည်း။

ခံယူငြားအံ့ဟူစွာ ကိုယ်တိုင်ခံယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ခံယူစီငြားအံ့ဟူစွာ အခြားသူကို ခံယူစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အနီးမာ ချထားအပ်စွာကိုကေလေ့ သာယာငြားအံ့ဟူစွာ ဒေ (ရွှီငွီ) စွာ အသျှင့် အတွက်ဖြိုက်စီဟု အနီးမာ ချထားအပ်စွာကို သာယာငြားအံ့၊ စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာ အလယ်၌စွန့်ရဖို့။

ရဟန်းရို့ ဧပိုင် စွန့်ရဖို့။

ထို (ရွှီငွီ) ခံသော ရဟန်းစွာ သံဃာသို့ ချိုင်းကပ်ပနာ လက်ဝဲတစ်ဖက် ပက်ခုံးထက်၌ ဧကသီကို စံပယ်တင်ပနာ ကြီးကုန်သော ရဟန်းရို့၏ ခြီရို့ကို ယှိခိုးပြီးကေ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ် ချီလျက်-

"အသျှင်ဘုရားရို့ အကျွန်ုပ်စွာ ရွှီငွီကို ခံယူမိပါ၏၊ ဒေအကျွန်ုပ်၏ ရွှီငွီစွာ စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေရွှီငွီကို သံဃာတော်အား စွန့်ပါရေ"ဟု ဆိုရာ၏။


စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရဖို့၊ ကျွမ်းကျင်လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ အာပတ်ကို ခံယူရဖို့၊ အဂယင့်လို့ ထိုအရပ်သို့ အရံစောင့်သော်လိ့ကောင်း၊ ဥပါသကာသော်လိ့ကောင်း လာအံ့၊ ယင့်သူကို "ငါ့သျှင် ဒေ (ရွှီငွီ) ကို သိလော့"ဟု ပြောရဖို့၊ အဂယင့်လို့ ယင့်သူစော်"ဒေ (ရွှီငွီ) နန့် အဇာအရာကို ဆောင်လာရပါဖို့လဲ"ဟု ဆိုအံ့၊ "ဒေပိုင် ဒေပိုင်သော အရာကိုဆောင်ခဲ့"ဟု မဆိုရ၊ ထောပတ်ကိုသော်လိ့ကောင်း၊ ဗားကိုသော်လိ့ကောင်း၊ ပျားရည်ကိုသော်လိ့ကောင်း၊ တင်လဲကိုသော်လိ့ကောင်း အပ်စပ်စွာကို ပြောရဖို့၊ အဂယင့်လို့ ယင့်သူစော် ထို (ရွှီငွီ) နန့် ဖပနာ အပ်စပ်စွာကို ဆောင်ခဲ့အံ့၊ ရွှီငွီခံယူသော ရဟန်းကို ထားပနာ ရဟန်းအားနူံးရို့ပင်သုံးဆောင်အပ်၏။

အဂယင့်လို့ ဧပိုင် ထို (ရွှီငွီဖမည့်) သူကို ရအံ့၊ ဧပိုင် ရခြင်းစွာ ကောင်း၏၊ အဂယင့်လို့မရအံ့၊ ယင့်သူကို "ဒါယကာ ဒေရွှီငွီကို စွန့်ပစ်လော့"ဟု ပြောရဖို့၊ ယင့်သူစော် အဂယင့်လို့ စွန့်ပစ်အံ့၊ ဧပိုင် စွန့်ပစ်ခြင်းစွာ ကောင်း၏၊ အဂယင့်လို့ မစွန့်ပစ်အံ့၊ အင်္ဂါငါးပါးရို့နန့် ပြည့်စုံသော ရဟန်းကိုရွှီငွီစွန့် ရဟန်းဟု သမုတ်ရဖို့၊ ၎င်းရဟန်းစွာ ဆန္ဒာဂတိသို့ မလိုက်ရာ၊ ဒေါသာဂတိသို့ မလိုက်ရာ၊ မောဟာဂတိသို့ မလိုက်ရာ၊ ဘယာဂတိသို့ မလိုက်ရာ၊ စွန့်အပ် မစွန့်အပ်စွာကိုလဲ့ သိရာ၏။

ရဟန်းရို့ ဧပိုင် သမုတ်ရဖို့၊ ရှီးဦးစွာ ရဟန်းကို တောင်းပန်ရဖို့၊ တောင်းပန်ပြီးနောက်ကျွမ်းကျင်လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ သံဃာကို သိစီရဖို့။

၅၈၅။ "အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာ အားလျောက်ပတ်သောအခါဟိရေကံစွာ ဖြိုက်ငြားအံ့၊ သံဃာစွာ ဒေပိုင်သော ရဟန်းကို ရွှီငွီစွန့်ရဟန်းဟု သမုတ်ရာ၏၊ ဒေကား သိစီခြင်းတည်း။

အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာစွာ ဒေ မည်သောရဟန်းကို ရွှီငွီစွန့်ရဟန်းဟု သမုတ်၏၊ အကြင်အသျှင်အား ဒေပိုင်သော ရဟန်းကို ရွှီငွီစွန့်ရဟန်းဟုသမုတ်ခြင်းကို ခြီ၏၊ ထိုအသျှင်စွာ ဆိတ်ဆိတ် နီရာ၏၊ အကြင် အသျှင်အား ခြီခြင်းမဟိ၊ ထိုအသျှင်စွာ ပြောဆိုရာ၏။

သံဃာစွာ ဒေပိုင်သော ရဟန်းကို ရွှီငွီစွန့်ရဟန်းဟု သမုတ်အပ်ပြီ၊ သံဃာအား ခြီခြင်းဟိ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နီ၏၊ ဧပိုင် ဆိတ်ဆိတ်နေအနိန်နန့် ဒေခြီရေ အဖြိုက်ကေို သိမှတ်ရပါရေဟု (သိစီရဖို့)။

သမ္မုတိရရားရေ ထိုရဟန်းစွာ အမှတ်နိမြိတ်ကို မပြုဘဲ ကျစီရေဖို့ 'စွန့်ပစ်ရဖို့'၊ အဂယင့်လို့အမှတ်နိမြိတ်ကို ပြုပနာ ကျစီအံ့ 'စွန့်ပစ်အံ့'၊ ဒုက္ကဋ်အာပတ် သင့်၏။

၅၈၆။ ရွှီငွီ၌ ရွှီငွီဟု ထင်မှတ်ခြင်းဟိပြီးကေ ရွှီငွီကို ခံယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရွှီငွီ၌ယုံမှားဟိပြီးကေ ရွှီငွီကို ခံယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရွှီငွီ၌ ရွှီငွီမဟုတ်ဟု ထင်မှတ်ခြင်းဟိပြီးကေရွှီငွီကို ခံယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ရွှီငွီမဟုတ်စွာ၌ ရွှီငွီဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရွှီငွီမဟုတ်စွာ၌ယုံမှားခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရွှီငွီမဟုတ်စွာ၌ ရွှီငွီမဟုတ်ဟု ထင်မှတ်ခြင်းရှိအံ့၊ အာပတ် မသင့်။

အရံတွင်း၌သော်လိ့ကောင်း၊တည်းခိုရာ သာလယံတွင်း၌သော်လိ့ကောင်း၊ ကိုင်ယူပနာသော်လိ့ကောင်း၊ ကိုင်ယူစီပနာသော်လိ့ကောင်း "ဥစ္စာရှင်စွာ ဆောင်ယူအံ့"ဟု ထားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

အဋ္ဌမ ရူပိယသိက္ခာပုဒ် ပြီး၏။