ရူပိယသံဝေါဟာရသိက္ခာပုဒ်
၉-ရူပိယသံဝေါဟာရသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၈၇။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူသော အခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ အထူးထူးအပြားပြားသောရွှီငွီဖ 'ရောင်းဝယ်'ခြင်းသို့ ရောက်ကတ်ကုန်၏၊ လူရို့စွာ "သာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ရေ ရဟန်းရို့စွာ အထူးအထူးအပြားပြားသော ရွှီငွီဖ 'ရောင်းဝယ်'ခြင်းသို့အဇာကြောင့် ရောက်ကုန်ဘိသနည်း၊ ကာမဂုဏ်ခံစားကတ်ရေ လူရို့ပိုင်ပင်တည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုကတ်သောယင့်သူရို့၏ စကားကို ကြားကတ်ရေသာတည်း။
အလိုနည်းသော ရဟန်းရို့စွာ "ဆဗ္ဗဂ္ဂီရဟန်းရို့စွာ အထူးထူးအပြားပြားသော ရွှီငွီဖ 'ရောင်းဝယ်'ခြင်းသို့ အဇာကြောင့် ရောက်ကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးသော အကြောင်းနန့်သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။
"ရဟန်းရို့ သင်ရို့စွာအထူးထူးအပြားပြားသော ရွှီငွီဖ 'ရောင်းဝယ်'ခြင်းသို့ ရောက်ကတ်ကုန်၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ သင်ရို့စွာ အထူးထူးအပြားပြားသော ရွှီငွီဖ 'ရောင်းဝယ်'ခြင်းသို့ အဇာကြောင့် ရောက်ကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါ လိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၈၈။ "အကြင် ရဟန်းစွာ အထူးထူးအပြားပြားသော ရွှီငွီဖ 'ရောင်းဝယ်'ခြင်းသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။
၉-ရူပိယသံဝေါဟာရသိက္ခာပုဒ် အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၈၉။ အကြင်ဟူစွာ အကြင်သို့သဘောဟိရေ။ပ။
ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။
အထူးထူးအပြားပြားသော ဆိုစွာ ပြုအပ်ပြီးစွာလိ့ကောင်း၊ မပြုအပ်သိမ့်ရေလိ့ကောင်း၊ ပြုအပ်ပြီး မပြုအပ်သိမ့်ရေလိ့ကောင်းတည်း။
ပြုအပ်ပြီး ဆိုစွာ အဂေါင်းတန်ဆာ လည် (ဆွဲ) တန်ဆာ လက် (ဝတ်) တန်ဆာ ခြီ (ကျင်း) တန်ဆာခါး (ဝတ်) တန်ဆာတည်း။
မပြုအပ်သေး ဆိုစွာ အစိုင်အခဲပြုအပ်ရေ ရွှေတုံး ငွေတုံးကို ဆိုအပ်၏။
ပြုအပ်ပြီး မပြုအပ်သေး ဆိုစွာ ထိုနှစ်မျိုးလုံးတည်း။
ရွှေ ငွေ ဆိုစွာ ဘုရားအဆင်းတော်နန့်တူသော ရွှေ၊ အသပြာ ကြေးဖေ့သာ သစ်သားဖေ့သာချိပ်ဖေ့သာ ရောင်းဝယ်မှုသို့ ရောက်သမျှ ဝထုတည်း။
ရောက်ငြားအံ့ဟူစွာ ပြုအပ်ပြီးရေ ရွှီငွီနန့် ပြုအပ်ပြီးရေ ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ပြုအပ်ပြီးရေ ရွှီငွီနန့် မပြုအပ်သေးသော ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ပြုအပ်ပြီးရေ ရွှီငွီနန့် ပြုအပ်ပြီး မပြုအပ်သေးသော ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
မပြုအပ်သေးသော ရွှီငွီနန့် ပြုအပ်ပြီး ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မပြုအပ်သေးသော ရွှီငွီနန့် မပြုအပ်သေးသော ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မပြုအပ်သေးသော ရွှီငွီနန့် ပြုအပ်ပြီး မပြုအပ်သေးသော ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။
ပြုအပ်ပြီး မပြုအပ်သေးသော ရွှီငွီနန့် ပြုအပ်ပြီးရေ ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။ ပြုအပ်ပြီး မပြုအပ်သေးသော ရွှီငွီနန့် မပြုအပ်သေးသော ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ပြုအပ်ပြီး မပြုအပ်သေးသော ရွှီငွီနန့် ပြုအပ်ပြီး မပြုအပ်သေးသောရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ သံဃာ့အလယ်၌ စွန့်ရဖို့။
ရဟန်းရို့ ဧပိုင် စွန့်ရဖို့။
ထိုရဟန်းစွာ သံဃာသို့ ချိုင်းကပ်ပနာ လက်ဝဲတစ်ဖက် ပက်ခုံးထက်၌ ဧကသီကို စံပယ်တင်ပနာ"ကြီးကုန်သော ရဟန်းရို့၏ ခြီရို့ကို ယှိခိုးလျက် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီပြီးကေ -
"အသျှင်ဘုရားရို့ အကျွန်ုပ်စွာ အထူးထူးအပြားပြားသော ရွှီငွီဖ 'ရောင်းဝယ်'ခြင်းသို့ရောက်ပါရေ၊ အကျွန်ုပ်၏ ဒေရွှေ ငွေစွာ စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ် စွာဒေ ရွှီငွီကို သံဃာအား စွန့်ပါ၏"ဟု ဆိုရာ၏။
စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရဖို့၊ ကျွမ်းကျင်လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ အာပတ်ကို ခံယူရဖို့၊ အဂယင့်လို့ ထိုအရပ်သို့ အရံစောင့်သော်လိ့ကောင်း၊ ဥပါသကာသော်လိ့ကောင်း လာအံ့၊ ယင့်သူကို "ငါ့သျှင် ဒေ (ရွှီငွီ) ကို သိလော့"ဟု ပြောရဖို့၊ အဂယင့်လို့ ယင့်သူစော်"ဒေရွှီငွီနန့် အဇာကို ဆောင်လာရပါဖို့လဲ"ဟု ဆိုအံ့၊ "ဒေပိုင် ဒေပိုင်သော အရာကိုဆောင်ခဲ့"ဟု မဆိုရ၊ ထောပတ်ကိုသော်လိ့ကောင်း၊ ဗားကိုသော်လိ့ကောင်း၊ တင်လဲကိုသော်လိ့ကောင်း အပ်စပ်စွာကို ပြောရဖို့။ အဂယင့်လို့ ယင့်သူစော် ထိုရွှီငွီနန့် ဖပနာ အပ်စပ်စွာကို ဆောင်ခဲ့အံ့၊ ရွှီငွီကို ခံယူသော ထိုရဟန်းကို ထားပနာ ရဟန်းအားနူံးရို့ပင် သုံးဆောင်အပ်၏။
အဂယင့်လို့ ဧပိုင် ထို (ရွှီငွီဖမည့်) သူကို ရအံ့၊ ဧပိုင် ရခြင်းစွာ ကောင်း၏၊ အဂယင့်လို့မရအံ့၊ ယင့်သူကို "ငါ့သျှင် ဒေရွှီငွီကို စွန့်ပစ်လော့"ဟု ပြောရဖို့၊ ယင့်သူစော် အဂယင့်လို့ စွန့်ပစ်အံ့၊ ဧပိုင် စွန့်ပစ်ခြင်းစွာ ကောင်း၏၊ အဂယင့်လို့ မစွန့်အံ့၊ အင်္ဂါငါးပါးရို့နန့် ပြည့်စုံသော ရဟန်းကိုရွှီငွီစွန့် ရဟန်းဟု သမုတ်ရဖို့၊ ၎င်းရဟန်းစွာ ဆန္ဒာဂတိသို့ မလိုက်ရာ၊ ဒေါသာဂတိသို့ မလိုက်ရာ၊ မောဟာဂတိသို့ မလိုက်ရာ၊ ဘယာဂတိသို့ မလိုက်ရာ၊ စွန့်ပစ်အပ် မစွန့်ပစ်အပ်ကိုလဲ့ သိရာ၏။
ရဟန်းရို့ ဧပိုင် သမုတ်ရဖို့၊ ရှီးဦးစွာ ရဟန်းကို တောင်းပန်ရဖို့၊ တောင်းပန်ပြီးနောက်ကျွမ်းကျင် လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ သံဃာကို သိစီရဖို့။
၅၉၀။ "အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာ အားလျောက်ပတ်သောအခါဟိရေကံစွာ ဖြိုက်ငြားအံ့၊ သံဃာစွာ ဒေပိုင်သော ရဟန်းကို ရွှီငွီစွန့် ရဟန်းဟု သမုတ်ရာ၏၊ ဒေကား သိစီခြင်းတည်း။
အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာစွာ ဒေ မည်သောရဟန်းကို ရွှီငွီစွန့်ရဟန်းဟု သမုတ်၏၊ အကြင်အသျှင်အား ဒေပိုင်သော ရဟန်းကို ရွှီငွီစွန့်ရဟန်းဟု သမုတ်ခြင်းကို ခြီ၏၊ ထိုအသျှင်စွာ ဆိတ်ဆိတ် နီရာ၏၊ အကြင်အသျှင်အားခြီခြင်း မဟိ၊ ထိုအသျှင်စွာ ပြောဆိုရာ၏။
သံဃာစွာ ဒေပိုင်သော ရဟန်းကို ရွှီငွီစွန့်ရဟန်းဟု သမုတ်အပ်ပြီ၊ သံဃာအား ခြီခြင်းဟိ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နီ၏၊ ဧပိုင် ဆိတ်ဆိတ်နေအနိန်နန့် ဒေခြီရေ အဖြိုက်ကေိုသိမှတ်ရပါရေဟု (သိစီရဖို့)။
သမ္မုတိရရားရေ ထိုရဟန်းစွာ အမှတ်နိမြိတ် မပြုဘဲ ကျစီရေဖို့ 'စွန့်ပစ်ရဖို့'၊ အဂယင့်လို့အမှတ်နိမြိတ် ပြုပနာ ကျစီအံ့ 'စွန့်ပစ်အံ့'၊ ဒုက္ကဋ်အာပတ် သင့်၏။
၅၉၁။ ရွှီငွီ၌ ရွှီငွီဟု ထင်မှတ်ခြင်းဟိပြီးကေ ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရွှီငွီ၌ ယုံမှားဟိပြီးကေ ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရွှီငွီ၌ ရွှီငွီမဟုတ်ဟုထင်မှတ်ခြင်း ဟိပြီးကေ ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရွှီငွီမဟုတ်စွာ၌ ရွှီငွီဟုထင်မှတ်ခြင်းဟိပြီးကေ ရွှေ ငွေကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရွှီငွီမဟုတ်စွာ၌ ယုံမှားဟိပြီးကေရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။ ရွှီငွီမဟုတ်စွာ၌ ရွှီငွီ မဟုတ်ဟု ထင်မှတ်ခြင်းဟိပြီးကေ ရွှီငွီကို ဝယ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
ရွှီငွီမဟုတ်စွာ၌ ရွှီငွီဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရွှီငွီမဟုတ်စွာ၌ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရွှီငွီမဟုတ်စွာ၌ ရွှီငွီ မဟုတ်ဟု ထင်မှတ်ခြင်းရှိအံ့၊ အာပတ်မသင့်။
၅၉၂။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။
နဝမ ရူပိယသံဝေါဟာရသိက္ခာပုဒ် ပြီး၏။