ရှင်သီလဝံသ
ရခိုင် အသျှင်သီလဝံသ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရက္ခိုင်စာပီလောကတွင် အသျှင်သီလဝံသ ဆိုရေ ဘွဲ့နာမည်တူဖြင့် ကျမ်းပြု ရဟန်းစာဆို ၂ ပါးဟိခရေ။
တပါးက လေးမြို့ခေတ် အေဒီ ၁၄၁၈ ခုနှစ်က ကဝိကဏ္ခပါသ ကဝိဂန္ဓ ကျမ်းကို ရီးသားပြုစုခသူဖြစ်တေ။
နောက် တပါးမှာ မြောက်ဦးခေတ်အားနုန်း အေဒီ ၁၇၉၉ ခုနှစ်က နိဗ္ဗာန်ဩဇာလင်္ကာနန့် စကားပြေကျမ်းကို ရီးသားပြုစုခသော ဒွါရာဝတီတောင်ခွင်တန်း အသျှင်သီလဝံသ ရို့ဖြစ်တေ။
ယင့်ချင့် ရက္ခိုင် အသျှင်သီလဝံသ စွာ အင်းဝက အသျှင်သီလဝံသနန့် အသျှင်ရဌသာရရို့ထက် ကကောင်းရှီးကျသော ဆြာတော်တပါးဖြစ်တေ။
အင်းဝက အသျှင်သီလဝံသ ထက် ၃၅ နှစ်ခန့်ကြီးပြီးကေ အသျှင်မဟာရဌသာရထက် နှစ် ၅၀ ခန့် ကြီးပါရေ။
ကဝိ = ပညာဟိ၊ ဂန္ဓ = ရနံ့ ပညာဟိဆိုရေရနံ့ဖြင့် သင်းပျံ့စေမှီငြမ်းပနာ ဖြိုက်စီနှိုင်ရေဟု အဓိပ္ပါယ်ရရေ ကဝိကဏ္ဋပါသ ကဝိဂန္ဓကျမ်းစွာ ရက္ခိုင် မြန်မာစာပီလောကအတွက် ဂုဏ်ယူဖွီရာ သမိုင်းမှတ်တိုင်အဖြစ် ကကောင်းကျေးဇူးများခရေ ကျမ်းဖြစ်ပါရေ။