ရှီးဟောင်းမြိုလူမျိုး
(ဒေအကြောင်းအရာရေ ခမီဘာသာစကားပြော ဆိုရေ(မြို)တိနန့်မရောထွေးပါကေ့)
| မြိုလူမျိုး | |
|---|---|
မြိုအမျိုးသားတီးဝိုင်းပုံ | |
| လူဦးရွီ စုစုပေါင်း | |
| ၁၂၀,၀၀၀ (၂၀၂၀) | |
| အများစု နီထိုင်ရေ နီရာ | |
| မြန်မာ၊ ဘဂ်လားဒေရှ့် | |
| ဘာသာစကား | |
| မြိုဘာသာစကား [ဒေသိယစကား မရူ ၊ မြုံ၊ မြုန်၊ တောင်မရူ၊ တောင်မြို၊ မြူ၊ မြိုစာ၊ မြူစာ၊ မရူဆာ] | |
| ကိုးကွယ်မှု | |
| နတ်ကိုးကွယ်ယုံကြည်မှု ခရစ်ယာန်ဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုတိ | |
| ချင်းလူမျိုး |
တိဗက်- မြန်မာ အစုမှ ချင်းအုပ်စုခွဲမာ ပါဝင်ရေ တိုင်းရင်းသား လူမျိုးတိအနက် ရှေးဟောင်းမြိုလူမျိုးရို့စွာ စစ်တွေခရိုင် ဘူးသီးတောင် ဒေသနန့် အယင် ရခိုင်တောင်တန်းဒေသ၊ အဂု ချင်းဝိသေသတိုင်း ပီးချောင်း၊ ဖန်ချောင်း တလျှောက်မာ နီထိုင်ကတ်ရေ။ ယင်းအပြင် အရှိပါကစ္စတန် ပြည်၊ စစ်တကောင်း တောင်တန်း၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားမာလည်း မြိုလူမျိုးရို့ နီထိုင်ကတ်တေ။ ၁၉၃၁ ခုနှစ် သိုင်ခေါင် စာရင်းအရ မြိုလူမျိုးရို့၏ ဦးရွီမာ ၁၃,၇၆၆ လှောက်ဟိရေ။ မြိုလူမျိုးရို့စွာ မြို့ကြီးပြကြီးနန့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်ရေ အရပ် များမာ ရှီးဓလိ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်ဗျာယ် ဟိကတ်တေ။ ယောက်ျားရို့မာ အနံ တထွာလောက် အပြာရောင် အဝတ်ရှည် ကို ခါးတောင်ကျိုက်လို့ ဝတ်ကတ်ပြီးကေ၊ မမာ့တိမာ အင်္ကျီဝတ်ကတ်ရိုး ထုံးစံမဟိဘဲ၊ နက်ပြာရောင် အဝတ်ချာ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီး စပ်အောက် ရှောလို့ ပတ်ရစ်ဝတ်ဆင်ကတ်တေ။ ထိုအဝတ်ချာ ခါးမာ မြဲနိန်စီရန် ပုတီးစိလုံးကြီးများ သီထားရေ ကြိုးတိနန့် ရစ်ပတ်စည်း နှောင် လို့ကေလေ့ ထားတတ်ဧ့။ သို့မဟုတ် ကြီးနီခွေတိကိုကေလေ့ စွပ်ထားတတ်ဧ့။ ရိုးသားစွာ နီထိုင်လိဟိရေ။ လူအိုလူမင်းတိကို လုပ်ကို င် ကျွေးမွီးဖို့ သားသမီးမဟိကေ လပျိုတိစွာ စုလို့ အပိုသတ်သတ် တောင်ယာလုပ်ပြီးကေ ဝမ်းစာထည့်ပီးကတ်၏။ ခေါင်းညီး၊ ဝမ်းနာ၊ ဖျားနာခြင်းကစပြီးကေ နတ်ဖမ်းစားရေဟု အယူဟိပြီးးလျှင် ကျွဲနွားဝက်ရို့ကို သတ်လို့ နတ်တင်လိဟိရေ။ တောင်ပေါ် ယာခင်းမာ မျိုးကြဲခါနီးမာ ကြက် ကို အကောင်များစွာ သတ်လို့၊ ကြက်သွေးဖြင့် ယာခင်းကို ပက်ဖျန်းကာ ယာခင်းကောင်းစီရန်လည်း နတ်တင်လိဟိရေ။ မြိုလူမျိုးရို့စွာ တချိန် က ရခိုင်ပြည်မာ မင်းဧကရာဇ်တိအဖြစ် နန်းတက်ပနာ “မြို” မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခလီရေ။ ယင်းပိုင် မြိုမင်းဆက် နန်းတက် ခရေမာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခလီရေ။ဧပိုင်မြိုမင်းဆက်နှစ်ဆက်ထူထောင်ခဖူးရေ မြိုလူမျိုးရို့မာ အဂု အခါ မသဲမကွဲရေ လူမျိုးအနိန်နန့် တည်ဟိကာ၊ အရာ မြန်မာနိုင်ငံ တိုင်းရင်းဘွားရို့ကပင် မြိုလူမျိုးရို့အကြောင်းကို မသိဟိကတ်လီ။ [၁]ဒေ ဆောင်းပါးမာဖော်ပြရေမြိုလူမျိုးများဆိုရာမာ ရခိုင်လူမျိုးရို့က မြို(mro) လို့လေ့ကောင်း၊ မီဇိုးချင်းရို့က မီရီယား (Miria) လို့လေ့ကောင်း၊ ခူမီးချင်းရို့က လောင်ဟူး(Lawnghu) လို့လေ့ကောင်း၊ ရခိုင်ပြည်နယ်မှခမီရို့က ဒေချင့်က်(Dak) ဟုခေါ်ဆို ရေလူမျိုးတိဖြစ်တေ။ ဘင်္ဂလီရို့က မူရုန်,မြုံ(Murung) လို့လေ့ကောင်းခေါ်ဆိုပြီး ယင်းရို့ကိုယ်တိုင်ဧ့ မိခင်ဘာသာစကားဖြင့် မရူ၊ မရူစား (Mru, Mrucha) အဖြစ်ခေါ်ကာ စာပီရီး သားရာမာလည်း မြို နန့် မြူ (Mro and Mru) နှစ်မျိုးစလုံးဖြင့်အသုံးပြုရီးသားရေ လူမျိုးတိကိုဆိုလိုခြင်းဖြစ်တေ။ ချင်းပြည်နယ်ဖန်ချောင်းနန့် ရခိုင်ပြည် နယ်အထဲမှ အရာလူမျိုးတိနန့်ကွဲပြား စွာ သိနှိုင်လီရေ။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရွီနန့်အိမ်ထောင်စုသိုင်ခေါင်စာရင်း ကောက်ယူရာမာ ကုတ်နံပါတ်မာ (၇၀၆) အဖြစ်ဖော်ပြထားရေ မြိုတိုင်း ရင်းသားလူမျိုးစုဖြစ်တေ။
ပထဝီနယ်မြီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြို တိုင်းရင်းသားလူမျိုးစု ဆိုစွာမာ ရခိုင်ပြည်နယ်အထဲ နီထိုင်ရေ တိုင်းရင်းသားလူမျိုးစု များဖြစ်ရေ ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို(မရူ)၊ သက် ဟုဆိုခါ လူမျိုးစု ၇ စုမာပါ ဟိရေ။ ဂုချိန်ခါမာ မောင်တောခရိုင်၊ မေယုတောင်တန်း၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်(စိုင်းဒင်တံရှင်)ချောင်းဖျား အထက်ပိုင်းမာအများဆုံးနီထိုင်ကတ်ရေ။ပုဏ္ဏားကျွန်းမြို့နယ် ၊စမ်းပတီးချောင်းတလျှောက်၊ ကျောက်တော်မြို့နယ် နန့် ချင်းပြည်နယ် ချင်းလက်ဝမာ စိကေချေ ပျံ့ နှံ့နီထိုင်ကတ်ရေ။ နီထိုင်ရာဒေသ ပျံ့နှံ့လားပုံကို သမိုင်း၊ ပစရာဇဝင် မှတ်တမ်းတိအရ ဧပိုင် ဆိုရေ လွန်ခ ရေနှစ်ပေါင်းထောင်ကျော်လောက်ကမဇ္ဈိမဒေသတနီရာမာ ကုသဝတီပြည်ဟိလီရေ ။ ထိုပြည်မာ ဝါရဓမ္မတူနာမည်ဟိ ဘုရင်အုပ်ချုပ်စိုးစံလေဧ့။ အရာမင်းသားတပါးစွာ ဝါရဓမ္မတူမင်းအား စစ်သားဗိုလ်ပါများစွာဖြင့် ဝင်ရောက်တိုက်ခိုက် လီရာ ယှုံးနိမ့်ပြီး မင်းညီမင်းသားဆွေတော်မျိုးတော်အပေါင်းတိ ကစဥ့်ကရဲပြိုကွဲပနာ အသက်ဖီးမှ လွတ်မြောက်ရန် ခြီဦးတည်ရာ ထွက်ဗြီးယှောင်ဗြီးကတ်ရရေ။ ကုသဝတီပြည့်ရှင် ဘုရင် ဝါ ရဓမ္မတူဧ့ သားတော် ခွာဇုပုတိမင်းသားစွာ အပေါင်းအဖော်နောက်လိုက် တသောင်းလှောက်နန့် အာသမ်နယ်ဘက် မာ အချိန်ကကောင်းကြာရပ်နားလို့ ကိုယ်ရို့ဧ့ ဘဝတသက်သာအတွက် အခြီစိုက် နီထိုင်ရန် စီစိုင်ကတ်တေလို့ ဆိုရေ။ ယေကေလဲ အာသမ်ဘုရင်စွာ ခွာဇုပုတိမင်းသားခြောက်လ၊ တနှစ်စသည်အနိန်နန့်လောက်ရာ တနားချေတဗွေချေ ခိုလှုံရန် ခွင့်ပြုရေ။ အမြဲ တမ်းအခြီစိုက်နီထိုင်ရန် ခွင့်မပြုပါ၊၊ ယင်းအတွက်နန့်ခွာဇုပအတို့အုပ်စုစွာ အာသမ်နယ်ဘက်မှ ကစ္ဆပနဒီ မြစ်ဘက်ကို တရွိ့ရွိ့ ပြောင်းရွိလာကတ်တေ။ ထိုတသောင်းခန့်ရေ အုပ်စုစွာ အရှည်ကြာမြင့်စွာ စခန်းချနီထိုင်ဖို့နီရာတွင် တစုတစည်းတည်းနီထိုင်ကတ်ကာ အကာအရံ ခုနှစ်ထပ်ဖြင့် ပြုလုပ်နီထိုင်ကတ်ရေ။ ထိုခုနှစ်ထပ်ရေ ခြံဝိုင်း၊ တပ်ခြံတိမာ ဝါးလုံးကြီးတိနန့် ထူထပ်စွာ ဆောက်လုပ်ထားရေ ခံတပ်ကြီး ပိုင်ခိုင်လုံရေ အကာအရံတခုဖြစ်တေဟု သမိုင်းကဆိုရေ။ တပ်ခြံထိုးကတ်ပုံမာ အမြင့်(၈)တောင် ဟိပြီးး အပေါ်ထက်မာ အချွန်၊ ဝါးခြမ်းပြား အစိတ်ကို အဖျား၊အရင်း အချွန်ထားကာ၊အချွန် စွာအပြင်ဘက် ဟ ပြီး တပ်ခြံဝိုင်းကြီးကို ကာရံထိုးပါရေ။ ထိုခေတ်ကာလစွာ တိုင်းပြည်မငြိမ်မသက်ဖြစ်နီရပြီးကေး ဘုရင်စနစ် သူရဲကောင်းစနစ် ကျင်းသုံးကာ တပါးနန့် တပါး တိုင်းပြည် နီရာ လုနိကတ်ရေ လို့ မှတ်ယူနှိုင်ရေ။ တပါးနန့်တပါး စစ်တိုက်စွာကို မြိုဘာသာစကားဖြင့်(ဟိယာရို့)ဟုခေါ်ပါရေ။ မြိုလူမျိုးကို စစ်လာတိုက်ရေ စစ်နာမည်မာ (Hὓm Pok Hie-ဟုန်မ် ပေါက်ဟိယာ၊ Maih Bown Hie-မာမ် ဘင်န်ဟိယာ) ဆိုပနာဖြစ်တေ။ မြိုလူမျိုးရို့၏ စစ်နာမည်စွာ (Hoi Kong Hie-ဟွေခေါင်ဟိယာ)ဟုခေါ်ရေ။ (Hὓm Pok Hie –ဟုန်မ်ပေါက်ဟိယာ) စစ်ရန် ကြောင့် မြို လူမျိုးသူရဲကောင်း ဖြစ်ရေ (ထင်းလောင်း-ဟိယာရန့်) စွာအသတ်ခံခရေလို့ ဆိုရေ။ ဟိသမျှရေ လူရို့မာ ထိုတပ်ခြံဝိုင်းမာသာ နီကတ်ရပြီးကေ လမ်းဝတပေါက် နန့် ထွက် ပေါက်တပေါက်သာဟိလီရေ။ ဒေတပ်ခြံဝိုင်းကြီးထဲမာ နီကတ်ရေသူတိအနက် ကိုယ့်သဘောအလျောက်ဘုရင်မှတပါး ဇာသူလေ့ ထွက်ပြီးကေ သီးသန့်ရပ်ရွာအိုးအိမ်တည်ဆောက်လို့ မနီကတ်ရဘဲ၊ ခြံဝိုင်းကြီးထဲမာပင် အချိန်အကန့်အသတ်မဟိ နီကတ်ရလီရေ။ ယင်းပိုင် ခြံဝိုင်းကြီးထဲမာ နီထိုင်ကတ်ရရေ သူတိကို ယင်းရို့ဘာသာစကားဖြင့် မရုပ်နေဘရီးကအဲဒတ်ဟုခေါ်ကတ်တေ။ ယကေလေ့ ဒေ တသောင်းမျှရေ လူစုလူဝီးကြီးတခုလုံးဧ့ စားသောက်လားလာနီထိုင်မှု ကိစ္စ မာ ကမ္ဘာလောက်ကြီးကျယ်ရေအတွက် စစ်ပြီးချိန်ကလွဲကေ အမြဲတမ်းတသမတ်တည်း တသောင်းလုံးစုဝေးလို့ နီထိုင်ရီးမာ မလွယ်ကူတော့ပေ ။ အုပ်ချုပ်သူဘုရင်အနိန်နန့်လည်း ထိုသူရို့ဧ့ ရိက္ခာဖုံလုံရီးတာဝန်ကိုယူရစွာမှာမငယ်လှပါ၊၊ ယင်းအတွက်နန့် ဘုရင်စွာ ကိုယ့်အုပ်စုကြီးအား ကစ္ဆပနဒီ မြစ်ဖျား အရပ်ဟိ စိမ်းလန်းစိုပြည်လို့ အသီးအနံ ဖြစ်ထွန်းဖို့နီရာ ဒေသအသီးသီးသို့ ခြံဝိုင်းကြီးမှ ခွဲထွက်စီရား နီရာသီးခြားပြုကာ နီထိုင်ခွင့်ပီးလီရေ။ ဘုရင်ဧ့ အမိန့်တော်အရတပ်ခြံအထဲမှ သီး ခြားအုပ်စုခွဲအဖြစ် နီထိုင်ရန်ထွက်လှာသူကို မရူ မရုပ်ဆိုရေ အခေါ်မှ မရို ဟု ပြောင်းလဲ လာခလီရေ။ မရို ဆိုရေ အသုံးအနှုန်းစွာ ဂုချိန်ခါ မာ မြို ဆိုပနာ ပြောင်းလဲ ဖြစ်ပေါ်လာရေဟု ဆိုရေ။ မြို ရို့စွာ ဥဒလင်း၊ ဖန်ချောင်း၊ ကလပ်ချောင်း၊ စရေ ဒေသများမာ အုပ်စုခွဲကာ နီထိုင်ကတ်လီရေ။ ယင်းအတွက်နန့် မြို သို့မဟုတ် တပ်ခြံအထဲမှ လူသားတိစွာ အာသမ်နယ်ဘက်မှ ဆင်းသက်လာယား လွန်ခရေ နှစ်ပေါင်းများစွာကပင် ရခိုပြည်နယ်၊ ကဇ္ဈပနဒီ မြစ်ဝှမ်းဒေသမာ အထင်အရှားဟိနီယား ဖြစ်ကြောင်း ပစရာဇဝင် တိအရလိ့လာ သိဟိရလီရေ။။ အနောက်မဇ္ဈိမမှ စစ် ဖီးဒဏ်ကြောင့် မြို ရို့စွာ ဟိမဝန္တာတောင်ခြီတိကို ဖြတ်ကျော်ဗျာယ် တိဗက်ကုန်းပြင်မြင့်သို့ ရောက်ဟိခကတ်တေလို့ ရှေးဘိုးဖီး၊ ဘီဘင်ရို့၏ နှုတ်ဆင့်ကမ်းစကားအရပင်ဖြစ်ဖြစ်၊ မြို ဘာသာ စကား၊ တေးလင်္ကာပုံပြင်၊ ဝထုအရပင်ဖြစ်ဖြစ် သိရရေ။ တိဗက်ကတဆင့် အာသံ၊ မဏိပူရသို့ ရောက်ဟိလာခကတ်ရာ နောက်တဖန် ယင်း အာသံ၊ မဏိပူရမှ တဆင့် ခြီဦးတည့်ရာလားကတ်ပြန်ရာ အဂု ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ အရှိဖက် (၁၀) မိုင်ကျော်လောက်အကွာ မြို ဘာသာစကားဖြင့် ကိမ္မာ ခေါ်ဆိုရေ ကျောက်ပန်းတောင်နန့် နီလာပန်းတောင်သို့ ရောက်ဟိ အခြီချနီထိုင်ခကတ်ရေ။ နောက်ထပ် ၁၄ ရာစု နန့် ၁၇ရာစုကြားကာလမာ မြို လူမျိုးတိကို ခူမီး လူမျိုးရို့က တိုက်ခိုက်လို့ ပင်ဖြစ်ဖြစ်၊ နိုင်ငံရီး မတည်ငြိမ်မှု ပင်ဖြစ်ဖြစ် စစ်တကောင်းတောင်တန်း ဒေသ ဘန်ဒရာဘင်(Bandarban )၊ အိန္ဒိယနယ်စပ် ဘဂ်ါ (Bengal ) နန့် အရှိ ပါကီစတန် အထိ ပျံ့ နှံ့ ရောက်ဟိရေ။ ဂုထိတိုင် ယင်း နီရာများမာနီထိုင်ကတ်ရေ။ တချို့ ရို့စွာ ပီချောင်း၊ ဖန်ချောင်း၊ ကုလာတန်မြစ်ကြော မှ ယင်းကတဆင့် တချို့စွာ ကစ္ဆပနဒီ(ကုလားတန်မြစ်)ဧ့ အထက်အောက်နန့် လေးမြို့မြစ်တလျှောက် ပျံ့နှံ့စွာ ဆင်းသက်နီထိုင်ခကတ်တေ။ ရှီးလူကြီး သူမရို့ဧ့ ပြောစကားအရ မြို စွာ တောရိုင်းတိရစ္ဆာန်ရန်ကလည်းကောင်း၊ ဟိယာဟုခေါ်ရေ စစ်ရန်ကလည်းကောင်း ကာကွယ်ရန် တပ်ခြံခုနှစ်ထပ်ဖြင့် ကာရံဗျာယ် နီထိုင်ကတ်ရေလို့ဆိုရေ။ ယင်းပိုင် တပ်ခြံခုနှစ်ထပ်ဖြင့် ကျားရဲ တိရစ္ဆာန်ရို့၏ ဖီးရန်မှ ကာကွယ်နီထိုင်ခြင်းကို ရှေးပညာဟိတိက မြို ဘာသာစကား၊ တပ်ခြံ အခေါ်အဝေါ် မြို ကို အခြီပြုပြီး တပ်ခြံအထဲနီထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ် တမ်းများ တင်ခကတ်တေ။[၂]
သမိုင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုးတိုင်းရင်းသားလူမျိုးများ' ရခိုင်ဒေသကို စတင်အခြီချမှုနန့် ပတ်သက်ပနာ ရခိုင်သမိုင်းများမာ လည်း ခြီရာကောက်ယူနှိုင်ရေ။ ကစ္ဆပနဒီ မြစ် ဝှမ်းဒေသကို ရခိုင်လူမျိုးများ မြောက်ဘက်မှ ဝင် ရောက်လှာရာ မြိုရို့စွာ ယင်းဒေသမာဟိနန့်ယာဖြစ်ကြောင်း၊ပထမဓညဝတီကို တည် ထောင်ကာ ရခိုင်မင်းဆက်ကို တည်ထောင်ခရေ သူရဲကောင်း မရယုမင်း စွာ "မြို"အကြီး အကဲတဦး ဧ့သမီး မိပိန်နန့် ထိမ်းမြားလက်ထပ် ခကြောင်း၊ ယပြီးနောက် "မြို"လူမျိုးရို့နန့် ပူးပေါင်းကာ ယင်းခါက ကစ္ဆပနဒီ မြစ်ဝှမ်းတဝိုက် မင်းမှု ဆိုး သွမ်းနီကတ်ရေ ဘီလူးတိကို တိုက် ခိုက် အောင်မြင်ခကြောင်း ရခိုင် သမိုင်းတိက ဆိုရေ။[၃] ထိုအ ကြောင်းကို အဒူမင်းညိုဧ့ ရခိုင်မင်းသမီးဧချင်းအပိုဒ်(၆) မာ 'မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ စွားချာဒေဝီ၊ သမီးဘီနန့် နိူင်းမှီတကွ' ဆိုပနာ စပ် ဆိုထားရေ ရခိုင်မဟာမုနိဘုရားသမိုင်းစာအုပ်မာ 'မာရယုစွာ စွမ်း ရည်သတ္တိနန့် ပြည့်စုံစွာဖြစ်ပနာ မြိုလူမျိုးဂေါင်းဆောင်ရယောင်လာဧ့ သမီးနန့်လက် ထပ်စွာ' ဟုဖော်ပြထားရေ ။[၄]ဒေ အဖြစ်အပျက်ကို နှောင်း ပိုင်းသုတေသီရို့က ခရစ်နှစ်အဖြစ် နန်းစဉ် နန်းဆက် သမိုင်းပြုပနာ ဖော်ပြရာ ဘီစီ-၃၃၂၅ စွာ မာရယုဧ့ နန်းတက်နှစ်ပင်ဖြစ်တေ။ သို့အတွက်နန့် ရခိုင် သမိုင်းဦး ကာလကပင် ရခိုင် ပြည်နယ်မာ "မြို"တိုင်းရင်းသားရို့ဟိနန့်ပြီဖြစ်ကြောင်း ယေဘုယျ မှတ်ချက် ယူနှိုင်ရေ။ မြိုရို့စွာ ရခိုင်နန့်အတူ တကွ နီထိုင်လာခကတ်ရာ ဝေသာလီခေတ်ကုန်ခါနီးမာ မြို လူမျိုးသုံး ဦးဘုရင် ဖြစ်လှာ ခရေ သမိုင်းကြောင်းစွာ ရခိုင်ရာဇဝင်မာ ထင်ရှားခပါ သည။ ဝေသာလီကျောက် လှဂခေတ်မာ စူဠစန္ဒားမင်းနတ်ရွာစံပြီးကေ မင်းဆက်ပြတ်ခရေ စန္ဒာဒေဝီမိဘုရားစွာ ဘုရင်ကြီးမာ ခဲ့အတိုင်း ကိုယ့်လက်စွပ်ဖြင့်တန်သူကို ရှာဖွီခရေ မတွိရလို့ချောင်းဖျား၊မြောင်းဖျား၊တောတောင်အဝှမ်းရှာ ဖွေစီရေ။ ယင်းခါအဆင်း၊ခွန်အား၊စွမ်းအနိန်နန့်ပြည့်စုံရေမြိုလူမျိုးသုံးဦးဖြစ်ရေ အမြတူ၊ အမြကူ၊ပဲဖြူ ရို့နန့် လက်စွပ်တန်စွာဖြစ်ပနာဝေသာလီမြိ့တော်သို့ခေါ်ယူခရေ။ [၅]ယင်း နောက်အစ်ကိုကြီး အမြကူကို အိမ်ရှိအရာအပ်နှင်းကာ သားဖြစ်သူရာဖြူကို မြောက်ဦးမြို့အားစားစီရေ။ ထိုအကြောင်းကို ရခိုင်မင်း သမီး ဧချင်းအပိုဒ်(၁၄)မာ 'မြိုမာ ထင်ရှား၊ သင်းကြီးသားလျှင်၊ ရည်သွားလုံးရပ်၊ စည်းကြပ်ကျစ်ကြော၊ ချောမောဆင်းရောင်၊ ညီနောင်သားဘ သုံးယောက်ရပြီးကေ၊ အစတည်တုံ၊ အမြတူနန့်၊ တူစုံသားမောင်၊ထီးနန်းဆောင်ပနာ နောင်တလစ်မှု၊ ကားရေဖြူနန့်၊ ရိပ်ဖြူဆောင်းချုပ်၊ ပြည်ရွာအုပ်ဗျာယ်' ဟုမှတ်တမ်းတင်ခရေ။[၆] ပဲဖြူမင်း မြောက်ဦးမြို့တည်ပြီးကေနေစဉ် မြောက်ဘက်မှ မွန်ဂိုလီယံများ ဝင်ရောက်တိုက်ခိုက်လို့ပျက်စီးရေကို 'တုံလှုပ်မစွမ်း၊ ခဲ့ယိုယွင်းမာ ရှမ်းလူးဘုန်းရှင်၊ သိုခင်ဘွားကြီး၊ တောင်ရိုးစီးပနာဖျက်ဆီးလေရေ၊ ရို့ရွာတခေါက်၊ မင်းမဲ့တိမ်စွာ' ဆိုပနာ ရခိုင် မင်းသမီးဧချင်းအပိုဒ်(၁၄)မာပင်ဖော်ပြထားရေ။ ရခိုင်ဘုရင်ကောလိယမင်း၏သားတော်ဿရာဇာလက်ထက်မာပျောက်ဆုံးနိန်ရေ မဟာ မြတ်မုနိရုပ်ပွားတော်ကြီးအား အမတ်ကြီးလကျၤာကို ဆုလာဘ်ပီးလို့ ရှာဖွီစီရေ။ နောက်ဆုံးမှာချောင်းဖျား၊ မြောင်းဖျား၊ တောနားတောင်နားမာ နီထိုင်စားသောက်ကတ်ရေ မြိုလူမျိုးရ ဟောင်လာနန့် အပေါင်လာညီအစ်ကို နှစ်ဦးဧ့ အကူအညီ လမ်း ညွန်မှုဖြင့် မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးကို ချောင်းဖျားငယ်တခုမာ လည်တော်တိုင် မြေဖုံးပနာ တွိရရေ ဟုဆိုရေ။[၆] ယင်းအကြောင်းကို ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၉)မာ 'ကောလိယမင်း၊ အ ရင်းသည်းခြာ၊ ဿရာလျှင်၊ မဟာမုနိ၊ ဟိရေအကြောင်း၊ ပေါင်လောင်မြို့ထီး၊ သင်းကြီးညွန်ပြ'ဆိုပနာ ဖော်ပြထားရေ။ သို့အတွက်နန့် ရခိုင်သမိုင်းတိ၏ အဆိုအရ တတဖဲ့ချေဖြင့် ရခိုင်ဒေသကို ရောက် ဟိခမည် ဖြစ်ရေ "မြို"တိုင်းရင်းသားတိစွာ ရခိုင်ပြည်မြောက်ပိုင်း ကစ္ဆပနဒီ နန့် လေးမြို့မြစ် ဝှမ်းသို့ တသုတ် ပြီးတသုတ် အခြီချခကြောင်း တွိဟိရရေ။ ထိုကစ္စပနဒီနန့်လေးမြို့မြစ်ဝှမ်းသို့ အခြီချလှာပုံနန့်ပတ်သက်ပနာ ဧပိုင်ဆိုရေ BC-၃၃၀၀ ကျော်က ယင်းမြိုလူမျိုးတိစွာ အိန္ဒိယတောင် တန်းအရပ်ဒေသနန့်တရုတ်ပြည် ယူနန်အရပ်ဒေသမာနီထိုင်ခလေဧ့။ ထိုအရပ်ဒေသမှ တဆင့် ကစ္စပနဒီ (မြိုဘာသာခေါ်ယာမ်မာစေ) လေးမြို့မြစ် နန့်ကုလားတန်မြစ် ဝှမ်းပီချောင်း၊ ဖန်ချောင်း အရပ်ဒေသမာအခြီချ လာရာထိုအရပ်မာပင်ရခိုင်တိုင်းရင်းသားတိနန့် ရင်းနှီးစွာနီထိုင်ရင်း ရခိုင် မင်းဆက်သုံးဆက်မျှ အုပ်စိုးခကတ်တေ။" ၁၉၄၃၊ စစ်အတွင်းကမြန်မာနိုင်ငံအစိုးရက ဆင်းလှား မြို့မာ ပုံနှိပ်ထုတ်ဝီခရေ မြန်မာနိုင်ငံလက်စွဲစာအုပ်မာ ချင်းအမျိုးအနွယ်ဝင် 'မြို'တိုင်းရင်းသားရို့ မြန်မာပြည်တွင်းကို ဝင်ရောက်လှာပုံနန့်ပတ်သက်ပနာ အောက်ပါအတိုင်း ဖော်ပြခပရေ။ တိဗက်-မြန်မာ မျိုးနွယ်အုပ်စုစွာ သုံးစုခွဲပြီးကေ လမ်းကြောင်းဖြင့်တောင်ဘက်ကို ဆင်းလှာခရေ ဧရာဝတီ မြစ်ဖျား ခံရာ အရပ်ဒေသတိကဖြတ်ကျော်ခကတ်တေ။ ထိုနီရာမှချင်းအမျိုးသား ရို့စွာ အနောက်ဘက် တောင်တန်းတိသို့ တက်ခကတ်လီရေ။ ဆင်းသက်လာရေသုံးစု အနက်အများစုမာ မြန်မာနန့် ရှီး မြန်မာများပါဝင်ရေ။ တောင်ဘက်ကိုဆက်ပြီးကေ ဆင်းသက်လာပြီး လမ်း တလျှောက်မာ တချို့က နိန်ရာတကျစွဲမြဲနီထိုင်ရစ်ကတ်ရာ မြန်မာပြည်မြောက်ပိုင်းနိန် မျိုးနွယ်စုများဖြစ်လားကတ်တေ။ ရခိုင် ရိုးမတောင်တန်းများမာ နီကတ်ရေ ချင်း၊ ဒိုင်းနက်၊ မြို၊ တောင်သား၊ ခမီးရို့စွာလည်း တိဗက်မြန်မာအုပ်စုဝင်များဖြစ်ကတ်တေ။ ချင်း၊ ကချင်နန့် မျိုးနွယ်ချင်းဆက်စပ်ရေ နာဂရို့စွာ မြန်မာနိုင်ငံ မြောက်ဘက် တောင်တန်းများ၊ ဟူးကောင်းတောင်ကြားနန့် ချင်းတွင်းမြစ်အနောက်ဘက်ရို့မာ နီထိုင်ကတ်ရေလို့ရီးသားထားရေ။ ယင်းချင့်အပြင် ရခိုင်ရာဇဝင်ကျမ်းတိဖြစ်ကတ်ရေ ရခိုင်မဟာရာ ဇဝင်တော်ကြီး ဓညဝတီရာဇဝင်သစ် မာရယုနန့် ဗေဒါရှင်းတမ်း စရေကျမ်းကန်များမာပင်ဖြစ်ဖြစ်၊အချို့စာအုပ်စာပီများမာပင်ဖြစ်ဖြစ်၊ မြိုလူမျိုးကို ရီးသားကတ်ရာမာမြိုဆိုရေဝေါဟာရ အပြင် မြိုဆိုပနာပင်ဖြစ်ဖြစ် မြုန်"ဆိုပနာပင်ဖြစ်ဖြစ် "မြို့"ဆိုပနာပင်ဖြစ်ဖြစ် မှုကွဲစာလုံးပေါင်းဖြင့်ရီးသားထားရေ။ မြို၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ဆိုရေ အရီးအသားစွာ "မြို"လူမျိုးတမျိုးကိုပင်ရီးသားထားဟုမှတ်ယူနှိုင်ရေ။ အိန္ဒိယလူမျိုးတိက မြိုလူမျိုးတိကို "မြုံဂျာ"ဟုခေါ်ဝေါ်နိကတ်ရေ။ မှုလ "မြူ" "မရု"စကားလုံးကို ရခိုင် တိုင်းရင်းသားရို့က "မြို" ဟုခေါ်ပြီးကေ ဗမာတိုင်းရင်းသား ရို့ကမှု "မြို"ကို "မျို"အသံထွက်ရေ။[၇] မြို လူမျိုးကို တခြားတိုင်းသားတိက သူ့လျာသံနန့်ဇာပိုင်ပင်ခေါ်စေကာမှု ကိုယ့်ကိုယ်ကို "မြူ""မရု"ဟု ဒေနိန့်ထိခေါ်ဝေါ် ကတ်တေ။ မြိုတိုင်းရင်းသားလူမျိုးတိမာ မှုလ "မြူ"နာမည် [၈]ဟိရေပိုင် ရခိုင်လူမျိုး၊ အောက်သား စရေ တိုင်းရင်းရို့မာလည်း"Burma ဘာမာ"ဟုတွိရပြီး၊ရခိုင်တိုင်းရင်းသားရို့မာလေ့သော့"Arakan အာရကန်"ဟုတွိရရေ။ မြိုတိုင်းရင်းသားရို့စွာ ကိုယ့်ကိုယ်ကိုယ် "မြူ"ဆိုပနာအပြင် "မြိုစာ Mro-cha"ဆိုပနာ၊ မရိုစာ Mo-roo-sa ဆိုပနာလည်းခေါ်ပါရေ။ [၉]"မြူ"အသုံးနုန်း စွာ အများဆိုင် 'နာမ်'ကိုလေ့သုံးပါရေ"မြိုစာ"အသုံးနုန်းစွာကိုယ့်ကိုယ် တက်စားပြုပါရေ။ ယင်းချင့်အပြင် "မရိုစာ Mro-cha"ဆိုပနာပင်ဖြစ်ဖြစ်၊ "မရုစာ Mru- chaဆိုပနာ ပင်ဖြစ်ဖြစ်ခေါ်ဆို ရေ။ လူ၊ လူသားဟု အဓိပ္ပာယ်ရရေ။
ကိုးကွယ်ယုံကြည်မှုနန့် ဘာသာစကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုတိုင်းရင်းသား လူမျိုးတိစွာ အယင် အယင် ကဆိုကေ နတ်ဘာသာ ကို ကိုးကွယ်ယုံကြည်ကတ်တေ။ ယင်းရို့မာ ဘုရား (သုံး)ပါး ကို ကိုးကွယ် ယုံကြည်ကြောင်း THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOL. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon, စာမျက်နှာ -၄၂၅ မာ ဧပိုင် ဖော်ပြရေ "They have Three gods , Too-ra-ee, the the father, Tsoon-toon, the nat of the hills and Oo-rengs, the nat of the streams" by (Sir, Arthur Phayre)" ယင်းရို့မာ ဘုရား သုံးပါး ဟိရေ ထူရိုင်းဘုရား -Too-ra-ee , ဆုန်တောမ်း နတ်-Tsoon-toon,နန့် အော်နှာမ့်နတ် - Oo-rengs ဆိုပနာ ဖော်ပြထားရေ။ မြိုရို့ ဘာသာစကားဖြင့် စက်ြာဝဠာ တခုလုံးကို အုပ်စိုးရေ ဘုရား ကို "ထူရိုင်း"(သို့)"ထိုရိုင်း" ဟု ခေါ်ဆိုရေ။ တောင် စောင့်နတ် ကို ကား " "ဆုန်တောင်မ့်" (သို့) "ဆုန်နှာမ့်" ဟုခေါ်ပနာ ချောင်းစောင့်နတ် ကိုမူ "အော်နှာမ့်" ဟုခေါ်ဆိုရေ။ "ထူရိုင်း "ဘုရားစွာ ဘုရားတိုင်းရို့ထက် ကြီးမားစွာ အာကာဘုံမာ နိန်ရေဟု ယုံ ကြည်ကတ်တေ။ "ဆုန်တောမ်း" (သို့) "ဆုန်နှာမ့်" နတ်ဘုရားစွာ ကုန်းမြီကို အုပ်စိုးလို့ ကုန်းမြီဟိသမျှအရပ်ရပ်မာ ဟိရေဟု ယုံကြည်ရေ။ "အော်နှာမ့်" နတ် ဘုရားစွာ မြစ်၊ချောင်း၊ အင်းအိုင်၊ ပင်လယ်သမုတ္တရာ ရို့ကို အုပ်စိုးလို့ ရေဟိရေ အရပ်ရပ်မာ ဟိရေဟု ယုံကြည်ကတ်တေ။ နောက်ထပ် ၁-၁၁-၁၉၇၀-ခုနှစ် ထုတ် ရှုဒေါင့်ဂျာနယ် စာမျက်နှာ (၃၅) မာပါဟိရေ ဆောင်းပါး မာလည်း မြိုရို့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို " လောကတခုလုံးမာ ဟိရေ စုန်းနတ်တိကို အုပ်ချုပ်ရေ "ထိုရိုင်း" နာမည်ဟိနတ်မင်းကြီးစွာ အာကာဘုံမာနိန်ရေ" ဆိုပနာဖော်ပြထားရေ။ ပြီးကေ မှ ဗုဒ္ဒဘာသာ ထွန်းကားလားလာယား ထေရဝါဒ ဗုဒ္ဒဘာသာ ကို ကိုးကွယ် ယုံကြည်လာကတ်တေ။ ၁၉၈၀ ခုနှစ် မှ မြို တိုင်းရင်းသားလူမျိုးများ ဘာသာ ကိုးကွယ် ယုံကြည်မှု ကို လေ့ လာကြည့်သော်
ဟိန်းဒုတ်ဘာသာ- စသည်ရို့ကို နီရာဒေသ အပေါ် မှုတည်ပြီး ကိုးကွယ် ယုံကြည်ပါရေ။ ဗုဒ္ဒဘာသာ သာသနာ ရောက်ရေဒေသမာ ဗုဒ္ဒဘာသာ ကို ကိုးကွယ်ယုံကြည်ကတ်တေ။ ခရစ်ယာန် ဘာသာ သာသနာထိုးဖောက်ရေဒေသမာ ခရစ်ယာန်ဘာသာကို ကိုးကွယ် ယုံကြည်ကတ်တေ။ ကရာမာ ဘာသာ ပေါ်ပေါက်လှာချိန်မာ ကရာမာ ဘာသာ ကို ကိုးကွယ် ယုံကြည်ကတ်တေ။ ဟိန်းဒုတ် ဒေသမာ နေ ထိုင်သူတိစွာ ဟိန်းဒုတ်ဘာသာ ကို ကိုး ကွယ် ယုံကြည်ကတ်တေ။ ဇာဘာသာ ရပ်မှမရာက်ရေတောတောင် အရပ်ဒေသ မာကား စုန်း၊နတ်ဘာသာ ကို ကိုးကွယ် ယုံကတ်တေ။ ဟိန်းဒုတ်ဘာသာ ကိုး ကွယ် ယုံ ကြည် သူတိစွာ အိန္ဒိယ အရပ်ဒေသ မာနီထိုင်သူတိဖြစ်တေ။ လောကတခုလုံးမာဟိရေ စုန်း၊နတ်များ ကို အုပ်ချုပ်ရေ "ထိုရိုင်း"နာမည်ဟိ နတ်မင်းကြီး (ဘုရား)စွာ အာကာ ဘုံမာ နိန်ရေ။ ယင်းနတ်မင်းကြီး (ဘုရား)စွာ ယင်းရို့အား ကောင်းကျိုး၊ဆိုးကျိုးကို ပီးစွန်းနှိုင်ရေဆိုပနာ ယုံကြည်ကတ်တေ။[၁၀] မြိုလူမျိုးဘာသာစကားရို့မာ နီရာ ဒေသ နန့် လိုက်ပြီးကေ ဘာသာ စကား အ နည်းငယ် ကွဲပြားမှု ဟိပြီးး ယင်းကို (၆)အုပ်စု အနိန်နန့် ခွဲခြားနှိုင်ရေ။ ယင်းရို့မာ ရိုင်းမာ၊ နောက်ဆာ၊ဒိုမ်ရောင်၊ နောက်ကော့၊ ဆုန်မာနန့် တင်ဆာ ဆိုပနာ ဖြစ်တေ။ မျိုးနွယ်စုကြားမာ နောက်ဆာစကား စွာ တင်ဆာ စကားနန့်အများဆုံးတူညီရေ အပြော များဆုံး ဖြစ်တေ။ မြို ရို့မာ ကြာမာကိုယ်ပိုင်စာပီ ဟိရေ။ လာတင်အက္ခရာနန့်ဆင်တူစွာ ရေ။ မြိုလူမျိုး ရို့၏ ဘာသာစကားနန့် ရိုးရာ ဓလိ့ရို့စွာ တောင်ပိုင်း ချင်း တိနန့် ပိုပြီးကေ တူညီမှုများရေ။
မြိုလူမျိုးရို့ဘာသာစကားဆက်နွယ်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၀၁၁ ခုနှစ်မာ LSDO အသင်းမှ ဘာသာဗေဒစစ်တမ်းအဖြစ် စကားလုံးတိအားကောက်ယူကာ နှိုင်းနိူင်းခြင်းကိုပြုလုပ်ခလေ ရေ။ ယင်းချင့်အပြင်မြိုဘာသာစကားအထဲမှ ဒေသိယဘာသာစကား(၆) မျိုး လောက်ကိုလိ့လာကာ အရာချင်းဘာသာစကားတိ နန့်နှိုင်းနိူင်းလိ့လာခြင်းအားပြုလုပ်ဗလင်ရေ။ မြိုဧ့ဘာသာဗေဒကုတ်နံပါတ်မာ ISO 639-3 mro ဖြစ်လီရေ။ ပညာသျှင်တိက Mo-roo- sa စကား ဆိုပနာပင်ဖြစ်ဖြစ်[၁၁]၊Mro စကားဆိုပနာပင်ဖြစ်ဖြစ်၊Mru စကားဆိုပနာပင်ဖြစ်ဖြစ်[၁၂]G.H.Luce,1986-Phases of Pre-Pagan Burma Languages and History( Volume.II)မာ Mru Words မြိုဘာသာစကားဝေါဟာရ ၊Toung Mru စကားဆိုပနာပင်ဖြစ်ဖြစ် အရီးအသားခြားနားစွာ ဖော်ပြကတ်တေ။ မြန်မာနိုင်ငံ LDSO မှ ၂၀၁၁ ခုနှစ်မာ Mrusa (Buthidaung), Mrusa (Ponnagyun), Mrusa(Maungdaw), Mrusa(Dowpreng-bgldsh-Tauk Para), Mrusa (Sungma-bgldsh-Tuktong Para), Mrusa (Anok-bgldsh-Noa Para) ဟု ကောက်ခံခြင်းပြုကတ်လီရေ။ ထိုဒေသိယ ဘာသာစကားတိ အကြားမာ တူညီ/ကွဲခြားမှု ၈၁%-၉၅% အကြားဟိရေဆိုလီရေ။ မြိုနန့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဟိ Anu(Tuikinalong), ခေါင်ဇိုချင်းHkongso (Lakinwa) ISO 639-3 anl ရို့အကြားမာ ၆၄%-၇၃% အထဲတူညီလီရေ။ ဒေနိ ရခိုင်ပြည်နယ်နန့် ချင်းပြည်နယ် အထဲဟိ ခမီအုပ်စုဝင်ဘာသာ စကား (ဘာသာဗေဒပညာသျှင်တိက Ethnologue Language of the World မှတ်တမ်း အရ Mro-Khimi ဟုမှတ်တမ်း တင်ထားပြီးသား ဘာသာစကားကုတ်နံပါတ်မာ ISO 639-3 cmr ဖြစ်တေ)များဖြစ်ရေ (Areong, Wakung,Likhy,Xena, Xangtau, Rengsa, Khenlak, Sangtha) ဒေသိယ ဘာသာစကားတိနန့် ၁၃% တူညီမှုဟိရေ။ဒေ Mro-Khami စွာ ခမီ၊ခူမီး အုပ်စုဝင်တိအဖြစ် ပညာသျှင်တိက ထည့်သွင်းသတ်မှတ်ရေ။ မြို,မြူ လူမျိုး ဘာသာစကား၊ ခူမီး (ISO 639-3 cnk) ရို့နန့် ၂၂%-၄၂% အထိတူညီပြန်ရေ။ လက်၊ အိမ်၊ဆင်၊ ရေ၊ လေ၊လေး၊ခေါင်း၊ ကျောက် စရေ ဝေါဟာရ စကားလုံး စွာ ချင်း၊ မြို၊ ခမွီး( ခမီ၊ ခူမီး)၊ သက် ရို့ ဘာသာ စကား ဆင်တူကြောင့် (Dr.E. Forchhammer, 1882) သူ၏ မှတ်တမ်း Notes on the Languages and Dialects spoken in British Burma ,PP,9 မာဖော်ပြထားရေ။ [၁၃]အရာချင်း မျိုးနွယ်တိနန့်လည်း ထိုနည်းအတိုင်းပင်ဖြစ်တေ။ တောင်ဘက်ချင်း အနွယ်ဝင်များအကြားကိုယ်ထွတ်မာ မြောက်ပိုင်းနန့်အလယ်ပိုင်းချင်းမျိုးနွယ်စုတိထက် ဘာသာစကား ကွာခြားချက်ရာခိုင်နှုန်း မြင့်မားရေ။ (Chin Dialects Lexical Result, 2011,LSDO) အသုံးအနှုန်းတိမာ LSDO ဧ့အရီးအသားကိုရာတိုက်ရိုက် ဖော်ပြပါရေ။
မြိုအမျိုးကွဲပေါင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုလူမျိုးရို့မာ မြိုအမျိုးကွဲပေါင်း(၁၀၀)ကျော်လောက်ဟိရေဆိုပနာ အဆိုဟိကတ်တေ။ ယကေလေ့ ဂုချိန်ခါ မြိုအမျိုးကွဲပေါင်း (၅၇) မျိုးလှောက်သာ ရှာဖွီတွိဟိရကတ်ေား၊ ယင်းအထဲမာလည်း အမှန်အကန် အား ဖြင့်ဟိနိန်ရေ မြိုမျိုးကွဲထွက်ဖို့ (၃၀) ဖြစ်ကြောင်းအဆိုဟိကတ်တေ ဟု ရှုဒေါင့်ဂျာနယ် (စာမျက်နှာ-၃၅) မာဖော်ပြထားရေ။ ၁၈၇၉-ခုနှစ်က British Burma Gazetteer စာအုပ် (စာမျက်နှာ-၄၂၅ ) မာ Fifteen clans of Mro named -မြို မျိုးကွဲပေါင်း (၁၅) မျိုးတွိဟိကြောင်း ဖော်ပြထားရေ။[၁၄] ဒေစာအုပ်မာဖော် ပြချက်စွာ ခမီ သို့မဟုတ် ခူမီး ရို့မျိုးကွဲတိနန့် မားဖော်ပြခြင်းဖြစ်နှိုင်ပါစွာ အကြောင်းမာ ပါမော က္ခဒေါက်တာ Lorenz.G. Loffler ဧ့ သုတေသနပြု စာအုပ်ကြီးဖြစ်ရေ " Ethnographic- Notes on the Mru and Khumi of the Chittagong and Arakan Hill Tracts. A Contribution to our knowledge of South and Southeast Asian Indigenous Peolples, mainly based on filed research in the Southern Chittagong Hill tracts.[၁၅] မာ မြိုလူမျိုးကွဲပေါင်း ၁၀၀ ကျော် အထိဖော်ပြထားကြောင်းဖြစ်ပါရေ။ စာအုပ် စာပီများမာ ဖော်ပြရီးသားချက်တိစွာ သုတေသနပြုသူတိ၊ သမိုင်းဆရာရို့က လက်လှမ်းမီ စွာအထိသာ ရီးသားပြုစုကတ်တေကြောင့် အကြောင်းအရာအမျိုးမျိုး ဖြစ်ပေါလာ ခြင်းဖြစ်လိမေ။ ကိုယ့် ကိုယ်မာပင် ဂုထိတိုင်စိသားကိုက် ဖော်ပြဖို့မလွယ်ကူပါ၊၊ မြိုလူမျိုးစွာ လူဦးရီနည်းသလောက် မျိုးကွဲများပြားရေ။ ဂုချိန်ခါ ကိုယ့်လက်လှမ်းမီသမျှလိ့လာရာမာ မြိုမျိုးကွဲများ (၈၃) မျိုးကိုရာ ရှာဖွီလိ့လာ တွိဟိရေ။ ယင်းရို့မာ-၁။ ပလောင်ဒို ၂။ တင်မ်တူ ၃။ ဆွေ၄။ ဆာမ်လာမ်၅။ ပြန့်စာ ၆။ ဆင်ကာလ်စာ ၇။ ဘွေမာ ၈။ သရိကလောင် ၉။ ခွာ ၁၀။ အာလှာမ် ၁၁။ ဒန် ၁၂။ ကုံမ့်စာ ၁၃။ ဒိန်တင့် ၁၄။ ဘွေတိန် ၁၅။ မာလှာမ်မာ ၁၆။ နိုနှာမ် ၁၇။ နိုလှာမ် ၁၈။ ကုမ့်စာ ၁၉။ ပေးနှာမ့် ၂၀။ ပြန်မ်ဆင် ၂၁။ ခိုင်စာ ၂၂။ ဆင်ရိုးစာ ၂၃။ ကြောင်ဝေ့စာ ၂၄။ ပေါင့်စာ ၂၅။ ငါ့မာ ၂၆ ။ ဟန်းလာ့ ၂၇။ ယောမ့်၏ ၂၈။ ပက်တိယာ ၂၉။ ဆင်ပြော့စာ ၃၀။ လန်းပြွေစာ ၃၁။ ရွေ့စာ ၃၂။ မရာစာ ၃၃။ ဖလောင် ၃၄။ တာမ်ဆင် ၃၅။ ရဟစာ့ ၃၆။ တိန်မ်ကမ် ၃၇။ မင့်စာနှာမ် ၃၈။ နာမ့်သဟိန်း ၃၉။ နာမ့်ဆစာ ၄၀ ။ ဟွာမာ ၄၁။ ပုလ်စာမ့် ၄၂။ ရုံမ်ထူတင့် ၄၃။ ပေါင်မိတင့် ၄၄။ မေ့မတင့် ၄၅။ ရန့်လိပ်ဖ်စာ ၄၆။ ခုံမ်စာ ၄၇။ ရန်မိတ်စာ ၄၈။ လင့်စားတင့် ၄၉။ တောင်န် တင့် ၅၀။ ယာမ့်မာတင့် သို့မဟုတ် ယာမ်မာဆောင်အိုင်မ်းတင့် ၅၁။ တာမ်ဆာ ၅၂။ ရိုမ်စာ ၅၃။လိင်မ် ကန့်စာ ၅၄။ ရပေါစာ ၅၅။ ရုံမ်ထူ ၅၆။ ငါ့ရွာ့ ၅၇။ နာမ့်ဖန်ဒန် ၅၈။ အွေထနိ့ဒန် ၅၉။ စတုဒန် ၆၀။ ရောင့်ဒိမ့် ၆၁။ ဒက်ဒိမ့် ၆၂။ နှာမ်ဒေါင့်မ် ၆၃။ ပလက်ဆင် ၆၄။ ဝင့်ကို ၆၅။ ဒန်ပရာမ့်နှာမ့် ၆၆။ ကွိုင်စင့်မ် ၆၇။ ရန်စာ ၆၈။ အောမ်စာမ့် ၆၉။ ဆာရမ်စာ ၇၀။ စတု ၇၁။ တိန်စာ ၇၂။ ရန်တိန်စာ ၇၃။ နှာမ်ဒင်စာ ၇၄။ ပက်ဆရွမာ ၇၅။ ကြောင်ထော်စာ ၇၆။ တိန်မာ ၇၇။ မရာမ် ၇၈။ ပေါင်မိ ၇၉။ တောင်ဝ ၈၀။ စီတုန့်မာ ၈၁။ ရန့်ဖာလ်စာ ၈၂။ ထက်ကြောင်စာ ၈၃။ ကွီဆန့်စာ ရို့ ကို လက်တလောလိ့လာတွိဟိထားပါရေ။
| 𖩡 | 𖩐𖩍𖩖𖩒𖩝𖩁 𖩅𖩖𖩑𖩁 | 1 | Pawng down | ၁ | ပလောင်ဒို |
| 𖩢 | 𖩀𖩆𖩎 𖩀𖩑 | 2 | Tamtu | ၂ | တာမ်တူ |
| 𖩣 | 𖩔𖩑𖩊 | 3 | Sui | ၃ | ဆွေ |
|---|---|---|---|---|---|
| 𖩤 | 𖩔𖩆𖩎 𖩍𖩘𖩎 | 4 | Sam Lem | ၄ | ဆာမ်လာမ် |
| 𖩥 | 𖩐𖩓𖩘𖩏 𖩋𖩖 | 5 | Pren cha | ၅ | ပြန့်စာ |
| 𖩦 | 𖩔𖩆𖩁 𖩌𖩆𖩓 𖩋𖩖 | 6 | Sankar cha | ၆ | ဆင်ကာလ်စာ |
| 𖩧 | 𖩄𖩒𖩊 𖩎𖩆 | 7 | Bawi ma | ၇ | ဘွေမာ |
| 𖩨 | 𖩉𖩘𖩓 𖩌𖩍𖩒𖩁 | 8 | Helklawng | ၈ | ဟြိကလောင် |
| 𖩩 | 𖩈𖩒𖩗 | 9 | Khuai | ၉ | ကွဇ် |
| 𖩡𖩠 | 𖩆 𖩒𖩆𖩗 | 10 | Alaou | ၁၀ | အလှာမ် |
| 𖩡𖩡 | 𖩅𖩆𖩁 | 11 | Den | ၁၁ | ဒန် |
| 𖩡𖩢 | 𖩈𖩖𖩎 𖩋𖩖 | 12 | Küm cha | ၁၂ | ခုမ်စာ |
| 𖩡𖩣 | 𖩅𖩊𖩁 𖩀𖩆𖩁 | 13 | Ding tang | ၁၃ | ဒိန်တင့် |
| 𖩡𖩤 | 𖩄𖩒𖩊 𖩀𖩊𖩁 | 14 | Bawi tin | ၁၄ | ဘွေတိန် |
| 𖩡𖩥 | 𖩎𖩒𖩆𖩗 𖩎𖩆 | 15 | Ma laua ma | ၁၅ | မလှာမ်မာ |
| 𖩢𖩦 | 𖩏𖩑𖩁 𖩏𖩆𖩗 | 16 | Nowng nau | ၁၆ | နို့နှာမ်း |
| 𖩢𖩧 | 𖩏𖩖𖩁 𖩍𖩆𖩊 | 17 | Nowng lai | ၁၇ | နို့လှာမ် |
| 𖩢𖩨 | 𖩌𖩑𖩎 𖩋𖩖 | 18 | Kumcha | ၁၈ | ကုမ့်စာ |
| 𖩡𖩩 | 𖩐𖩘 𖩏𖩆𖩗 | 19 | Pe nau | ၁၉ | ပေ့နှာမ့် |
| 𖩢𖩠 | 𖩐𖩓𖩘𖩎 𖩔𖩆𖩁 | 20 | Phren sang | ၂၀ | ပြန်မ်ဆင် |
| 𖩢𖩡 | 𖩈𖩘𖩁 𖩋𖩖 | 21 | Khin cha | ၂၁ | ခိုင်စာ |
| 𖩢𖩢 | 𖩔𖩆𖩁 𖩓𖩑𖩖 𖩋𖩖 | 22 | Sang rü cha | ၂၂ | ဆင်ရို့စာ |
| 𖩢𖩣 | 𖩌𖩓𖩝𖩁 𖩗𖩖𖩊 𖩋𖩖 | 23 | Krawng uai cha | ၂၃ | ကြောင်ဝေ့စာ |
| 𖩢𖩤 | 𖩐𖩒𖩏 𖩋𖩖 | 24 | Pawn cha | ၂၄ | ပေါင့်စာ |
| 𖩢𖩥 | 𖩁𖩆 𖩎𖩖 | 25 | Nga ma | ၂၅ | င မာ |
| 𖩢𖩦 | 𖩉𖩘𖩁 𖩍𖩆 | 26 | Hlen la | ၂၆ | ဟန်းလာ့ |
| 𖩢𖩧 | 𖩂𖩝𖩎 𖩓𖩘 | 27 | Jawm re | ၂၇ | ယောင့်မ်ရဲ |
| 𖩢𖩨 | 𖩐𖩆𖩌 𖩀𖩘𖩂 | 28 | Pak tai | ၂၈ | ပက်တိယာ |
| 𖩢𖩩 | 𖩔𖩆𖩁 𖩆𖩓𖩖 𖩋𖩖 | 29 | Sang phro cha | ၂၉ | ဆင်ပြောစာ |
| 𖩣𖩠 | 𖩒𖩘𖩁 𖩐𖩓𖩊 𖩋𖩖 | 30 | Hleng phrui cha | ၃၀ | လိုင်းပြွေစာ |
| 𖩣𖩡 | 𖩓𖩑𖩊 𖩋𖩖 | 31 | Rui cha | ၃၁ | ရွေ့စာ |
| 𖩣𖩢 | 𖩎𖩓𖩆𖩏 𖩋𖩖 | 32 | Mara cha | ၃၂ | မရာစာ |
| 𖩣𖩣 | 𖩇𖩖 𖩍𖩒𖩁 | 33 | Pha lawng | ၃၃ | ဖလောင် |
| 𖩣𖩤 | 𖩀𖩒𖩊 𖩔𖩆𖩁 | 34 | Tai sang | ၃၄ | တာမ်ဆင် |
| 𖩣𖩥 | 𖩓𖩆 𖩉𖩆 𖩋𖩖 | 35 | Ra ha cha | ၃၅ | ရဟစာ |
| 𖩣𖩦 | 𖩀𖩊𖩁 𖩌𖩘𖩁 | 36 | Tim khen | ၃၆ | တိမ်ကန် |
| 𖩣𖩧 | 𖩎𖩆𖩁 𖩋𖩖 𖩏𖩆𖩗 | 37 | Mang cha nau | ၃၇ | မင့်စာနှာမ် |
| 𖩣𖩨 | 𖩏𖩆𖩎 𖩀𖩆 𖩔𖩊𖩁 | 38 | Nam ta sheng | ၃၈ | နန့်မ်သဟိန့် |
| 𖩣𖩩 | 𖩏𖩆𖩎 𖩔𖩆 𖩋𖩆 | 39 | Nam sa cha | ၃၉ | နန့်မ်ဆစာ |
| 𖩤𖩠 | 𖩉𖩒𖩗 𖩎𖩆 | 40 | Hua ma | ၄၀ | ဟွာမာ |
| 𖩤𖩡 | 𖩐𖩑𖩓 𖩋𖩘𖩏 | 41 | Pur chan | ၄၁ | ပုလ်စာမ့် |
| 𖩤𖩢 | 𖩓𖩖𖩎 𖩕𖩑 𖩀𖩆𖩁 | 42 | Rüm thu tang | ၄၂ | ရုံမ်ထူတင့် |
| 𖩤𖩣 | 𖩐𖩒𖩁 𖩎𖩊 𖩀𖩆𖩁 | 43 | Phawn mi tang | ၄၃ | ပေါင်မိတင့် |
| 𖩤𖩤 | 𖩎𖩘 𖩎𖩆 𖩀𖩆𖩁 | 44 | May ma tang | ၄၄ | မေ့မာတင့် |
| 𖩤𖩥 | 𖩓𖩆𖩁 𖩒𖩊𖩐 𖩋𖩖 | 45 | Ren lip cha | ၄၅ | ရန်လပ်ဖ်စာ |
| 𖩤𖩦 | 𖩈𖩖𖩎 𖩋𖩖 | 46 | Kowm cha | ၄၆ | ခင်မ်စာ |
| 𖩤𖩧 | 𖩓𖩘𖩁 𖩎𖩊𖩅 𖩋𖩖 | 47 | Ren mit cha | ၄၇ | ရန်မိတ်စာ |
| 𖩤𖩨 | 𖩍𖩆𖩁 𖩋𖩆 𖩀𖩆𖩁 | 48 | Lang chah tang | ၄၈ | လင်းစားတင့် |
| 𖩤𖩩 | 𖩀𖩒𖩏 𖩀𖩆𖩁 | 49 | Tawn tang | ၄၉ | တောင်မ်တင့် |
| 𖩥𖩠 | 𖩂𖩆𖩎 𖩎𖩖 𖩀𖩆𖩁 | 50 | Yam ma tang | ၅၀ | ယာမ့်မာတင့် |
| 𖩥𖩡 | 𖩀𖩆𖩎 𖩔𖩆 | 51 | Tam sa | ၅၁ | တာမ်ဆာ |
| 𖩥𖩢 | 𖩓𖩖𖩁 𖩋𖩖 | 52 | Rown cha | ၅၂ | ရိုမ့်စာ |
| 𖩥𖩣 | 𖩒𖩊𖩎 𖩌𖩘𖩏 𖩋𖩖 | 53 | Lim ken cha | ၅၃ | လိမ်ကန့်စာ |
| 𖩥𖩤 | 𖩓𖩆 𖩐𖩒 𖩋𖩖 | 54 | Ra paw cha | ၅၄ | ရပေါစာ |
| 𖩥𖩥 | 𖩓𖩖𖩎 𖩕𖩑 | 55 | Rüm thu | ၅၅ | ရုံမ့်ထူ |
| 𖩥𖩦 | 𖩁𖩆 𖩓𖩆𖩗 | 56 | Nga rua | ၅၆ | ငရွာ |
| 𖩥𖩧 | 𖩏𖩆𖩎 𖩇𖩘𖩏 𖩅𖩘𖩁 | 57 | Nam fan den | ၅၇ | နန့်မ်ဖန်ဒန် |
| 𖩥𖩨 | 𖩑𖩊 𖩕𖩝𖩏 𖩅𖩘𖩁 | 58 | Uih tawn den | ၅၈ | အွေထွန်းဒန် |
| 𖩥𖩩 | 𖩔𖩆 𖩀𖩑 𖩅𖩘𖩁 | 59 | Stu den | ၅၉ | စတုဒန် |
| 𖩦𖩠 | 𖩓𖩝𖩁 𖩅𖩊𖩎 | 60 | Rawng dim | ၆၀ | ရောင့်ဒိမ် |
| 𖩦𖩡 | 𖩅𖩆𖩌 𖩅𖩊𖩎 | 61 | Dak dim | ၆၁ | ဒက်ဒိမ် |
| 𖩦𖩢 | 𖩏𖩆𖩎 𖩅𖩖𖩁 | 62 | Nam down | ၆၂ | နန့်မ်ဒေါင် |
| 𖩦𖩣 | 𖩐𖩒𖩆𖩌 𖩔𖩆𖩁 | 63 | Plap sang | ၆၃ | ပလက်ဆင် |
| 𖩦𖩤 | 𖩗𖩆𖩁 𖩌𖩖 | 64 | Win kaw | ၆၄ | ဝင့်ကို |
| 𖩦𖩥 | 𖩅𖩘𖩁 𖩐𖩓𖩆𖩎 𖩏𖩆𖩗 | 65 | Den pram nau | ၆၅ | ဒန်ပရာမ့်နန့်မ် |
| 𖩦𖩦 | 𖩌𖩜 𖩋𖩘𖩏 | 66 | Kuai chen | ၆၆ | ကွာမ်စင့် |
| 𖩦𖩧 | 𖩓𖩖𖩁 𖩋𖩖 | 67 | Rown cha | ၆၇ | ရိုမ်စာ |
| 𖩦𖩨 | 𖩒𖩎 𖩋𖩘𖩎 | 68 | Om chem | ၆၈ | အောမ်စာမ့် |
| 𖩦𖩩 | 𖩔𖩓𖩘𖩁 𖩋𖩖 | 69 | Saren cha | ၆၉ | ဆာရမ်စာ |
| 𖩧𖩠 | 𖩔𖩆 𖩀𖩑 | 70 | Stu | ၇၀ | စတု |
| 𖩧𖩡 | 𖩀𖩊𖩁 𖩋𖩖 | 71 | Tin cha | ၇၁ | တိန်စာ |
| 𖩧𖩢 | 𖩓𖩘𖩁 𖩀𖩊𖩁 𖩋𖩖 | 72 | Ren tin cha | ၇၂ | ရန်တိန်စာ |
| 𖩧𖩣 | 𖩏𖩆𖩎 𖩅𖩖𖩁 𖩋𖩖 | 73 | Nam down cha | ၇၃ | နှာမ်ဒင်စာ |
| 𖩧𖩤 | 𖩐𖩆𖩌 𖩔𖩆 𖩓𖩆𖩗 𖩎𖩖 | 74 | Pak sa rawu ma | ၇၄ | ပက်ဆရွမာ |
| 𖩧𖩥 | 𖩌𖩓𖩝𖩁 𖩋𖩝 𖩋𖩖 | 75 | Krawng taw cha | ၇၅ | ကြောင်ထော်စာ |
| 𖩧𖩦 | 𖩀𖩊𖩁 𖩎𖩆𖩁 | 76 | Theng ma | ၇၆ | တိန်မာ |
| 𖩧𖩧 | 𖩎𖩓𖩆𖩏 | 77 | Mran | ၇၇ | မရာမ် |
| 𖩧𖩨 | 𖩐𖩒𖩁 𖩎𖩊 | 78 | Pawng mi | ၇၈ | ပေါင်မိ |
| 𖩧𖩩 | 𖩀𖩒𖩁 𖩗𖩆 | 79 | Tawn wa | ၇၉ | တောင်ဝ |
| 𖩨𖩠 | 𖩔𖩊 𖩀𖩑𖩁 𖩎𖩖 | 80 | Situng ma | ၈၀ | စီတုန့်မာ |
| 𖩨𖩡 | 𖩓𖩘𖩁 𖩇𖩖𖩓 𖩋𖩖 | 81 | Reng fowr cha | ၈၁ | ရန့်ဖာလ်စာ |
| 𖩨𖩢 | 𖩐𖩒 𖩌𖩓𖩝𖩁 𖩋𖩖 | 82 | Paw krawng cha | ၈၂ | ထက်ကြောင်စာ |
| 𖩨𖩣 | 𖩌𖩑𖩊 𖩔𖩘𖩁 𖩋𖩖 | 83 | Kui Chen cha | ၈၃ | ကွီဆန့်စာ |
ဧပိုင် မျိုးကွဲများပြားစွာအလျောက် ခရီးလားရေအခါမာ ကျေးရွာတရွာ သို့ ဝင်ကေ ယင်းရွာမာ ကိုယ့်အမျိုး ဟိမဟိကို မီးမြန်းရရေ အမျိုးတူ ဟိပါက ယင်းအိမ်မာတည့်ခိုလိဟိရေ အိမ်ရှင် ရို့က လည်း ကိုယ့်အမျိုးရောက်လှာရေ ဧစွာအား ပျုငှာ စွာ ဧည်းဝတ်ပြုရရေ။ အမျိုးမဟိပါက ကျေးရွာ လူကြီးအိမ်မာ တည့်ခိုလိဟိရေ။ ချစ်စရာဓလိ့မာ ကျေးရွာတရွာမာ ရောက်လှာ ရေ ဧစွာ စွာ ကိုယ့်အမျိုး မဟုတ်ရေ်လည်း အိမ်နီးချင်း တိက ဟင်းပွဲ တပွဲ နန့် ထမင်းပုကန်တခု ဧည်းစွာတည့်ခိုရေ အိမ်ကို ပီးပို့ လေ့ဟိကတ်တေ။ ယင်းချင့်အပြင် ဧစွာ အိပ်ရန် ရိုးရာခြုံထည်စောင် လည်း ပို့လေ့ဟိကတ်တေ။
ဘာသာ သာသနာ နန့် စာပီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုလူမျိုးရို့၏ Krama-ကရာမာ ဘာသာ သာသနာ ဖြစ်ပေါ်လှာပုံ သမိုင်းကြောင်း စွာ ဘင်္ဂလားဒေရ် ့စစ်တကောင်းခရိုင်၊ခမောင်းဖြူကျေးရွာမာ နီထိုင်ရေ ဦးမာန်ဆိန်း (Man Chien )ဧ့ ဇနီးဒေါ် (Arue Tun Te) စွာ တောထဲကို ထင်းခြွီလားရာ အတောင်ပံပါရေ အာကာတမန်တော်တပါးကို မြင်ခပြီး မကြာခင်အချိန်တွင်းမာ ပဋ္ဋိသန္ဓေ စွဲနိန်ရေ။ Arue Tun Te စွာ ကိုးလလွယ် ဆယ်လ မွီး ပြီး သားယောက်ျားကိုဖွားမြင်ခရေ။ ထိုသားကို Manley မန်လေ ဟုအမည်ပီးလေဧ့။ Manley Mro-မန်လေမြို စွာ ငယ်စဉ်ကပင်ပင် သူတိနန့်မတူရေ အတွိအခေါ်၊ အ မြော် အမြင်ဟိသူ တယောက်ဖြစ်စွာ ရာမက ဉာဏ်ရည် ထက်မြတ်သူ တဦးလည်းဖြစ်တေ။ မိဘနှစ်ပါးစွာ သူရို့၏ သားဖြစ်သူ "မန်လေ ကို ပညာတတ်ကတ်ီးဖြစ်ချင်ရေ ကြောင့် ဘင်္ဂလား ဒေရ့်နိုင်ငံ စစ်တကောင်းပြည်နယ်၊ (Slogute or I cha school ria) နာမည်ဟိကျောင်းတော်မာ ပညာသင်ယူရန်စေလွတ်ခစွာ မန်လေ စွာဉာဏ်ပညာထက် မြတ်သူ တယောက်ဖြစ်ကေလေ့ ငိုက်ကျာ ရေ သူငယ်တယောက်ဖြစ်ရေ။ သူ၏ဆရာ/မများသင်ပီးရေ ကျောင်းစာကိုစိတ်မဝင်စားဘဲ တောထဲကို သာ နိစိုင်နိတိုင်း လားတတ်ပြီး တရက်မာ စာသင်ခန့်ထဲမာ အိပ်ပျော်နေစဉ် အိပ်မက်ထဲ မာ အာကာတမန် ဟုခေါ်ရေ Krama Mu Mang စွာ ကမ်ဘာထက်မာ မဟိရေ စာပီ တမျိုးကို မန်လေမြို အားပီးလိုက်ရေ။ အိပ်ရာမှ နိုးလာရေနန့် ထိုစာပီ ကို ရီးလီရေ။ ထို စာပီ ဧ့နာမည်မာ မြို စာပီတမျိုးဖြစ်ပြီးကေ (၃၁) လုံးဗျဉ်းအက္ခရာ ဟိပြီးကေ (၃၁) ဗျဉ်းအက္ခရာရေ လူ့ဘုံ၊ နဂါးဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ စရေ ဘုံအဆင့်ဆင့်မှ တစ်ခုကျ ယူလာပြီးကေ ဗျဉ်းအက္ခရာ (၃၁) လုံးကို အာကာတမန်က မန်လေးမြိုအား (မြို ကရာမာ)စာပီနန့် တတူ (မြို ကရာမာဘာသာ တရား )လည်း စတင်ပေါ်ပေါက်လာရေ။ ထိုစာပီ ကို ရဟိရေနန့် မန်လီရေသူ၏မူလ ဉာဏ်ရည်ထက် ပညာကြွယ်ကိုယ်တက်ရေ။ သူ၏ဆရာ ကစာတကြောင်း သင်ပီးလျှင် နှစ်ကြောင်း ပိုရရေ။ နမူနာ- သူ၏ဆရာစွာ သူ့ကိုစာမသင်ပီးခင်ကပင် ယှိ့မှာ သင်ယူရဖို့ သင်ခန်းစာတိကို ကြိုသင် သိဟိနိန်ယာဖြစ်တေ။ ယင်းပိုင်ပညာထက်မြက်ပြီး မကြုံစဖူးရေ အရာတိကို ကြုံတွိနိန်ရရေ ကျောင်းဆရာစွာ အံ့ဩ ပြီး မန်လေးကို ကျောင်းထုတ် လိုက်လီရေ။ ထိုကျောင်းကနိန်ပနာ ထွက်ပြီး မွီးရက်မြေ ကိုပြန်လာရေ။ သူ၏ဇတိမြေရပ်ဒေသကို ရောက်လှာစွာနန့် သူမွီးဖွားခရေ အိမ်နီရာမာ ဘုရားကျောင်း ဆောက်လုပ်ဖို့ မိဘ နှစ်ပါး ထံတောင်းဆိုခရေ။ ငယ်ငယ်ရွယ်ရွယ်မာ သူတိမမြင်ဖူးရေစာပီ များ၊ အတွိအခေါ်အပြောအဆိုတိနန့် ပြည့်စုံရေမန်လေးကိုလရူးဟုခေါ်ခကတ်တေ။ တရက်မာသူ၏ မိခင်ကသူ့ကိုနောက် ကျောပို့ရန်ငြင်းဆိုရာ အတိတ်ဘဝဟောင်းက သူစွာဂဏန်းဖြစ်ခဖူးရေအကြောင်းကိုဖွင့်ပြောလိုက်လီရေ။ ဧပိုင်ပင် သူစွာ ကြီးပြင်းလာယား တောနက်ကြီးထဲမာ တရားထိုင်ဗျာယ်နီလေဧ့။ ရက်၊ လ၊ ကကောင်းကြာ သူတရားထိုင်နီစဉ် ဝမ်းဆာလာရေအခါ ကျားကြီးတကောင်က ပန်းတပွင့် ကိုးလာဆက်ပိုင်က်ရေ။ ထိုပန်းပွင့်ဧ့ အမွှီးအနံ့ကြောင်း ဝမ်းမဆာတော့ပါ၊၊ မန်လေး စွာ တရားထိုင်ယင့်အချိန်ကြာမြင့်နိန်ယာ ဖြစ်တေအတွက် ခရီး ထွက်ရန် တရား ထိုင်ရာမှ ထွက်ခွာပြီး (Spark) ဟုခေါ်ရေ ချောင်းကိုရေဖြတ်ကူးနေစဉ် အာကာတမန်တော်က သူ၏ လက် နှစ်ဖက်ကိုကိုင်ကာ ကူညီလိုက်ရေ။ မန်လေး ကိုပန်းဆက်ပိုင်က်ရေကျားကြီးကလေ့တဖက်ကိုင်းထိကူပြီးဖီးအန္တရာယ်တိကိုကာကွယ်ပီးရန်စောင့်ယှောက်လိုက်ပါခပါ။ စွာ ကီမိုတောင် ဘက်ကို ခရီးလားလိုစွာဖြစ် လို့ တော၊တောင်ကို ဖြတ်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အုန်းသီးဝရွာ သို့ ရောက်ခဖူးရေဟုသိရရေ။ ယပြီးနောက် ပလက်ဝမြို့နယ် ဆမီးကျေးရွာမာနေ ထိုင်ရေ မြိုလူမျိုး Aman ဆိုသူတဦးနန့် တွိဆုံ စကားပြော ဖြစ်ခရေ။ ထို Aman အမန် ဆိုရေ လူစွာ ပုဏားကျွန်းမြို့နယ် အထက်မြတ်လှဲရွာ မာ ဒေနိ(၂၀၁၃) နှစ်ထိ အသက်ရှင်ဗျာယ် ဟိရေ။ အမန်း ကို မန်လေး ကဘိသိတ်တန်ခိုး ပီးဖို့ နန့် (ကရာမာ) သာသနာပြုဆရာ လုပ်ဖို့ တိုက်တွန်းရေ။ သူစွာ အရက်သီစာ စိကေချေ သောက်စားရေအတွက် သူ၏ ဆန္ဒကိုငြင်းဆိုလိုက်တေ။ ယကေလေ့သော့ မန်လေး စွာ သူပထမဆုံးတွေ့ ဆုံခရေအမန်းကို သူ၏ အသက်မွီးဝမ်းကျောင်းအတွက် တောဆီး ပညာနန့် ကောင်းစားဘို့ရန် ဘိသိတ်ပီးလိုက်ရေ။ ပထမ ဆုံး နန့် နောက်ဆုံး တွိဆုံ ခရေ အမန်း ဧ့နုတ်ထွက်ဆိုချက်စွာ သူစွာ အရပ်အမြင့် ၆ ပေဟိပြီးး မန်လေး စွာ အရပ် ၅ ပေကျော်ရာဟိရေ။ ယကေလေ့သော့ ပြိုင်တူ ရပ်ကေ မန်ချေကအရပ်ပိုရှည် ရေလို့ ဆိုရေ။ မန်လေး စွာ နောင်လာလတ္တံမာ ပွင့် တော်မူဖို့ အရိမေတေ္တယျ မြတ်စွာဘုရားသျှင်စွာ ယင်းရို့၏ ဘုရားသျှင် အစစ်အမှန် ဖြစ်လီဖို့ဟုဆိုရေ။ ထို အဆိုအရ အရိမတ္တေ ယျမြတ်စွာဘုရားအား မြိုရို့ ဖူးမြော်နိုင်ဖို့ အလို့ ငှာ (Krama ကရာမာ ဘာသာအားယုံကြည် ကိုးကွယ်ကတ်ရန် ရည်ရွယ်လို့ သိကြားမင်း က မန်လေး ဆိုသူ ပုဂိုလ်တဦးအား တမန်တော်အဖြစ်စေ လွှတ်ခစွာ။[၁၆][၁၇]
မြိုစာပီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုအက္ခရာ စာပီစွာ ၁၉၈၀ခုနှစ် မာ တမန်တော် မန်လေးမြို က တီထွင်ပီးခရေ။ ထိုစာပီကို တဟုန်ထိုး သင်ကြားကာ ဖတ်စာအုပ် အတန်း(၃) တန်းထိ ထုတ်ဝီထားဟိရေ။ ထို မြို စာပီ စွာ တိုင်းရင်းသားစာပီမာပါဝင်ရေရာမက ကမ္ဘာ့စာပီမာ UNESCO ယူနစ်စကို မှ ၂၀၁၀ခုနှစ် ဂျုန်လမာမြေ ကမ္ဘာပေါ်မာ မပေါ် မဟိရေ မြိုစာပီကို အသိအမှတ်ပြုထားခရေ။[၁၈]မြိုစာ ပေ ပျောက်ဆုံးခြင်းနန့် ပြန်ပနာ ရဟိခြင်းအကြောင်းပုံပြင်သမိုင်းစွာ မြိုလူမျိုးရိုးရာနွားထိုးပွဲနန့်လည်းဆက်နွယ်မှုဟိရေ။ လွန်လီရေနှစ်ပေါင်းထောင်ချီများစွာကလူမျိုးအသီး သီးစာပီ တိကို ထာဝရဘုရားသခင်ထံကိုလားရောက်ယူ ရေအခါမြိုလူမျိုးတိက သွားမယူခပါ၊၊ ယင်းအတွက်နန့် ထာဝရဘုရားသခင်စွာ ကမ္ဘာပေါ်မာဟိရေ လူမျိုးအသီးသီးရို့၏ စာပီကို ပီးရား မြို လူမျိုး တိကို ကားမ ပီးရကပင်ာ မကောင်း ဟုဆိုကာ ထာဝရဘုရား(Thu rai ထူရိုင်း )စွာ မြို စာပီကို ငှက်ပျိုးရွက် ထက်မာ ရီးပြီး မြို လူမျိုးစုတိအတွက် နွားကိုပီးပို့ခိုင်းရာ၊ နွားက ဝမ်းဆာပြီး ယင်း ငှက်ပျိုးရွက် ကိုစားလိုက်ရေ။ မြိုလူမျိုး များထံကို ယင်း စာပီ မရောက်ရေ အတွက် ထိုနွားကို ထာဝရဘုရားက စစ်ဆီးရာ ဝမ်းဆာလို့ စားလိုက်ကတ်ောာင်းဝန် ခံလိုက်ရေ။ ထိုနွားကို ထာဝရ ဘုရားစွာ သင် ဘောသဖန်းပင်ရင်းမာချိုင်နှောင်ကာ၊ခြီထောက်ဖြင့် ကန်ချလိုက်ရေ အခါ နွားမာအပေါ်သွားတန်းကျိုးလားရေ။ ယင်းအတွက်နန့်နမျိုးနွယ်မာ ဒေနိထိအောင် အောင် အပေါ် သွားမ ဟိချေ။ ပြီးကေ သဘ်ော့ သဖန်းပင်စွာ လည်း ဖြောင့်ဖြောင့် မတ်မတ် မဟိဘဲ သဘော်သဖန်းပင် တိုင်း ယိုင်နိန်ရေကို တွိရရေ။ ထို မြိုစာပီ ကို စားလိုက်ရေ နမျိုးနွယ် တိကို မြို လူမျိုးစုတိက သီဒဏ်ပီးရေ အနိန်နန့် ရိုးရာ ပွဲတော် ကျင်းပ ရေအ ခါ ရွာလည်ခေါင်မာ နွားကို ချိုင်ပြီး ဝါးလုံး တိနန့် ပန်းဖော်ထားရေ ယဇ်ပန်လင်ဆောက်လုပ်ကတ်တေ။ ထိုယဇ်ပန်လင် ဖီးနားမာ ချိုင်နှောင်ထားရေ နွားကို ဝိုင်းကာပတ်ကာကကတ်တေ။ ယင်းပိုင်လုပ်ဆောင်ခြင်းစွာ ရိုးရာ ဓလိ့ ဖြစ်လာရေ။ ထိုနွားဧ့ လျာကိုလေ့ ဓားဖြင့်ဖြတ်ကာ ဘုရားသခင်ထံကို ပူဇော်ပြ သရေ။ နွားကိုလေ့ ရိုးရာလှံဖြင့်နံချင်းပြိုင်ကို ထိုး သတ်ကတ်တေ။ ထို ကြောင်းကို H.Yamada က အဂုပိုင်ပဲ ပြန်ပနာဖော်ပြထားရေ "ဘုရားသခင်စွာ လောကကိုဖန်ဆင်းတော်မူရေအခါ လူမျိုးတိုင်းအတွက် နီထိုင်ကျင့်ကြံရန် စည်းမျှိုင်းစည်းကမ်းတိကို သွန်သင်ရန် နွားတကောင်ကို စီလွှတ်တော်မူရေ။ နမစွာ အယင်ဦးဆုံး ဘင်္ဂါလီများထံကိုလားပနာ အရာအရာတိအပြင် တနှစ်လျှင် တခေါက် ပေါင်းသင်ရဖို့၊ သုံးကတ်ိမ် ရိတ်သိမ်းရဖို့ဆိုရေ အချက်အပါအဝင် အရာအားနုန်းကို ပြောပြခရေ။ ယပြီးနောက် နမစွာ မရူလူမျိုးတိအတွက် စာရွက်စာတမ်းကို ပစဖြင့်ကိုက်လို့ တောင်ထက်တို့တက်လားရေ။ ယကေလေ့ မွန်းတည့်ချိန်နီးလာရေအခါ ပူပြင်းလာကာ နမစွာ ဝမ်းညင်မွတ်သိပ်လာယား ပစအတွင်းမာ လျှာကိုလှုပ်ရှားမိရေ။ မကြာခင် စာရွက်စာတမ်းကို မျိုချမိလားရေ။ နမစွာ နောက်ဆုံးမှာ မရူလူမျိုးများထံရောက်ဟိလာရေအခါ တနှစ်လျှင် သုံးကတ်ိမ် ပေါင်းသင်ရဖို့၊ တခေါက်သာ ရိတ်သိမ်းရဖို့ဟု ပြောပြခရေ။ ဒေညွှန်ကြားချက်တိကို မကျီနပ်ရေ မရူလူမျိုးတိစွာ ဘုရားသခင်ထံကိုလားပနာ တိုင်ခရေ။ ဘုရားသခင်စွာ နမကိုခေါ်တော်မူပြီး နမစွာ အမှန်အကန် စာရွက်ကို မျိုချမိရာ မားယွင်းရေသတင်းကိုရာ ပြောပြခကြောင်း ဝန်ခံခရေ။ ဘုရားသခင်စွာ ဒေအရာကိုကြားရေအခါ အလွန်အမျက်ထွက်တော်မူပြီး နမဧ့ပစကို ရိုက်တော်မူရေ။ ယင်းအတွက်နန့် ဒေနိန့်ထိ နများဧ့ အပေါ်ရှေ့သွားတိ ပျောက်နေခြင်းဖြစ်တေ။ ယပြီးနောက် ဘုရားသခင်စွာ မရူလူမျိုးတိအား နမကို တိုင်တတိုင်နန့်ခြည်လို့ ပတ်ကခုန်ပြီး နောက်ဆုံးမှာ သတ်ရန် အမိန့်ပီးတော်မူရေ။ ယပြီးနောက် ယင်းရို့အား မားယွင်းရေသတင်းကို ပြောပြခရေ လျှာကို ဖြတ်ယူကာ တိုင်မာ ရိုက်ထားရန် ညွှန်ကြားတော်မူရေ။ နွားတကောင်ဧ့ တတိယချထုတ်အတွင်းမာ မရူရို့စွာ ဘုရားသခင်က သူရို့အတွက် ရည်ရွယ်ထားရေ ကျမ်းစာကိုတွိဟိနှိုင်ဖို့။ ယေကေလဲဘုရားသခင်က ဒေ အချက်လွဲပြီးကေ စည်းမျှိုင်းနန့်ပတ်သက်ပနာ အရာဇာလေ့ ပြုလုပ်ပီးနိုင်ခြင်းမဟိတော့ပေ"[၁၉] ဟု ဖော်ပြထားပါရေ။ ခုအချိန် မာ တမန်တော် ဟုခေါ်ရေ ''Manley Mro မန်လေးမြိုအနိန်နန့် ကိုယ့် လူမျိုးစာပီကို ထာဝရ ဘုရားပါးက ပြန်ပနာ ရယူ ရဟိနိန်ယာ ဖြစ်တေအတွက် ထိုနမျိုးနွယ်တိကို သေ ဒဏ်မပီးသင့်ကြောင့် ပြောကြားခရေ။
အမျိုးသားဝတ်စားဆင်ယင်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြို အမျိုးသားတိစွာ သျှောင်းထုံး ကိုးသီသပ်ကျနစွာ ထုံးကတ်တေ။ သျှောင်ထုံး မာ ဘီးစိုက်ထားလည်းဟိရေ။ အိမ်ထောင်ကျပြီး သားတိစွာ ဘီးစိုက်ခြင်းအစား အဂေါင်းမာ နှစ်ကိုက်လှောက်ရှည် ရေ အဝတ်ဖြူစကိုခေါင်းပေါင်းအဖြစ်ပေါင်းကတ်တေ။ သျှောင်ထုံးမာ ဆံထိုးတိလေ့ ထိုးစိုက်လည်းဟိရေ။ နားမာ လပျိုတိက ပန်းပွင့်အရဲ၊ ခြည်ပိုးအရဲကိုများရေအားဖြင့် (နပက်)ကွင်းမာ တပ်ဆင်ဆွဲလီ့ဟိကတ်တေ။ မင်းကျွန် ယောက်ျားတိကမူ နဘက်ပြားရိုးရိုးကိုပင် ဆွဲကတ်တေ။ မျက်မာပြင်ထက်မာပင်ဖြစ်ဖြစ်၊ နဖူးထက်မာပင်ဖြစ်ဖြစ် ဆီးအရဲရောင်ဖြင့် အကွက်အ ကွင်း များ ပြုလုပ်ပနာလည်း ခြယ်သတတ်ကတ်ရေ။ လက်ကောက်၊လက်ကြပ်တိကို ဝတ်ဆင်ကတ်ရား သန္ဓာစိ ပုတီးတိကို လိုင်ဆွဲအဖြစ် တန်ဆာဆင်ကတ်တေ။ မြိုလူမျိုးတိစွာ ရှေးရှေးကခန္မာ ကိုယ် အ ထက်ပိုင်းမာအဝတ်မဲ့နီလေ့ဟိကတ်တေ။ ခါးအောက်ပိုင်းမာအနံတကိုက်ကျော်လှောက်ရှည်ရေ အဝတ်ချာကို လောကျိုက်ဗျာယ် ဝတ်ဆင်ကတ်တေ။ အစွန်းနှစ်ဖက်ကိုရှိးတစ်စ နောက် တစချပြီးကေ ဝတ်ဆင်ကတ်တေ။[၂၀]ဂုချိန်ခါမာမြန်မာအမျိုးသားတိပိုင်ပင် ရှပ်အကျ်ီ နန့်ဒယောကို ဝတ်ဆင်လာကတ်တေ။ သက်ကြီးရွယ်အိုတိစွာ လက်နှစ်ဖက်မပါရေ ပက်ခုံးတဆက် တည်း ဂျပ်ခုတ်တိုက် ပုံအကျ်ီ တို ဝတ်ဆင်ကတ်တေ။ အုပ်ချုပ်သူအကြီးအကဲတိမာ သာမန်အရပ်သားထက်စိကေချေအဖိုးတန်ရေ အဝတ်ကို ဝတ်ဆင်လိဟိရေ။
အမျိုးသမီးဝတ်စားဆင်ယင်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြို အမျိုးသမီး ရို့စွာ နောက်တွဲဆံထုံး ကို ထုံးဖွဲကတ်တေ။ ခေါင်းနောက်တတည့်မာ ဘီးကို စိုက်ထိုးလိဟိရေ။ ဆံညှပ်၊ ဆံထိုးတိနန့်လည်း တန်ဆာဆင်လိဟိရေ။ အိမ်ထောင် ဟိသူအမျိုးသမီးတိစွာ အဂေါင်း မာ အရှည်တကိုက်လှောက်ဟိရေ အဝတ်ချာ ကို ခေါင်းမာ ရစ်ပတ်လို့ နောက် ဘက်ဆံထုံးဧ့အောက်မာ ချိုင်နှောင်ထားလိ့ဟိကတ်တေ။ နားမာကား ခေါင်းပွ အဝကျယ် နားတောင်း ကို ဆင် မြန်းလိဟိရေ။ လက်ကောက်၊ လက်ကြပ်၊ လက်စွပ်၊ ခြေချင်း၊ ရို့ကိုလည်း ဝတ်ဆင်ကတ်တေ။ လိုင်ဖင်းမာလည်း သန္တာစိပုတီး၊ ဒင်္ဂါးပုတီး နန့် ပုတ်စိ ပုတီးရို့ကို လည်း ဆွဲလီ့ဟိကတ်တေ။ ရှေးရှေးက မြို အမျိုး သမီးတိစွာ ကိုယ်ခန္ခာ အပေါ်ပိုင်းမာ အဝတ်မဲ့နီလေ့ဟိရေ။ ခါး အောက်ပိုင်းမာမှု အနံတတောင်၊ အလျားနှစ်ကိုက်ခန့် ဟိရေ ဂျပ်ခုတ်ထည် အနက်ရောင်ကို ချက်အောက်မာပတ်လို့ ဝတ်ဆင်ကတ်တေ။ အစွန်း နှစ်ဖက်ကို ဘယ်ဘက်ပေါင်ထက်မာ အောက်ဘက်မာ နှစ်လက်မခန့် ကွဲစီပြီးကေ ဝတ်ဆင်ကတ်တေ။ ဧပိုင်ပြုလုပ် ထားရခြင်းကာ ထိုင်ရာ၊လားရာမာ လွယ်ကူစီရန် ဖြစ်တေ။ ယင်းကို ဝတ်ဆင်ရေအခါ ရှီးဦးစွာ ခါးမာ ကြိုးတချောင်း ချိုင်နှောင်ထားရရေ။ ပြီးမှ အဝတ်ကို အထဲကို ထိုး သွင်းကာ ဝတ်ဆင်ကတ်တေ။ ကိုမှ သန္တာစိခပန်းကြိုးတိကိုဝတ်ဆင်ကတ်တေ။ ပွဲလမ်းသဘင်နန့် စျီးပြုသွားရေအခါမျိုးမာ ဣန္ဒြေ လုံစီရန် အနံတတောင်၊အလျားနှစ်ကိုက်လှောက်ဟိရေ အဝတ်ကို ဆင်မြန်းကတ်တေ။ အနံဘက်မှ အစနှစ်စကို ဘယ်ဘက်လက်မှ လက်က တော့ ထိုးကာ ညာဘက်ပခုံထက်မာ စုလို့ချိုင်နှောင်ထားလိ့ဟိရေပိုင် ရှေ့ဘက်ထိချပြီး ချိတ်နန့်ထိုးပနာ လည်း ဝတ်ဆင်လ့ဟိကတ်တေ။ ရခိုင်ပြည်မာ ဘုရင်အဖြစ်ကိုပင် ရောက်ခကေလေ့ မြုံ လူမျိုးရို့စွာ ခေတ်အလိုက်ပြောင်းလဲလာရေ လူ့ယိုင်ကျေးမှုတိကို ထွေပိုက်လိုဟန် မဟိပါ။ ယင်းအကြောင်းကို ပန်းတံမောင်နန့် သံတွဲသူဘွဲ့ အဲး" မှ မြုံ (မြို)ရို့၏ သဘာဝ အသွယ်သွယ်ကို ဖော်ပြ ချက်တိမာ တနီရာမာ ထဘီတိုလောင်း၊ မြို ဘာသာမာ၊ ဝါးနားတောင်း၊ မြိုမဘာသာ၊ ဖုန်းဆိုးတောင်ကာ၊ဝါးကောက်လားရေ၊ ကျပ်ကြိုးသုံးပင်၊ လွန် သုံးပင်၊ ဇင်ချောင်းမြောက်ကို၊ လှဂတင်ရေ၊ ထုပ်လုပ်ကေလုံး၊ မြိုမရိုမာ၊ ရင်မဖုံးလေဟု ဖော်ပြထားရေ။[၂၁]ဂုချိန်ခါ 'မြို'အမျိုးသမီးတိစွာ သာမန်အချိန်မာ မြန်မာအမျိုးသမီးတိကဲ့သို့ပင် ဝတ်ဆင်လာကတ်ရာ ပွဲလမ်းသဘင်ဟိမှရာ ထိုဝတ်စုံကို အပေါ်မှထပ်လို့ ဝတ်ကာ ရိုးရာဝတ်စုံအနိန်နန့် ဝတ်ဆင်ကတ်တေ။
ရိုးရာသမက်တက်ပွဲ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]‘ မြို’လူ မျိုးရို့၏ ဓလိထုံးစံအရ ထိမ်းမြားမင်္ဂလာကိစ္စမာ အဓိကတာဝန်ဟိသူ မာ ကလွေသျှေ ဘက်မှ ဖခင်ဖြစ်တေ။ ဖခင်မဟိပါက ဖခင်ဧ့ အစ်ကို သို့မဟုတ် ညီက ထိမ်းမြားခွင့်ပီးနှိုင်ရေ။ လူငယ်ချင်း ချစ်ကြိုက်လို့ မင်္ဂလာပြုခြင်းဟိရေပိုင် မိဘတိက သင့်လျှော်ရေ အိမ် ထောင်ဘက်ကို ရွီးချယ်ပေးရေဓလိ့ဟိရေ။’’ မြို လူမျိုးဓလိ မာ လပျို နန့် အပျို လွတ်လပ်စွာ နီထိုင်လို့ ရပေ ဖို့ အိမ်ထောင်ဘက် က်ို လွတ်လပ်စွာ ရွီးချယ်လို့ မရပါ၊၊ မြိုမျိုးကွဲပေါင်း (၇၀) ကျော် လိ့လာသိဟိရယား ထိုအနက်မှ ယူသင့်ရေ မျိုးရိုး၊မယူသင့်ရေ မျိုးရိုး နန့် သစ္စာဘက် ဆိုပနာ ဟိလီ၏။ အမျိုး အချင်းချင်းယူပနာမရ၊သစ္စာဘက်ယူပနာမရ၊မယူရရေအမျိုးကိုမိဘကကေလည်းကောင်း၊ဆွီမျိုးတိကကေလည်းကောင်း တားမြစ်ရေ။ မိန့်အချေ နန့် ကလွေသျှေ ချစ်ကြိုက်ဖို့ရာ ဆိုကေ ရှီးဦးစွာ ယူသင့်ရေ မျိုးရိုး ဟုတ်၊မဟုတ်စွာကို စနည်းနာရရေ။ တကယ်လို့ အမျိုးအချင်းချင်း ယူမိပါက ရွာမှနှင်ထုတ်လိဟိရေ။ အမျိုးဂုဏ်ကို သစ္စာဖောက်ရေ အတွက်အမျိုးမှ ပယ် ရှား ခြင်းခံ ရရေ။ သစ္စာဖက် ဆိုကေ လုံးဝ ထိမ်းမြားခွင့် ကို တားမြစ်ထားရေ ဝါခြင်းမပြုရ ငွေရီးကြေးရီး ကိစ္စမာလေ့သော့ အတိုးတောင်းခြင်းမပြုရ၊ တကယ်လို့ ဝါခြင်းပြု မိရေဘ၊ ချီးဖေသာ အတိုး တောင်းမိရေ ဆိုကေ အမင်္ဂလာ အမျိုးအပေါ်၊ မိသားစုအပေါ် ကျရောက်စီစွာ ဟု အယူဟိကတ်တေ။ ယူသင့်ရေ မျိုးရိုး ကို သမက်တက် ပြုကေ ကလွေသျှေဘက်မှ (အသွင်းဖိုး)ကို ပီးရစွာ ထိုအသွင်းဖိုးကို ‘’မိန့်ကောင်မချေိဘရို့ ဘက်က ကိုယ့် သမီးအတွက် မင်္ဂလာကြီး(အသွင်းဖိုး) နန့် မင်္ဂလာဧည့်ခံပွဲ ကုန်ကျစရိတ်ကို သတ်မှတ်ကတ်တေ။ ကလွေသျှေ ဘက်မှ တတ်နိုင်ဖို့ ကြီးဖေသာပမာဏ ကို တင်ပြကာ အပြန်အလှန် စီစပ်အနီချ ကတ်တေ။ မင်္ဂလာကြီးအနိန်နန့် ဖေသာဒင်္ဂါးအရွီအတွက် ဖြင့် သတ်မှတ်ကတ်တေ။ ဂျော့ဘုရင် ဒက်ခေါင်းတိတ်ကတ်ပါ ရေဖေသာဒင်္ဂါးပြား ၃၀၀၊ ၅၀၀ စသည်အနိန်နန့် သတ်မှတ်ရေ။ ဖေသာဒင်္ဂါး ပြားလက်ဝယ်မဟိပါက အရာဟိရေ အိမ်တိမာ လားရောက်ဝယ်ယူကတ်ရရေ။ ယင်းပိုင် လားရောက် ဝယ်ယူထိအောင် မရဟိပါ က ယင်းဖေသာဒင်္ဂါး အပြား ၃၀၀၊ ၅၀၀ နှင့ ညီရေ ငွီကြေးပမာဏ ကို ပီးကတ်ရရေ။ [၂၂]ယင်းချင့်အပြင် မိန့်အချေ မိဘတိအတွက် တောင်ယာလုပ်ကိုင်ရာမာ အသုံးပြုရေ ဒါးရှည် ၅ လက်၊လှံ ၇စင်းရို့ကိုပါ ပီးကတ်ရရေ။ မြိုရို့ ဓလ့ထုံးတမ်း အရ ထိမ်းမြား မင်္ဂလာ ပြုလုပ်ချိန်မှစပြီးကေ မင်္ဂလာတသက်မာ ပွဲ (၃) ကြိမ် ပြုလုပ်ရရေ ထိုပွဲတိုင်းမာ (ယု)ခေါ်ရေ ရိုးရာခေါင်ရည် မပါ မဖြစ် ခေါရည်တည်ထားရရေ။ ထိမ်းမြား ပြီဆိုရေနန့် ပွဲသုံးကတ်ိမ် (ဝှပ်လိုင်မ်)၊ (မင်တင်) နန့် (ဘုတ်အက်) ဆိုပနာ ကျင်းပရရေ။ ထိုပွဲ (၃) ကြိမ် ပြုလုပ်ရာမာ (အသွင်းဖိုး) ပီးရပိုင် ဟင်းပွဲ ဖလှယ် မိတ်ဆုံထမင်းစားကတ်ရေ။ ကလွေသျှေ အမျိုးဘက် မှ ကြက်ကို စုဆောင်းရယား မိန့်အချေ အမျိုးဆွီမျိုး ရောက်ဟိလာရေ အာဂန္တု တိအားလုံလောက်ရေ အထိ ကြက်ကို သတ်ရရေ။ ယင်းနည်းပိုင်မိန့်အချေ အမျိုးဘက် ကလေ့ ဝက် ကို ကြိုမွေး ထားပြီးသား ငါးဆုပ်ပြည့်ရေ ဝက်တောင်းကို ကလွေသျှေအမျိုး မှ ရောက်ဟိလာရေ အာဂန္တု တိအား လုံလောက်ရေ အထိ ကျွေးမွီးဧည့်ခံရရေ။ တကယ်လို့ အာဂန္တုများတွက်နန့် ဟင်းမလုံ လောက်ပါက ဝက်တကောင်နောက်ထပ် သတ်ရရေ။ ထို ပွဲမာမိန့်အချေအမျိုးအာဂန္တုများစားဖို့အတွက် ကလွေသျှေ အမျိုးဘက် မှ ပါလာရေ ကြက်ကို ကလွေသျှေ အမျိုးက ကြက် ကောင် ကို ဖျက်ပြီး ချက်ပီးရရေ ဓ လေ့နန့် ယင်းပွဲကိုကျင်းပရရေ။ ယကေလေ့ ယင်းပွဲမာလုံးဝဟင်း မြည်းစမ်းခြင်း မပြုပါ၊၊ ယင်းချင့်အပြင် ကြက်တေကောင်ကို အခေါင်းစုံ မစုံ၊ ခြေစုံ မစုံ၊ အတောင်ပံ စုံ မ စုံ၊ခြီသည်းခုတ် မခုတ်သတိထားရရေ တကယ်လို့ မိန့်အချေအမျိုးအာဂန္တု များ စားရေ အခါ မာ ကြက်တကောင် မာ တခုခု မစုံ တွိဟိပါ က လျော်ကြီးဖေသာ ပီးရရေ။ ယင်း လျော် ကြီး မာ အရက် သို့မဟုတ် ခေါင်ရည်သို့မဟုတ် ဓား သို့မဟုတ် လှံ စသည်အနိန်နန့် လျော်ကြီးပီးရရေ။ ယောက်ျားအမျိုး အာဂန္တုများ စားဖို့အတွက် မိန့်အချေအမျိုးဘက်မှ ဝက်ကောင်ကို ဖျက်ပြီး ချက်ပီးရစွာ ယကေလေ့ ယင်းနည်းပိုင် ယင်းပွဲမာ လုံးဝဟင်းမြည်းစမ် ခြင်းကိုကခွင့်မပြုပါ၊၊ မိန့်အချေ မိဘ နန့် မောင် ရို့ကို ကားဂန်ဒူး သတ်ထားရေ တောကြက်၊တောဝက်၊ ရှဥ့် သားခြောက် တမျိုးမျိုးကို ချက်ရား ဟင်းပွဲပြင်ပီးရရေ။ ထိုနီရာမာပင် ‘’ယင်းရို့နှစ်ဦးစွာ ယင်းဟင်းကိုမစားမီ စီစပ်လမ်းစဉ်အခါက အနီချ ထားရေ ဓား၊ လှံ ရို့ကို တောင်းဆိုကတ်ရေ။ သမက်သျှင်ဘက်မှ ဖခင်ဖြစ်သူက စံဂိုးတစ်ရွှားထဲမာ ယင်းဓားနန့်လှံ၊မင်္ဂလာကြီး ကို ထည့်ကာ ပီးရရေ။ ယင်းပိုင် ဓားနန့်လှံကို လက်ခံရယူပြီးရေအခါမရာလျှင်’’ ပြင်ဆင်ထားရေ ဟင်း နန့် (ယု)ခေါင်ရည် ကို ရေက်စားကတ်လီရေ။ ပြီးကေ’’ဆွီမျိုးဧည့်ပရိသတ်တိ၏ရှိနှစ်မှာ သမီးသျှင် ဖခင်ဖြစ်သူက သမက်သျှင်ကို နှစ်ကိုက်လှောက်ရှည်ရေ အဝတ်ဖြူ တစဖြင့် ခေါင်းပေါင်းပီးလိုက်ခြင်း အား ဖြင့် သားမက်အဖြစ် အသိအမှတ်ပြုလီရေ။’’ထိမ်းမြားမင်္ဂလာပွဲ စွာ အနောက်ဘက် မောင်တောနန့်ဘင်္ဂလားဒေရ့်ဘက် က အများအားဖြင့် မင်္ဂလာပွဲ ကျင်းပပုံ တူစွာကိုတွိရရေ။ ဘူးသီး တောင် ဘက် က( ရိုင်မာ)၊ ပုဏားကျွန်း(တင်ဆာ) နန့် ကျောက်တော် ယိုးချောင်းဖျား(နောက်ကော)ဘက်က တူညီရေကိုတွိရေ အများအားဖြင့် မောင်တောဘက်နန့် ဘင်္ဂလား ဘက် ထိမ်းမြား မင်္ဂ လာကျင်းပပြုလုပ်ပုံစွာ ပို ကြီးကျယ်ရေလို့ ဆိုလို့ရရေ။

ရိုးရာဘူးခါးပလွီ (ပလုံ)
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုရိုးရာ တုရိယာနန့်တေးအလင်္ကာ မာ `ပလုံ` ခေါ် ဘူးခါးပလွီ စွာ မပါမပြီး ဖြစ်တေ။ ဘူးခါးသီးဟိ လိုင်ဖင်းဘက်ကို လီမှုတ် ရန် ပြုလုပ် ထားပြီးသား အိုးဘက်မာ မူ လေ ထုတ်ဝါး ပြွန်တိကို စိုက်ထားရေ။ ဝါးပြွန်ရို့စွာ တူရိယာ အတိုအရှည် ကို လိုက်ပြီးကေ ကွဲပြားရေ။ ပလုံကို ပြုလုပ် ရာမာ အကြီးအချေ အမျိုးအစား အမျိုးမျိုးဟိရေ။ ပလုံစင်မလောင်၊ ပလုံ မာလောင်၊ ကက်မာလောင်၊ ဒီးဒူ၊ ရီနာပလုံ၊ ကန့်ငေ၊ ပလုံကလင်စ၊ ပလုံ ရိုလ် စသည်အနိန်နန့် ဟိရေ။ မြို လူမျိုးရို့စွာ ကိုယ့် ရိုးရာ အက ကို ခုံမင်တတ်သူတိဖြစ်ပြီးကေ ရိုးရာနွားထိုးပွဲကို ချမ်းသာရေ သူမိသားစု က ကျင်းပ လိဟိရေ။ ကြီးကျယ်ခမ်းနားရေ ပွဲ ကို ဆင်ရုမ်ကောမ် တိကားကောမ် ပါမ် ဆိုပနာ နာမည်ဟိလီရေ။ ထိုပွဲကို ကျင်းပ နိုင်သူစွာ သဌီး စာရင်းဝင်သူတိဟု မှတ်ယူလီရေ။ ရိုးရာတုရိယာ တိကို လပျို၊မင်းကျွန်တိက တီးမှုတ်ပြီး အပျိုးချေတိက ဝိုင်းဖွဲလို့ လည်း ကောင်း၊ ရှိဆိုင်လို့ပင်ဖြစ်ဖြစ် က ကတ်တေ။ ဝိုင်းဖွဲကရာမာ ဇာတခေါက် ညာတခေါက် ယိမ်းထိုးပနာ ကကတ်တေ။ မျက်နှာ ချင်းဆိုင်အက မာ နောက်ဆုတ် ရှိတိုးလို့ ကကတ်တေ။ ယင်းပိုင်က ရာမာ ခြီလှမ်းဆုတ်နည်း၊ တက်နည်း ကို လိုက်ပြီးကေ ပလိုင်ချိုင် အက၊ ချာချတ် အက၊ ဒါန်ကရန်အက၊ ဂိုလတာတိန်အက စသည်အနိန်နန့် လေးဟိလီရေ။
ရိုးရာနွားထိုးပွဲ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]'မြို'ရို့မာ ရိုးရာနွားထိုးပွဲကို ငွီကြေးတတ်နိုင်သူရွာသားတစ်ဦးတလီက ဦးဆောင်ကျင်းပလိဟိရေ။ မိသားစုဝင်များ အဖျားအနာကာကွယ်ရန် အတွက်လေ့ကောင်း၊ အိပ်မက်အရပင်ဖြစ်ဖြစ်၊ စီးပွားရေအရငွီကြေးချောင်လည်ပနာ အလှုပေးလိုရေကြောင့်ပင်ဖြစ်ဖြစ် ကျင်းပကြ ရေ။ ယင်းနွားထိုးပွဲမာရေက်သုံးရန် ခေါင်ရည်ကို ကြိုတင်စုဆောင်းထားကတ်တေ။ ဂုချိန်ခါခေါင် ရည်အစား အချိုရည်ကို အသုံးပြုကတ်တေ။ အိပ်ရှိကွပ်ပျစ်ကို ခိုင်ခန့် အောင်ပြန်ပနာပြင်ဆင်ပြီးဒန်ခံဧ့ဒေါင့်လေးထောင့်မာ ပန်းပွားပါရေ ဝါးတိုင်တိကို တဒေါင့်လျှင် တတိုင် ကျစီစိုက်ထူထားရေ။ တိုင်အဖျားစွာ လေးခြမ်းကွဲပုံစံဖြစ်တေ။ နွားထိုးပွဲပြုလုပ်ဖို့ရွာကွက်လပ်မာ နခြံကိုပြုလုပ်ရရေ။ နခြံမာ တြိဂံပုံစံ ဖြစ်တေ။ ထိပ်အဖျားစွာ အရှိဖက်သို့မျက်နှာ မူရရေ။ နခြံထိပ်မာ တိုင်တတိုင်စိုက်ထူပြီး ဖက်ရွက်သစ်ခက်တိနန့် အလှဆင်ပီးထား လေ့ဟိကတ်တေ။ နခြံမာအနားတဖက်မာ ပန်းဖွားပါရေဝါးတိုင်လေးတိုင်စိုက်ရ၏။ ယဇ်ကောင် နွားကို သွင်းပြီးကေ ဝါးတိုင်တတိုင်ကို ထပ်မံ စိုက်ရရေ။ တဖန်နခြံဟိဝါးတိုင်တိကိုတန်းသုံးတန်းစီဖြင့် ခိုင်ခန့်ယောင်လုပ်ကတ်တေ။ တချို့မြိုရွာတိမာ နခြံဆိုပနာမထားပါ၊၊ နွားကိုခြည် နှောင်ဖို့ဝါးတိုင်အား ၁၄ပေလောက်မြင့်အောင်စိုက်ထူရရေ ရွာဟိလပျို အပျိုရို့က ပျော်ပျော်ပါးပါးကခုန်မြူးထူးကာ တောင်ကျ ချောင်းမှ သွား ရောက်ယူလာရေ ကျောက်ကို အလှုရှင်အား ပီးကတ် ရေ။ ယင့်ချင့်ကျောက်ကို 'နတ်ကျောက်'ဟုယူဆကတ်တေ။ နတ်ကျောက်ကို သယ်ဆောင် လာသူတိအား အသျှင်က ဝက်ဖြင့်ကျွေးမွီးဧည့်ခံရေ။ နတ်ကျေက်ကိုယူခြင်း၊စိုက်ထူခြင်းရို့အတွက် နတ်ဆရာပိုင်အပ်ပါရေ။ နတ်ဆရာ မဟိ ရေရွာတိမာ ဒေပွဲကိုမလုပ်ကြေချ။ နွားထိုးပွဲမလုပ်မီတရက်အလိုမာ အလှူရှင်က ကိုယ့်ဖိတ်ကြားလိုရေ ေကျးရွာတိကို ဖိတ်ကြားထားရေ။ ဖိတ် ကြားခံရရေကျေးရွာတိမှ အလှူပွဲသို့တက် ရောက်လှာဖို့အပျိုလပျိုတိကို လပျိုခေါင်းက ဦးစီးထိန်းသိမ်းကပွဲစတင်ဖို့ည ေနမာအ ေရာက်လာကတ်ရေပရေ။ ပွဲကျင်းပရေ အခါနွား ကိုဝိုင်းပတ်လို့ကကတ်တေ။ အပျိတိက ကကတ်ရား လူမျိုရို့က တူရိယာတိကို တီးမှုတ်ကတ်၏။ ပထမဆုံးကရေသာ နတ်ပူေဇာ်အဖွဲ့ ကခုန် နေစဉ် အလှူရှင်မိသားစုက ခေါင်ရည် သို့မဟုတ် အချိုရည် ကိုငုံပြီး နွားကိုပက်ဖျန်းရရေ။ ကခုန် ရေအဖွဲ့ကို အိမ်ရှင်က ဝက်တ ကောင်သတ်ကာ ထမင်းေကျွးရရေ။ တတိုင်က တစ်တိုင်သားနားဖြင့် ကလိုက်ကတ်တေမာ တညလုံးပင်ဖြစ်တေ။ နောက် တရက် မိုးထမာ နတ်တင်ရေ အကအဖွဲ့စွာ ယဇ် ကောင်နွားကို ၁၂ပတ်အတိဝိုင်းဖွဲ့ကခုန်ကတ်တေ နတ်ဆရာက အမိန့်ေပးလိုက်ရေအခါ အဖွဲ့ဝင်တဦးကနွားကို တပြိုင်တည်း ဖြင့်ထိုးကာ ပူဇော်လိုက်ရရေ။ ေနာက်တဦးက နွားဧ့လျှာကို သူ၏သွားဖြင့်ကိုက်ပိုင်းပစ်လိုက်ရရေ။ ဧပိုင်ပြုလုပ်ရခြင်းကာ 'မြို' လူမျိုးရို့၏ စာကို နွားကစပ်ပစ်သဖြင့်ဒဏ်ခတ်ခြင်း ဖြစ်တေ ဟုဆိုရေ။ နွားထိုးသူနန့်နွားလျှာဖြတ်သူကို အသျှင်က ခေါင်း ပေါင်းစတစနန့် အချိုရှည်တပုလင်းလက်ဆေင်ပီးဗလင့့်ဟိရေ။ ယပြီးနောက်နွားသေကိုအလှူရှင်ဧ့အိမ်ဒန်ခံမာအမဲဖျက်ကြကာ ဝိုင်းချက်ကတ်တေ။ ဒေအေတာအထဲကခုန်မှုတိကို ဆက်တိုက် ပြုလုပ်ကတ်ပြန်ရေ။ ထမင်းဟင်းကျက်ရေအခါ အခြးရွာမှအာဂန္တုတိအား အရင် ေကျွးေမွးဧည့်ခံရရေ။ ပြီးေနာက်မှ ရွာသားတိစားေသာက်ကတ်တေ။ မိုးထစာစားပြီးကေ ထပ်မံ ကခုန်ကတ်ပြန်ရေ။ ညစာဖက်မားအရာရွာမှအာဂန္တုများထွက်ခွာလားကတ်ေသာ်လည်း ရွာသားတိကမူ ေနာက်ဆုံးေလးညလုံးလုံးကခုန်ဗျာယ်ကျန်ရစ်ခကတ်တေ။[၂၃]
ကျေးရွာ နန့် အိုးအိမ်တည်ဆောက်ပုံဓလိ့
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
မြိုတိုင်းရင်းသား ရို့စွာ တောတောင်ကိုနှစ်သက် သူတိဖြစ်ကတ်တေ တောတောင်တိကိုငါရို့ ကျီနပ်စွာ အုပ်စိုးမည် လွလွတ်လလပ် နီထိုင်စားသောက်ဖို့လို့ ခံယူထားကတ်ရား တောတောင်တိကို အုပ်စိုးရေ တောင်မင်းဟု ဆိုရဖို့ပါ။ ကျေးရွာတည်ဆောက်ရတောမည်ဆိုကေ တောင်ယာ စို်က်ပျိုးရန်၊ အမဲလိုက် အသားငါး ဖမ်းရန်၊ ရေ၊ သီးနှံ ဆွတ်ခူးစုဆောင်းရန် နန့် အီးချမ်းသာ ယာမှု ဟိရေ အရပ် ကို စလိ့လာရ ရေ။ ပြီးကေ မြို ရို့၏ ရိုးရာ ဓလိ့အရ ကျေးရွာ ကိုတည်ထောင်ရန် မြီနိန်ရာ ကို စနစ်တကျရွီးချယ်လိဟိရေ။ ရွီးချယ် ကတ်ပုံမာရွာ တည်ထောင်လိုရေ မြီကွက်မာ ဆန်စိ သို့မဟုတ် ငရုတ်ကောင်းစီ့ ကို မြှပ်နှံပြီး မြီနိန်ရာကောင်း၊မကောင်းသိဟိနှိုင်ဖို့ မြေစောင့်နတ်ကို တိုင်တည်ပြီးကေ ဆုတောင်းရရေ။ အရာတရက်နိ မိုးထ မာ မြှပ်နှံထားရေ ဆန်စိ၊ ငရုတ်ကောင်းစိ တိကို တူးဖော်ကြည့်ကတ်ရေ။ မကျိုးမပဲ့ အကောင်းအတိုင်း ဟိပါက မြီကွက်မာ ရွာတည်ထောင်ရန် သင့်ရေလို့ ယူဆကာ ကျေးရွောတည်ထောင်ကတ်တေ။ တကယ်လို့ မြှပ်နှံထားရေ ဆန်စိ သို့မဟုတ် ငရုတ်ကောင်းစီ့ တိကျိုးပဲ့နိန်ကေ ထိုနီရာတွင် ကျေးရွာတည်ထောင်ရန်မသင့်ဟု နတ်က ညွန်ပြခြင်းဖြစ်တေဟု ခံယူကြ ရေ။ ပြီးကေ ရွာတည်ဖို့ မျိုးနွယ်အကြီးအကဲ သို့မဟုတ် ကျေးရွာလူကြီးဂေါင်းဆောင်က အိပ်မက်ခြင်းအားဖြင့်လည်း ရွီးချယ်ကတ်တေ။ အိပ်မက် မာ ငါး၊ရီကြိုင် ပြင်၊ မြင်မက်က ကောင်းဧ့။ ထိုနီရာ မာ ရွာတည်ကောင်းဧ့ စီးပွားဖြစ်ထွန်းမည်၊ ငွေရီးကြေးရီး အဆင်ပြေ မည်ယူဆကတ်တေပိုင် ပန်းနီ၊ မြွီ၊မီး၊မိုး မြင် မက်ပါက လူသီများမည်၊ ပြဿနာများမည် စီးပွားဖြစ်ထွန်းမှုနည်းပါးနည်ဟု ယူဆကြလေ ရေ။ [၂၄] အိုးအိမ် တည်ဆောက်ရာမာလေ့သော့ ရိုးရာဓလိ အိမ်သစ်တည်ဆောက်ရာမာလေ့သော့ ကိုယ့် အိမ်တည်ဆောက်လိုရေ မြီကွက် မာ ဝါးခြမ်းတိုတိနန့် စိုက်ပြီး မြေစောင့်နတ် ကို ကြက်ချေ အဖြူ၊ကြက်နီ ဖြင့် ပူဇော်ပသ တိုင်တည်ပြီးကေ အိမ်ဆောက်လုပ်ဖို့ကောင်း မကောင်း ကို အိပ်မက်တောင်းကာ ဆုတောင်းရရေ။ ထိုညမာ အိပ်မက်ကောင်းမြင်မက်ပါက ထိုနီရာတွင် အိမ်တည်ဆောက်ရန် စီစိုင်ကတ်တေ။ အိပ်မက်မာ မီး၊ မိုး၊ ပန်းနီ၊လေယဉ် မြင်မက်ပါ က လုံးဝ အိမ်တည်ဆောက်ရန်မကောင်းဟု ယူဆလိဟိရေ။ ကောက်ယူရေ အနက်က မီး မြင်မက်က ပြဿနာများမည်၊ မိုးမြင်မက် က၊ မျက်ရည်ကျမည်၊ ပန်းနီမြင်မက် က အစိမ်းသီ၊ လေယဉ်မြင်မက်က လူသီအလောင်း …စရေ အနက်ကို ကောက်ယူကာ မကောင်းဟု မှတ်ယူကတ်တေ။ ရိုးရာအိမ်သို့ သစ်ဝါးကို အခြီခံ ကာ တည်ဆောက်ကတ်တေ။ ယကေလေ့ များရေအားဖြင့် ဝါးဖြင့် ခြေတံရှည်အိမ်တိ ကို တည်ဆောက်ကတ်တေ။ [၂၅]အိမ်မဆောက်မီ လိုအပ်ရေ ဝါး၊သစ်များ၊နှီး တိကို စုဆောင်းပြင်ဆင်ထားရရေ။ အိမ်တည်ဆောက်ရာမာ ခေါင်တိုင်ကို မင်္ဂလာ တိုင်အဖြစ် သတ်မှတ်ပနာ ဦးစွာစိုက်ထူလိဟိရေ တိုင်ကို အိမ်ရှင်ဖြစ်သူ ကိုယ်တိုင်စိုက်ထူရရေ။ ပြီးကေ မြိုတိုင်းရင်းသားရိုးရာအိမ်တိစွာ အရှိဖက်တတည့် မျက်နှာမူလီ့မဟိပေ။ အလျားလိုက် ရှေ့ဖက်နီထွက်ရာဖက်မှစိကေချေစောင့်ကာ ဆောက်လိဟိရေ။ မောင်းကာ နန့် လိုအပ်ရေ အခင်းရို့စွာ ဝါးလုံး၊ ဝါးရွက်နန့် သက် ကယ် တိကို အသုံးပြုကတ်တေ။ အိမ်ဆောက်လုပ်ရာမာ `အိမ်မ`နှင်`့ မောင်းကာ` ဆိုပနာ ဟိရေ အိမ်မကို (ကိမ်-Kim ) အိမ်မကို(ကိမ်မာ-Kimma) အိမ်ဖိုကို(ကိမ်တောမ်-Kimtom) ဆောက်လုပ် ပြီး စီးပါက မောင်းကာ ကိုရှိးတစ်ဆောင် နောက်တဆောင် တွဲ ဆောက်လိဟိရေ။ အနောက်ဘက် အဆောင်ငယ်စွာ အိမ်မား အသုံးပြု ဖို့ ပစ္စည်းများ တိုထားရာနီရာ၊ ရှေ့ဖက်အဆောင် ငယ်စွာ အာဂန္တု ခန်း အဖြစ် သတ်မှတ်ပြီး အိမ်မ စွာ မိသားစု အိပ်ခန်း ရိုးရာ တန်ဖို့ထားရရေ ပစ္စည်းများ ထားရရေ အတွက် အပြင်လူ ဝင်လိမဟိ။ အိမ်ခေါင်စွာ ခေါင်ချိုး ဖြစ်တေ ဘယ်ဘက်ဒေါင့် နားမာ ရေစင်ဟိပြီးး ညာဘက်ဒေါင့်မာအိုးခွက် ပန်းကန်၊ဟင်းသီးဟင်းရွက်ထားရာစင်၊ အိမ်မ ဒေါင့်မာ မီးဖို ဟိရေ မီးဖိုစွာ စနီနိလုပ်ဗလင့်မဟိပေ အကြောင်းမာ စနီ စွာ မီးဖြစ်တေဟု ယူ ဆထားရေ။။ မီးဖို လုပ်ရေ အခါမှ တမန်းသားကို ပလှိုင်းတောင်းဖြင့် စုံ ဂဏန်းမဖြစ်ရ မြေအရွီအတွက် မ ဂဏန်းဖြင့်သယ်ရရေ မီးဖိုလုပ်ရာမာ မရယ်ရ ရယ်မိကေ မီးဖို အက်ကွဲတတ်ရေလို့ ယူ ဆကတ်တေ။ မီးဖိုတန်း ပေါ်မာ ကျပ်စင်တခုဟိပြီးး ရီဗူးခွန်ထည့်ထားပြီးသား ကြာရှည်ခံရန်နန့်အနှံကောင်းစီရန် ဖြစ်တေ။ အိမ်တအိမ်မာ ဓားကိုကြည့်ခြင်းအားဖြင့် လူ ဇာနှစ်ယောက်ဟိလဲ သိနှိုင်ရေ။ အိမ်မာလူ မဟိပါ က လှဂ ကိုမှောက်လှန်ထားခြင်း၊ဝါးဇလီကာထားခြင်း ပြုလုပ်ထားလိ့ဟိရေ။ မြိုတိုင်းရင်းသားရို့ဧ့ ရိုးရာအိမ်ဆောက် လုပ်ပုံမာ ထူးခြားချက်မာ မိဘတိ အသက် အရွယ်ကြီးရင့်လာကေ ဒန်ခံနန့် တဆက်တည်းမာ မိဘဆောင်ကိုတွဲပြီးကေ ဆောက်လုပ်ပီးလေ့ဟိခြင်းပင်ဖြစ်တေ။ ထိုအဆောင်လေးမာနှစ်လောက်စာနေ လောက်ရုံအခန်းငယ်အချေဖြစ်တေ။[၂၆]
တောင်ယာစိုက်ပျိုးရီးလုပ်ငန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုတိုင်းရင်းသားတိစွာ အဓိက စီးပွား ရီးလုပ်ငန်းစွာ တောင်ယာစိုက်ပျိုးရီး ဖြစ်တေ။ တောင်ယာလုပ်ငန်းစွာ တောင်ပေါ်နေတိုင်းရင်းသားတိဧ့ အဓိက အသက်မွီးဝမ်းကြောင်းဖြစ်တေ။ တောင်ယာလုပ်ဖိမည် ဆိုကေ ဦးစွာ မိသားစု လူဦးရွီကိုကြည့်ရရေ မိသားစုများ နိန်ကေ များပိုင် အကျယ် ချဲ့ခုတ်ထွင်းရရေ။ မိသားစုနည်းလျှင်နည်းပိုင် ခုတ်လိဟိရေ။ ထိုကြောင့် မိသား စုများလျှင် မိသားစုနန့်လောက်ငှရေ ယာခင်း ကို စနည်းနာလိ့လာရရေ။ ယကေလေ့ အခေါင်း သုံး လုံးဟိရေ ယာခင်းစွာ နတ်ဆိုးအိမ်၊ တောင်ယာလုပ်ကေသေမည်ဆိုကာ ရှောင်လိဟိရေ။ ကိုယ့်လုပ် ကိုင်ဖို့ ယာခင်းကို စနည်းနာပြီးကေ ထိုတောင်ယာကို လုပ်ကိုင်ဖို့အတွက် ဝါးပင် ငါး ပင်မှ ဆယ်ပင် လောက်လှောက်ခုတ်ထားကာ အိပ်မက်ယူရရေ။ အိပ်မက်မာ ရီပြင်၊ ငါး၊ မြင်မက်က ကောင်းဧ့၊ မီး၊မိုး၊သွီးမြင်မက်က မကောင်း ဟုအနက်ကောက်ကာ အိပ်မက်ရယူရရေ။ အိပ်မက်ကောင်းပနာ စခုတ်ဖို့ရာဆိုကေ ဦးစွာ ဓားသွီးကျောက်ပြားကိုယာခင်းမာ သွားထားရရေ ထိုနိမာ ဝါးဆစ် တ ပိုင်းကို ပိုင်းဖြတ်ကာ ရေပြည့်ရရေ။ ရေပြည့်ရေ အခါမာ ရေမြှုပ်ကို ကြေ့ပနာ ပေါက်ပင်များမည် မများမည်ကို လှောက်မှန်းရရေ။ ထိုဝါးဆစ်ပြည့်ရေရေပုလင်းကို ဓားသွီးကျောက်ပြားပေါ်ထားပြီးသား အ လယ်တတည့်ခွဲဖြတ်ကာ မျိုးက်ပိုင်းလှန်နိန်ကေ နမိတ်ကောင်း သီးနှံထွက်တိုးကောင်းဖို့လို့ နောက်ဆုံးယာခင်းခုတ်ပြီးရေနိ မာ ပြုလုပ်ရရေ။ ယင်းချင့်အပြင် တောင်စောင့်နတ်၊ ချောင်းစောင့်နတ် အရပ်လေးမျက်နှာ ဟိနတ်တိအတွက် ယာခင်းကိုမီးဟိုးစွာအချိန်မာ ထွက်ဗြီးလွတ်နိုင်ဖို့ တုတ်ချောင်းသျှေချောင်းကို ပစ်ပီးထားရရေ။ တနှစ် တ နှစ် တောင်ယာကို ဇန်နာဝါရီလ နန့် အဘာာ် ဝါရီလ လောက်မှ စတင်ခုတ်လဲပြီး တောင်ယာ တခင်းကို နှစ်လကြာခန့် ခုတ်ထွင်းပြီး မာ့ခ်ျလ မာမီးဟိုးရရေ။ ဧပြီ လမာကောက် ပဲသီးနှံတိကို စတင်စိုက်ပျိုးရရေ။ ယာခင်း မာဇာ ပျိုးပင်၊မျိုးစိ မချခင် ကြက်၊ ခွီး၊ ဆိတ် ရို့နန့် ယာခင်းကိုသွီးပူဇော်ရရေ။ တောင်ယာလုပ်ငန်းမစတင်ခင် ရွာပြတ်လုံး ပေါင်း ကြက်၊ ဝက်၊ ဆိတ် ရို့ ဖြင့် ကပ်ဖီးဆိုးကျိုး ရွာသူ၊ ရွာသားတိအပေါ် မ ဆိုက်ရောက်စီရန် နန့် သီးနှံထွက် တိုးစီရန် ရွာခင်းပွဲကို ကျင်းပလ့းဟိရေ။ ထိုအချိန်အထဲ ရွာထဲမာ ရွာသူ ရွာသားတိစွာ အလုပ် လည်းမလုပ်ရ အပြင်လည်း မထွက်ရ ပိုင် ဇာ ဧည့် စွာကိုမှ အဝင်မခံပါ။ ဝင်မိပါက ထိုအခင်းပွဲမာ ကုန်ကျစရိတ်ကိုပီးလျော်ရေအပြင် အခင်းချိုးဖောက်မှု ဒဏ်ကျေးလည်း အကန့် သတ်မဟိ ပီးလျော်ရရေ။
ရွာခင်းဓလိ့
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုလူမျိုးဓလိထုံးတမ်းအရ တနှစ်မာ ရွာခင်းပွဲ နှစ်ကြိမ်ကျင်းပ လိဟိရေ တောင်ယာမီးရှုးပြီးရေ အချိန်မာ ဇာ မျိုးစေး ယာခင်းမာမဝင်ခင် တခါ၊ မျိုးပင်များ ဖူးပွင့်ခါစ တခါ နှစ်ကြိမ် ကျင်းပလိဟိရေ။ ယကေလေ့ ကျေးရွာ အဖျားနှာများတွက်နန့် ကေလည်းကောင်း၊ လူနှစ်ဦးအထက် ဆက်သက်လို့ သီဆုံးကေလည်းကောင်း ရွာခင်းပွဲ လုပ်ရရေ။ ထိုအခင်း ပွဲစွာ ပုံမှန် ခင်းရိုးမ ဟုတ် ဘဲ ကုလားမမျိုးက် သို့မဟုတ် ကဒိုးကဒါ နှစ်ကောင်ကို တောထဲမာ မရရယောင်ဖမ်းရရေ။ ရရာဆိုပါက ထိုအကောင်ကို အရည်ခွံခွာလို့ယင်းအရီခွံအား ဖြင့်လေးလက်နက်ကိုင်ရေ လူပုံကိုဆင်လို့ ရွာဧ့ အဝင်ဝ မာတခု ထွက်ပေါက်မာ တခု အဝတ်ဆိုးဖြင့် လေးလက်နက်ကိုင်ရေ အရုပ်ပုံကို ချိတ်ဆွဲ ကာထားရရေ။ ယင်းချင့်အပြင် အဝင်ဝ နန့် ထွက်ပေါက်မာ ဝါးခြမ်းစိတ်ချွန် နန့် ကြိမ်စူး ဖြင့် စည်းရိုး ကိုထိုးရား ကာရရေ။ ညဇာ မိုက်စမာ ကျောက်စ ရိုက်များ နန့် ဆန်ကို ရောပြီးနတ်ဆိုးမောင်းထုတ်ရေ ကာထာ ခုနှစ်ခါ ရွက်ဆိုကာ ဆုံခေါက်ပြီး ယင်း ကာထာဖြင့်ရွက်ဆိုထား ရေကျောက်စရိုက် နန့်ဆန်ကို အိမ်ဂြောက် ရွာပြင်နီရာအနှံ့ကျဲ့မောင်းရရေ နတ်ဆိုးဟိ မဟိ ကို ထွက်ပေါက်တိုင်း ခြည်မျှင်ပင်၇ ပင်ပတ်ထိုးထားရေကိုကြည့်ရရေ။ တကယ်လို့ နတ်ဆိုးထွက် ပါက ထိုခြည်မျှင်ကြိုးဖြတ် ကိုကြည့်ခြင်းအားဖြင့် ဒေချင့်ကထွက်ရေလို့ မှတ်ယူပါရေ။ ထိုအထဲ အပြင်အာဂန္တု ကိုလုံးဝ ဝင်ခွင့်မပြု ပိုင်ရွာသားတိလည်းရွာအပြင်ထွက်ခွင့်မပြု ။ (၇) ရက် တ ပတ်ပြုလုပ်ရရေ ယကေလေ့ ရွာသားတိကမူ တရက်မှ နှစ်ရက်ထိသာ တိတ်တိန်းပြုလုပ်ပြီးကေ သုံးရက်မြောက်မာ အပြင်ထွက်နှိုင်စွာ အပြင်အာဂန္တု ကိုမှု (၇) ရက် အဝင်မပြုပါ။ ထိုအခင်း ကို( ခင်မ်ဆုံ ) နတ်ဆိုးမောင်း ထုတ်ရေလို့ခေါ်ပါရေ။[၂၇]
စားယှာမ်ခင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ](စားယှာမ်ခင်) စွာ ကောက်ပဲသီးနှံများ ဖူးပွင့်စအချိန်မာ ပြုလုပ်ဗလင့်ဟိရေ။ ထိုအခင်းစွာ အသီးအနှံများ အထွက်ကောင်းနိုင်ဖို့ နန့် တောတိရိစာ္ဆန် များမပျက်စီးရန် ဖြစ်တေ။ အခင်းပြုလုပ် ပုံမာ ကောက်ညှင်းအနက်တဗူးကို ရီစိမ်ထားရရေ ထိုကောက်ညှင်းမဲနက်ရည်ကို ဝါးတဆစ်မာအပြည့်ထည့်ကာ ကြက် နန့်အတူ ယာခင်းကို လားပနာ ယာခင်းပတ်ပတ်လည်ဖြန့်ရရေ။ ယာခင်း ပတ်ပတ်လည်ဖြန့်ပြီးကေ ယာခင်းမာ စိုက်ပျိုးထားရေ စပါးပင် တမျိုးမှ တပင်၊ ကောက်ပဲသီးနှံများ တမျိုးမှ တပင်စီစုဆောင်းရရေ ယင်းပစ္စည်းတမျိုးစီစွာ ပိန်းရွက်ပေါ် ပုံထားပြီးသား ကြက်သွီးဖြင့်ပူဇော်ရရေ။ ယာခင်းမာ ပူဇော်ပြီးကေ (တောင်ယာမှကျောက်ဖရုံညွန်းခူးလာယားထိုကြက်ကောင်ကို ကျောက်ဖရုံညွန်းနန့်ချက်စားရစွာမှာအလွန်ပင်မြိန်ရေ ဟင်းပွဲ တခွက်ဖြစ်တေ)။ တ ဖန်ရွာအလယ်မာယဇ်ပူဇော်ရန်ပန်လင်ဆောက်ရေ။ယင်းစင်ထက်မာရွာပြတ်လုံးကောက်ပဲသီးနှံအမျိုးအစားအသီးသီးကိုကြက်တကောင်စီနန့်အတူယူဆောင်လာကတ်၏။ ရွာပြတ်လုံးဧ့ကောက်ပျိုးပင်စုံပြီဆိုခကေ ဓလိ့ရိုးရာ သိနားလည်သူ သက်ကြီးသူတဦးမှ ဆုမွန်ကောင်း တောင်းပြီး ယင်း ကောက်ပျိုးပင်တိအား ကြက်သွေးဖြင့်ပူဇော်ပသပြီးရာဆိုကေ ကိုယ့်ကြက် ကောင်ကိုလာယူကတ်တေ။ ထိုပွဲအခင်းစွာ သုံး ရက်ကြာသာပြုလုပ်ကျင်းပရေ။ ထိုအခင်းအထဲလည်းအပြင်အာဂန္တုကိုကျေးရွာအထဲ ဝင်ခွင့်မပြု၊ ဝင်မိပါက ကြက်အကောင် တရာ နန့် ဝက် ငါးဆုပ် တကောင် ပီးလျော်ရရေ။ ထို အခင်း မာရိုးရာ ကောက်ညှင်း မှုန့်ဖက်ထုပ်ကို အိမ်တိုင်းပြုလုပ်ကတ်တေ။ သုံးရက်လွန်မှရာ အခင်းအရာတွင်ရေလို့ ဆိုနှိုင်ရေ။
ဈာပန အခမ်းအနား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြိုအစိုင်အလာအရ ရွာတရွာမာ လူတဦးသီဆုံးလျှင် ရွာပြတ်လုံးအလုပ် မလားကြ ဘဲ အသုဘအ ခမ်းအနား မာပါဝင်ရရေ။ အသုဘစွာ တရက်မှ သုံးရက် ထားရရေ တကယ်လို့ ရွာ သူကြီး၊ တရွာမာ အကြီးအကဲ သီဆုံးနိန်ကေ ရပ်ဝီးက ဆွီမျိုးများ အသုဘသို့လာ တွိနှိုင်ရန် သုံးရက် ထားရရေ။ သာမန်လူဆိုကေ တရက် သာထားရရေ။ ထို အသုဘ ညများမား ညတိုင်း လပျို၊ အပျို၊ မင်းကျွန် တိက ရိုးရာ စောင် နန့် တုရိယာ ပလုံ ရို့နန့် တေးခြင်းကျူးဧကတ်ကေး စောင့်လိဟိရေ။ မြို ထုံးတမ်းအရ လူတဦးက အကြောင်း အမျိုးမျိုးကြောင့်ရွာဧ့အပြင်မာ သီဆုံးနိန်ကေ ကျေးရွာ ထဲမာ လုံးဝ ဝင်သွင်းလီ့မဟိ၊ ယင်းချင့်အပြင် ဒွေးချသီဆုံး သူတိကို သချၤိုင့်မာ မြေမြှုပ်ထားလိ့မဟိ ။[၂၈] [၂၉]၇ ရက်မပြည့်သိမ့်ရေ နို့စို့အချေ သီဆုံးကေလေ့ သချ်ိုင့် မာ မြှုပ် လိမဟိ။ တကယ်လို့ သီဆုံးသူကို မီးသင်္ဂြိုဟ်မည်ဆိုကေ ကျေးရွာမာ အိမ်တိုင်း ထင်းတချောင်း ကျ ပါဝင်ထည့်ပီးလိဟိရေ။ လူတဦးသေ ဆုံးတိုင်း ခွေးတကောင်သတ် ပီးဗလင့့်ဟိရေ။ အကြောင်းမာ ခွီးစွာ ဝိညာဉ် လားလိုရေနီရာ ကို လမ်းပြပီး ဖို့အတွက်ဖြစ်တေ။ [၃၀]ယင်းအသုဘ အခမ်းအနားမာ ပါရေ သူတိအတွက် အိမ်ရှင်မှ ဝက်တကောင် သတ်ရရေ။ ထို ကြောင့်ပင် မြို တိုင်းရင်းသား ရို့၏ အိမ်တိုင်း ကြက်၊ ဝက်၊ ခွီး ကမဟိမဖြစ် မွိးမြူရရေ။ ယင်းအပြင် အသုဘ အခမ်းအနားကို လားကတ်ရေ သူတိအိမ် ပြန်လာကေ အိမ်ထက် မတက်ခင် မီးဖိုက ပြာကို လှဂရင်း မာထားရရေအပြင် ခြေ၊လက်မာ ပြာမုန့် ဖြင့် ဆီးကြောလိဟိရေ။ ဇာကြောင့် မီးဖိုပြာမုန့် ဖြင့် အသုဘပြန်လာရေအခါ မာ ဆီးကြောရစွာလဲ ဆိုကေ ရိုးရာ ပုံပြင်အရ ရှေးရှေး က မြို လူမျိုးစွာ သီဆုံးသူတိကို သီဆုံးစွာ ဟု မဆိုပေ၊ လူတဦးစွာ ခန္ဒာကိုယ်လဲ ရေလို့ သာခေါ်ပြီးကေ ၇ ရက် တပတ်ဆိုကေ ပြန်လာရေ ဟု ဆိုကတ်ရေ။ ယင်းပုံပြင်မာ ဧပိုင် ဆိုပါ စွာ တရက်မာ ဆွေးမ ဧ့ယောက္ခထီး က မသီဆုံးခင် ဆွေးမ ကို မာထားရေ(၇)ရက်တပတ်ပြည့် လျှင်ပြန်လာမည်အရုပ်ဆိုးမည်ဖြစ်ရေ အတွက်ရပူအိုး တည်ထားပါဟုမာထားအပြီး သေ ဆုံးလားရေ။ ဆွေးမစွာ ယောက္ခထီးမာထားရေ အတိုင်း (၇) ရက်ကို စောင့်နီလို့ (၇) ရက်ပြည့်ညစာဖက် မီးဖို မှ ထွက်လှာပြီး ငါ့ဆွေး မ ငါပြန်လာယာ ရီချိုး ပီးပါအုံးသိမ့် လို့ ပြောလှာစွာကို ကြား စွာ နန့် ပြိုးကြည့် ရာ .ဆွေးမစွာ .တခါတည်းထိပ်လန့်ပြီး ယောက္ခထီးမဟုတ် ဆစ္ဆီ ဟု ဆိုကာ မီးဖိုက ပြာဖြင့် ပစ်ပေါက်လိုက်ရေ။ ယင်းခါ ဝါကြီး စွာ ဧပိုင် မာကြားရေ လူသားစွာ သီဆုံးပြီးကေ ပြန်လာမည်မဟုတ်ကြောင်း ပြော ပြီး ပြန်လားလေဧ့ ဟု ဆိုရေ။ ထိုအချိန်မှစပြီးကေ ဒေနိန့်ထိ လူသားစွာ သီဆုံးပြီးကေ ပြန်မလာယာလို့ ယူဆကတ်လီရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (ခ) စာ-၄၂၅-၄၂၆။
- ↑ .မေယုတောင်စွယ်ကြားမှသွီးချင်းမောင်မေများ(သျှင်ထွေးယဉ်)
- ↑ ရခိုင်ရာဇဝင်သစ်ကျမ်း(ပထမတွဲ)(စာ ၉၃-၉၆)(စာ ၁၂၂-၁၃၅).
- ↑ History of Burma ,1883,pg,43,45
- ↑ Mro-cha-A hub for Mru Indigenous people promoting the Mru Retaning their Ethnicity,pg,24
- ↑ ဓညဝတီရာဇဝင်သစ်ကျမ်း(ပဌတွဲ)၊၁၃၁၆-ခုနှစ်၊စာမျက်နှာ-၁၃၁။
- ↑ Morternal Morbidity and Mortality among Indigenous People in Bangladesh: A study of the Mru Community, pg,18,32
- ↑ A Politics of Nudity: Photographs of the‘Naked Mru’ of BangladeshWILLEM VAN SCHENDELhttps://pure.uva.nl/ws/files/3501618/153275_201292.pdf
- ↑ Francis Buchanan in Southeast Bengal (1798) ,P.65.
- ↑ ရှုဒေါင့်ၐျာနယ် စာမျက်နှာ (၃၅)
- ↑ Francis Buchanan in Southeast Bengal,1798 . Edited by Willem Van Schendel, 1992. p.65,67..
- ↑ Ethnology of India .,R.G.Latham, 1997, P,88..
- ↑ Notes on the Early History ,The Geography,The Languages & Dialects, The Brahman & Sanskrit Literature, of British Burma, ( Em.Forchhammer,Ph.D,1883-85).
- ↑ British Burma Gazetteer Vol.ll in 1879 , P. 425
- ↑ L.G. Loffler. 2012.Ethnographic- Notes on the Mru and Khumi of the Chittagong and Arakan Hill Tracts. A Contribution to our knowledge of South and Southeast Asian Indigenous Peolples, mainly based on filed research in the Southern Chittagong Hill tracts.
- ↑ 12. Mro-A Typeface for Mro A Chittagong Hill Tract Language Script
- ↑ Morphosyntactic Analysis of Mro Language
- ↑ JTC1/SC2/WG2 N3589R L2/09-097R 2009-10-27
- ↑ H. Yamada. 2019. NEGATIVE ORIGIN OF A CULTURAL TRAIT? MYTHS OF THE LOSS OF LITERACY, P, 47-48.
- ↑ ရှုဒေါင့်ၐျာနယ် စာမျက်နှာ (၃၅)
- ↑ ရိုးမခေါ်သံ မောင်စံဖော်(စာ၁၂-၁၅)(စာ ၁၆-၁၉).
- ↑ THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOZi. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon,p, 425.
- ↑ မေယုတောင်စွယ်ကြားမှသွီးချင်းမောင်မေများ(သျှင်ထွေးယဉ်) စာမျက်နှာ-၈၄-၈၆
- ↑ THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOZi. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon,p, 425.
- ↑ https://www.researchgate.net/publication/226498628_Housing_pattern_and_food_habit_of_theMro-tribe_community_in_Bangladesh_A_forest_dependence_perspective မြိုလူမျိုးရို့ ရိုးရာအိမ်တည်ဆောက်ပုံအကြောင်းတရား။
- ↑ Housing pattern and food habit of the Mro-tribe community in Bangladesh: A forest dependence perspective
- ↑ THE,HILL TRACTS OF CHLTTAGONGAND THE DWELLERS THEREIN;BY GAPT, T. H , LEWIN, 1869. P-94
- ↑ British Burma Gazetteer .Vol.ll in 1879 ,P,425, 68.
- ↑ Captain .G. Rigby, History of Operations in Notherns in Arakan and Yawdwin Chin Hills , Rangoon, 1897,P.80
- ↑ G,Hughes '' Hill Tracts of Arakan ,'' Rangoon ,1881, P, 23
- ↑ ထွန်းရွှီခိုင်(စစ်တွေကောလိပ်)၊ ရခိုင်ရှိဟောင်း မြို့တော်များ၊ စာ - ၁၄၁
အရာဖတ်နှိုင်ရေလင်ခ့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]https://en.wikipedia.org/wiki/Mru_people
ပြင်ပလင်ခ့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]http://www.jmaministries.org/reaching-mru.html Reaching Mru people in Myanmar.
http://en.banglapedia.org/index.php?title=Mru,_The Banglapedia, National Encyclopedia of Bangladesh.
https://www.rufford.org/files/8744-1%20Detailed%20Final%20Report.pdf Archived 25 October 2020 at the Wayback Machine. Status and impact of traditional forest fauna harvesting by the Mro tribe in the hill forests of Bangladesh: Policy implications for biodiversity conservation.တမ်းပလိတ်:မြန်မာပြည် လူမျိုးများ