လက်ယာကျွန်း
လက်ယာကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လက်ယာကျွန်းစွာ မြောက်ဦးမြို့ဧ အနောက်တောင်ဘက်အနီးမာ ဟိရေ။ အရှိဖက်မာ ဘောင်းဒွတ်ကျွန်း (ပေါင်းတွပ်ကျွန်း)၊ တောင်ဘက်မာ ပြောင်းပြာကျွန်း၊ အနောက်ဘက်မာ ကောင်းကျော်ထင်ကျွန်း အသီးသီးဟိကတ်တေ။ မြောက်ဘက်မာ လုလင်ကျော်ကျွန်း ဟိရေ။ ရမ်းပြည့်ကျွန်း၊ မာန်အောင်ကျွန်းတည် သမိုင်းတစ်စောင်အရ ပျားတဲကျွန်းစွာ လက်ယာကျွန်းအဝင် ဖြိုက်ကြောင်း ဆိုထားရေ။ ယေဇုနန့် လက်ယာကျွန်းမာ ပျားတဲ၊ လောင်းရှည်၊ လောင်တိုက်၊ သံတရာ၊ ဒွါရ စရေရွာတိ ပါဝင်ရေ။
လက်ယာကျွန်းစွာ ဘုရင်ဧ လက်ယာမြန်အမတ်ကို စားကျေးပီးရေ အရပ်ပင်ဖြိုက်တေ။ (လက်ဝဲမြန် အမတ်အတွက်စားကျေးမာ ကုလားတန်မြစ်အနောက်ကမ်းမာ ဟိခရေ။ ဂုထိတိုင် လက်ဝဲမြန် ရွာဆိုပနာ သဲတက်ရွာမြောက်ဘက်အနီးမာ နာမည်စွဲဟိနီသိမ့်ရေ။)
လက်ယာမြန်ဆိုရေ ရာထူးကို ဓညဝတီခေတ်မာ စတင်တွိ့ရရေ။ မြောက်ဦးခေတ် ဥက္ကာဗလမင်းလက်ထက်မာ လက်ယာမြန်စစ်ကဲကြီးလို့ သုံးခရေ။(စန္ဒ။၂း၂၂၅)။ ၁၇ဝ၄-ခုမာ လက်ယာမြန်မာ ထွန်းဖြူဖြိုက်တေ(စန္ဒ။၂း၂၃၉)။ ၁၇၃၇-ခုနှစ်မာ မေတ္တရာဇ်ဘုရင်က သူငယ်တော်ကြီးကို လက်ယာမြန်အရာပီးခရေ။(စန္ဒ။။၂း၂၅၉)။ ဒေစွာကို ထောက်က လက်ယာမြန်အရာစွာ သူငယ်တော်ကြီးအရာထက် မြင့်ကြောင်း ထင်ယှားပါရေ။ နရအဘယရာဇာမင်း လက်ထက်မာ လက်ယာမြန်မာ ခမက်တော် ဂူတာဖြိုက်တေ။ ဘုရင်ဧ အားကိုးအားထားပြုရာ အမတ်ပင် ဖြိုက်တေ။ ထိုအမတ်စွာ ၁၇၄၅-ခုနှစ်မာ အနောက်ပြည်ကို ဟရမားတိုက်ချီတက်ခရေ။(စန္ဒ။၂း၂၆ဝ)။ ဟရမားတိုက်ခိုက်တေ ဆိုစော်က လျှပ်တစ်ပြက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခြင်းပင်ဖြိုက်ရေ။ အင်အားပြလိုရေ သဘောလည်းပါဝင်ရေ။ ၁၇၆၃-ခုနှစ်မာ လက်ယာမြန်မာ နန္ဒာသီရိ ဖြိုက်တေ။ ၁၇၇၇-ခုနှစ်မာ လက်ယာမြန်မာ ခေါင်းမဲသွယ် ဖြိုက်တေ။ မဟာသမ္မတရာဇာမင်းလက်ထက် လက်ယာမြန်မာ မောင်ထွီးဖြိုက်တေ။(စန္ဒ။၂း၂၆၉၊၂၈၅၊၂၉၇)။ မောင်ထွီးစွာ ရက္ခိုင်ရို့ဧ နောက်ဆုံးလက်ယာမြန်ပင် ဖြိုက်ရေ။
မြို့ဝန်ခေတ် ၁၇၉၈-ခုနှစ်မာ လက်ယာမြန်ရွာအုပ် ငတုံးစံ နန့် အပေါင်းအပါရို့စွာ တန်ဆောင်မုန်းလ၌ တိုက်စည်တိုက်မောင်းတီးပြီးကေ တော်လှန်ပုန်ကန်ခကတ်တေ။ ချင်းပြန်ရို့စွာ မြောက်ဦးမြို့ကို သိမ်းပိုက်စိုင်ကာလ ၁၈၁၁-ခုနှစ်မာ မြန်မာရို့ဧ ထိုးစစ်ကို ခုခံနိုင်ဖို့ ဒေကျွန်း၌ တပ်အင်အားတစ်ခု ချထားခရေ။ ထိုခုခံမှုကို အားပျော့ပနာ ပြယ်ပျက်လားလီရေ။(စန္ဒ။၂း၃၄၅၊၃၄၉)။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)