Jump to content

လိင်နန့် မျိုးပွားခြင်း

ဝီကီးပီးဒီးယား က

လိင်နန့် မျိုးပွားခြင်း ရေ မိဘ နှစ်ပါး ရို့ဧ ဂျီးတိ (genes) ကို ပေါင်းစပ်ပနာ ကွဲပြားရေ မျိုးဆက်သစ်တိ ဖြစ်ပေါ်ရေ နည်းဖြစ်ရေ။ ဂျီး မျိုးဆက်တိ ပျံနှံ့ခြင်းကို ခရိုမိုဇုန်း (chromosome) ဟိ dixoyribonucleic acid (ဒီအန်အေ) တိ ပေါင်းစပ်ခြင်းဖြင့် ဆောင်ညှင်းပြီး မျိုးဆက်သစ်တွင် ခရိုမိုဇုန်း နှစ်မျိုး သယ်ဆောင် ပါဝင်ရေ။ ခရိုမိုဇုန်း နှစ်ခု ပါဝင်ရေ အခြီကို diploid ဟုခေါ်ပြီး[] ခရိုမိုဇုန်း တစ်ခုသာ ပါဝင်ရေ အခြီကို haploid ဟုခေါ်ရေ။ diploid သက်ဟိရုပ်စု ရေလည်း မိရိုးစစ် (meiosis) နည်းဖြင့် ခရိုမိုဇုန်း တစ်ခုကို ကျပန်းခွထုတ်ခြင်းဖြင့် haploid ဆဲလ် (ဂမိတ်) အဖြစ် ပြောင်းနိုင်ရေ။ မိရိုးစစ် နည်းစဉ်တွင် တူညီရေ ခရိုမိုဇုန်း တိအားရောပနာ အသစ်ဖြစ်ပေါ်ပြီး ခရိုမိုဇုန်း ပေါင်းစပ်ခြင်း (chromosome crossover) အဆင့် တစ်ခုလည်းပါရေ။ ခရိုမိုဇုန်း ပေါင်းစပ်ခြင်း နန့် သန္ဓေအောင်ခြင်း (fertilization) ရေ မျိုးဆက်သစ်တွင် မိဘ နန့် ခြားနားရေ ဂျီး မျိုး ကို ဟိစီရေ။

ပျားနှစ်ကောင် မိတ်လိုက်နေပုံ

လိင်ဖြင့် မျိုးပွားရေ သတ္တဝါ ရို့တွင် ၎င်းရို့ဧ ဘဝကို haploid အခြီဖြင့်သာ ဖြတ်သန်းပြီး haploid အခြီတွင် ဆဲလ်တစ်ခုသာ ဟိရေ။ သတ္တဝါရို့ဧ ဂမိတ် တွင် အထီး နန့် အမ — သုတ်ကောင် နန့် မျိုးဥ ဟူပနာဟိရေ။ ၎င်းဂမိတ် ရို့ မိတ်လိုက်ခြင်း ဖြင့် သန္ဓေလောင်း ဖြစ်ပေါ်ပြီး မျိုးဆက်သစ် ရစီရေ။

ဂွေးဥမှ ထုတ်ရေ အဖိုဂမိတ် သုတ်ကောင် ရေ သေးငယ်ရေ ဆဲလ်ဖြစ်ပြီး flagellum ခေါ် အမြီးပါပြီး ယက်ပနာ လားနိုင်ရေ။ သုတ်ကောင် ရေ အလွန် ချုံ့ထားရေ ဆဲလ်ဖြစ်ပြီး သန္ဓေလောင်း ဖြစ်ပေါ်ရန် လိုအပ်ရေ ဆဲလ်နန့်ဆိုင်ရာ ပစ္စည်းတိ မပါချေ။ သုတ်ကောင်ရေ လှုပ်ရှားရန်၊ အမ မျိုးဥ ရှာရန် နန့် မျိုးဥ တွင်းဝင်ရောက်ရန်သာ အားကတ်ရေ။

သားအိမ်မှ ထုတ်ရေ အမဂမိတ် မျိုးဥ ရေ မလားနိုင်ရေ အကြီးစား ဆဲလ်ဖြစ်ပြီး အာဟာရ နန့် သန္ဓေလောင်း ဖြစ်ပေါ်ရန် လိုအပ်ရေ ဆဲလ်နန့်ဆိုင်ရာ ပစ္စည်းတိ ပါဝင်ရေ။ မျိုးဥဆဲလ်တိရေ သန္ဓေလောင်း ဖြစ်ပေါ်ရန် အထောက်အပံ့ပြု အခြားဆဲလ်တိပါ ဝိုင်းရံ တတ်ပြီး အဖြစ် တည်ဟိရေ။ နို့တိုက် သတ္တဝါ တိတွင် သန္ဓေလောင်းတိ အမဧ သားအိမ်တွင်းမှာပင် ကြီးထွားပြီး မိခင်ထံမှ အာဟာရ ကို တိုက်ရိုက် ရယူရေ။

  1. John Maynard Smith & Eörz Szathmáry, The Major Transitions in Evolution, W. H. Freeman and Company, 1995, p 149