လိပ်ကမ္ဘာမ
လိပ်ကမ်ဖာမ (လိပ်ကမ္ဘာမ)၀တ္ထု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရိုးရာဝထုတိမိတ်ဆက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ပြည် ကျွန်းရွာရို့မာ၀တ္ထုပြောဓလေ့ရေ ရိုးရာအလေ့ တစ်ခု ဖြစ်ပါရေ။ ပြောလေ့ပြောထဟိကတ်တေ ၀တ္ထုတိထဲမာ အဂု ဖော်ပြလားဖို့ လိပ်ကမ္ဘာမ (လိပ်ကမ်ဖာမ) ၀တ္ထုက ထိပ်တန်းက ပါ၀င်ပါရေ။ အေ၀တ္ထုကို ရှိခေတ်မာ စာနန့် ပီနန့် မှတ်တမ်းတင် ထားစွာဟိကြောင်း မှတ်တမ်းမှတ်ရာ မတွိဖူးပါ။
ဗြိတိသျှကိုလိုနီခေတ်မာ ရခိုင်သမိုင်းသုတေသီ၊ ဂုဏ်ထူးဆောင် ကျောက်စာ၀န်ဟောင်း ဦးစံရွှေပု (၁၈၈၁-၁၉၄၅)က မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တိမာ (၁) လိပ်ကမ္ဘာမ၀တ္ထု၊ (၂) ကျီးဖြူရွာ၀တ္ထု၊ (၃) ငန်းတော်ရှည်၀တ္ထု၊ (၄) သံကိုးမောင်း၀တ္ထုရို့ကို အင်္ဂလိပ်ဘာသာနန့် တင်ပြဖူးပါရေ။ ရခိုင်ရိုးရာ၀တ္ထုတိကို ကမ္ဘာသိဖော်ထုတ် တင်ပြခရေအတွက် ဦးစံရွှေပုကို ရခိုင်တစ်မျိုးသားလုံးက ကျေးဇူးတင်ဖို့ ကောင်းပါရေ။
လိပ်ကမ္ဘာမ၀တ္ထုရေ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းဆိုရေပိုင် တစ်ရွာနန့်တစ်ရွာ တစ်စိ တစ်ဗွေ ကွဲချင်ကွဲပါဖို့။ ယေဘုယျ ဇာတ်လမ်းအကြောင်းအရာကတော့ခါ ကွဲလွဲဖို့ မထင်ပါ။ အောက်မာတင်ပြထားရေ ပြောနည်းဆိုဟန်ကို ပေါက်တောမြို့နယ် လက်ပံပြားရွာသူ အမျေထာဦးဖြူ (၄၇-နှစ်)ပါးက ရဟိပါရေ။ ဖတ်ကြည့်ကတ်ပါဘိ။
ဒါထွီးမေ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အယင်ကခါလတ် ရွာတစ်ရွာမာယင် ဆင်းရဲသားတံငါသည် လင်မယားဟိလတ်။ ယင်းလင်မယားမာ ဒါထွီးမေခေါ်ရေ သမီး သျှေတစ်ယောက် ရတတ်တေလတ်။ သမီးသျှေက ကောင်းကောင်းလှရေဆိုရေ။ အမိနန့် အဘမာ ဒါထွီးမေကို အမိက ပိုချစ်တေလတ်။
တစ်ရက်နိခါယင် လင်မယားနှစ်ယောက် ချောင်းနံသာမာ ငါးယိုးဇောင် လောင်းနန့်လားကတ်လတ်။ ယင်းနိခါ ငါးထိုးလို့ မရနိုင်ဆိုရေ။ ဒါထွီးဘက စိတ်တိုနီလတ်။ ဒါထွီးမိမာတော့ခါ တစ်ကောင် ယိုးရရေဆိုရေ။ ၀မ်းသာအားရနန့် ““တစ်ကောင်ရလေး၊ သမီးလှမေထွီး၊ ဒါထွီးစားမေ၊ ချောင်းနံသာမာ မိယိုးရေ”” လို့ဆို ဗျာ တောင်းမာထည့်ထားလတ်။
တအောင့်သျှေလောက်ကြာခါ ဒါထွီးမိမာ ငါးနောက်တစ်ကောင် ရလတ်၊ ၀မ်းသာအားရနန့် ““နှစ်ကောင် ရလေး၊ သမီးလှ မေထွီး၊ ဒါထွီးစားမေ၊ ချောင်းနံသာမာ မိယိုးရေ”” လို့ ဆိုလိုက်တေလတ်။
ဒါထွီးဘမာတော့ခါ တစ်ကောင်လေ့ မရလတ်။ ဒါထွီးမိကလေ့သော့ ““ဒါထွီးစားမေ၊ ဒါထွီးစားမေ”” နန့် တပြတ်ပြတ်မြည်နီလို့ ဒါထွီးဘက စိတ်တိုလာလတ်။ နောက်တနားသျှေလောက်ကြာခါ ဒါထွီးမိမာ ငါး တစ်ကောင် ရပြန်လတ်။ ၀မ်းသာအားရနန့် “သုံးကောင်ရလေး၊ သမီးလှမေထွီး၊ ဒါထွီးစားမေ” လို့ ဆိုစွာနန့်---
““ယာ--- ဒါထွီး စား အရာတခါ”” လို့ ဒေါသတကြီးတက်ပြားနန့် ဘင်းခနဲ ပုတ်ပစ်လိုက်တေလတ်။ ဒါထွီး မိလေ့သော့ ချောင်းထဲကို ဂျုံးနန့်ပင် လူးကျလားခလတ်။ ဒါထွီးအမိက ရီကူးမတတ်။ ဂျုံးကနဲ ကျစွာ နန့် ပြုတ်နန့်ပင် မြုပ်လားခဆိုရေ။ မြုပ်လို့သီပြီးကေ တစ်ချိန်တည်း လိပ်ကမ္ဘာမဘ၀ကို ပြောင်းလားရေ လတ်။
ဒါထွီးဘကလေး “ငါလက်လွန်လားမလားဂု” လို့ ကြံရာမရ ဖြစ်ပြီးကေ အိမ်ကိုမှိုင်လို့ ပြန်ပါလတ်တေလတ်။
ဒါထွီးမေက အမိကို မမြင်ခါမီးလတ်။ ““အဘာ---အဘာ၊ အမင်မပါကာ၊ ဇာမာကျန်လိုက်””
““နင့်မိလား၊ နင့်အဘောင်သျှင်ရို့ အိမ်လားခယက်၊ ငါးလေးမရ မသျှေ””
အဘပြောစွာကို ဒါထွီးမေက ယုံပြီးကေ အမိကို မျှော်နီရေလတ်။ နီရာ ကျပါလတ်တေ။ ဒါထွီးမိ ပေါ်မလာ။ အမိမလာရေခါ မနီတတ် မထိုင်တတ်ဖြစ်ပြီးကေ အဘောင်မရို့အိမ်ကို လိုက်ပါလားရေလတ်။
““အဘောင်သျှင်--- အဘောင်သျှင်၊ အမင်ဝါ”” လို့ မီးခါ အဘောင်မက ““ထထူးကျကျော်၊ တခါရံထူး၊ နင့်မိ ငရို့အိမ် မရောက်ဖူး”” လို့ ပြောရေဆိုရေ။ အမိကို ရှာမတွိခါ ဒါထွီးမေ အိမ်သို့ ပြန်ပါလတ်တေလတ်။
““အဘာ---အဘာ၊ အဘောင်သျှင်က အမင်မရောက်လို့ရာ ပြောကာ””
““နင့်မိလား၊ နင့်မိ နင့်အခင်ကြီးရို့အိမ် လားခဟန်””
အဘ ယင်းပိုင်ပြောခါ ဒါထွီးမေက အဂေါင့်မှတ်ပျာ အခင်ကြီးရို့ အိမ်သို့ လိုက်ပါလားလတ်။
““အခင်ကြီး၊ အခင်ကြီး၊ အမင်တစ်ယောက် မရောက်လား”” လို့ မီးခါ၊ အခင်ကြီးကလေ့သော့ “တထူး ကျကျော်၊ တခါရံထူး၊ နင့် မိငရို့အိမ် မရောက်ဖူး”” လို့ ပြောလတ်။
အမိကို ရှာမရရေခါ ဒါထွီးမက ငိုဗျာ အဘကို ပြောလတ်။ ““အဘာ၊ အဘာ၊ အမင် ဇာလားခချင့်၊ အခင်ကြီး ကလေ့ မသိရာ ဆိုရေ။ အဘာ တစ်ချက်ရှာခီပါလင့်””
““နင့်မိလား၊ ငါ့ကို တစ်ခုက မပြောခ၊ လာလတ်လိမ့်မေ၊ နင့်မာ ထမင်းချက်ခီ၊ နီ၀င်နီဗျာ၊ ဇာဖြစ်ငိုနီလေ။ တစ်ခုမဖြစ်ဘဲနန့်၊ တိတ်”” လို့ ငေါက်လိုက်လတ်။
ဒါထွီးမေက အဘကို ကြောက်လို့လုပ်ရကေလေ့ စိတ်က တထင့်ထင့်လတ်။ ထမင်းလေ့ စားမ၀င်။ အိပ်လို့လေ့ မပျော်လတ်။
မိုးလင်းလို့လေး အမိပေါ်မလာခါ ဒါထွီးမေက “ဧကန္တ အဘာနန့် အမိရို့ ရန်ဖြစ်လီဖို့။ အဘာမျက်နှာလေ့ ကောင်းမလှ၊ ငါမိန်း ကြည့်မေလေ”” လို့ စိတ်ကမှတ်ဗျာ။
““အဘာ---အဘာ၊ အမင်မလာဗျာယ်ကာ၊ အမင်နန့် အဘာ နန့် ဇာဖြစ်ကတ်လေ၊ ဒါထွီးကို အမှန်ပြော”” လို့ မီးလတ်။ ဒါထွီးဘက ဖုံးထားလို့ ရဖို့မဟုတ်မှန်းသိရေခါ “ဒါထွီးမေ၊ အဘာ--အမှန်ပြောဖို့ဗျာယ်၊ စိတ်ကိုထိန်းထား၊ နင့်မိ ချောင်းထဲမာ လူးကျလာခရေ၊ အဘာ ဆည်လို့လေး မရလိုက်” လို့ ပြောလတ်။
ယင်းစကားကို ကြားစွာနန့် ဒါထွီးမေ ဝီကနဲကျွီးပစ်လိုက်ပြီးကေ အကြိမ်ကြီး ချလို့ငိုလတ်။ အိမ်နားပါးချင်းတိက ဒါထွီးငိုသံ ကြားလို့ လာဗျာ သတင်းမီးကတ်တေလတ်။ ဒါထွီးဘက ““ဒါထွီးမိ ချောင်းမာလူးကျလို့ သီလခရေ”” လို့ ပြောလတ်။ ရွာသားတိက ဒါထွီးမေကို သနားကတ်တေ။ အဘကိုတော့ခါ ““အသုံးမကျရေလူ ရာမနား”” လို့ အပြစ်တင်ကတ်တေ။ တက်နန့်ပုတ်ပစ်လို့ ချောင်းထဲ လူးကျဗျာ သီစွာကိုတော့ခါ တစ်ယောက်လေ့ မသိကတ်လတ်။
ကြက်ချီးမေ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ယင်းပိုင်နန့်ပင် ဒါထွီးမေက အမိမဟိလို့ စိတ်ညစ်၊ ဒါထွီးဘ က မယားမဟိလို့ အိမ်မှာစိတ်မ၀ပ်။ နောက်အိမ်ထောင်ပြုဖို့လို့ မယားရှာရေ။
တစ်ရက်နီခါ ဒါထွီးဘက ဒါထွီးမေကို ခေါ်ပြီးကေ တောင်းသျှေ ပလုံးသျှေ ရောင်းဇောင် လားကတ်တေ။ တောင်းလေ့ရောင်း၊ မယားလေ့ရှာဆိုရေ သဘောနန့် ရွာစိုင်လည်ဗျာ ရောင်းရလတ်။
ရွာတစ်ရွာ ရောက်တေခါ နီ၀င်လားခရေ။ ရွာစွန်က မုဆိုးမ အိမ်တစ်အိမ်မာ ရီးတောင်းသောက်ပျာ။ ““ဒေအိမ်မှာ တစ်ညတည်းပါမေ”” ဆို ပနာတည်းဖို့ကျရေ။ သတင်းပလင်းမီးကတ်တေခါ မုဆိုးဖို မုဆိုးမ ဖြစ်စွာကို အချင်းချင်းသိကတ်တေလတ်။
ယင်းမုဆိုးမက အရုပ်ဆိုးဆိုး၊ အပြောအဆို အပြုအမူလေ့ ကြမ်းရေ။ ရွာသားတိက “ဘလူးမပိုင်ကာ” လို့ လိုက်လိုက်ခင်ခင် မဆက်ဆံကတ်ဆိုရေ။ ယင်းဘလူးမမာ အရုပ်ဆိုးဆိုးနန့် သမီးသျှေ တစ်ယောက်ဟိလတ်။ အသားက မဲမဲ၊ ပါးစကလေ့ ပြဲပြဲလတ်။ နဖူးက မောက်မောက်၊ ကျောက်မရာလောက်လို့ဆိုရေ။ နှာခေါင်း ကလေ့ ချွန်းချွန်းလတ်၊ နာမည်ကလေ့ အရုပ်နန့်လိုက်တေ။ ကြက်ချီးမေလို့ ခေါ်လတ်။
ညဉ့်အိပ်ကတ်တေခါ ဒါထွီးမေရို့သားဘက အိမ်ရှိပြောခန်းမာ၊ အလယ်ဆိပ် ထရံခေါင်းပြုလို့ အိပ်ကတ်တေ။ ခေါင်းချင်းပူးရေပိုင် ဖြစ်နီရေ။ အလယ်ဆိပ်ထရံ အောက်ခြီမာ အပေါက်တိဟိရေလတ်။
အိပ်ရာမ၀င်ခင် ကြက်ချီးမေမိက သမီးကို တိုးတိုးသျှေ သင်ထားလတ်။ ““သမီးကြက်ချီး၊ သိုင်ခေါင်လောက် အိပ်မောကျကတ်ခါ ငါက နင့်ကိုလက်တို့ နှိုးမေ။ နင်က ငါ့ဆံပင်နန့် ထိုလူ့ဆံပင်ကို ထရံပေါက်က အသာသျှေဆွဲယူဗျာ ချိုင်ထား။ မိုးလင်းလို့ ယင်းလူ နိုးစွာနန့် နင်က ““လူမမြားပဲ နတ်မြားရေ အလူရို့”” လို့ ကကောင်းဟောလိုက်၊ ကြားလား”” လို့ သင်ထားလတ်။
ကြက်ချီးမေလေ့သော့ အမိသင်ထားရေအတိုင်း ဆံပင်ချင်း ချိုင်ရေ။ မိုးလင်းစာနန့် အိမ်နားချင်းတိကြားအောင် ဟောလတ်။
““အိုး---အလူရို့၊ ကြည့်ခလိုက်ကတ်၊ ကြည့်ခလိုက်ကတ်၊ လူ မမြားပဲ နတ်မြားရေ၊ လူမမြားပဲ နတ်မြားရေ၊ ရွာသားရို့ ကြည့်ခ လိုက်ကတ်””
ယင်းပိုင် ကြက်ချီးမေဟောသံကို အိမ်နားချင်း ရွာသားတိ ကြားခါ လာကြည့်ကတ်တေလတ်။ ယင်းခါ ကြက်ချီးမေမိက ““ရွာသားရို့ သက်သီဖြစ်စီကား၊ နတ်မြားပီးပိုင် ဆံပင်ချင်းချိုင်လို့ကား၊ သမီးကြက်ချီးတသျှေဖြီလိုက်ယာ ငါတဖို့ရယောင်”” လို့ ပြောလတ်။ ယင်းပိုင်နန့် ဒါထွီးမေက မရည်ရွယ်ဘဲနန့် ကြက်ချီးမေမိ ဘလူးမ နန့် ရကတ်လတ်။
ဒါထွီးဘက ကြက်ချီးမေရို့ သားအမိကို ကိုယ့်ရွာခေါ်ယူခရေ။ ကြက်ချီးမေရို့မာ ဆိတ်မွီးစပ်လို့ ဆိတ်သျှေတရွီပါလတ်။
နောက်မယားရရေခါ ဒါထွီးမေဘက သမီးကို အရေးမစိုက်၊ မိထွီးနန့် လွှဲထားလိုက်တေ။ ကြက်ချီးမေမိက ဒါထွီးမေကို မမြင်နိုင်။ အိမ်မာ ဇာလုပ်လုပ် ဒါထွီးကိုချည်း ခိုင်းလတ်။ ရီခတ်ခီ၊ အိုးတိုးခီ၊ ထင်းပေါက်ခီ၊ ထမင်းစားခါကျကေ ဒါထွီးမေကို နောက်ဆုံးထားဗျာ အကျန်အကြွင်းကိုရာ ပီးလတ်။ ဆိတ်ကျောင်းဖို့ တာ၀န်ကိုလေ ဒါထွီးကိုချည်းရာ ခိုင်းလတ်။
ဒါထွီးမေက ဆိတ်ကျောင်းဖို့လားကေ မိထွီးမက ““ယာ ဒါထွီး စားဖို့”” ဆိုဗျာ ထမင်းချိုင်းတဖဲ့ကို ခွက်အပဲ့မာ ထားဗျာစီပီးလိုက်တယ်။
အမိဟိခါ အလိုလိုက်ထားခသလောက် မိထွီးက အလိုမလိုက် တောင်မကသီး၊ အမျိုးမျိုးနှိပ်စက်တေခါ ဒါထွီးမေ ကောင်းကောင်း စိတ်ညစ်တေ။ ထမင်းကျန် ဟင်းကျန်ကို မ၀တ၀စားရလို့ ကိုယ်ကြုံ ပါလတ်တေ။
လိပ်ကမ်ဖာမ (လိပ်ကမ္ဘာမ)နန့်တွိခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တစ်ရက်နိခါ ချောင်းနံသာနားကို ဆိတ်ကျောင်းဖို့ လားလတ်။ ချောင်းနားက အပင်အောက်မာ ထိုင်ယင်းပင် အမိကို အောက်မိ လာပြီးကေ ငိုခြင်းစီဗျာ ၀မ်းနည်းပက်လက် ကောင်းကောင်းငိုလတ်။ ယင်းခါ လိပ်ကမ်ဖာမ (လိပ်ကမ္ဘာမ)ကြီးတစ်ကောင် ချောင်းကတက်ပါလတ်ဗျာ။ ဒါထွီးနားလာပြီးကေ ငိုရေလတ်။ ဒါထွီးမေက ““ဒေလိပ်မကြီး ငရို့အမင်ဟိဖို့”” လို့ မှတ်ပနာ ဖက်လို့ ငိုရေ။ လိပ်မကြီးးက ချောင်းထဲဆင်းပါလာပြီးကေ ငါးတိ၊ ပုစွန်တိ ဖမ်းလို့ ပီးလတ်။ ဒါထွီးမေက ယင်းငါးတိ၊ ပုစွန်တိကို မီးဖော်ဗျာ ဖုတ်စားရေ။
ယင်းပိုင်နန့် ဒါထွီးမေရေ ချောင်းကမ်းနားကို နိစိုင်လာဗျာ ငိုခြင်းစီလို့စီ အမိလိပ်ကမ္ဘာမကို ခေါ်ရေ။
““ထမင်းချိုင့်တဖဲ့ ခွက်အပဲ့နန့်၊
ဆိတ်သျှေတရွီရွီ ကြိုးတခြီနန့်၊
အမင်လိပ်ကမ်ဖာ အဘာမယားရှာ၊
မယားမရ ဘလူးမနန့် ထက်ပက်ကျ၊
ရွှီနို့သျှင် အမင်တခေါက်ပေါ်ပါလတ်””
ယင်းပိုင် ငိုလိုက်စွာနန့် အမိလိပ်မကြီး “ဘွင်း” နန့်ပင်စီ ပေါ် ပါလတ်တေလတ်။ သမီးကို ငါးသျှေ၊ ပုစွန်သျှေတိ ရှာပီးရေ။ ဒါထွီးမေလေ့သော့ အမိနန့်တွိရလို့ ၀မ်းသာစွာ ငါးသျှေ၊ ပုစွန်သျှေတိ စားရစွာနန့် တဆတ်ဆတ် အယင်ပိုင် ကိုယ်ဘက်ပါလတ်တေ။ လှပါလတ်တေဆိုရေ။
ယင်းပိုင် လှပါလတ်စွာကို ကြက်ချီးမေမိ မြင်ရေခါ ““အေလောက် အငတ်လေ့ထားယက်၊ အေသူတကောင် သီလေ့ မသီ၊ ပျို့လို့ရာ ပိုလို့လှပါလတ်တေကာ”” လို့ စိတ်မာမှတ်တေလတ်။ ယေဇူးနန့် သမီးကြက်ချီးကို တိုးတိုးသျှေ ပြောရေဆိုပါ။
““ဘုသျှေ ကြက်ချီး၊ ဒါထွီးမေတကောင် ပိုလို့ရာပျို့လို့လှပါလတ်ကာ၊ အေနိဓညကဖက် ဆိတ်ကျောင်းဇောင်လားခါ နင်တချက် တိတ်တိတ်သျှေ နောက်ကလိုက်ပါလီ၊ ဇာလုပ်လေကြည့်ခီ၊ ယင်းရိတ်နာပါမ မသိစီကေနှမ်း””
ကြက်ချီးမေလေ့သော့ အမိမှာရေအတိုင်း နောက်ယောင်ခံ လိုက်ပျာ ကြည့်လတ်။ ဒါထွီးမေက ယင်းချင့်ကို အရိပ်မကျ။ နိစိုင် လားနီကျအတိုင်း လားပြီးကေ အမိကို ခေါ်လတ်။ လိပ်မကြီးလေ့သော့ ခါတိုင်းပိုင် ငါးသျှေ၊ ပုစွန်သျှေရှာပီးရေ။ ဒါထွီးကလေးသော့ စားနီကျ ဖုတ်စားရေ။
ပုန်းကြည့်နီရေ ကြက်ချီးမေက လိပ်မကြီးနန့် ဒါထွီးမေရို့ လုပ်ကတ်စွာတိကို အာလုံးမြင်ရေနှင့်ရာ။ သူမြင်ခစွာတိကို အမိ ဘလူးမပါးကို ပြီးပါလတ်ပျာ ပြောပြရေ။
““အေး----ငါကမှတ်ယင့်လေ၊ အေရိတ်နာပါမ ပျို့လို့လှပါလတ်စွာ တစ်ခုခုဟိဖို့လို့။ ထက်စီဗျာယ်၊ အေခေါက်ခါနရာကျရေ၊ အမိပါ သမီးပါ ဖမ်းကတ်မေ အေလိပ်မကို ရအောင်ဖမ်းဗျာ ချက်စားပြမေ””
ကြက်ချီးမေရို့ သားအမိ ယင်းပိုင် တိုင်ပင်ပြီးကေ လိပ်မကြီး ကိုဖမ်းဖို့ အကြံထုတ်တေလတ်။ ကြက်ချီးမေမိရွာက ဆီးသမားပါးတို့ပါလားပြီးကေ ပြောပြလတ်။
““ဆရာ အကျွန်နီထိုင်မကောင်းပါ၊ လိပ်သားရာ တခုချင်ခြင်း တပ်နီပါကာ။ လိပ်သားစားကေ ကောင်းလားဖို့ပိုင် တွိပါရေ။ ဆရာကို အကျွန့်အိမ်သျှင်ပင့်လှာကေ လိုက်လတ်ပါ။ လိပ်သားကို ဓာတ်စာကျွေးကေ ကောင်းဖို့လို့ တချက်ပြောပါ။ ဆီးကုခပိုလို့ ပီးပါမေ ဆရာ”” လို့ ပြောလတ်။ ပြီးကေ ဆီးသမားကို လာဘ်ထိုးထားခရေ ဆိုရေ။
အိမ်ကိုရောက်တေခါ ကြက်ချီးမေကို မုန့်လဗွီဆယ်ကိုးချပ် ၀ယ်ခိုင်းလတ်။ ယင်းမုန့်တိကို အိပ်ရာခင်းအောက်မာ ဘေးပတ်လည်က ချထားလတ်။ ပြီးကေ အိပ်ရာထဲမာ ဖျားကွန်ဆောင်နီ ရေ။ ဒါထွီးမေဘ ရောက်ပါလတ်တေခါ အဖျားတက်ကွန်ဆောင် ပြီးကေ အခြင်းဝီလို့ ကြိုင်းပြလတ်။
““ဘယ်ဘက်စောင်းလေး ဆယ်ချောင်းနံရိုး၊ ကြွကြွတ်ကျိုး၊
ညာဘက်စောင်းလေး ဆယ်ချောင်းနံရိုး၊ ကြွကြွတ်ကျိုး၊
လင်နှောင်းဆိုးစွာ ဒေဗျာယ်ကား၊ ဟိန်း---ဟိန်း---ဟိန်း””
ယင်းပိုင် ကြိုင်းပနာ ဘယ်စောင်းညာစောင်းလုပ်တေခါ မုန့်လဗွီတိ ကျိုးပြီးကေ ကြွတ်၊ ကြွတ်၊ ကြွတ်နန့်ပင်စီ မြည်လတ်။ ဒါထွီးမေဘက နံရိုးတိပင် ကျိုးလားဂုလို့ မှတ်ပြီးကေ မီးလတ်။
““ဖျားစွာ အများလားဂုဟိုင်း၊ ဆီးသမားပင့်ခီရဖို့လား””
““များတောင် ဘဇောင်ကဖို့လေး၊ ခန္ဓာတိကိုက်တေခဲရေ မခံနိုင်ဗျာယ်၊ ကြွတ်ကြွတ်နန့်ပင် မကြားလား၊ နံရိုးတိတောင် ကျိုးလားကား မသိ။ ဆီးသမားအတင်းပင့်ခီ ဟိန်း---ဟိန်း---ဟိန်း””
ယင်းပိုင်မယားက အကွန်ဆောင်လို့ မာယာနန့် ကြိုင်းပြရေခါ ဒါထွီးဘလေး အဂေါင့်ထင်ပြီးကေ ဆီးသမားပင့်ချီလတ်။ ဆီးသမားက စမ်းသပ်ကြည့်ကွန်ဆောင်ပြီးကေ ဒါထွီးဘကို လှမ်းမီး လိုက်လတ်။
““လိပ်သားမရနိုင်လား ကို၊ လိပ်သားကျွေးကေ အကို့အိမ်သျှင်မ ချချင်းကောင်းဖို့ကား””
ယင်းခါ ကြက်ချီးမေမိက အိပ်ရာထဲက ““လိပ်ပါလားဆရာ၊ ရနိုင်ပါရေ”” လို့ ၀င်ပြောလိုက်လတ်။
လိပ်ကမ်ဖာမ (လိပ်ကမ္ဘာမ) အသတ်ခံရခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]““အိမ်က ဒါထွီးမေ ချောင်းမာ ဆိတ်ကျောင်းဇောင်လားကေ လိပ်မကြီးတစ်ကောင် ရက်ပြတ်စီလာပါလတ်။ ကြက်ချီးမေ အကျွန့်ကို ပြောပါရေ။ ကြက်ချီးမေက တချက်ချောင်းနားလိုက်ပါလီ၊ လိပ်မကို ဘမ်းယူ၊ ဂုရဖို့ကား””
““အဂေါင်းလားဟိုင်း၊ ကြက်ချီးမေ””
““ဝှက်၊ အဂေါင့်၊ အဘာ ငါနန့်လိုက်ပါလတ်၊ ချောင်းနားမာ လိပ်မကြီးတစ်ကောင်နန့် အမေကြီးရို့က နိတိုင်းဖက်လို့စီမြင်ရေ။
ကြက်ချီးမေ ယင်းပိုင်ပြောခါ ဒါထွီးဘလေး လိုက်ပါလားလတ်။ အဝီးက ချောင်းကြည့်ကတ်တေခါ ကြက်ချီးမေပြောရေ အတိုင်း လိပ်မကြီးတစ်ကောင်နန့် ဒါထွီးမေရို့ ဘက်နီကတ်စွာကို မြင်လတ်။ ဒါထွီးမေဘက ဘမ်းဖို့လို့ ပြီး ထွက်ပါလားခရေ။ လူသံကြားစွာနန့် လိပ်မကြီးလေးသော့ ချောင်းထဲဆင်းပြီးလားခဆိုရေ။
ဒါထွီးဘက ကွန်ချာပိုက်နန့် ဘမ်းရဖို့ဆိုဗျာ အိမ်ကပိုက်လာယူလတ်။ မြှုံးကြီးလေး တစ်လုံးယူခဆိုရေ။ မြှုံးကြီးကို ချောင်း၀မာ ထောင်ထားပြီးကေ ချောင်းလယ်လောက်က ကွန်ချာပိုက်ကိုပစ်လို့ အ၀ဖက်သို့လောင်းနန့် စုံဆင်းလာလတ်။ ဒါထွီးမေလေး အမိကို ဘမ်းရလားဖို့ ကြောက်ပြီးကေ။
““မြှုံးကြီး ထောင်လီယင့်၊ အလယ်ကွန်ချာပစ်လီယင့်၊ အမင် အဖျားတက်ပြီးလီ”” လို့ ဟောလတ်။
သမီးဟောသံကိုကြားခါ လိပ်ကမ္ဘာမလေးသော့ အဖျားဖက်သို့ တက်ပြီးလားလတ်။
ဘမ်းမရခါ အဘာကမာန်ပြီးကေ “အေခွီးသမ်ီးမှောင့်လို့ကား၊ မဟုတ်ကေ ဖမ်းလို့ရလိုက်ဖို့၊ အေခေါက်ကြည့်မေ ရွတ်ဖို့လား”” လို့ ဆိုဗျာ မြှုံးကို အဖျားဖက်မာ ချလတ်။ ပြီးကေ ချောင်းလယ်ကပင် အဖျားသို့ဆန်လို့ ပစ်ယူလားလတ်။ ယေခါ ဒါထွီးမေက မနီနိုင်ဘဲ ဟောလတ်။
““အဖျား မြှုံးကြီးထောင်လီယင့်၊ အလယ်ကွန်ချာ ပစ်လီယင့်၊ အမင် အ၀ဖက် ဆင်းပြီးလီ””
သမီးဟောသံကိုကြားခါ လိပ်မကြီးက အ၀သို့ဆင်းပြီးလားလတ်။ ဒါထွီးဘ လိပ်ကိုဖမ်းမရလိုက်။ ယေခါသမီးကို အမျိုးမျိုး ဆဲပြီးကေ တုတ်နန့်သတ်လတ်။ သတ်လို့ မကျီသီး။ မဟောရအောင် ပါးစကို အ၀တ်နန့်စည်းပြီးကေ လက်ပြန်ကြိုးတုတ်ထားလတ်။
ယင်းပိုင်လုပ်ထားခါ လိပ်မကြီး ပြီးမလွတ် ဖြစ်လားပြီးကေ ကွန်ချာပိုက်နန့် ဖမ်းလို့ရလားလတ်။
ယင်းလိပ်မကို ဒါထွီးဘ သတ်ပြီးကေ မယားစားဖို့လို့ ဒါထွီးမေကို ချက်ခိုင်းလတ်။ ဒါထွီးလေးသော့ မျက်ရည်စက်လက်နန့် ချက်ပီးရလတ်။ ချက်နီတွင်းမာ ဘီလူးမအိပ်ရာက ထပါလတ်ပြီးကေ--
““ဒါထွီးမေ လိပ်သားနံ့ ဇောင်ပင်မွှီးလားယှင့်၊ ငါက အနံ့ရခါ ကပင် အဖျားကောင်းလားခဗျယ်၊ အမျိုးတိကို တခွက်စိအားလုံး ငအောင် ဝီပီးခီ၊ ဘုသျှေကြက်ချီးက အမေကြီးနန့်လိုက်ပါလီနှမ်း”” လို့ ပြောလတ်။ ပြီးကေ ၀မ်းသာအားရ ကိုယ်တိုင်ဟင်းစားတိမာ ထည့်ပီးလတ်။ ဒါထွီးဘကိုလေး စားဖို့ခေါ်လိုက်တေ။
““ကြက်ချီးဘ တချက်စားကြည့်ခါလိုက်ကား၊ ဇောင်ကောင်းက မသိ။ မွှီးကလေးမွှီး၊ ချိုကလေး ချို လိပ်သားနံ့ရခါကပင် အကျွန်က အဖျားကောင်းလခဗျာယ်၊ ဟိ---ဟိ
ဒါထွီးဘလေး မယားနန့်အတူ ထမင်းအတူစားလတ်။ မယား အဖျားကောင်းလားလို့ တပြုံးပြုံးဖြစ်နီဆိုဝါ။
ဒါထွီးမေခမျာ အမိလိပ်သားကို အမျိုးဝီပီးဖို့ မလားချင်ဘဲ လားရရေ။ တစ်ခွက်စီဝီပြီးကေ အမျိုးတိကို ““အသား အသားကိုစား၊ အရိုး အရိုးကိုထားနှမ်း၊ ဒါထွီးညဉ့်ဖက်လာယူမေ”” လို့ မှာလတ်။ အမျိုးတိလေး ဒါထွီးမှာရေအတိုင်း အရိုးတိကို ပျင်ထားကတ်တေ။
မိုးလင်းခါ ဒါထွီးမေက အရိုးတိကို လားယူပြီးကေ ရွာကန်ပေါင်အောက်မာ မြှုပ်လတ်။ မြှုပ်ပြီးကေ အေပိုင် ဓိဋ္ဌာန်ရေဆိုရေ။
““အမိအရိုး၊ ကန်ပေါင်ထိုး
မိရိုးရွှီပင်ပေါက်ပါစီ၊ မိရိုးငွီပင် ပေါက်ပါစီ
ဒါးနန့်တူးလေး ဒါးကျိုးစီ၊ လှံနန့်တူးလေး လှံကျိုးစီ
ဒါထွီးတူးမှ ရပါစီ””
နောက်တစ်ရက်နိ မိုးလင်းခါ ဒါထွီးဓိဋ္ဌာန်ခရေအတိုင်း ရွှီပင် ငွီပင်တိ ပေါက်နီလတ်။ မြင်ရေရွာသားတိက လိုချင်လို့ တူးကတ်တေခါ ဒါးနန့်တူး ဒါးကျိုး၊ တရွင်းနန့်တူး တရွင်းကျိုးဖြစ်ပြီးကေ တူးလို့ မရလတ်။
ယင်းနိခါ ယင်းတိုင်းပြည်က မင်းသားတိုင်းခန်းလှည့်လည် ပါလတ်တေလတ်။ ရွှီပင် ငွီပင်သတင်းကိုကြားခါ ““တူးရသူကို ဆုချ ဖို့၊ အပျိုဆိုကေ မိဖုရားမြှောက်ဖို့”” လို့ ရွာအဟောတော်ကို ဟောခိုင်းလတ်။
ယင်းခါ ဒါထွီးမေရောက်ပါလတ်ပြီးကေ ဓိဋ္ဌာန်လတ်။
““အေအပင်တိ ငါ့အပင်မှန်ကေ၊ နှုတ်ယူလို့ရပါစီ””
ယင်းပိုင်ဓိဋ္ဌာန်လို့ နှုတ်ယူလိုက်စွာနန့် ရွှီပင်၊ ငွီပင်တိ အလိုလို ကျွတ်ထွက်ပါလတ်တေဆိုရေ။ မင်းသားလေးသော့ ဒါထွီးမေကို မိဖုရားမြှောက်ဖို့လို့ အဆောင်အယောင်အခြံအရံနန့် ခေါ်ယူလားလတ်။
ဒါထွီးမေ မိဖုရားဖြစ်လာခါ ဘလူးမသားအမိ ကောင်းကောင်း မနာလို ဖြစ်ကတ်တေ။ အေသူ့ကို ဇာပိုင်သတ်ရဖို့လေးဂုလို့ချည်း ဘလူးမက အကြံထုတ်နီဆိုရေ။ ယင်းပိုင်နန့် တစ်ရက်နိခါ ဒါထွီးဘက မချိဖြစ်လတ်။ ဒါထွီးမေကို မြင်ချင်ရေဆိုလို့ လူရွှတ်ပျာ သတင်းပို့လိုက်တေ။ ဒါထွီးမေကြားခါ မီးလတ်။
““တံထွီးတလံမြောက်သီးယက်လား၊ တထမ်းတသိုက် စားသီး ယက်လား”” လို့ မီးလတ်။ ““တံထွီးတလံမြောက်သီးယက်၊ ထမင်းလေး စားသီးယက်”” လို့ ဆိုရေခါ ဒါထွီးမေက ““ငါလိုက်ဖို့ မလိုသီး”” လို့ ပြောလတ်။
ဒါထွီးဘရောဂါ မသက်သာလတ်။ တဆတ်ဆတ် အစားဆုတ် လာပြီးကေ သမီးကိုမြင်ချင်ရေလို့ ပြောလတ်။ လားခေါ်ရေခါ အယင်ပိုင်မီးလတ်။
““တံထွီးတလံ မမြောက်ပျယ်၊ ထမင်းလေး မ၀င်ဗျယ်”” လို့ ဆိုခါ ဒါထွီးမေလိုက်ပါလတ်တေဆိုရေ။ လင်မင်းသားကို ““တစ်လ လောက်ကြာခါ ပြန်ခေါ်ခါလိုက်”” လို့ မှာခလတ်။
အိမ်ကိုသမီးရောက်လာစွာနန့် ဒါထွီးဘလေး သီရေလတ်။ အဘကို သင်္ဂြိုဟ်ပြီးကေ ““ပြန်ဖို့ဗျာယ်”” လို့ ပြောခါ မိထွီးမက အကြံ နန့် ““ချချင်းပြန်ဖို့ဗျာယ်လာ ဒါထွီး၊ အမင်ရို့က အလွမ်းတောင် မပြယ်သီး၊ နီခအုံးသီး”” လို့ ဆိုလတ်။ ဒါထွီးမေက အားနာလို့ နီဖို့ ကျလားခရေ။
နောက်တစ်ရက်နိ ထမင်းချက်ချိန်မာ ဒါထွီးမေလေးသော့ နောက်ဖဲ့မာ ထိုင်နီလတ်။ ကြက်ချီးမေက ““အမေကြီး---အမေကြီး၊ အမေကြီးပုတီးကို ကြက်ချီးမေ တချက်၀တ်ကြည့်ချင်ကာ”” လို့ ဆိုရေ လတ်။ ဒါထွီးမေက သဘောကောင်းလို့ ချွတ်ပီးလတ်။ ယင်းခါ ကြက်ချီးမေက ၀တ်ကြည့်ကွန်ဆောင်ပြီးကေ ကြမ်းပေါက်က ရွှတ်ချပစ်လိုက်လတ်။
““အမေကြီး---အမေကြီး၊ လက်ရွှတ်ကျလဗျယ် တချက်သျှေ ကောက်ခ”” လို့ဆိုခါ စိတ်ကောင်းဟိရေ ဒါထွီးမေက သဘောရိုးထင်ဗျာ ဆင်းပါလားခလတ်။ အိမ်ကြောက်ရောက်စွာနန့် ဘီလူးမက အကြံနန့် ထည့်ထားရေ ရီပူအိုးကို ဒါထွီးမေထက်က “ဝါး” နန့်ပင် သွန်ချလိုက်တေလတ်။ ဒါထွီးမေလေး တချက်ပင်မဟောနိုင်ခဆိုရေ။ ရီပူလောင်းပြီးကေ ကွင်ချင်းသီလတ်။ သီသီချင်း လူ့ဘ၀က ဗျိုင်းဘဝပြောင်းလားရေဆိုရေ။ ယင်းဗျိုင်းလေး ကြောက်အား တကြီးနန့် အိမ်ကြောက်က ပျံပြီးလားခရေလတ်။
ဒါထွီးမေသီလို့ ဘဝပြောင်းလားခကေလေး၊ အင်္ကျီ၊ ထဘီနန့် လက်၀တ်လက်စားတိ ကျန်နီလိုက်တေလတ်။ ယင်းယှင်းတိကို ကြက်ချီးမေမိက အားလုံးယူပြီးကေ သမီးကိုဆင်ထားလတ်။
တစ်လစိလို့ အစောင့်အရှောက်တိ ဒါထွီးမေကိုခေါ်ဖို့ ရောက် လတ်တေခါ မင်းသမီးအ၀တ်အစားနန့် ကြက်ချီးမေက ထမ်းစင်မာ တက်ထိုင်ရေလတ်။ အစောင့်တိက ““ငါရို့အသျှင်မနန့်လေး မတူကာလို့ မှတ်ကတ်လတ်။ ယေကေလေးသော့ တစ်ခုလေး မပြောကတ်။ ထမ်းစင်ကိုရာ နန်းသို့ထမ်းယူခကတ်တေ။
နန်းသို့ရောက်တေခါ မင်းသားက ဆင်းကြိုရေလတ်။ ကြက်ချီးမေကိုမြင်လိုက်စွာနန့် အံ့သြလားပြီးကေ ““ယာ --- အသူလေးယှင့်တစ်ယောက်၊ ဒါထွီးနန့်လေးမတူကာ၊ အသားတိလေး မဲလို့၊ ကျောက်လေးပေါက်လို့ကာ”” လို့ မီးရေလတ်။ ကြက်ချီးမေက-
““အဘာသီခါ နီပူခံဗျာယ် သင်္ဂြိုဟ်ခရလို့ အသားတိမဲလားပါ ရေ”” လို့ လျှောက်လတ်။
““ကျောက်မာရာတိ ဝါယေကေ”” လို့ မင်းသားက မီးလတ်။
““သင်္ဂြိုလ်ပြီးခါ အပူမိလို့ ကျောက်ပေါက်ပါရေ မောင်တော် ဘုရား”” လို့ အချက်ကျကျ လျှောက်တေဆိုရေ။
““နင့်နဖူးတိက ဇာအတွက် မောက်လားလေယေကေ”” လို့ ထပ်ပနာ မီးရေလတ်။
““မှန်လှပါ မောင်တော်၊ အဘာသီခါ နဖူးကိုထုဗျယ် ငိုခလို့ပါ”” လျှောက်တေလတ်။
““ယေကေ ပစလေးပြဲလို့၊ အသံကလေးသော့ ဒါထွီးအသံနန့် မတူကာအောက်လို့””
““မှန်လှပါ၊ အဘာသီခါ ဟောလို့ငိုခပါရေ၊ ယေဇူးနန့် ပစလေး ပြဲလားပါရေ။ အသံလေးသော့ အောက်လားပါရေ”” လို့ လျှောက်လတ်။
ယင်းပိုင် ကြက်ချီးမေက အချက်ကျကျလျှောက်လိုက်နိုင်ကေ လေးသော့ မင်းသားက မယုံဆိုရေ။ ““အေ--ကလေ့မေလိမ်စွာရာ၊ တစ်လလောက်နန့် အေလောက်ပင် ဖြစ်လီဖို့လား”” လို့ စိတ်ကမှတ်လတ်။ ကြက်ချီးမေ အလျှောက်ကောင်းလို့ မင်းသားလေးသော့ လက်မခံချင်ဘဲ ခံထားရရေဆိုရေ။
နန်းမာရောက်လို့ တစ်ရက်နှစ်ရက်လောက်ကြာရေခါ ကြက်ချီးမေ ဒါထွီးမေပိုင် ရက်ကန်းမရက်ဆိုရေ။ ဒါထွီးမေ ရက်လက်စ ရက်ကန်းတပင် တန်းလန်းဟိနီလတ်။ မင်းသားက ““ဒါထွီး ရက်ကန်းမရက်ကာ ဇာဖြစ်လို့လေး”” လို့ မယုံသင်္ကာစိတ်နန့် မီးလတ်။
““အေး---ဟုတ်ပါယင့်၊ အကျွန်လေး အဘာသီလို့ စိတ်တိနှလုံးတိ မွီးလားပါရေ။ ရက်ကန်းရက်ဖို့စွာတောင် မိလားပါထော”” လို့ ပြောပြီးကေ ရက်ကန်းစင်၀င်ပါလားလတ်။ အမှန်က ကြက်ချီးမေ ရက်ကန်းမရက်တတ်ဆိုရေ။
ယင်းခါ ဒါထွီးမေဘဝပြောင်း ဗျိုင်းရောက်ပါလတ်ပြီးကေ ရွန်းမမှားရအောင် ကောက်လို့စီပီးလတ်။ ကြက်ချီးမေက ဒေဗျိုင်း ဒါထွီးမေဟိဖို့လို့ သိရေ။ ဗျိုင်းကောက်ပီးရေ ရွန်းကိုယူဗျာ ကြက်ချီးမေက ရက်လတ်။ ရက်ဖို့ အလှအပက မတတ်။ ယေဇူးနန့်ခြည် မကြာမကြာ ပြတ်တေဆိုရေ။ ခြည်ပြတ်လို့ မဆက်တတ်ကေ ဗျိုင်းကစီ နသီးသျှေနန့် ကောက်ဆက်ပီးလတ်။ ယင်းပိုင်နန့်ပင် ရက်ကန်းတပင် ပြတ်လားခရေ။ ကြက်ချီးမေ ကိုယ့်အလိုပြည့်စွာနန့် ““အေဗျိုင်းတစ်ကောင် ယှုတ်တေ”” ဆိုဗျာ ရွန်းနန့် ခေါင်းကို ခေါက်သတ်ပစ်လတ်။
ကြက်ချီးမေက ““ဗျိုင်းသီကို နောက်ဖဲမာမြှုပ်ပစ်ခ”” ဆိုရေ မြှုပ်ခီကတ်လတ်။ မိုးလင်းရေခါ ယင်းနီရာမာ ဧရာမ ၀ရစ်ပင်ကြီး တစ်ပင်ရာ ပေါက်နီရေဆိုရေ။
နောက်တစ်ရက်နိခါ နန်းမာ တင်ပို့နီကျ ဝါကြီးလင်မယား ထင်ပို့ဇောင် ရောက်ပါလတ်တေ။ အလုပ်ကျီခါ ““ဝါကြီးညောင်းရေ၊ ဒေ၀ရစ်ပင်အောက်မာ တအောင့်သျှေ အညောင်းဖြေကတ်မေ”” လို့ ဆိုဗျာယ်ထိုင်လတ်။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ဆရာမောင်ဗသိန်း (၁၉၈၆)