Jump to content

လီဆူဘာသာစကား

ဝီကီးပီးဒီးယား က
လီဆူ
ꓡꓲ-ꓢꓴ
ဒေသခံတရုတ်နိုင်ငံမြန်မာနိုင်ငံအိန္ဒိယနိုင်ငံထိုင်းနိုင်ငံ
လူမျိုးစုလီဆူ
ဒေသခံ ပြောဆိုသူတိ
(ca. 940,000 ရည်ညွှန်း 2000–2007)[]
ဖရီငတ် အက္ခရာ
တရားဝင် အခြီအနီ
ရုံးသုံး အဖြစ် အသုံးပြုမှု
Weixi Lisu Autonomous County, Nujiang Lisu Autonomous Prefecture (PRC)
ဘာသာစကားကုဒ်တိ
ISO 639-3lis
Glottologlisu1250[]
ဒေဆောင်းပါးတွင် IPA အသံထွက် သင်္ကေတတိ ပါဝင်ရေ။ မှန်ကန်ရေ ထောက်ပံ့မှုမဟိကေ ယူနီကုဒ်စာလုံးတိအစား ? တိ၊ လေးထောင့်ကွက်တိနန့် အခြားသင်္ကေတတိ မြင်နီရနိုင်ရေ။ IPA သင်္ကေတတိ မိတ်ဆက်ကို အကူအညီ:IPA တွင် ကြည့်ပါ။

လီဆူဘာသာစကား (လီဆူ: ꓡꓲ-ꓢꓴ သို့မဟုတ် ꓡꓲꓢꓴ; တရုတ်: 傈僳语; ပင်ယင်: lìsùyǔ; အင်္ဂလိပ်: Lisu language) စွာ တိဗက်-ဗမာနွယ် ဘာသာစကားတခုဖြစ်ပြီးကေ ယူနန်ပြည်နယ်( တရုတ်နိုင်ငံ အနောက်တောင်ပိုင်း)၊ မြန်မာနိုင်ငံ မြောက်ပိုင်း၊ နန့် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံဧ့ နီရာစိကေရို့မာ အသုံးပြုကတ်တေ။

ခွဲခြာထားသော လီဆူစကားတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

လီဆူလူမျိုးတိစွာ စာပီမပေါ်ပေါက်မီ ရှီးပဝေသဏီကပင် ဘာသာစကားဟိခကြောင်း သိရရေ။ မျိုးနွယ်စု နာမည်အမျိုးမျိုး ဟိကေလေ့ စကားပြောဆိုဆက်ဆံရာမာ တဦးနန့် တဦး နားမလည်နိုင် လောက်ယောင် ကွဲပြားခြားနားကတ်တေ။

လီဆူဘာသာစကားတိမာ သုံးမျိုးခွဲခြာထားပြီး မူရင်းလီဆူစကား၊ လီဆူနောစကားနန့် လီဆူလီမေစကားရို့ ဖြစ်ကြောင်းသိရရေ။ လီဆူမျိုးနွယ်ဝင် မိသားစုတိစွာ မူရင်းလီဆူဘာသာစကားကိုရာ ပြောကတ်ကြောင်း သိရရေ။ လီဆူနောစကားနန့် လီဆူလီမေစကားပြောတိထက် လီဆူလီမေစကားတိကို အဓိကထား သုံးစွဲခကတ်ကြောင်း သိရရေ။ []

ဒေသန္တစကားအရ ခွဲခြားပုံတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဒေသန္တစကားရပ် (၁၀) မျိုးခန့် ဟိကေလေ့ နီရာဒေသအလိုက် ကွဲပြားခြားနားမှုတိ ဟိကတ်ကြောင်း သိရရေ။ တောတောင်ထူထပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရီး ခက်ခဲခြင်း၊ ကူးလူးဆက်ဆံမှု နည်းပါးရေအတွက်နန့် ဖြစ်တေ။[]

လီဆူလူမျိုးရို့မာ ကိုယ်ပိုင်စာပီ မပေါ်ထွန်းသိခင် ရှေးအစိုင်အလာ ကာလက အပင်သစ်ကိုင်းတိနန့် သစ်ခေါက်များထက်မာ သင်္ကေတ (Symbols) များ ဓားဖြင့် ထွင်းထုမှတ်သားလို့ပင်ဖြစ်ဖြစ်၊ ကြိုးထုံးများချိုင်နှောင်လို့ပင်ဖြစ်ဖြစ် အချင်းချင်း ဆက်သွယ်အသုံးပြုခကတ်တေ။[] ကိုယ်ပိုင်မှတ်တမ်းတင်နှိုင်ရေ စာပီစနစ် မဟိခခြင်းကြောင့် ရှီးခေတ်သမိုင်းကြောင်းနန့် ရိုးရာပုံပြင်တိကို နှုတ်မှုရီးရာနန့်ရာ တဆင့်စကား လက်ဆင့်ကမ်း ထိန်းသိမ်းခကတ်ရရေ။

၂၀ ရာစုအစောပိုင်းမာ လီဆူလူမျိုးတိအတွက် ရောမအက္ခရာကို အခြီခံထားရေ ကိုယ်ပိုင်စာပီစနစ် တရပ် ပေါ်ထွန်းပါလတ်တေ။ တရုတ်-မြန်မာနယ်စပ်မာ သာသနာပြုခရေ အိန်းဂလိချ်လူမျိုး ဆရာကြီး ဂျေ အို ဖရေဇာ (J. O. Fraser) နန့် ကရင်လူမျိုး သာသနာပြု ဆရာကြီး ဦးဘသော် (တချို့မှတ်တမ်းများမာ ဆရာကြီး ငွားတာ လို့လေ့ခေါ်မာ) ရို့စွာ ကနဦးအခြီခံကို စတင်ခကတ်တေ။[]

ယင့်ချင့် ရောမအက္ခရာအခြီခံ လီဆူစာပီ (Fraser Script) ကို စနစ်တကျ တီထွင်အောင်မြင်ဖို့အတွက် လီဆူတိုင်းရင်းသား ဂေါင်းဆောင်တိနန့် ပညာဟိတိဖြစ်ကတ်တေ ဦးဇင်ဘာ၊ ဦးဂူအာဆီး၊ ဦးဇော်ကနားလူး၊ ဦးခေါ်ဘူး ရို့က ဘာသာစကားဆိုင်ရေ သဒ္ဒါနန့် အသံထွက်တိ တိုက်ဆိုင်စစ်ဆီးရာမာ ပါဝင်ကူညီ ဆောင်ရွက်ခကတ်တေ။[] ဒေစာပီစနစ်ကို ခရစ်ယာန်သာသနာပြုလုပ်ငန်းများမာ သမ္မာကျမ်းစာအဖြစ် စတင်အသုံးပြုခပြီးကေပိုင်း၊ ဂုချိန်ခါ တိုင်းရင်းသား ပညာရီး၊ လူမှုရီးနန့် ယိုင်ကျေးမှုကဏ္ဍ အသီးသီးမာ ကျယ်ပြန့်စွာ အသုံးပြုဗျာယ်ဟိရေ။ လီဆူအက္ခရာစနစ်မာ ရောမအက္ခရာအကြီးတိကို ပုံမှန်အတိုင်းပင်ဖြစ်ဖြစ်၊ ပြောင်းပြန်လှန်ပနာပင်ဖြစ်ဖြစ် အသုံးပြုထားပြီးသား ဗျည်းအလုံးပေါင်း ၄၀ နန့် အသံကွဲပြားမှုကို ပြရေ သင်္ကေတ (Tone marks) များ ပါဝင်ရေ။[] လီဆူဘာသာစကားဧ့ ဝါကျဖွဲ့စည်းပုံ တည်ဆောက်ပုံစွာ ဗမာစကားဧ့ အသုံးအနှုန်း၊ သဒ္ဒါတည်ဆောက်ပုံ (Subject-Object-Verb) ရို့နန့် တချို့နီရာများမာ များစွာတူညီမှုဟိရေ။

ကွန်ပျူတာစနစ်နန့် ယူနီကုတ်ပေါ်ထွန်းလှာပုံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ခေတ်သစ်နည်းပညာနယ်ပယ်မာ လီဆူစာပီကို ကွန်ပျူတာစနစ်အထဲ ထည့်သွင်းအသုံးပြုနိုင်ဖို့ ၁၉၉၂ ခုနှစ်မာ ရန်ကုန်တက္ကသိုလ်မှ မဟာသိပ္ပံ (ရူပဗေဒ) ကျောင်းသားနန့် ကွန်ပျူတာပညာသျှင် က ပထမဆုံးသော လီဆူစာလုံးသုံး ကွန်ပျူတာဖောင့် (Lisu Font) နန့် လက်ကွက်စနစ် (Keyboard Layout) ကို စတင်တီထွင်ဖန်တီးပီးခရေ။[]

နည်းပညာတိုးတက်လာစွာနန့်တတူ ကွန်ပျူတာနန့် စမတ်ဖုန်းများမာ စံနှုန်းတခုတည်းအဖြစ် အသုံးပြုနှိုင်ဖို့အတွက် စောကနဲလေးစွာ နိုင်ငံတကာ ယူနီကုတ်အဖွဲ့အစည်း (Unicode Consortium) နန့် ပူးပေါင်းကာ လီဆူစာပီကို ယူနီကုတ်စံနှုန်းအထဲ ထည့်သွင်းနိုင်ဖို့ ကူညီဆောင်ရွက်ခရေ။[] ရလဒ်အနိန်နန့် ၂၀၀၉ ခုနှစ် အောက်တိုဘာလမာ ထွက်ဟိခရေ Unicode 5.2 စံနှုန်းမာ လီဆူအက္ခရာတိကို `U+A4D0` မှ `U+A4FF` Block အထဲ ကမ္ဘာ့စံနှုန်းအဖြစ် တရားဝင် သတ်မှတ်ပီးခပြီးကေ ဖြစ်သဖြင့် ဂုချိန်ခါ ဒီဂျစ်တေစနစ်မာ လီဆူစာပီကို လွတ်လပ်စွာ ရိုက်နှိပ်အသုံးပြုနှိုင်ရာ ဖြစ်တေ။[၁၀]

  1. လီဆူ at Ethnologue (18th ed., 2015) (subscription required)
  2. Hammarström, Harald; Forkel, Robert; Haspelmath, Martin, eds. (2017). "Lisu". Glottolog 3.0. Jena, Germany: Max Planck Institute for the Science of Human History.
  3. http://www.skykaren.com/2010/09/blog-post_2150.html[လင့်ခ်သီ]
  4. http://wapedia.mobi/my/%E1%80%9C%E1%80%AE%E1%80%86%E1%80%B0%E1%80%B8%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8[လင့်ခ်သီ]
  5. Bradley, David (၁၉၉၄). Dictionary of the Lisu Language (in English). Canberra: Pacific Linguistics. pp. xi–xiii. {{cite book}}: Check date values in: |year= (help)
  6. Fraser, James O. (၁၉၂၂). Handbook of the Lisu (Yawyin) Language (in English). Rangoon: Government Printing. {{cite book}}: Check date values in: |year= (help)
  7. အမတ်ကြီး, ဦးလေးရွှီ (၁၉၉၇). ပြည်ထောင်စုမြန်မာနိုင်ငံတော် လီဆူတိုင်းရင်းသားရို့ဧ့ ရိုးရာယိုင်ကျေးမှုနန့် သမိုင်းကြောင်း. ရန်ကုန်: လီဆူစာပီနန့် ယိုင်ကျေးမှုဗဟိုကော်မတီ. pp. ၄၅–၄၈. {{cite book}}: Check date values in: |year= (help)
  8. "Lisu (Unicode Block)" (PDF). Unicode Consortium (in English). Retrieved ၁၂ ဇွန် ၂၀၂၆. {{cite web}}: Check date values in: |access-date= (help)
  9. 1 2 Saw, Ka Nay Lay (၁၉၉၉). "Development of Non-Roman Scripts for Ethnic Minorities in Myanmar". Proceedings of the SEALS Conference (in English). {{cite conference}}: Check date values in: |year= (help)
  10. "Unicode 5.2.0 Version Notices". Unicode Consortium (in English). ၂၀၀၉. Retrieved ၁၂ ဇွန် ၂၀၂၆. {{cite web}}: Check date values in: |access-date= and |year= (help)

တမ်းပလိတ်:မြန်မာနိုင်ငံဧ့ ဘာသာစကားတိ