လီဆူလူမျိုး
လီဆူလူမျိုး (အင်္ဂလိပ်: Lisu people; တရုတ်: 傈 僳 族, Lìsù zú; ထိုင်း: ลีสู่; လီဆူ: တမ်းပလိတ်:Script) စွာ တရုတ်-တိဗက် အုပ်စုမှ တိဗက်-ဗမာနွယ် လူမျိုးစု ဖြစ်ပြီးကေ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း (ယူနန်ပြည်နယ်)၊ ထိုင်းနိုင်ငံ မြောက်ပိုင်းနန့် အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒစ်ပြည်နယ်ရို့ဟိ တောင်တန်းထူထပ်ရေ ဒေသများမာ ပျံ့နှံ့နီထိုင်ကတ်ရေ။[၁]
| တမ်းပလိတ်:Script | |
|---|---|
လီဆူရိုးရာ ဝတ်စုံဝတ်ဆင်ထားရေ အမျိုးသမီးများ | |
| လူဦးရွီ စုစုပေါင်း | |
| ၁.၅ သန်းခန့် (လှောက်မှန်းခြေ)[၁] | |
| အများစု နီထိုင်ရေ နီရာ | |
| တမ်းပလိတ်:Country data China (ယူနန်ပြည်နယ်) [၂]
| |
| ဘာသာစကား | |
| လီဆူဘာသာစကား | |
| ကိုးကွယ်မှု | |
| ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ နတ်ကိုးကွယ်မှု | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုတိ | |
| အောက်သား၊ ယီ လူမျိုး၊ လားဟူလူမျိုး [၄] |
သမိုင်းကြောင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လီဆူလူမျိုးရို့၏ ဖိုးဖီးတိစွာ လွန်ခရေ နှစ်ပေါင်းများစွာက တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ချင်းဟိုင် (Qinghai) နန့် ကန်စု (Gansu) ဒေသဟိ မြစ်ဝါမြစ်ဝှမ်းတဝိုက်မာ အခြီချနီထိုင်ခကတ်ရေ တိဗက်-ဗမာနွယ်ဖွားများ ဖြစ်ကတ်တေ။[၂] တရုတ်သမိုင်းမှတ်တမ်းတိအရ ယင်းရို့စွာ ရှေးဟောင်း "ချီအန်" (Qiang) လူမျိုးစုကြီးမှ ဆင်းသက်လာသူတိဖြစ်ပြီးကေ အေဒီ ၁၀ ရာစုခန့်မာ ယူနန်ပြည်နယ်အထဲဟိ ဂျင်းရှာမြစ် (Jinsha River) ဝှမ်းသို့ စတင်ရွှိပြောင်းလှာခကတ်တေ။[၅] (၁၆) ရာစုနန့် (၁၉) ရာစုကြားမာ ယူနန်ကတဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းနန့် အရှိပိုင်းဒေသများ သို့ စစ်မက်ဖီးနန့် လူဦးရွီတိုးပွားမှုကြောင့် ရွှိပြောင်းလှာရေ။ [၃] မြန်မာနိုင်ငံအတွင်းကို လီဆူရို့စွာ (၁၈) ရာစုနှောင်းပိုင်းမာ ကချင်ပြည်နယ်၊ ပူတာအိုဒေသကတဆင့် စတင်ဝင်ရောက်လှာခကတ်တေ။ ယပြီးနောက် ဗန်းမော်၊ မြစ်ကြီးနား နန့် သျှမ်းပြည်နယ် မြောက်ပိုင်းရို့မာ အခြီချခကတ်တေ။ ဗြိတိသျှအုပ်ခြုပ်ရီးကာလ မှတ်တမ်းတိအရ လီဆူရို့စွာ တောင်တန်းဒေသများမာ စိုက်ပျိုးရီးနန့် အမဲလိုက်ခြင်းကို တတ်ကျွမ်းစွာ လုပ်ကိုင်ရေ လူမျိုးစုအဖြစ် ဖော်ပြခြင်းခံရရေ။[၆] ဒုတိယကမ္ဘာစစ်အတွင်းမာ လီဆူလူမျိုးတိစွာ မဟာမိတ်တပ်ဖွဲ့တိနန့် ပူးပေါင်းပနာ ဖက်ဆစ်ဂျပန်တော်လှန်ရီးမာ ပါဝင်ခကတ်တေ။ လွတ်လပ်ရီးရယားနောက် မြန်မာနိုင်ငံဧ့ တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးမာ တမျိုးအပါအဝင် ဖြစ်လာခရေ။ ၁၉ ရာစုနှောင်းပိုင်းနန့် ၂၀ ရာစုအစောပိုင်းမာ James O. Fraser ပိုင် ခရစ်ယာန်သာသနာပြု များ ရောက်ဟိလာယားနောက် လီဆူစာပီ (Fraser script) ကို တီထွင်နှိုင်ခခြင်းစွာ လီဆူသမိုင်းဧ့ အရေးကြီးရေ မှတ်တိုင်တခု ဖြစ်လာခရေ။[၇]
လီဆူလူမျိုးတိစွာ အောက်သားတိကဲ့သို့ပင် လွန်ခရေ နှစ်ပေါင်းများစွာက တရုတ်ပြည်အနောက်မြောက်ပိုင်း ချင်းဟိုင် နန့် ကန်စု(Gansu) ဒေသဟိ ချီအန် လူမျိုးစုကြီးမှ ဆင်းသက်လာသူတိ ဖြစ်တေ။ တောင်ဘက်ကို ရွှိပြောင်းလှာကတ်ရာမာ ဗမာရို့၏ ဖိုးဖီးတိစွာ မြီပြန့်လွင်ပြင်တိသို့ ဦးတည်လားကတ်ပြီး၊ လီဆူရို့၏ ဖိုးဖီးတိစွာ တောင်တန်းဒေသတိကို ရွီးချယ်အခြီချခကတ်ခြင်း ဖြစ်တေ။ မျိုးရိုးဗီဇလိ့လာမှုတိအရ လီဆူရို့စွာ တိဗက်-ဗမာနွယ်ဖွားတိ၏ အမှတ်အသားဖြစ်ရေ Haplogroup O-M122 နန့် ဆက်နွှယ်နိန်ပြီးကေ ဗမာ၊ ယီ (Yi) နန့် လားဟူ ရို့နန့် မျိုးရိုးဗီဇအရ အလွန်နီးစပ်ရေ။[၈]ဟိုလူမျိုးတိ၏ ဘာသာစကားမာ ပိုင်-ဗမာ (Lolo-Burmese) ဘာသာစကားအုပ်စုခွဲမာ ပါဝင်ရေ။
နီထိုင်ရာဒေသ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြောက်ဖျားဒေသဟိ လီဆူရို့စွာ ပူတာအို၊ လောခေါင်နန့် စိန်လုံတောင်တန်း၊ တရုတ်နိုင်ငံ ယူနန်နယ်စပ် ဧရာဝတီနန့် သံလွင်မြစ် ဖျားကောင်းလူတိုက်နယ် စရေအရပ်များမာ ပျံ့နှံ့နီထိုင်ဗျာယ် ဟိကတ်တေ။ လီဆူလူမျိုးရို့စွာ ကိုယ်ရို့လူမျိုးတိ၏ မူလနီထိုင်ရာ ဒေသ ကြီးမားကျယ်ပြန့်ရေ (မြစ်ကြီး) တခုဧ့ အဖျားပိုင်းမှ ဖြစ်တေ၊ မြင့်မားရေ အထက်ပိုင်း အရပ်ဒေသဆီမှ ဆင်းသက်လာ ကတ်ရေ လူမျိုးတိဖြစ်တေဟု လက်ခံယုံကြည်ထားကတ်လီရေ။ တနီရာတည်းမာ နိန်ရာတကျ နီထိုင်တတ်ခြင်း မဟိသဖြင့် လီဆူရို့ကို မြန်မာနိုင်ငံဧ့ ဂျစ်ပစီလူမျိုးများဟု တင်စား ခေါ်ဆိုနှိုင်ကတ်လီရေ။ လီဆူလူမျိုးတိကို မကန်မဝှန် တွိမြင်နှိုင်ကတ်ရေ နီရာတချို့ကား ယင်းရို့ အခြီချနီထိုင်ရေ ပူတာအိုနယ် အချိန်းခမြစ်ဝှမ်းဒေသပင် ဖြစ်တေ။
လူမျိုးစုများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လီဆူလူမျိုးစွာ တိဗက်-ဗမာအုပ်စုဝင် ပိုင်-ဗမာ အုပ်စုမာ ပါဝင်ဧ့။ လီဆူလူမျိုးရို့မာ အဓိကကတော့ခါ အနွယ်(၃)မျိုးဟိရေယင်းရို့မာ လီဆူမည်း၊ လီဆူဖြူနန့် ပန်းလီဆူ ဆိုပနာပင်ဖြစ်တေ။ လီဆူအနွယ်ရို့စွာ ယင်းရို့၏ မူလနီရင်းဌာနေဖြစ်ရေ သံလွင်မြစ်ဝှမ်း အထက်ပိုင်းဒေသမာ နီထိုင်ဗျာယ် ဟိနီကတ်ပြီး၊ တရုတ်လူမျိုးရို့၏ ယိုင်ကျေးမှု လွှမ်းမိုးနေခြင်းကို ခံနိန်ရလီရေ။ လီဆူအနွယ် သုံးမျိုးမာ ဆွီမျိုးပေါင်း (၁၄) စုလှောက်ဟိရေ။ ယင်းရို့မာ ဂျာခေါ်ဆွီမျိုးနန့် ဖာ့ခေါ်ယောက်ျားမျိုးဟု အဓိပ္ပာယ်ရရေ ဆွီမျိုးစုများ ဖြစ်ကတ်လီရေ။
စုံဖက်ခြင်း အလိအထနန့် ဆင်ယင်ထုံးဖွဲ့ပုံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လီဆူလူမျိုးတိစွာ ကိုယ်ရို့နန့် မျိုးရိုးနာမည် သို့မဟုတ် ဆွီမျိုးအုပ်စုချင်း တူညီသူတိအကြား ထိမ်းမြားစုံဖက်ခြင်းကို ယှောင်ကြဉ်ရေ ဓလိ့ဟိရေ။[၃] ကိုယ်ရို့နန့် ဆွီမျိုးအုပ်စု မတူညီရေ လီဆူမျိုးနွယ်စုများအထဲသာ အိမ်ထောင်ဖက် ရွီးချယ်လေ့ဟိကတ်တေ။ ဧချင့်ပိုင်သွီးနှောခြင်းကို ယှောင်ကြဉ်ရေ လူမှုရီးစည်းမျှိုင်းတိကြောင့် လီဆူလူမျိုးတိစွာ ယေဘုယျအနိန်နန့် အရပ်အမောင်းကောင်းခြင်း၊ ကိုယ်ကာယထွားကျိုင်းခြင်းနန့် ကျန်းမာရီးကြံ့ခိုင်ခြင်းရို့နန့် ပြည့်စုံကတ်တေဟု ယူဆကတ်တေ။[၉]လီဆူရို့စွာ မူလဖိုးဖီးများ ဆင်းသက်လာရာ အီးမြရေ ဒေသတိ၏ သဘာဝအတိုင်း အမြင့်ပေ (၄,၀၀၀) နန့် (၅,၀၀၀) အောက်ဟိရေ မြီပြန့်ဒေသတိသို့ ဆင်းပနာ နီထိုင်လိမဟိကြဘဲ မြင့်မားရေ တောင်တန်းဒေသများမာသာ အခြီချလေ့ဟိကတ်တေ။[၁]
လဂျစ်ဂုံလျှော်ဖြင့် ရက်လုပ်ထားရေ အမျိုးသမီး အပေါ်ဝတ်တိမာ သေးမျှင်ရေ အနက်စင်းချေတိ ဖောက်ထားလျှက် လက်ရှည်ရင်စိ ခြုပ်ပြီးကေ အင်္ကျီလက်ဧ့ အဖျားမာ (၄) လက်မခန့် အပြားဟိ အနက်ရောင် ပိတ်စဖြင့် အနားကွပ်ထားကတ်တေ။ ယင်အင်္ကျီ လက်ရှည်ပေါ်မှ နောက်ထပ်အနက်ရောင်ရင်စိ အပေါ်ဝတ်အင်္ကျီ လက်ပြတ်ကို ရင်ဖွင့်ပနာထပ်လို့ လိုက်ထားပြီးကေ အတွန့်များများနန့် စကတ်ခြုပ်နည်း အတိုင်းခြုပ်လုပ်ကာ ခါးကြိုးသွင်းလို့ အလျော့အားဓမထားကာ ဝတ်ဆင်ကတ်တေ။ ယင်းဇာဂရာရှည်ကြီးတိကိုလည်း ကာမိတ်နည်းတူ သေးမျှင်ရေ အနက်ရောင် ရပ်စောက်စင်းချေတိအောက်မာ ထားကတ်တေ။ နားနှစ်ဖက်မာ ဝတ်ဆင်ထားရေ နဘက်စွာ ပစောက်သဏ္ဌာန်ဖြစ်ပြီးကေ (၄) လက်မခန့် အကျယ်ဟိ သံကွင်းချေတိ ဖြစ်တေ။ ပန်ဆင်ရေအခါ ဟနိန်ရေနဘက်အဖျားကို နားပေါက်မာ ထိုးသွင်းလို့ ဇောက်ထိုး ချထားလိုက်ကာ ကြိုးဖြင့် သူရို့၏ လှပဆန်းကြယ်ရေ ကြီးခေါင်းလောင်း ငယ်တပ် ပုတီးစိ ဝထုပ်လေးနန့် ချိတ်တွယ်လို့ ထားကတ်တေ။
အမျိုးသမီးများနည်းတူ အမျိုးသားတိစွာလေ့ လဂျစ် ဂုံလျှော်မျှင်ဖြင့်ရက်လုပ်ထားရေ အနက်ရောင် သို့မဟုတ် အဖြူရောင်ဒူးပေါ်ဝဲနန့် အပေါ်ဝတ်အင်္ကျီ ရင်စိလက်ရှည် အနက်ရောင်ကို ဝတ်ဆင်ကတ်တေ ခေါင်းထက်မာ အနက်ရောင် (၂၀) ရှည်လျားရေ အဝတ်ဖြင့်တရစ်ပြီးတရစ် ပတ်ပေါင်း လို့ ထားကတ်တေ။ တချို့ တောပစ် တောင်သူအမျိုးသားရို့ကမူ သူရို့ပစ်ခတ်ရဟိထားရေ သားကောင်ရို့၏ အရည်ခွံဖြင့် ဝထုပ်ခြုပ်လုပ်ကာ ဝတ်ဆင်လိဟိရေ လီဆူအမျိုးသား ဝထုပ်ခြုပ်ရန် အမြတ်နိုးဆုံး သားကောင်ဧ့ အရေခွံမာ ဖြူးသို့ ကတိုးကောင်ဧ့ အရေခွံပင်ဖြစ်တေ။ လီဆူအမျိုးသားဝတ်စုံမာ မပါကေ မပြီးရေ အရာကား သစ်သား အပြားကြီး နှစ်ချပ်ကို ထည့်ရန် ကပ်ရန် ကြီးကြီးမားမား ခန့်ခန့်ထယ်ထယ် ပြုလုပ်ထားရေ ဓားလွယ် အိတ်ပင်ဖြစ်တေ။ ဓားဘေးလွယ်အိတ်ကို ဓားသွင်းလို့ သူရို့၏ ရင်ပတ် တတည့်နီရာတွင် ထားကာ အလှပလကြီး လွယ်ထားလိ့ဟိသူတိ ဖြစ်ကတ်တေ။ လီဆူလူမျိုးစွာ တိဗက် - မြန်မာအစု၊ ပိုင်မူဆိုးအုပ်စုခွဲမာ ပါဝင်ရေ လူမျိုးဖြစ်၏။ လီဆူရို့ကို သျှမ်းပြည်နယ်နန့်ကချင်ပြည်နယ် နှစ်နယ်စလုံးမာ တွိရရေ။ ရှမ်းနန့်မြန်မာတိက လီရှောဟု ခေါ်ဆိုကတ်ပြီးကေ တချို့လူမျိုးစုတိက လီဆိုးဟုခေါ်ရေ။ ပူတာအိုနယ်မြီမာ လီဆူရို့ကို ယောရင်ဟုခေါ်ကြ ရေ။ သျှမ်းပြည်နယ်ဟိလီဆူရို့ကိုလီဆောလို့လေ့ခေါ်သိမ့်ရေ။ ပူတာအိုနယ်မြီဟိ လီဆူရို့ကား မြောက်ဖျားအကျဆုံးလူမျိုးစုများ ဖြစ်ကတ်တေ။ မြောက်ဘက်နယ်စပ်ဒေသမာရာမကတိဗက်နယ် မြေ အထဲထိအောင် ပျံ့နှံ့နီထိုင်ကတ် ကြောင်းသိရရေ။ ပူတာအိုမှ လီဆူရို့စွာ မလိခမြစ်ဖျားနန့် အရှိဖက် ကမ်းမိုင် ၂ဝ ပတ်လည်အထဲဟိ ကျေးရွာတိမာ မကန်မဝှန် နီထိုင် လေ့ဟိကတ်ပြီးကေ ဆင်ယင်ထုံးဖွဲ့ပုံမာ အရာဒေသဟိလီဆူတိနန့် မတူတမူထူးခြားဗျာယ်ဟိရေကို တွိရလီရေ။ ဒေသအလိုက် လီဆူလီးမျိုးဟိရေအနက် ပူတာအိုနယ်မှ လီဆူတမျိုးတည်းသာ ဇာဂရာများဝတ်ကတ်တေ။ လီဆူတချို့ရို့စွာ လောခေါင်နန့် စိန်းလုံတောင်တန်းမာလည်းနီထိုင်ကတ်လီရေ။
ပူတာအိုနယ်မြီဟိ လီဆူတိအပြင် ကျိုင်းတုံလီဆူ၊ ဗန်းမော် လီဆူနန့် လွိုင်လင်လီဆူဆိုပနာ ဒေသအလိုက်လီဆူသုံးမျိုး ဟိလီသိမ့်ရေ။ ကျိုင်းတုံလီဆူရို့စွာ သံလွင်မြစ်ကြောင်း အလိုက် စုန်ဆင်းလှာသူတိဖြစ် ကြလို့ လွိုင်လင်လီဆူရို့မာ ကျိုင်းတုံကတဆင့် လွိုင်လင် မိုးနဲနယ်ဘက်ကို ပြန့်ပွားရောက်ဟိလာသူတိ ဖြစ်ပုံရရေ။ ဗန်းမော်လီဆူရို့မာ မြောက်ဖျား ဒေသ ပူတာအိုနယ်မြီမှ ကူပြောင်းရောက်ဟိလာရေ လီဆူရို့၏ အဆက် အနွယ်တိပင် ဖြစ်ကတ်လီရေ။
သျှမ်းပြည်နယ်ဟိ လီဆူလူမျိုးရို့မာ ခိုလိုလီဆူနန့် လီဖာလီဆူ ဆိုပနာလည်း နှစ်မျိုးဟိပြီးးလျှင် တရပ်တဒေသတည်းစုရုံးနီထိုင် ခြင်းမဟိ၊ အရာလူမျိုးစုတိနန့် ရောနှောနီထိုင်လိဟိရေ။ တောင်ပေါ်ဒေသ အေး ရေအရပ်တိကို ပိုပြီးကေနှစ်သက်ရေ။ သျှမ်းပြည်တောင်ပိုင်းမာ လွိုင်လင် ခရိုင် တောင်ပေါ်ဒေသများ မာပင်ဖြစ်ဖြစ်၊ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲနန့်လားဟိုးခရိုင် တောင်ပေါ်ဒေသများမာပင်ဖြစ်ဖြစ်၊ ရှမ်း ပြည်အရှိပိုင်း ကျိုင်းတုံခရိုင်၊ ကျိုင်းတုံနယ်တောင်ပေါ်ဒေသများမာပင်ဖြစ်ဖြစ် နီထိုင်ကတ်ရေ။ သျှမ်းပြည်နယ်မာ လီဆူ လူဦးရွီ ၂ဝဝဝဝခန့် ဟိဖို့ဟုလှောက်မှန်းရ၏။
လီဆူရို့နီထိုင်ရေ အိမ်တိမာ တဲလှိုင်တန်းဆန်ဆန်ဆောက် ထားပနာ အိမ်ထဲခန်းနှစ်ခုဟိပြီးးလျှင် အလယ်မာ မီးဖိုကိုထားဟိရေ။ လီဆူ လူမျိုးရို့မာ ဗုဒ္ဓအယူဝါဒီများ၊ ခရစ်ယာန်အယူဝါဒီတိနန့် နတ်ကိုးကွယ်သူတိ ပါဝင်ဧ့။ ယင်းရို့မာ သီးသန့်စာပီမဟိချေ။ ယကေလေ့ ခရစ်ယာန်အယူဝါဒီ လီဆူရို့မာ လီဆူဘာသာအသံ ထွက်အလိုက် အိန်းဂလိချ်စာလုံး တိနန့် ရီးသားရေစာဟိ၏။ ဗုဒ္ဓအယူဝါဒီ လီဆူတချို့မာ ရှမ်းစာကိုလေ့သော့၊မြန်မာစာကို ပင်ဖြစ်ဖြစ် အသင့်အတင့်တတ်ကတ်ရေ။
လီဆူလူမျိုး အမျိုးသားတိစွာ ပေါင်ဖအနက်ကို ဝတ်ဆင်လို့ ပြင်ခံခပ်ပွပွ ခြုပ်လုပ်ထားပြီးကေ ဖေသာစေ့သီး သို့မဟုတ် ကြွီစေ့သီးတိကို ရှိနောက်လှပိုင် ဆင်ယင်စီထားကာ ဝတ်ဆင်ကတ်တေ။
အမျိုးသမီးတိမာ အောက်ပိုင်းအဝတ်တိစွာ ထဘီလည်းမဟုတ်၊ ဇာဂရာလည်းမဟုတ်ရေ ပုံစံတမျိုးခြုပ်ကာ အထဲဝတ်စုံ အပြင်ဝတ်စုံဆိုပနာ နှစ်မျိုးဝတ်ဆင်ကတ်၏။ အပေါ်ပိုင်းဝတ်စုံအင်္ကျီမာ လောင်းကွတ်ပုံဏ္ဌာန်ရင်ဖုံးအင်္ကျီပုံမျိုး ခြုပ်လုပ်ပြီးကေ ယောက်ျား အင်္ကျီနည်းအတိုင်း ဖေသာစေ့သီး သို့မဟုတ် ကြွီစေ့သီးတိနန့် စိတ်တိုင်းကျ လှပိုင်ဝတ်ဆင်ထားဧ့။
ခိုလိုလီဆူအမျိုးသမီးတိုင်းဧ့ ဝတ်ရုံအင်္ကျီနောက် ခါးစည်းမာ အမြိတ်တချောင်းချထားပနာ အရောင်မာ အရဲဖြစ်တေ။ လီဖာလီဆူတိ၏ ခါးစည်းကြိုးမာမူ အမြိတ်နှစ်ချောင်း တွဲလွဲချထားရေ။ ယင်းရို့ကို တောင်ပိုင်းနယ်မာ မကန်မဝှန်တွိရရေ။
လီဆူရို့စွာ များရေအားဖြင့် သစ်လုပ်ငန်း တောင်ယာလုပ် ငန်းနန့် ဘဲ၊ကြက်၊ ဝက်မွီးမြူခြင်းလုပ်ငန်းများ လုပ်ကိုင်ကတ်တေ။ သျှမ်းပြည်မြောက်ပိုင်းမာ အစိုးရသစ်တောကြိုးဝိုင်းမဟိရေနီရာများမာ လီဆူတိစွာ တောင်ပေါ်မှ သစ်တိကို ခုတ်လှဲလို့ ပျိုင်များ၊ တိုင်များခွဲစိတ်ကာ နီးရာဈီးမြို့တိသို့ ယူဆောင်ရောင်းချကတ်သဖြင့် ဖေသာဝင်လမ်း ကောင်းကတ်တေ။ ယကေလေ့ ဂုချိန်ခါ မြို့ကြီးများဟိ သစ်စက်တိက ထွက်ရေသစ်တိကိုရာ အသုံးများလာရေကြောင့် ယင်းရို့၏ သစ်လုပ်ငန်းမာစိကေချေဝင်ငွီလျော့လားလီရေ။ တောင်ယာလုပ်ငန်းမာ ယင်း ရို့အဖို့ ဝင်ငွီအများဆုံးရရေ လုပ်ငန်းပင်ဖြစ်တေ။ အကြီးဆုံး တောင်ယာလုပ်ငန်းမာ သစ်ရေ့ သီးခြံစိုက်ပျိုးခြင်း၊ မုန်ညင်း၊ အာလူး၊ မုန်လာဥ၊တောင်မွိန့်သီးနန့် အရာဟင်းသီးဟင်းရွက် အမျိုးမျိုး စိုက်ပျိုးခြင်းတိဖြစ်တေ။ ယင်းရို့ကို ဈီးမြို့တိသို့ ပို့ဆောင်ရောင်းချပနာ တဖန်စားရန် ဆန်အိတ်များ ဝယ်ယူလားကတ်တေ။ ဘဲ၊ ကြက်၊ဝက်တိကိုရာမက မြည်းနန့် လားတိကိုလည်း သယ်ယူပို့ဆောင်ရီးအတွက် မွိးမြူ ထားကတ်လီရေ။ လီဆူတိစွာ အလွန်ရိုးသားပြီးကေအီးချမ်း သာယာစွာနီတတ်ရေ တောင်ပေါ်သားတိဖြစ်ကတ်တေ။ [၁၀]
ရည်ညွှန်းကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- 1 2 3 Gros, S. (2012). "Discovery of the Lisu." Asian Anthropology. အထောက်အထား အမှား- Invalid
<ref>tag; name "LisuHist" defined multiple times with different content. - 1 2 Bradley, D. (1997). "Tibeto-Burman languages and classification."
- 1 2 3 Dessaint, A.Y. (1972). "The Lisu of Northern Thailand."
- ↑ Wen, B., et al. (2004). "Genetic evidence supports demic diffusion of Han culture." *Nature*.
- ↑ Gros, S. (2012). "Discovery of the Lisu." Asian Anthropology.
- ↑ Rose, A. J. (1900). "The Lisu Tribes of the Burma-China Frontier."
- ↑ Fraser, J. O. (1922). "Handbook of the Lisu Language."
- ↑ Wen, B., et al. (2004). "Genetic evidence supports demic diffusion of Han culture." Nature.
- ↑ Durrenberger, E.P. (1976). "The Economy of a Lisu Village."
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)