Jump to content

လူသားတွေရဲ့ သမိုင်းကြောင်း အကျဉ်းချုပ်-ဆေပီယန်

ဝီကီးပီးဒီးယား က
Sapiens:
A Brief History of Humankind
First edition (English Version)
စာရီးသူယူဗယ်လ် နောအ ဟာရာရီ
မူလဂေါင်းစိုင်קיצור תולדות האנושות
နိုင်ငံIsrael
ဘာသာစကားHebrew (2011), English (2015)
အမျိုးအစားNonfiction
ထုတ်ဝီသူDvir Publishing House Ltd. (Israel)
Random House
Harper
ထုတ်ဝီရေရက်
2011
စာမျက်နှာ443
ISBN978-0062316097
နောက်ထွက်စာအုပ်ဟိုမိုဒီယပ်စ်– မိုးထခါနိဧ့ အကျိုင်းချုပ်သမိုင်

ဆေပီယန်: လူသားတိဧ့ သမိုင်းကြောင်း အကျိုင်းချုပ် (ဟေဗြဲ : קיצור תולדות האנושות ) စွာ ဂျေရုဆလင်တက္ကသိုလ်မာ ဟာရာရီမှ အိန်းဂလိချ်ဘာသာစကားဖြင့် သင်ကြားခသော ဟောပြောချက်တိကို အခြီခံကာ ၂၀၁၁ ခုနှစ်မာ ဟေဗြဲဘာသာစကားဖြင့် အစ္စရီးနိုင်ငံမာ ထုတ်ဝီခရေ ယူဗယ်လ် နောဧ ဟာရာရီဧ့ ပထမဆုံး စာအုပ်ဖြစ်တေ။  ဟိုမို ဆာပီယန်လူသားတိကို အာရုံစိုက်ထားရေ ဒေစာအုပ်စွာ လူသားရို့ဖြတ်သန်းခရေသမိုင်း (ကျောက်ခေတ်မှစတင်ကာ နှစ်ဆယ့်တရာစုအထိ) ကို စစ်ဝေဖန်ဆန်းစစ်ခရေ။

ထိုစာအုပ်စွာ မြောက်မြားသော ဝေဖန်ချက်တိကို ရဟိခရေ။ အများပြည်သူလူထုက ထိုစာအုပ်ကို အပြုသဘောဆောင်သော မှတ်ချက်တိ ပီးခကေလေ့ သက်ဆိုင်ရေပညာရပ်များမာ တတ်ကျွမ်းမှုဟိရေ ပညာသျှင်မျာတချို့စွာ ယင်းဧ့သိပ္ပံဆိုင်ရေနန့် သမိုင်းဆိုင်ရေ ယူဆချက်တချို့ရို့ ဝေဖန်ခကတ်တေ။

ဟာရာရီစွာ ဟိုမိုဆာပီယန်များ(လူသားတိ)ကို အာရုံစိုက်ကာ လူသားသမိုင်း(ကျောက်ခေတ်ဟိမှ နှစ်ဆယ့်တရာစုအထိ)ကို ဝေဖန်ဆန်းစစ်ခစွာ။ သူစွာ သမိုင်းကို အဓိကအပိုင်းလေးပိုင်းဖြင့် ခွဲခြမ်း ပြခရေ။

  1. အသိဉာဏ် တော်လှန်ရီး (Sapiens ရို့၏ စိတ်ကူးစိတ်သန်းတိဆင့်ကဲပြောင်းလဲလာလတ် ဘီစီ ၇၀၀၀၀၀ဝန်းကျင်) ။
  2. စိုက်ပျိုးခြင်း တော်လှန်ရီး (စိုက်ပျိုးရီး ဖွံ့ဖြိုးတိုးလာတက်မှု ခရစ် ၁၀,၀၀၀ ဘီစီ)။
  3. လူသား ရို့ ဧ့ စည်းလုံး မှု (c. 34 CE, နိုင်ငံရီးလူ့အဖွဲ့အစည်းတိက ကမ္ဘာလုံးဆိုင်ရေ အင်ပါယာတခုပါးသို့ တဆတ်ဆတ် စုစည်း ခြင်း ) ။
  4. သိပ္ပံ တော်လှန်ရီး (ခရစ် ၁၅၄၃ စီအီး၊သိပ္ပံပညာ ပေါ်ထွက်လှာခြင်း)။


ဘုရားဖြစ်လှာသော တိရစ္ဆာန်(သတ္တဝါ ကိုဆိုလိုရေ။)

လူတိဟာ ယင်းရို့ဧ့ ပတ်ဝန်းကျင်ကို ကျွမ်းတတ်ကျွမ်းကျင် ဆောက်လုပ်နှိုင်ခကတ်ပါရေ။ အစားအစာထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ မြို့ကြီးတိ တည်ဆောက်တာ၊ အင်ပါယာတွေ တည်ထောင်ပြီး ဝီးလံတဲ့ကုန်သွယ်ရီးကွန်ရက်တွေ ဖန်တီးစွာတိကို လုပ်ကိုင်နိုင် ခကတ်ပါရေ။ ယကေလေ့ ကျွန်ုပ်ရို့စွာ ကမ္ဘာမြေလောကဧ့ ဆင်းရဲခက်ခဲမှုပမာဏကို လျော့နည်းစီခပါလား။ လူ့စွမ်းအား အကြီးအကျယ်တိုးများလာခြင်းက ဆာပီယန်(လူသား)တဦးချင်းစီဧ့ ကောင်းကျိုးကို အခေါက်ခေါက်တိုးများလာစီခခြင်းမဟိခပိုင် အရာတိရစ္ဆာန်အများစုကိုလေ့ အကြီးအကျယ်ထိခိုက်စီလေ့ဟိပါရေ။ အနည်းဆုံးတော့ ကျွန်တော်ရို့စွာ အမှန်အကန်တိုးတက်မှုအဖြစ် ငတ်ပြတ်ခြင်း၊ ကပ်ရောဂါနန့် စစ်ပွဲရို့ကို လျော့နည်းစီခြင်းရို့ ပြုလုပ်ခကတ်ပါရေ။ တိုင်ယောင် အရာတိရစ္ဆာန်တိ၏အခြီအနီမာ အယင်ကထက် ပိုပြီးကေအယင့်ယင် ယိုပျက်ယွင်းစီးနိန်ပြီးကေ လူသားအများစုဧ့ တိုးတက်မှုကို တအောင့်လောက်ကပင် စတင် ယိုပျက်ယွင်းစီးနိန်ယာဖြစ်ပါရေ။

ဟာရာရီ ဧ့ အဓိက ထုတ်‌ဖော်မှု မာ‌‌ ဖေပီယန် စွာ အရွီအတွက်များများဖြင့် ပူးပေါင်း ဆောင်ရွက်ကာ ပြောင်းလွယ်ပြင်လွယ်ဟိရေ တခုတည်း သော တိရစ္ဆာန် ဖြစ် အတွက်နန့်သာ ကမ္ဘာ ကို လွှမ်းမိုးနှိုင်ခ စွာ ဆိုပနာဖြစ်တေ ။ သမိုင်းမရောက်ခင်ခေတ်က နီယန်ဒေချင့်သယ်လ်ပိုင်ယှောင် အရာလူ့မျိုးစိတ်တိမျိုးသုဉ်းခြင်းမာ ဆာပီယန်စ်ရို့စွာ အဓိကအကြောင်းရင်းတခုဖြစ်ပြီးကေ တခြားသော ‌သတ္တဝါတိနန့် တတူတူသာ ဖြစ်ကြောင်း သူဖော်ထုတ်ပြောဆိုခရေ။ ‌ဆေဆေယန်တိ၏ အရွီအတွက်မကန်မဝှန်မာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းဟိမှု စွာ နတ်ဘုရားများ၊ နိုင်ငံများ၊ ငွီကြေးနန့် လူ့အခွင့်အရီးတိကဲ့သို့သော စိတ်ကူးစိတ်သန်းမာသာ ဟိနှိုင်ရေအရာတိကို ယုံကြည်နိုင်ခြင်းက ပေါ်ထွက်လှာရေလို့ ထပ်လို့ပြောဆိုရေ။ လူမျိုးရီးဖြစ်စီ၊ လိင်ကွဲပြားမှုဖြစ်စီ၊ နိုင်ငံရီးဖြစ်စီ၊ လုံးဝ ဘက်မလိုက်သော လူ့ဘောင်အဖွဲ့အစည်းဟိဖို့ မဖြစ်နှိုင်တော့ဟု ဆိုရေ။ ဟာရာရီ စွာ ဘာသာတရား တိ၊ နိုင်ငံရီး ဖွဲ့စည်းပုံ တိ၊ ကုန်သွယ်ရီး ကွန်ယက် တိ၊ နန့် ဥပဒေ ဆိုင်ရေ အဖွဲ့အစည်း တိအပါအဝင် ကြီးမား သော လူသား ပူးပေါင်း ဆောင်ရွက် မှု စနစ် အားလုံး မာလူ ရို့ ဧ့ ထူးခြား သော စိတ်ကတို့ကို သိမြင် နိုင် စွမ်း ဟိခြင်းမှပေါ်ထွက် လာ ခြင်း ဖြစ်တေ ဟု အခိုင်အမာ ဆို စွာ ။  ဟာရာရီစွာ ဖေသာကို အပြန်အလှန်ယုံကြည်စိတ်ချသော စိတ်ကူးယိုင်မှုစနစ်တခုအဖြစ် သဖောထားပြီး နိုင်ငံရီးနန့် စီးပွားရီးစနစ်တိကိုလည်း ဘာသာတရားတိနန့် ပိုပြီးကေဆင်တူစွာဟု ရှုမြင်ရေ။

လယ်ယာခေတ်ပြောင်း တော်လှန်ရီးနန့်ပတ်သက်ပြီး ဟာရာရီ၏ အဓိကအခိုင်အမာပြောဆိုချက်မာ ဆာပီယန်လူသားတိ လူဦးရွီ တိုးပွားလာမှု မြှင့်တက်နီချိန်မာ ဂျုံနန့် နများပိုင်ယှောင်မျိုးစိတ်တိလေ့ ပူးတွဲ ပြောင်းလဲလားခယင့်။ ယင်းရို့၏ အစားအစာတိ နန့် နိစိုင် လူနီမှုဘဝပုံစံ တိသိသိသာသာ ကွဲပြားလာခ အတွက်နန့် ၊ ဆာပီယန် အများစု စွာ အမဲလိုက်မဆတိဖြစ်ခသော အချိန်ကထက် လူအများစု ( နန့် တိရစ္ဆာန် တိ) ရို့ ဧ့ ဘဝကို ပိုပြီးကေ ဆိုးရွားစီခရေ ။ အရာသတ္တဝါတိကို လူသားမှအကြမ်းဖက်ဆက်ဆံခြင်းတိမာ ဒေစာအုပ်တရွီလုံးမာ လည်ပတ်နီရေ အကြောင်းအရာတခုဖြစ်ပင်ရေ။