လူးရှမ်းလူမျိုး
လူးသျှမ်းလူမျိုး (လူး: ᦺᦑᦟᦹᧉ, /taj˧˧.lɯː˥/; ရှမ်း; တႆးလိုဝ်ႉ; ထိုင်း: ไทลื้อ; အိန်းဂလိချ်: Tai Lue) သို့မဟုတ် တိုင်းလူးလူမျိုး စွာ တိုင်လူမျိုးစုဝင် တခုဖြစ်ပြီးကေ အဓိကကတော့ခါ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မြန်မာနိုင်ငံသျှမ်းပြည်နယ်၊ လာအိုမြောက်ပိုင်းနန့် ထိုင်းနိုင်ငံမြောက်ပိုင်းမာ နီထိုင်ကတ်ရေ။ "တိုင်လူး" လို့လေ့ ခေါ်ကတ်ရား၊ လူးရှမ်းဘာသာစကားစွာ ခရာ-ဒိုင်ဘာသာစကားမိသားစုဝင်ဖြစ်တေ[၁]။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဧ့ တရားဝင်အသိအမှတ်ပြုတိုင်းရင်းသားတိထဲမာတခုအပါအဝင်ဖြစ်တေ။
| ᦺᦑᦟᦹᧉ | |
|---|---|
လူးရှမ်းဝတ်စုံ | |
| လူဦးရွီ စုစုပေါင်း | |
| အနည်းဆုံး ၁.၂သန်း[၂] | |
| အများစု နီထိုင်ရေ နီရာ | |
တမ်းပလိတ်:Country data Laos မြောက်ပိုင်း | |
| ဘာသာစကား | |
| လူးရှမ်းဘာသာစကား၊ တရုတ်ဘာသာစကား၊ မြန်မာဘာသာစကား၊ ထိုင်းဘာသာစကား | |
| ကိုးကွယ်မှု | |
| ထေရဝါဒဗုဒ္ဓဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုတိ | |
| ရှမ်း, တိုင်းလေ့, ဂုံရှမ်း, ယွန်းရှမ်း, အရာတိုင်လူမျိုးများ |
လူးလူမျိုးစွာ သျှမ်းလူမျိုးနွယ်စုတခုဖြစ်ပနာ ကျိုင်းတုံနယ် အထဲပိုင်းတောင်တန်းဒေသဟိ ကျေးလက်ဒေသများ၊မိုင်းယောင်းမြို့နယ် ရို့မာ နီထိုင်လေ့ဟိကတ်ရား မိုင်းယောင်းမြို့နယ်မာနီထိုင်ရေ လူးရှမ်းတိကို တိုင်းယောင်းလို့လေ့ခေါ်ဆိုကတ်ရေ။ ကျိုင်းတုံနယ်၊ သံလွင်မြစ်အရှိဖက်ကမ်းမာ ဂုံလူမျိုး ရို့ အနီများလီရေ။ ကျိုင်းတုံစျီးနိများမာ ယင်းရို့ကိုတွိရတတ်ရေ။ လူးနန့် ဂုံ(ခွန်)လူမျိုးရို့၏ စာပီအရီးအသားစွာ မတူကတ်ကေလေ့ မျိုးရိုးနန့် ဓလေ့ ထုံးစိုင်ရို့မာ ခြားနားခြင်းများစွာမဟိလှဟုသိရရေ။ လူးလူမျိုးရို့စွာ တရုတ်နိုင်ငံတောင်ပိုင်း ချေလီခေါ် ကျိုင်းရုံးကြီးဘက်မှ ပြောင်းရွိလာကြသူတိဖြစ်တေ။ ဂုထိတိုင် ယိုးဒယားနိုင်ငံမြောက်ပိုင်း လန်ဖုန်းနန့် အရာ ခရိုင်များ၊ လာအိုနိုင်ငံမြောက်ပိုင်း၊ ကျိုင်းရုံးကြီးနယ်(လူးတဆယ့်နှစ်ပန္နား)ခေါ် ဆစ်ဆောင်ပင်နာခါချီးး ရို့မာလူးလူမျိုးများစွာ နီထိုင်ဗျာယ်ဟိရေ။
သမိုင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လူးရှမ်းတိ၏ အစောဆုံးအခြီချရာဒေသစွာ ဒေနိတရုတ်နိုင်ငံ စစ်ဆောင်ပန္နား (Sipsongpanna) ဖြစ်တေ။ ၁၃ ရာစုနှောင်းပိုင်းမာ လူးရှမ်းတိစွာ "စစ်ဆောင်ပန္နား" အစိုးရကို ဖွဲ့စည်းခပြီးကေ အိမ်နီးချင်း တိုင်လူမျိုးများ၊ ရှမ်း, ယွန်းလူမျိုး စသဖြင့် ယိုင်ကျေးမှုနန့် စီးပွားရီးအပြန်အလှန် ဆက်ဆံမှုဟိခရေ[၃]။
မြန်မာနိုင်ငံအထဲဟိ လူးရှမ်းအများစုကတော့ခါ သျှမ်းပြည်နယ်အရှိပိုင်း၊ အထူးအနိန်နန့် မိုင်းယောင်းမြို့ မာ စုစည်းနီထိုင်ကတ်ရေ။ သမိုင်းကြောင်းအရ လူးရှမ်းရို့စွာ စစ်ဆောင်ပန္နားဒေသမှ ပြောင်းရွိလာကတ်ရား ကျိုင်းတုံစော်ဘွားဧ့ လက်အောက်ခံ နယ်ပယ်များမာ အခြီချခကတ်တေ။ မိုင်းယောင်းဒေသစွာ လူးရှမ်းရို့၏ ယိုင်ကျေးမှု ဗဟိုချက်မတခု ဖြစ်လာခရေ။[၄]
ကုန်းဘောင်ခေတ်မာ မြန်မာမင်းတိစွာ စစ်ဆောင်ပန္နားအထိ အာဏာစက် ဖြန့်ကြက်ခရေ လူးရှမ်းရို့၏ မြို့ပြပြည်နယ်တိစွာ မြန်မာနိုင်ငံနန့် တရုတ်နိုင်ငံကြားမာ နှစ်ဖက်ဩဇာခံ အဖြစ် တည်ဟိခရေ။ ကုန်းဘောင်မင်းဆက်ဧ့ အလောင်းမင်းတရား နန့် ဆင်ဖြူရှင်မင်း လက်ထက်များမာ မြန်မာမင်းရို့စွာ စစ်ဆောင်ပန္နားဟိ ကျိုင်းရုံးမြို့ သို့ စစ်ချီကာ ယင်းရို့၏ စော်ဘွားတိကို မြန်မာမင်း၏ ဩဇာခံအဖြစ် သစ္စာပီးစီခရေ။ လူးရှမ်းစော်ဘွားတိစွာ မြန်မာမင်းနီပြည်တော်သို့ နှစ်စိုင် လက်ဆောင်ပဏ္ဏာများ ပီးပို့ရယား၊ မြန်မာမင်းကလေးလူးစော်ဘွားတိကို ဘွဲ့တံဆိပ်တိနန့် နန်းတွင်းအသုံးအဆောင်များ ပြန်ပနာချီးမြှင့်လီ့ဟိရေ။[၅] မြန်မာမင်းရို့စွာ ယိုးဒယား (အယုဒ္ဓယ) သို့ စစ်ချီရာမာ လူးရှမ်းတပ်သားတိကို အသုံးပြုခကတ်တေ။လူးရှမ်းရို့စွာ တောင်ကုန်းတောင်တန်း တိုက်ပွဲတိနန့် ဆင်တပ်များမာ တတ်ကျွမ်းသူတိအဖြစ် ကျော်ကြားရေ။ယပြီးနောက် တရုတ်-မြန်မာစစ်ပွဲ (၁၇၆၅-၁၇၆၉) အထဲ လူးရှမ်းဒေသတိစွာ မြန်မာတပ်တိအတွက် ရိက္ခာထောက်လှမ်းရီးနန့် ရှိတန်းခံတပ်တိအဖြစ် အရေးပါရေ အခန်းကဏ္ဍမှ ပါဝင်ခကတ်တေ။[၆] မြန်မာမင်းနီပြည်တော်နန့် လူးရှမ်းစော်ဘွားများအကြားမာ နိုင်ငံရီးအရ အိမ်ထောင်ဘက် ဖလှယ်ခြင်းများ ဟိခပြီး လူးရှမ်းစော်ဘွားတိ၏ သမီးတော်တိစွာ မြန်မာမင်း၏ မိဖုရားများ သို့မဟုတ် ကိုယ်လုပ်တော်တိအဖြစ် နီပြည်တော်သို့ ရောက်ဟိလာတတ်ရေ။ ယင်းရို့နန့်အတူ ပါလာရေ လူးရိုးရာ အနုပညာ၊ ရက်ကန်းအတတ်နန့် အစားအစာတိစွာ နန်းတွင်းသို့ ပျံ့နှံ့ရောက်ဟိခရေ။[၇]
၁၉ဝ၁-ခုနှစ် သိုင်ခေါင်စာရင်းအရ လူးလူမျိုး ၁၆၂၂၇ ဟိပြီးကေ ဂုံလူမျိုး ၄၁၄၇ဝ ဟိရာ စုစုပေါင်း ၅၇၆၉၇ ဟိလီရေ။ ၁၉၃ဝ-ခုနှစသိုင်ခေါင်စာရင်းမာမူ ဂုံလူမျိုး ၃၁၂၃၄ ဟိပြီးကေ လူးလူမျိုး ၃ဝဝ၃၁ ဟိရာ စုစုပေါင်း ၆၁၂၆၅ ဟိရေဟုဆိုရေ။ မြန်မာနိုင်ငံအပမာ နီထိုင်လိဟိရေ လူးလူမျိုးဦးရွီမာ ထိုထက်များစွာပိုပြီးကေလီရေ။ လူးလူမျိုးတိစွာ ဗုဒ္ဓဝါဒီများဖြစ်ကတ်တေ။[၈]
ယိုင်ကျေးမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လူးရှမ်းတိ၏ ယိုင်ကျေးမှုစွာ ဗုဒ္ဓဘာသာကိုးကွယ်ကတ်ရား၊ ဘာသာရီးပွဲတော်များမာ မီးထွန်းပွဲ(လမ်ပွဲ)၊ နတ်ပြန်ပွဲရို့ ပါဝင်ရေ။ လူးရှမ်းတိစွာ ရွာအုတ်ပြတ် အလင်းစည်းတိုင်များတည်ဆောက်လို့ ဘုရားကျောင်းတိမာ ဆုတောင်းပွဲများ ပြုလုပ်ရေ[၉]။ အိမ်ရာပုံစံမာ သစ်သားနန့် တထပ်လူနီအဆောက်အဦးများ ဖြစ်ပြီးကေ၊ မြီကြီးပေါ်မရောက်ခင် သစ်တောင်ထောင်လို့ အိမ်ကြီးတည်ဆောက်တေ။ [၁၀]။
နှစ်သစ်ကူးပွဲတော်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]နှစ်သစ်ကူးပွဲတော်စွာ လူးရှမ်း လူမျိုးရို့၏ အမြတ်နိုးဆုံးရေ ရိုးရာပွဲတော်တခု ဖြစ်တေ။ အရာ ရှမ်း(တိုင်)လူမျိုးတိပိုင် အိန်းဂလိချ်ပက္ခဒိန်အရ နိုဗန်ဘာလ သို့မဟုတ် ဒီဇန်ဘာလမာ ကျရောက်ရေ ရှမ်းပက္ခဒိန်ဧ့ ပထမဆုံးလ (လုမ်း ၁ ရက်) မာ ကျင်းပကတ်တေ။ ယင်းစွာ ရိတ်သိမ်းပြီးစအချိန်ဖြစ်သဖြင့် "ကောက်သစ်စားပွဲ" နန့် "နှစ်သစ်ကူးပွဲ" ကို ပူးတွဲကျင်းပရေ သဘောလေးဖြစ်တေ။[၁၁] မြန်မာနိုင်ငံဟိ မိုင်းယောင်းမြို့၊ တာချီလိတ်မြို့ နန့် ကျိုင်းတုံမြို့ တဝိုက်ဟိ တိုင်လူးကျေးရွာတိမာ စည်ကားစွာ ကျင်းပကတ်တေပိုင်၊ တရုတ်ပြည် စစ်ဆောင်ပန္နား နန့် ထိုင်းနိုင်ငံမြောက်ပိုင်းဟိ တိုင်လူးလူမျိုးတိကလေးဒေနိန့်ထိ အခိုင်အမာ ထိန်းသိမ်းကျင်းပဗျာယ် ဟိရေ။[၁၂]
လူးရှမ်းရိုးရာ သင်္ကြန်ပွဲ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၁ ရာစု ပုဂံနိုင်ငံတော် မှစပြီးကေ ထေရဝါဒဗုဒ္ဓဘာသာစွာ သျှမ်းပြည်တလွှားပျံ့နှံ့ခရေ သျှမ်းပြည်နယ်အရှိပိုင်းနန့် စစ်ဆောင်ပန္နား (လူးရှမ်းဒေသ) သို့ ပျံ့နှံ့လားခီရေ။ ဗုဒ္ဓဘာသာနန့်အတူ ပါလာရေ နက္ခတ်ဗေဒတွက်ချက်မှုတိအရ "အစွာကူးခြင်း" ဓလိ့စွာ လူးရှမ်းရို့၏ ဘုန်းတော်ကြီးကျောင်းတိမာ အမြစ်တွယ်ခရေ။ မြန်မာနိုင်ငံအလယ်ပိုင်းမှ ဘုန်းတော်ကြီးများ၊ သာသနာပြုပညာဟိများ၊ မြန်မာမင်းတိက ခန့်အပ်ရေ "စစ်ကဲ" နန့် "မြို့စား" တိစွာ လူးရှမ်းဒေသမာ နီထိုင်ကာ လူးရှမ်းဒေသတိသို့ စာပီနန့် ဘာသာရီးပက္ခဒိန်တိကို ယူဆောင်လားရာမှ သင်္ကြန်ဓလိ့စွာ ဘာသာရီးပွဲတော်တခုအဖြစ် စတင်ရောက်ဟိခရေ။[၅] မြန်မာ့ပက္ခဒိန်အရ နှစ်သစ်ကူးရေပထမလ (တန်ခူးလ) စွာ ရှမ်းပက္ခဒိန်အရ ၆ လပိုင်း ဖြစ်တတ်ရေ။[၁၁] လူးရှမ်းသင်္ကြန်စွာ မြန်မာ့သင်္ကြန်ဧ့ ရီလောင်းကစပ်ခြင်း နန့် ဘာသာရီးဝတ်ထုံး ကျင်းပကတ်ကေလေ့၊ ကိုယ်ရို့ဧ့ ကိုယ်ပိုင်ဟန်ဖြစ်ရေ "နဂါးပြိုင်လောင်းပွဲ" နန့် "မိုးပျံမီးရှူးလွှတ်ခြင်း" စရေ ဓလိ့တိကိုမူ မြန်မာင်္သကြန်နန့်ကွဲပြားစွာ ရှီးဦး ရှမ်း(တိုင်)နွယ်ဖွား ဓလိ့အဖြစ် ဆက်ပနာထိန်းသိမ်းထားရေ။
ဘာသာစကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လူးရှမ်းဘာသာ (Kam Mueang Lue) စွာ ခရာ-ဒိုင်မိသားစုဝင်ဖြစ်ပြီးကေ၊ တိုင်ခွဲစကားပေါင်းတိနန့် ဆင်တူရေ်လေးအသံထွက်၊ စကားလုံးအသုံးများမာ ခွဲခြားချက်ဟိရေ[၁၃]။ ယင်းဘာသာစကားကို ယင်းရို့၏ ဗုဒ္ဓဘာသာကျမ်းစာတိ၊ ကဗျာနန့် ရိုးရာပုံပြင်များရီးသားရာမာ အသုံးပြုရေ။ [၁၄]။
စာပီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လူးရှမ်းစာပီစွာ တိုင်လူးအက္ခရာ (Lik Tai Lue) ဖြင့်ရီးသားပြီး၊ ဗုဒ္ဓကျမ်းစာတိ၊ ရိုးရာပုံပြင်များ၊ သမိုင်းမှတ်တမ်းများစွာဟိရေ[၁၅]။ Lik Tai Lue အက္ခရာရေ မီးထွန်းပွဲတိနန့် ဘုရားကျောင်းတော်ထဲမာ သာသနာရီး အကြောင်းအရာတိကို လက်ရီးစာအုပ်တိမာ သုံးရေ[၁၆]။
ဝတ်စားဆင်ယင်ပုံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လူရှမ်းအမျိုးသမီးတိစွာ ရိုးရာထည်တနီရောင်ဒယောများ၊ အဆင်အပြောက်ထည်လက်အကွင်းနန့် အကျစ်ထည်ဖားလုံပေါ်ဝတ်လို့ ထင်ရှားရေ အမျိုးသားတိက ရိုးရာတိုင်အင်္ကျီ၊ ရီပြင်အရောင်ဆံပင်အပေါင် (ခေါင်းထုပ်) ကို ဝတ်ဆင်ကတ်တေ။
- ↑ citation needed
- ↑ citation needed
- ↑ citation needed
- ↑ Grabowsky, V. "The Tai Lue of Sipsong Panna: An Ethno-Historical Sketch", 1999.
- 1 2 Sai Aung Tun, "History of the Shan State: From Its Origins to 1962", 2009. အထောက်အထား အမှား- Invalid
<ref>tag; name "ancestry" defined multiple times with different content. - ↑ ရွှီဘိုကိုယ့်ကြီး၊ "ကုန်းဘောင်ခေတ် မြန်မာ့တပ်မတော် သမိုင်း"၊ ၁၉၇၂။
- ↑ Grabowsky, V. "The Tai Lue of Sipsong Panna", 1999.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
- ↑ citation needed
- ↑ citation needed
- 1 2 Sao Noom Han, "The Shan Calendar and Its Significance", 2015. အထောက်အထား အမှား- Invalid
<ref>tag; name "calendar" defined multiple times with different content. - ↑ Shan Cultural Association, Annual Report 2023.
- ↑ citation needed
- ↑ citation needed
- ↑ citation needed
- ↑ citation needed
ဝတ်စားပုံမာ သျှမ်းလူမျိုးတိ၏ အဆင်တန်ဆာများဖြစ်ရေ အမဲရောင်အင်္ကျီ၊ ဘောင်းဘီနန့် ခေါင်းပေါင်းကြီးတိကို ယောက်ျားတိက ဝတ်ဆင်ကတ်တေ။ မမာ့တိကမူ လက်ကောက်ဝတ်ကျပ်ရေ ကာမိတ်ကို ဝတ်လို့ ခေါင်းပေါင်းပွကြီးတိကို ပေါင်းတတ်ရေ။ လူးလူမျိုးရို့၏ နီအိမ်မာ အထူးအနိန်နန့် အုတ်ကြွပ်မိုးနန့် အုတ်ဇမ်းပွတ် အကာအရံဖြင့် ဆောက်လုပ်ရေ အိမ်တိဖြစ်ကတ်တေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြန်မာ့စွယ်စုံကျမ်း အတွဲ ၅ တမ်းပလိတ်:မြန်မာပြည် လူမျိုးများ
- ↑ မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန်၊ စာ-၁၈၃