Jump to content

လောင်းကြက်ကျွန်း

ဝီကီးပီးဒီးယား က

လောင်းကြက်ကျွန်းစွာ မြောက်ဦးမြို့တော်ဧ အရှိတောင်ဘက် ငါးမိုင်အကွာ လေးမြို့မြစ်ဧ လက်ဝဲကမ်းထက်မာ တည်ဟိရေ။ မြောက်ဘက်မာ ပရိန်ကျွန်း၊ အရှိဖက်တွင် လေးမြို့မြစ်၊ တောင်ဘက်မာ ကံဖေကျွန်း ခေါ် မြောင်းဘွေကျွန်း၊ အနောက်ဘက်မာ ဇီးဇာကျွန်း အသီးသီးဟိကတ်ရေ။

ဒေအရပ်ရေ ၁၄၅၂-ခု မှ ၁၄၃ဝ အထိ မြို့တော်ဖြိုက်ခရေ။ မူလအစက လက်ယာမင်းနန်က မြို့တော်တစ်ခု တည်ထောင်ခကေလေ့ မြီအနိန်အထားမကောင်း ငယ်ပနာ အသီအပျောက်တိများလို့ မြောက်ဘက်သို့ကူးကာ ပရိန်ကိုတည်ခခြင်း ဖြိုက်ရေ (စန္ဒ။၁း၃၂၁)။ ယင့်ခါက နွံတိပေါခပြီးကေ သောက်သုံးရီ အခက်ခဲဟိခရေဟု ယူဆရရေ။ အလောမာဖြူ လက်ထက်ရောက် မှ မြို့တော်ဖြိုက်ပါလတ်တေ။ ဘုန်းလည်းတောက်ခရေ (စန္ဒ။၁း၃၅၄)။

မြောက်ဦးမြို့တော်ကို တည်ဆောက်ရေ အခါ လွန်လေးစင်းထဲက အရှိဖက်ရှိရွန်ကြိုး (လမ်းကြီး) စွာ လောင်းကြက်မှ ပရိန်ကိုဆက်လျက် မြောက်ဦးကိုဆက်ခကြောင်း ဆိုရေ။ ပြိုင်းတိုင်-လောင်းကြက်ကူတိုးစော်လည်း ရက္ခိုင်တွင် အခွန်အကောက် တောင်ပုံကန်းသင်ရဟိရာ တစ်ခုဖြိုက်ခရေ။ ဒေအချက်က လောင်းကြက်ကျွန်းဧ အရီးပါမီငြမ်းပနာ ဖေါ်ညွှန်းနီပါရေ။

မြောက်ဦးခေတ်တွင် လောင်းကြက်အရပ်ရေ အရီးပါရေ ကျေးစားအရပ်တစ်ခု အဖြိုက်တည်ဟိခရေ။ မင်းခရီလက်ထက်တွင် သားတော်မင်းဆွေစွာ လောင်းကြက်စားဖြိုက်ခရေ။ မင်းဆွေစွာ နန်းမွေကိစ္စကြောင့် သျှမ်းရို့ကိုခေါ်ခရေ။ သို့ရာတွင် အထမမြောက်ခချေ (စန္ဒ။၂း၂၆)။

နရပတိစွာ အိမ်နိမ့်ဘဝက လောင်းကြက်ကျွန်းကို စားခရေ (စန္ဒ။၂း၁၇၅)။

မင်းမတည်ပြည်မရပ်ကာလမာ ၁၆၉၉-ခုနှစ်မာ ရန်သူအားအင်ကြီးမားခလို့ ဒေကျွန်းရှိ သမန်း ချောင်းဝယ် ပုန်းအောင်းနီခရလီရေ (စန္ဒ။၂း၂၃၆)။ လောင်းကြက်အရပ်ရေ မြောက်ဦးဘုရင်ညံ့ရေ အခါ ပုန်ကန် အုံးထမှုတိဟိခရေ။ သံတွဲစားဇေယျဖြူစွာ လောင်းကြက်စားငစံ အစဟိစော်ရို့နန့် ပူးပေါင်းကာ ပုန်ကန်ခစွာကို တန္တဗိုလ်မတ်က နှိမ်နင်းခလီရေ (စန္ဒ။၂း၂၃၉-၂၄၀)။

၁၇၃၁-ခုနှစ်မာ လောင်းကြက်စားမှာ စန္ဒသူရိယမင်းဧ သားတော်ခွီးချေဖြိုက်ရေ။ စန္ဒသူရိယမင်း ကွယ်လွန်ရေအခါ လောင်းကြက်စားစွာ ဘုရင်ဖြိုက်လာရေ (စန္ဒ။၂း၂၅၆)။

မြောက်ဦးနှောင်းခေတ်တွင် မြန်မာဘုရင်ထံစစ်ပန်ခသူ လေးဦးထဲကတဦးစွာ လောင်းကြက် ကျွန်းနီ မြဝါ ပါခရေ။ မြဝါစွာ သာမန်အရပ်သားဟု ယူဆရပါရေ။ ၁၇၇၃-ခုနှစ်မာ လောင်းကြက်သားရို့စွာ မြို့တော်ကို ဝင်ရောက်ကာ ဝသဲဘက်ရှိ ကျီတော်ကို မီးတိုက်ခကတ်ရေ (စန္ဒ။၂း၂၆၇၊၂၇၂)။

၁၇၈၄-ခုနှစ်မာ အမရပူရတပ်ရို့စွာ ရက္ခိုင်တောင်ပိုင်းကို သိမ်းပိုက်ကက်ပြီးနောက် မြောက်ဦးကို တိုက်ခိုက်ဖို့ လောင်းကြက်တွင် တပ်စုခကတ်ရေ။ ရက္ခိုင်ဘုရင် မဟာသမ္မတမင်းစွာ အလုံးအရင်းနန့် လားရောက်တိုက်ခိုက်ကေလေ့ မနှိုင်ခချေ (စန္ဒ ၂း၃ဝ၅၊၃ဝ၆)။[]


  1. ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)