Jump to content

လောင်းမွန်စိုင်းဒြားဧေး

ဝီကီးပီးဒီးယား က

ဇေယန္တု။ ရှေ့သောခါဝယ်။ ဓညဝတီ။ ရခိုင်ပြည်ကြီး။ တွင်မေရှိသည်။ သရီချောင်းထဲ။ ဘွဲ့မေပေးသည်။ ကျောက်လှေကားမြို့။ ခေါ်၏ သမိုင်း။ စစ်ထူဝေလက်။ ကျော်နှန့်တက်သား။ ရှေ့ဂနက်ဖြာ။ လွန်သာ ယာသည်။ ရက္ခပူရ။ မြို့မစစ်တွေ။ လူတကာတို့။ ခေါ်ဝါထားသည်။ ပါတလိတ်ချိတ်။ ဘွဲ့တော်နှိပ်၍။ တန်ဆိတ်အာဏာ။ လွှတ်ရုံးတော်က။ အာဏာချိတ်ကွတ်။ ရွှေပြားရပ်ဟု။ တွင်ထားနာမ။ ထိုဒေသတွင်။ ပညာဂုဏ်နှင့်။ ကျော်တွင်ကိတ္တိ။ ပုံနှိပ်ဆရာ။ ခေါ်ဝါတွင်ပြီး။ ကောင်းစံရှီသည်။ ရှိကဖြစ်ဟန်။ လောင်းမွန်စိုင်းဒရား။ ဖြစ်ဟန်များကို။ ထုံးဟောင်းရာဇဝင်။ ပညာရှင်တို့။ မှတ်သားနောင်လာ။ လူတကာသည်။ စိုင်လာမပျက်။ ဦးဒါန်းဆက်အောင်။ ကောင်းစွာစီမံ။ ပြုပျင်ပြန်၍။ လုပ်ကြံထားဘိ။ မူဟောင်းရှိ၍။ စုံးစမ်းရှာဖွေ။ တိန်မြှုပ်မည်ဟု။ စိတ်ဝယ်မှတ်ထင်။ ရာဇဝင်ကို။ ကောင်းစွာပုံနှိပ်။ လုပ်ဆောင်ပြီးမှ။ အများရှင်လူ။ ပြည်သူပြည်သား။ မိမ္မယောက်ျား။ လူအများတို့။ ကြည့်ရှုကြပါ။ လောင်းရာဇာသည်။ ဖြစ်ရလေနဲ။ ထိုကြောင်းရဲကို။ ပြည်သူလူများ။ သိစေသော။[]

လောင်းမွန်စိုင်းဒြားဧေး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ထွန်းလင်းကျက်သရေ။ လုပြည်ကျော်သောင်း။ မင်းကောင်းရာဇာ။ ကျောက်လှီကားမှာ။ ကိုးဆက်ပေါ်ရေ။ လောင်းတော်နန်းရှင် ဘုန်းအင်တက်တိုး။ အာဏာမိုးသည်။ နန်းရိုးစိုင်လာ။ ဝေသာလိမှာ။ မင်းဖြစ်လာလို့။ စက်ျာအမှန်။ လှံပျံင်(လှံပျံ)လည်းရ။ ဘုန်းတော်သံသည်။ စိုင်းဒရားလည်း။ ဆက်ငြားဘဏ္ဍာ။ ပြည်တိုင်းသားမှာ။ ပို့ကုန်လာရေ၊ ကြိုင်ညာသ္မီး။(ကညာသမီးး) ရွှေပြည်ရှင်ကို။ လက်ဆောင်ပီးလို့။ နန်းဝ ရိပ်ငြိန်(ငြိမ်)၊ ကျောက်မျိုးစီကေ။ ဘုန်အိမ်ပြဿဒ်။ ရွှေပြည်ရှင်မှာ။ အထပ်ထပ်နှင့်၊ နန်းတိုင်ကြာခွက်။ အသေတိုင်မှာ။ ပြိုးပြိုးပြက်မျှ။ ချူပန်းချူးနွေ၊ တန်းခါးဝမှာ။ စိန်မြသွယ်လို့။ မြောက်နေရွှေခမ့်(ခန်း) တောင်ညာနန်းမှာ။ စန္ဒာဒေဝီ။ ခေါ်ညီတွင်ထား။ နန်းရွှေတောင်မှာ။ မိဖုရားနှင့်။ ပျော်ပါး မောင်နှံ။ ရွှေတောင်နန်းမှာ။ မနောစံရေ။[]

၂ရခိုင်စိုင်းဒြားဖွေ့ (ပုရပိုက်မူ) ဓမ္မဇေယျ (ရက္ခဘေရီတည်းဖြတ်)၊ ၂၀၂၃ ခုနှစ်၊ စာ-၁၃၆

စိုင်းဒြားမင်းဦးတော်ခဲခြင်းအကြောင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရှေ့လွန်သောခါ။ ပြည်သင်းထွေးမှာ။ ဖြစ်ခြင်းရာကို။ မသိဘာဘဲ။ ရွှေပြည်ရှင်မှာ။ ဦးတော်ခဲရေ။ လူးလဲမသာ။ ကို့ရောဂါကို။ သာပါစီချင်။ ပြည်ရှင်မင်းမှာ။ ဆီးဝါးတင်လို့။ နန်းရှင်ရောဂါ။ မသာပါသိ။ တပိပိလျှင်။ ဒါဏ်ကြီးဝင်သည်။ ဟိကျင်လတ်ငြား။ နန်းရွှေတောင်မှာ၊ ခေါင်မင်းဖျားလည်း။ အာဏာတော်စက်။ သံဖြင့်ကွက်သည်။ ဆိုချက် မိန့်တော်။ မိန်းခြင်းရာက။ ဆရာတော်ပေါင်း။ ဗေဒင်ကောင်းကို၊ လျှင်ကြောင်းခေါ်ခီ။ နန်းတော်ထက်မှာ။ ဂုရောက်စီလည်။ စေသည် အဘော်၊(အာဘော်) အမိန့်တော်ကို။ ကြားသော် ခန။ မင်းနောင်များမှာ။ ခေါ်ငြား လည်းမြောံ(မြောက်)၊ မင်းစေကျွန်မှာ။ ချက်ချင်းရောက်၍။ ဆရာတော်ပေါင်း။ ယတ်ကိုယ်စီသည်။ ထီးနန်း(ထီးနီ)ဆောင်းလို့။ လျှင်ကြောင်းမကြာ။ ကိုယ်ငါ တို့မှာ။ မနေသာဘိ။ မင်းစေပြန်မြောက်။ ရွှေပြည်ရှင်မှာ။ မျက်တော်ထောက်၍။ ကြောက်လန့်တကြား။ အကုံသူမှာ မြိန့်များ(မိန့်မော)သွားသော်။ ရောက်ပြီးဘုရား။ သံတော်တင်ပျာ။ လျှောက်လေငြားသော်။ မင်းဖျား ဘုန်းစေ။ ရွှေတောင်နန်းမှာ။ မိန်းလတ်သည်ကား။ ဤရုသမ္မာ။ အာသံပ(အာထဗ္ဗဏ) ကေ။ ယစ်စ(ယဇု)ဗေဒင်။` လွန်သိမြင်သည်။ ကျော်တွင်ပေါက်ပြား။ ငထံလာသည်။ ဆရာများရို့။ ယခုအံ့ဖွယ်။ ငါမင်းကြီးမှာ။ ဥတော်လေ(ဦးတော်လည်)သည်။ ကြီးထွေရောဂါ။ င အနာကို။ တွက်ကြားအမှန်။ မြင်သတိုင်းကို။ င ကို ပြန်ပါ။ ဤရုသမ္မာ။ အာသံပ(အာထဗ္ဗဏ) ကေ။ ယစ်စ(ယဇု)ဗေဒင်။ တကျိပ်သားမှာ။ သုံးယောံ (ယောက်) မြင်သည်။ နတ်မြင်သုံးယောက်။ ရှိတော်ဆီမှာ။ ကားကား ဖေါက်၍။ လျှောက်လတ်သည်ကား။

ဘုန်းတော်သံသည်။ လောင်းဘုရားလည်။ အသက်ကိုမူ။ ရီစက်ချ၍။ ကျွန်တော်တို့ကို။ ယခုလှူပါ။ သစ္စာတော်ကို။ ကြားပါချင်ဘိ။ ရှင်မင်းကြီးလည်း။ နောင်ဘီစဉ်လာ။ ဤလောကမှာ။ ဖြစ်ခြင်းရာကား။ ခန္ဓာကြီးသူ။ သက်ကြီးရှူသည်။ စွယ်ဖြူ ပေါက်လှ။ တောဆင်ရိုင်းကို။ ဖမ်းလို့ရယောင်။ တစမလိုက်။ သံခြိုင့် ချုတ်မှတ်။ ကျွန်တော်တို့ကို။ ခုနစ်ထပ်လျှင်။ ထားပြီကျင်မှ။ လျှောက်ဝန့် ပါမေ။ ဆိုသဉ်(သည်)စကား။ နန်းရွှေတောင်မှာ။ ခေါင်မင်းကြားသော်။ မတ်တော်သျှစ်သောင်း။ မှူးပေါင်းစီရင်။ ချက်ချင်းပျင်၍။ ပန်းဘဲပန်းထိန်။ အပြင်းစီသည်။ သံကိုဆက်၍။ လုပ်လျက်အလျှင်။ သံခြိုင့်ကြီးကို။ ပို့လာကျင်သော်။ အကြင်ဥပ္ပမာ။ ကျီးမြဝါသည်။ ချိန်ခါတံလိုက်။ ဥဘို့ ဖြစ်လျှင်။ သစ်ခေါင်းဝင်သည်။ တောင်လျှင်စိန်းမြ။ သူ့ဘာသာမှာ။ စကားပြောရေ။[]

ကျီးသားမောင်နှံ။ ကာကဲသံကို။ ကြားပြန်လတ်က။ ဒေဝဒတ်မှာ။ တောင်းလတ်သောခါ။ သမ္ပာပါတ်မှာ။ သားပျော်ရာဟု။ တက္ကာ(တက်ကာ) လွယ်ကူ။ သစ်ခေါင်းထဲက။ နှိုက်၍ယူသည်။ ကျီးဖြူညိုရောင်။ တောင်စိန်းမြသဉ်။' ကျက်တော်မောင်ကို။ ယူဆောင်ခန။ ခြိုင့်တွင် လှောင်သဉ်။ စမရသို့။ စကားပုံပြု။ သမ္မာပါတ်မှာ။ မင်းဝတ္ထုကို၊ ယခုဆွလျှင်။ သံခြိုင့်ဝင်သည်။ ဗေဒင်တတ်ငြား။ သံခြိုင့်ထဲက။ ဇတ်စကားကို၊၊ မဆင်မကြောံ(ကြောက်)။ ရွှေပြည်ရှင်ကို။ မြင်တိုင်း လျှောံ(လျှောက်)မေ' ကြံလတ်သည်ကား။

ခေါင်းတော်ခဲခြင်းအတိတ်ဝထု

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဘုန်းတော်သံသည်။ လောင်းဘုရားလဉ်(လည်း)။” တုရုပ်'(တရုတ်)ဟူကေ၊ အလွန်ဝီးသဉ်။” သင်းထွီပြဉ်တွင်။ ရံခါတစစ်။ မဖြစ်လိုလာ။ ခွီးမမိခင်။ ဝမ်း၌ဝင်၍။ ယူကျင်သန္ဓေ။ စွဲတုံလေက။ နိလစိလျှင်၊ ဘွား(ဖွား)ချိန်တံလိုက်။ သူကြွေအိမ်မှာ။ ခွီးလျှင်ဖြစ်က။ သားနှင့် ဘော်ဘက်(ဖွားဘက်)။ သူကြွေမမှာ။ တနံနက်လျှင်။ သားငယ်ကြီးခါ။ ကျောင်းတွင်တလည်။ သူကြွေမမှာ။ ထားလီရေလည်။

ထိုခါမြတ်လည်း။ သားဆရာကို။ ဝတ်ဆွမ်းမွေးသည်။ ဆွမ်းပို့ လားခါ။ ကျွံမနောက်က။ ခွီးသားငယ်သည်။ ခေါက်တိုင်းပါကေ။ အဒွါ လင်လား။ ကျောင်းသားငယ်မှာ။ မှော့ကစားသော်။ ရှက်အားကြီးစွာ၊ ဝိဟာကျောင်းမှာ။ မခံသာ၍။ ပြန်ပါတုံလတ်။ လမ်းစပ်ကြားမှာ။ ခွီးကို သတ်ပျာ။ ကျွံမပျက်မှာ။ အငြိုဘော်၍။ ခွီးငယ်အသက်။ ထွက်သဉ်(သည်)ကိုပင်။ ကျွံမမြင်သော်။ ယူငင်ခွေးကောင်။ ပုပ်ဟောင်လောက်ကျ။ လမ်းစပ်ကြားမှာ။ လူများရွံ့ဖွယ်။ ဖြစ်ခမေဇူ။ ယူဘေအလျှင်။ ထိုညောင်ပင် မှာ။ ချပ်တင်ခန။ ထားပြန်ခသော်။ ကာလမြင့်ရှည်။ အရေအသား။ ဆွီးပျိုကျမှတ်။ ဦးခွန်ကျွတ်၍။ ကြီးလတ်ညောင်ပင်။ မျိုလီကျင်ဘိ၊ ကြီးထခါ။ ဒွတ်တိန်သာမှာ။ ဦကြွတ်နာပင်။ ရှင်မင်းကြီးမှာ။ ဖြစ်လတ်ကျင်ဟု။ မဆင်မကြောက်။ ရွှေပြည်ရှင်ကို။ မြင်တိုင်းလျှောက်တေ။ မျက် တော်ပါကေ။ မင်းကျော်သုတ်သုတ်။ ဓါးသံလျက်နှင့်။ ထ၍ခုတ်သော်၊ သံမြိုင့်ချတ်မှတ်။ ခုနစ်ထပ်မှာ။ ခြောက်ထပ်ကကျွန်။ တထပ်ကျန်သည်။မင်းမွန်မင်းလှ။ ကိုယ်သတိကို။ ချုတ်ဆေရ၍။ သို့သာဖြစ်ပြီး။ ဤသည် ဘီးကို။ လွတ်ဘိစီငှါ။ မတတ်ပါလော။ င ထံလာသည်။ ဆရာများတို့။ တုရုတ်(တရုတ်)ဟူကေ။ အလွန်ဝီးသည်။ သင်းထွီးပြည်တွင်။ ယင်းညောင်ပင်ကို။ ရှာကျင်ခုတ်လိုက်။ တူးဖြိုပိုက်မှ။ လွတ်ပါရမည်။ ဆိုသဉ်'စကား။ နန်းရွှေတောင်မှာ။ ခေါင်မင်းကြားသော်။ ဇောင်သာဖြစ်ကေ။ ပြည်သင်းထွေးကို။ ငါသွားမည်လည်။ မတ်ကြီးထမ္မစစ်။ ရိုဆိုက်ကျိုးနွံ။ လျှောက်တောင်းပန်သည်။ အယင်စစ။ သင်းထွေးပြည်ကို။ ကိုယ်တော်ကြွလျှင်။ တော်မေ မထင်။ လျှောက်ဦတင်သည်။ လှန်တွင်လှံပျံ။ နတ်မှာပီးသည်။ ရဲစက်ချွန်ကို။ တမံခေါ်ပါတ်။ စီလွှတ်လိုက်လျှင်။ ရှင်မင်းကြီးမှာ။ ကောင်းမည် ထင်ရေ။[]

နတ်လှံပျံကို စီလွှတ်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သို့သာဖြစ်ပြန်။ င မှာ ဟိသဉ်။ နတ်လှန်ပျိုင်ကို။ လျှင်ထံမနီ။ ပြဉ်သင်းထွီကို။ သွားပြန်လီဟု။ ရွှေပြည်ရှင်မှာ။ မိန့်တော်ကျု(ကျူး)ကေ။ စေသည်အဘော်။ အမိန့်တော်ကို။ ကြားသော်ခန။ လှန်ပြိုင်(လှံပျံ)ရ၍။ ပျံလေတုံမြောက်။ သင်းထွေးပြည်မှာ။ ရိုင်တည့်ရောက်သော်။ ရိတ်ကား(ရစ်ကာ) ပျံဝဲ။ သင်းထွေးပြည်မှာ။ ပန်းဆိုင်းဆွဲသို့။ သဲသဲကြံကြံ။ လှန်ရုံသံကို။ တရံ ချောံ(ချောက်)ချား။ သင်းထွေးမင်းမှာ။ နား၌ကြားသော်။ ကြောက်အား ကြီးစွာ။ မခံသာ၍။ ထက်အာကာကို။ မျှော်ကျင်ရှည်းနဲ။ သင်းထွေး မင်းမှာ။ ဝန်းလို့ကြည့်သော်။ ဝါဇရဇိန်(ဝဇီရာစိန်)။ ရောင်ဟိန်ပြိုးပြက်။ ထက်ကောင်းကင်မှာ။ လှန်လက်နက်ကို။ မြင်ကလန့်နိုး။ သင်းထွေးမင်းမှာ။ ဦထိပ်မိုးလို့။ ဖျင်ဖြူဖျင်နီ။ အညီယင်းခါ။ ပြည်သင်းထွေးမှာ။ ခင်းတုံပါလို့။ ခင်းငြား အသာ။ လှန်ကျလာလျှင်။ စာကိုမြင်သော်။ အုတ်အင် စိုးထား။ နတ်လှန်(လှံ)ရသည်။ စိုးထားပိုင်ခြင်း။ အမင်းမင်းကို။ နှိနှင်း(နှိမ်နှင်း) စိုးငြား။ ကျောံ(ကျောက်)လှီကားမှာ။ စိုင်းဒရားလျှင်။ ပြည်ကြီးရှင်က။ တိုင်းခွင်ရွှေပြည်။ ကျယ်မကျယ်ကို။ ဖွေနွေနှန့်စတ်။ လှီနှင့်ပတ်၍။ ကြည့်လတ် တော့မည်။ နတ်လှန်ပြိုင်(နတ်လှံပျံ)မှာ။ ပါလတ်တေက။ ရှင်ရင်းလာခါ။ တဲနန်းတော်ကို။ များစွာစီရင်။ ကောင်းအောင်ပျင်လို့။ ထားနှင့်ပါမည်။ မှာသည် ဦးညွတ်။ နတ်လှန်ပျိုင်(လှံပျံ)မှာ။ လျှောက်စာတတ်၍။ ပျံလီတုံမြောက်။ ရှိတော်ရောက်လျှင်။ စာကိုမြင်သော်။ ဝန်းသာအားရ။ ရှင်မင်းကြီးမှာ။ ရွှင်လန်းပ၍။ ဇောင်သာ ဖြစ်ကေ။ ပြည်သင်းထွေကို။ ငါလားမည်ဟု။ စန္ဒာဒေဝီ။ ခေါ်ညီတွင်ထား။ နန်းရွှေတောင်မှာ။ မိဖုရားလည်း။ မတ်တော် သျှစ်သောင်း။ မှူးပေါင်းညီညာ။ ရှင်မင်းကြီးကို။ လျှောက်ခြင်းရာကား။ သင်းထွေးပြည်ကို။ ကိုယ်တော်ကြွလျှင်။ တော်မည်မထင်။ လျှောက်ဦတင်သည်။ လျှောက်တင်မနာ။ ဟန့်ငြားသော်လျှင်။ ရောဂါ သာမှ။ သီပါရဇီ။ တောင်ညာနန်းမှာ။ လှဒေဝီလည်။ ငါမလာလျှင်။ င တွင် လက်စွပ်။ တံအပ်သောသူ။ မင်းမူစိမ့်ငှါ။ သွားခါကြောင်းလျှား။ မိဖုရားကို။ မှာထားခပြီး။ နန်းစည်ရှင်မှာ။ လက်စွပ်ပီးရေ။[]

သင်းထွီ(သင်းထွေ)ပြည်ကို ကြွချီတော်မူခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဘုန်းရှိမင်းကျော်။ ပြည်သင်းထွေးကို။ ကြွမည်ခါက။ တသောင်း ခြောက်ထောင်။ ပြောင်ပြောင်မရှား။ မှူးမတ်များရို့။ ထံပါးကျိုးနွံ။ ပူဇော် ခံသည်။ မင်းမွန်မင်းကြီး။ အာဏာပီးသည်။ မတ်ကြီးဓမ္မစစ်။ အမြောက်ကြီးကို။ ကိုးချက်ပိုက်လို့။ ရှိတတ်ဦးပင်။ ဗိုလ်တတ်ဦးမှာ။ ချီလီကျင်သော်။ ဘုန်းဟိမင်းကျော်။ စီးပါလည်ဘိ။ ဘုန်းတော်သံသည်။ ကိုယ်မချိလည်း။ အာဏာတော်စက်။ သံဖြင့်ကွက်သည်။ ဆိုချက် မိန့်တော်။ မိန်းခြင်းရာက။ နတ်မြင်ဟုရား။ င ထံလာသည်။ ဆရာများရို့။ တွက်စားကြည့်ကြတ်။ ရွှေပြဉ်ရှင်(ရွှေပြည်သျှင်)မှာ။ မိန့်တုံလတ်သော်။ တပါး ကြောင်းသာ။ မဟုတ်ပါလည်။ ဘုန်းရှိမင်းမွန်။ ဆွေးလေးစွံ(စလွယ်စွန်း)ကို။ လိမ်ပြန် ခေါက်ချိုး။ ယူလို့အသာ။ လက်မောင်းတော်ကို။ ပွတ်ပါလေပြီး။ စီးတော် လှီမှာ။ ကိုယ်တော်ချိမေ။ သင်းကန်းနက်(သင်္ဂနက်)လှီကြီး။ ကိုးသန်းစီးသဉ်(စီးသည်)။ ကိုးဆယ်ကိုးလံ။ လှီပင်းကံလည်း။ ခြိုးပြီးတတွန်။ ကျင်သံတပြီး။ စီးတော် လှီသည်။ စေ(စည်)တတီးလည်။ ချီဘား(ချီဖား)တဟောက်။ ပြောင်းတမြောံ(မြောက်)လည်။ ရပ်ကြီးပင်လယ်။ မြို့ပြည်ကိုခွါ။ ပြည်ရှင်မင်းမှာ။ ထွက်လီပါသော်။ ကွိရှည်ရောက်က။ ရှင်မင်းကြီးမှာ။ ပွဲးပြည်းချလို့။ ခေါ်ထားတွင်မှတ်။ ဦပြီးချပ်(ဝဖြီးချပ်)လျှင်။ ဆံတော်ရှင်ကို။ ဦးတင်ရှိခိုး။ မြတ်နိုးရိုသေ။ ရှင်မင်းကြီးမှာ။ သိန်းဗိုလ်ခြေနှင့်။ ချီလီတုံထား။ ပင်လယ်ဝတွင်။ ရောက်လေကျင်သော်။

ရီနတ်သမီး ကွမ်းဖတ်သျှင်ကို လိုချင်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဘုရင်မင်းလှ။ စက်မွိရာက။ အသာထ၍။ ရက္ခတိုင်းကျော်။ နိုင်ငံတော်ပြည်။ ကျယ်မကျယ်ကို။ မိန့်ပေတုံလတ်။ ရွှေပြည်ရှင်မှာ။ စိတ်တော်လွတ်၍။ ကွန်းဘပ်(ကွမ်းဖတ်)ရီမှာ။ ရှင်မင်းကြီးက။ ပစ်မိရာတွင်။ အောက်ခွင်တလွှား။ စိုးထားပယ်ခြင်း။ နဂါးမင်းမှာ။ ရင်တွင်းသ္မီး။ နှောင်မွီးသူဇာ။ မောက်တော်ရှင်မ။ ကွန်းဘပ်(ကွမ်းဖတ်)တော်ကို။ ကောက်၍ ရမြောက်။ ဘကို လျှောက်သည်။ဝမ်းမြောက်ဝမ်းသာ။ ရံခါတထူး။ မရဘူးဘဲ။ အထူးခုဝယ်။ လုပြဉ်ကွန်းဘပ်(လူ့ပြည်ကွမ်းဖတ်) ။ ရီသဖင်မှာ။ ကောံ(က်)ရ လတ်သော်။ ကွန်းဘပ် (ကွမ်းဖတ်)ရှင်ကို။ ရချင်လိုဘိ။ သ္မီးတော်မှာ။ စိတ်က ဟိလို့။ ရဘိမကျန်။ ဘခင်မင်းကို။ လျှောက်တောင်းပန်သော်။ ပညာဆင်ခြင်။ ရီနတ်မင်းမှာ။ ကြည့်လတ်ကျင်သော်။ ပါရမီကြီးလှ။ နတ်လှံရသည်။ စိုးထားပိုင်ခြင်း။ အမင်းမင်းကို။ နှိ(မ်)နှင်းအုပ်စိုး။ အာဏာမိုးသည်။ တန်ခိုးကြီးငြား။ ကျောက်လှီကားမှာ။ စိုင်းဒရားလျှင်။ ပြည်ကြီးရှင်က။ တိုင်းခွင်ရွှေပြည်။ ကျယ်မကျယ်ကို။ ဖွေနွှေနှန့်စပ်။ လှီနှင့်ပတ်၍။ ကြည့်လတ်တော့မေ။ လာလတ်သည်ကြောင့်။ ပြန်သဉ်(သည့်) အခါ။ ရပါစိမေ။ ဆိုထွေဆုမ္မ။ မောက်တော်ရှင်ကို။ အငန့်ထား၍။ ယင်းကမင်းကျော်။ ချီလီပါသော်။ ရမ္မဝဒီ(ရမ္မာဝတီ)။ တိုင်းဆီစိုးခြင်း။ ရမ်းဗြဲမင်းရို့။ မေခဝဒီ(မေဃဝတီ)။ ရပ်ဆီစိုးခြင်း။ မာန်အောင်မင်းရို့။ ဒွါရဝဒီ(ဒွါရာဝတီ)။ မြို့ဆီစိုးခြင်း။ သံတွဲမင်းရို့။ လာခြင်းကျိုးနွံ။ လုပ်ခွန်ဘဏ္ဍာ။ ကြညာသ္မီး(ကညာသမီး)။ ရွှေပြဉ်(ပြည်)ရှင်ကို၊ လက်ဆောင်ပီးလို့။ ယင်းကတဖန်။ ရှင်မင်းကြီးမှာ။ လားလီပြန်သော်။ ရှိမှာတခွင်။ သံရှင်ညာဆုံး။ မင်းဘုန်းပုဂံ။ ဇာလွန်(ဇလွန်) ပုသိမ်။ အောင်မြိန်း(အောင်မြီ) အစ။ မုဒ္ဒမ(မုတ္တမ)က။ ဘူး(ဖူး)လာရ၍။ အဝဟင်္သာ။ ရှမ်းရွာ တောင်စပ်။ ကသဲ မြုံပြည်။ လာသည်ထင်ရှား။ ယိုးဒယားဇင်မည်။ ပတ်သေတောင်ငုံ။ သိန်းယူစိုးခြင်း။ အမင်းမင်းမှာ။ လာခြင်းကျိုးနွံ။ ထုပ်ခွန်ဘဏ္ဍာ။ ကြညာ (ကညာ) သ္မီး။ ရွှေပြည်ရှင်ကို။ လက်ဆောင်ပီးရေ။ မင်းသ္မီးမှတ်။ လမ်းစပ်ကြား မှာ။ ရပြန်လတ်သည်။ ရာတပတ်လေ။ ရွှေမြို့တော်မှာ။ တရာထီး ဆောင်း။ မင်းပေါင်းအကုံ။ ဦးစုံညွတ်တိုက်။ ရွှေပြည်ရှင်ကို။ နဘူးဆစ်၍၊ စိုက်စိုက်ထိုခါ။ ပြည်သင်းထွေးမှာ။ ဘူးကြတ်(ဖူးကတ်)လာရေ။။[]

သင်းထွီပြည်မှာ ကိုးနှစ်ကြာ စံစားခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အာဏာထံပြင်း။ သင်းထွေးပြည်မှာ။ ချလပ်(လတ်)ခြင်းက။ ကြောင်း ခြင်း တမန်။ ပြည်သင်းထွေးကို။ ငါသာပြန်သည်။ နတ်မြင်ဟူရား(ဟူးရား)။ ပြိုင် ညောင်ပင်ကို။ ဟောညွှန်ပြထွေ။ ဤသည်ပြည်တွင်။ ယင်းညောင်ပင်ကို။ ရှာကျင်ကြတ်(ကတ်)ခီ။ ချထွီအာဏာ။ ထမ္မဇစ်မှာ။ ဆိုခြင်းရာက။ စစ်ကဲ မောင်ဟုန်း။ မောင်းရုံးရုံးနှင့်။ မြို့ဇားစာရွီး။ မြို့သူကြီးလည်း။ ပတ်ကုန်း ရွှီထွီ။ ရှာကြလီလျှင်။ ညွှန့်ရှင်လှတ်လတ်၊ စုံလီခတ်၍။ မြင်လတ် သောခါ။ ဓမ္မာဇစ်မှာ။ ဆိုခြင်းရာက။ တို့ရှင်ရောဂါ။ သည်ညောင်ပင်တွင်။ ဟိတံရာဟု။ ဆိုသည်စကား။ နတ်မြင်ဆောင်သည်။ ခေါင်ဟူရားကား။ ဝန်း၍ကြည့်လျှင်။ ညောင်ခြီရင်းကို။ ပြီးပြီးထွင်လို့။ ရှာကျင် ခုတ်ထိုက်။ တူးဖြိုပိုက်လျှင်။ ခွီးဦးခေါင်းကို။ လွလွမြင်သည်။ ယူငင် လည်းရ။ ဘုန်းတော်အားဖြင့်။ ဆက်ငြားလည်းရှောင်း။ ခွီးဦးခေါင်းကို၊ စောလောင်းဘုရင်။ ဖြုတ်ချေ(ဖြုတ်ချည်း)မြင်သော်။ ကိုယ်တွင်ရောဂါ။ ရှင်မင်းကြီး မှာ။ ချက်ချင်းသာလို့။ အာဏာထံပြင်း။ သင်းထွေးပြည်မှာ။ ချလတ်ခြင်းကား။ ထန်းခုနစ်ဆင့်။ ညောင်ပေါက်ရာမှာ။ ဖျိုးဖျိုးမြင်အောင်၊ ဇေတီညောင်မှတ်။ ဦကြွတ်ဓတ်(ဦးကြွတ်ဓာတ်)လျှင်။ ပြည်သင်းထွီမှာ။ တေလီကျင်ဟု။ ရွှေပြည်ရှင်မှာ။ မိန့်တော်ကျူးကေ။ မတ်တော်ရှစ်သောင်း။ မှူးပေါင်း စီရင်။ ချက်ချင်းပျင်၍။ ရွှေဇင်ကိုးသိန်း။ သင်းထွီပြဉ်(ပြည်)မှာ။ အလှူပီးရေ။ စိတ်ရွှင်ဝမ်းသာ။ ပြည်သင်းထွီမှာ။ ကိုးနှစ်ကြာရေ။[]

စောင်းသည်ညီနောင်၏ လွမ်းတေးသံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

များစွာဆင်မြင်း။ သင်းထွီပြည်မှာ။ သီပျောက်ခြင်းနှင့်။ လူများ ဗိုလ်ပါ။ ပျက်စီးရာကို။ မလျှောက်ပါဝံ့။ အမတ်တော်ရို့။ လွန်ကြောက်ရွံ့ ၍။ စောင်းသည်ညီနောင်။ နှစ်ယောက်မောင်ကို။ ဆိုခြင်းရာကား။ တို့ရှင်မင်းကို။ စောင်းခြင်းပြန်ပါ။ စောင်းသည်တို့မှာ။ ငြင်းခြင်းရာကား။ ကြောက်စွာလန့်ဖြတ်။ အကျွန်ုပ်တို့။ မတီးဝံ့ပါ။ အပြစ်ရှိခါ။ ဓမ္မဇစ်မှာ။ ငါခံပါမေ။ ဆိုသည်စကား။ စောင်းသည်ကြားသော်။ ဇောင်သာဖြစ်ကေ။ တပိုညည့်မှာ။ တီးရမည်ဟု။ သနားမောင်ပင်။ လုလင်စောင်းသည်။ တပို ညည့်မှာ။ တီးပြန်မေက။ ထက်ကနီသည်။ ကုဋီနတ်များ။ ရှင်သိကြားရို့။ အောက်ကနီသဉ်။ ကုဋီနတ်များ။ ရှင်နဂါးရို့။ နှစ်ပါးအညီ။ ရှင်မင်းကြီးကို။ မပါစီလေ။ အောင်မြိန်(အောင်မြီ) သာလှ။ ကိုယ့်ဌါန ပင်။ မဟုတ်ကျင်လေ။ ဝမ်းနဲ(ဝမ်းနည်း)ဗိုလ်ပါ။ သုဌါနမှာ။ ကိုးနှစ်ကြာလို့။ များစွာဆင်မြင်း။ သင်းထွေးပြဉ်(သင်းထွီပြည်)မှာ။ သီပျောက်ခြင်းနှင့်။ လူများဗိုလ်ပါ။ ပျက်စီးရာဝယ်။ ညီစွာ စောင်းသည်။ တီးပြန်မေက။ နတ်များထက်တွင်။ နတ်တွင်ရာဇာ။ ဝေယံဒါမှာ။ အာဏာစိုးငြား။ မိုဃ်းသိကြားသို့။ လူများထက်တွင်။ လူတွင်ကျော်ဘိ။ ဘုန်းဟိပြောင်ပြောင်။ ဝေသာလိမှာ။ နန်းသုံးဆောင်နှင့်။ ဖြူရောင် ဆွဆွ။ ဆတ္တံ ရဒနာ(ရတနာ)။ ထီးဖြူကာသည်။ ရာဇာလုထွဋ်။ ဩော် မင်းမြတ်လေ။ နီမှတ်တိုင်းကျော်။ ရွှေပြည်တော်သို့။ ရွှင်ပျော် ဂုပင်။ အရှင်မင်းကို။ ကြွစီချင်သည်။ အထက်ကောင်းခင်။ အာကာပြင်က။ ဦးစွာထွက်စ။ ကြယ်တည်မလည်း။ ဦးခေါင်း တောင်သို့ လွှဲခဲ့ပြီးလည်း။ အထက် ကောင်းခင်။ အာကာပြင်က။ ဖြုပ်စိကေခုနစ်စိုင်။ ကြေ(ကြယ်)ကွန်တိုင်နှင့်။ သျှစ်စိုင် လေကောင်း(လည်းကောင်း)။ ထက်အာကာမှာ။ ကြေး(ကြယ်)မီးကျောင်းလည်း။ ဦးခေါင်း တောင်သို့ လွှဲခဲ့ပြီးလည်း။ လောင်းစစ်ဘုရင်။ အရှင်ပြန်ချိန်။ ဝေသာလိကို။ တန်ကောင်းပြီးလည်း။အထက်ကောင်းခင်။ အာကာပြင်က။ လသောဒါဏ(လသော်တာနှင့်)။ ညီစွာကွက်လိုက်။ ဖြုပ်စိတ်ကေ နဂါးဘောင်(ဖောင်)။ လကိုမျှောင်သည်။ သူယောင်ဗင်းထမ်း။ ထက်ကောင်းခင်မှာ။ ကြယ် ကလမ့်လည်း။ ခြီသန်းရွကာ။ တောင်မျက်နှာသို့ လွှဲခဲ့ပြီးလည်း။ လောင်းစစ်ဘုရင်။ အရှင်ပြန်ချိန်။ ဝေသာလိကို။ တန်ကောင်းပြီးလည်း။ ဦခြိုးသားနှင့်။ ကျီးသားယင့်ယူ။ ပြည်သင်းထွေးမှာ။ စိတ်ကိုမှုံသည်။ ကြူလတ်တေလည်။ လောင်းစစ်ဘုရင်။ အရှင်ပြန်ချိန်။ ဝေသာလိကို၊ တန်ကောင်းပြီးလည်။[]

စိုင်းဒြားမင်းကြီး ပြည်တော်ပြန်ခရီး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အရှင်မလာ။ ပြည်မှာလူရှင်။ အူအူ သောင်းသောင်း။ ဝေသာလိမှာ။ နီမကောင်း၍။ အရှင်မလာ။ နန်းတောင်ညာက။ စန္ဒာဒေဝီ။ ခေါ်ညီတွင်ထား။ နန်းရွှီတောင်မှာ။ မိဖုရားက။ တတ တသာ။ နန်းမှာ မရောက်။ တအောက်မိမိ။ မချိပူဆာ။ မျောက်သားတော်ကို။ မျှော်ပါ လေပြီး။ များထွေသတ္တဝါ။ ဗိုလ်ပါဆင်မြင်း။ သင်းထွေးပြည်မှာ။ သီပျောံ(က်)ခြင်းနှင့်။ လူရှင်ဗိုလ်ပါ။ ပျက်စီးရာကို။ ညီစွာစောင်းသံ။ ပြည်ရှင်ရှိမှာ။ စောင်းခြင်းပြန်သည်။ လျှောက်ပြန်သောခါ။ ရှင်မင်းကြီးမှာ။ နိုးလတ်ပါသော်။ ဇောင်သာဖြစ်ပြီး။ အဘိုးတော်သည်။ အမတ်ကြီးလည်။ အောင်မြိန်(အောင်မြီ)သာလှ။ င ဌါနပင်။ မဟုတ်ကျင်လော။ ယင်းနိကပင်။ ကိုယ်တွင်ရောဂါ။ ရှင်မင်းကြီးမှာ။ ချက်ချင်းသာ၍။ ငါလျှင်လန်းလန်း။ စိတ်တော်ချမ်း၍။ အမှန်းမသိ။ ပျော်လွန်မိ၍။ နာရီခေါင်းလောင်း။ စေ(စည်)မောင်း သံလွှင်။ ခတ်ချိန်တွင်ဝယ်။ ငါလျှင်မသိ။ ပျော်လွန်မိ၍။ သတိ လဉ်း(လည်း)ရ။ စောင်းသမပင်။ သံခေါင်ညည့်မှာ။ တီးလာကျင်သည်။ ဘုရင် မင်းခြေ။ ကို့ဌါနကို။ ပြန်တော့မေဟု။ ဆိုသည်စကား။ လူများကြားသော်။ ဝမ်းသာအားရ။ အကုံသူမှာ။ ရွှင်လန်းကြသော်။ ငှက်သွင်ပျံလွှား။ နန်းရှင်စီးသည်။ ကြီးလောင်းမမှာ။ ရုပ်မျိုးပွားခြင်း။ တောင်များဝယ်ဝယ်။ အလံဒွေနှင့်။ ရွှေလှီသိန်းသောင်း။ လှီကောင်းရွှေကျန်။ သက္ကတန်နှင့်။ ငှက်ရွံသံချိန်း။ ထိန်းထိန်းပြောင်ပြောင်။ လှန်ရောင်ညိန်းညိန်း။ ရွှေပြည်ရှင်မှာ။ ရီနန်းစီးရေ။[]

ပင်လယ်ပြင်မှာ ဖီးကြီးတွိခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

လှီတွင်စီးလိုက်။ မီးပေါက်ပိုက်သည်။ ထိန့်ရစ်ကျစ်ဆူ။ ပြည် တော်လူနှင့်။ အူအူသောင်းသောင်း။ ဗုံမောင်းခရာ။ ပတ်သာ စောင်း ညှင်း။ ဧေးသီခြင်းနှင့်။ လောင်းမင်း နတ်ဟန်။ ချီလာဟန်ကား။ ဝေယံ သိကြား။ မင်းတရားသို့။ သိကြားနတ်သွင်။ ချီလတ်ကျင်သော်။ မော်ရုံး တောင်စိုင်။ ရခိုင်ပြည်ခြား။ ဆင်ခေါင်းဝကို။ လှည့်ငြားတုံလိုက်။ နဂါးရာဇ်တွင်။ ရောက်လီကျင်သော်။ နဂါးလုင်(လုလင်)။' သျှစ်သောင်းစင်တို့။ ယင်းတွင် မြေးထွေ(မြဲထွေ)။ စောင့်၍ နီဆိုက်။ လူမင်းချစ်ကို။ နှစ်၍ယူမည်။ ကြံဘယ်တုံရှောင်း။ ထိုအကြောင်းနှင့်။ နဂါးမီးလျှံ။ ထိန်းထိန်းဝှံမျှ။ ပစ္စုန်ဒါ(ပစ္စုန္န)သည်။ ခေါ်ထား လျှင်စွာ။ မိုဃ်းကြီးရွာငြား။ လီနတ်သားလည်း။ မြှောက်ထားဖျိုးဖျိုး။ လှိုင်းတန်းဘိုးနှင့်။ မြစ်စကမ်းခြေ။ ပင်လယ်ဝီမှိုင်း။ ယက်ဖြူဆိုင်းမျှ။ လီကြီးထလျှင်။ ရှင်မင်းကြီးမှာ။ နစ်မည်မြင်သော်။ ဘုရင်မင်းကြီး။ မြစ်ပင်လယ်မှာ။ ဘေးကြီးတွိရေ။

မင်းကြီးကို နဂါးနှစ်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အရီး င မှာ။ ဖြစ်ခြင်းရာကို။ နတ်မြင်ဟူရား။ ငါထံပါသည်။ ဆရာများရို့။ တွက်စားကြည့်ကြပ်(ကတ်)။' လှီတော်ဘောင်မှာ။ မိန့်တုံလတ်သော်။ တပါးကြောင့်သာ။ မဟုတ်ပါလည်။ ရီနတ်သ္မီး။ မိစံသီးသည်။ မြစ်ကြီးပင်လယ်။ ကစားဝယ်တွင်။ အရှင်မင်းကြီး။ မြစ်ပင်လယ်မှာ။ ဘောင်တော်(ဖောင်တော်) စီး၍။ ခရီးလားခိုက်။ နဂါးရာဇ်တွင်။ ပစ်ကျင်ကွန်းဘပ်(ကွမ်းဖတ်)။ ထိုအကြောင်းနှင့်။ ချစ်ဟောင်းမေတ္တာ။ သင်္သရာက။ လှူဒါပီးမှု။ ပြုဘူး(ဖူး) ပုည။ တောင်းဆုရသည်။ နဂါး ရင်နှိုက်(ရင်နှစ်)။ သ္မီးချစ်က။ သျှစ်သောင်းနဂါး။ အစောင့်ထား၍။ နဂါးဧကံ။ အရှင်မင်းကို။ နှစ်မေကြံသည်။ မှန်တော့သည်လည်။ ဝမ်းလို့ညီညာ။ ဆရာအများ။ လှီတော်ဘောင်မှာ။ လျှောက်လတ်ငြားသော်။ သို့သာဖြစ်ပြီး။ ဤသဉ်ဘီး(ဤသည်ဖီး)ကို။ လွတ်ပြီးစိမ့်ငှါ။ မတတ်ပါလော။ င ထံ ပါသည်။ ဆရာများရို့။ ဤသည်ဘီး(ဤသည်ဖီး)ကို။ လွတ်လို ငြားမူ။ ရီသမုဒ္ဒရာ။ လှီဥိ(လှီဦး)မှာသို့။ မျက်နှာတော်ထား။ နောံသို့ (နောက် သို့) စောင်းလှည့်။ လောင်းပြည်ရှင်မှာ။ ပြန်မကြည့်ကဲ့။ ဝဲခွင်ယာယီ။ ရှင်မင်းကြီးမှာ။ လွှဲခဲ့ပြီးဟု။ မြစ်တားဘိမုန်(မြစ်တားဘိမူ)။ ထိုစကားကို။ လိုက်နာယူပြီး။ ရှင်မင်းကြီးက။ ရီထဲသမုဒ္ဒရာ။ လှီဦးမှာသို့။ မျက်နှာတော်ထား။ ထိပ်ထံ ငြားသဉ်(ဓိဋ္ဌာန်ငြားသည်)။ မြစ်မသီတာ။ ပင်လယ်ချာကို။ မကွာစောင့်တတ်။ မယ်ခ နတ်တို့။ မပြတ်လျှင်ဆွ။ မစီသောဟု။ ယခုမြစ်မှာ။ လက်ျာ လက်ဝဲ။ မီးလျှံစွဲသည်။ ရှောင်လွှဲမသာ။ ပြီးရာမဟိ။ မီးတိပြောင်ပြောင်။ မြစ်လုံး လောင်မျှ။ ပြီးရှောင်မသာ။ ကိုးကွယ်မရ။ မီးတွင်ကျသည်။ မျှလောက်က ပင်။ ကြွင်းကျံ သနဲ(သနည်း)။ မိန်းထွေစကား။ လှီတော်ဘောင်မှာ။ မင်းကြီး ကြားသော်။ သေးဖျားနှစ်လုံး(သဲဖျားနှလုံး)။ ရှင်မင်းကြီးမှာ။ မီးကြီးအုံးသို့။ နှစ်လုံး(နှလုံး) ပူဆာ။ စိတ်မှာပူနှေး။ ပြန်လို့ကြည့်မြောက်။ မြစ်သီတာမှာ။ ဘောင်(ဖောင်) တော်မှောက်သည်။ တောက်သည်နဂါးမီး။ ကြီးဘိဘောင်မှာ။ မင်းစီးရာ ကို။ ဖွေရာရာဇ်ပတ်။ ရွှေလှီကြီးကို။ သုံးပိုင်းဖြတ်၍။ ပျက်လတ်သောခါ။ ရာဇာမင်းမျိုး။ ကံကိုယိုး၍။ မကဋ်ဿရာဘူ(မကိုဋ်သရဖူ)။ မှံကူသင်းကျစ်။ ရှင်မင်း ကြီးမှာ။ အပြည့်ဝတ်၍။ အင်္ကျီတုယင်။ ရွှေမွန်းဖျင်နှင့်။ ခြုပ်လျှင် ကြွေလုံး။ ရှင်မင်းကြီးမှာ။ ရင်စေဘုံး၍။ ပွတ်လုံး ခါးဝယ်။ ရွှေနှန်းခြေနှင့်။ အံ့ဖွေစုံစီ။ ကာသီပုဆိုး။ အဘိုးသိန်းတန်။ ဝတ်ပြန်တုံမြဲ။ ရှင်မင်းကြီးမှာ။ စိတ်ပူဆွဲ(ပူဆွေး)၍။ နီလျှင်သောခါ။ ကြာပဒေသာ။ ရှင်မင်းကြီးကို။ နှိုက်ယူလာရေ။ []

ဓမ္မစစ်အမတ်ရို့ကို စန္ဒာဒေဝီမိဖုရားက ပြည်နှင်ဒဏ်ပီးခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နောက်မှာပိတ္တ။ ပျက်ထကိုးသိန်း။ မင်းကြီးနောက်မှာ။ နိုက်၍ ပါသော်။ ကြောံ(ကြောက်)အားလွန်ထိန့်။ ဓမ္မဇစ်သည်။ အမတ်ကြီးမှာ။ ကိုယ်လွတ် ခွါရှောင်။ လှီတထောင့်နှင့်။ ပူဆောင့်ပူဆာ။ ဝေသာလိမှာ။ ဆိုက်ရောက်လာသော်။ ကြွင်းပါလည်ငြား။ နန်းရွှေတောင်မှာ။ မိဖုရားက။ မတ်ကြီး ဓမ္မဇစ်၊ လောင်းပြည်ရှင်ကို။ သတ်၍ပစ်ပျာ။ ငကိုယူမည်။ ဓမ္မဇစ်မှာ။ လာလတ်တေလော။

လက်ျာအမတ်။ ဗိုလ်တပ်ချီလီ။ ဓမ္မဇစ်ကို။ ရံတားခီလည်။ စေတုံမေလတ်။ မိဖုရားမှာ။ အပြင်းလွှတ်သော်။ မတ်ကြီးလက်ျာ။ သောင်းဗိုလ်ပါနှင့်။ လာကာရံတား။ ဓမ္မဇစ်မှာ။ ဟန့်လတ်ငြားသော်။ ငါက မတရစ်။ ရွှေပြည်ရှင်ကို။ နဂါးနှိုက်ပျာ။ မိဖုရားမှာ။ မျက်တော်ပါ၍။ မချစ် ငကို။ မလိုဧကံ။ သဘောမှန်လျှင်။ ဝေသာလိကို။ ငါမဝင်ပြီ။ မြစ်ခွင် အညာ။ ဆံလေပါမြောက်။ ကုလားတန်မှာ။ ရိုင်တည်(ရိုင်တိုင်း) ရောက်ငြား။ တဲတန်းချလျှင်။ အိမ်ရာပျင်၍။ ထိုတွင်ဌါန။ ရွာပြဉ်’ချ၍။ ကာလ တာရှည်။ နီပါလေသော်။ ရွှေမြို့တော်မှာ။ လောင်းတော်မျောက်သား။ မိဖုရားချစ်။ သုလင်ရင်းက။ မြစ်ပင်လယ်မှာ။ ပျက်လီခြင်းကို။ သိတင်း စကား။ မိဖုရားမှာ။ ကြားလတ်ငြားသော်။ စိတ်ကပူဝယ်။ သေးခြေ နှစ်လုံး(နှလုံး)။ ပတ်ပတ်မုန်းမျှ။ ဆေမရ၍။ နန်းဝနန်းပြင်။ ထွက်ဝင်လူးလာ။ မိဖုရားမှာ။ ငိုခြင်းရာကား။ ဘုရားလည်းထင်။ လင်လည်းထင်သည်။ သက်ရှင်လည်းမှတ်။ ကျွန်တော်မမှာ။ အိမ်ရှိနတ်သို့။ လေးမြတ် ကြင်ရာ။ မေတ္တာရစ်ခွေ။ ရှင်မင်းကြီးနှင့်။ ဆက်တိုင်းနေလျက်။ ရဝေ ဘုံဆင့်။ နန်းမြင့်တောင်ညာ။ များစွာ မိသံ(မိဿံ)။ ရှစ်သောင်းရံသည်။ စံစံပပ။ နန်းတောင်ညာမှာ။ မိဖုရားဟု။ ယခုစံရာ။ ချစ်လင်မင်းခြီ။ သင်းထွီပြည်ကို။ ချီလီတုံထား။ ယင်းနိကပင်။ စိတ်မရွှင်၍။ ရီလျှင်မသောက်။ ကျွန်တော်မမှာ။ ကွန်းမကောက်ပါ။ မိဖုရားမှာ။ ဆိုခြင်းရာကား။ ပုံထူးမခြား။ ငှက်ဟင်္သာသဉ်(သည်)။” ဘော်နှင့်(ဖော်နှင့်)ကွဲသို့။ ပျံဝဲမတတ်။ ရီသာ ဘောင်မှာ။ တောင်လက်ကျွပ်(ကျွတ်)သို့။ ဖြစ်လတ်သည်ကား။

စန္ဒာဒေဝီမိဖုရားကြီးလွမ်းခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နန်းလုံးမောင်သည်။ လောင်းဘုရားလည်း။ ဗျာတိ(ဗျာဒိတ်) တော်မြတ်။ အာဏာလွှတ်သည်။ မင်းမြတ်ဗိုလ်ခြေ။ သိန်းစံပေနှင့်။ ချီလေသည်ရက်။ ကျွန်တော်မမှာ။ ကြုံးတန်းထွက်သော်။ ကိုးနှစ်လုံးပင်။ နန်းစည်ရှင်ကို။ ပွေ(ဖွေ)မမြင်ဘဲ။ ကြာတင်မြင့်ရှည်။ သုဌါနမှာ။ ရှိလီသည်လည်။ ရဝယ်(ရဝေ) ဘုံဆင့်။ နန်းမြင့် တောင်ညာ။ များစွာ မိသံ(မိဿံ)။ သျှစ်သောင်းရံသည်။ ပီယံမောင်းမ။ များလှ တုံထွေ။ ရှစ်သောင်းဝယ်နှင့်။ လှသည်ပြောင်ပြောင်။ သောင်း ခြောံ(က်)ထောင်နှင့်။ ခွါရှောင်မင်းမြတ်။ စိတ်လက်လွတ်၍။ မင်းမြတ်ထိုခါ။ ပြည်သင်းထွေးက။ ပြန်လတ်ပါသော်။ မြင်ပါလေလား။

မြစ်ပင်လယ်မှာ။ နဂါးမလဉ်း။ လင်လှလိုချင်။ သုမောင်ပင်ကို။ ရှာကျင်လီခြင်း။ တန်းခိုး ကြီးသည်။ နဂါးမင်းလဉ်း(လည်း)။ ရှင်ရင်းနီရာ။ လုပြည် (လူ့ပြည်) မှာ က။ တရာ့ တစင်း။ အမင်းမင်းကို။ နှိတ်နှင်း ရန်ကွတ်။ မည့်သခင်မှာ။ လှံပျံလွှတ်လျှင်။ ပြဉ်တိုင်းသားမှာ။ လက်တွင်းဝင်သည်။ ပြဉ် (ပြည်)တိုင်း နှန့်ငြား။ ဝေသာလိမှာ။ စိုင်းဒရားဟု။ ကျော်ငြားလေတုံ။ နဂါးဘုံက။ လင်မရသည်။ ငေါင်းမ လင်ရှာ။ သုမျက်ဖျော်ကို။ ရှာပါလဉ်(လီ)တတ်။ ကျွန်တော်မမှာ။ ခွင့်မလွှတ်ပါ။ သစ္စာတော်နှင့်။ တခါ လဉ်းကောင်း၊ ပြည်တော်ဟောင်းသို့။ အလောင်းမင်းချေ။ လုပြည်နန်းမှာ။ ပြန်ပါလည်ဟု။ တလည်းတရူ။ ပူလည်းပူဘိ။ နဂါးဘုံမှာ။ မျိုးမဟိဘဲ။ စိတ်ဝမ်းကွဲ၍။ မင်းရဲမင်းကျော်။ သောင်းဗိုလ်ပါနှင့်။ ကြံရာမတတ်။ နဂါးပတ်ကို။ ထိုးဖြတ်မနိုင်။ မုန်မှိုင် တိမ်ပါး။ ပင်လယ်ချာတွင်။ မေချစ်လင်ကို။ ယူငင်နဂါး။ ဘုံသို့ချ၍။ အားရဝမ်းသာ။ လုရာဇာကို။ ရီမှာချလတ်။ သက်မလွှတ်ပါ။ မင်းမြတ် စုတဲ့၊ ခန္ဓာရွေ့သော်။ မေလည်းလက်ငြင်း။ ဆွေလင်ငယ်ကို။ ယူငင် သိမ်းထား။ ဆေမရ၍။ မေသော် ခုလျှင်။ နန်းတော်ထက်မှာ။ ငှက်ဖြစ်ချင် ၍။ ငှက်သွင်အဆင်း။ ကဠုန်မင်းသည်။ ကြီးခြင်းအားအံ။ ဟေဝန္တာမှာ။ ရဲစာချွန်နှင့်။ တောဆင်ဖြူသဉ်။ အစွယ်ငွားငွား။ ပေါက်သား ပြောင်မွန်။ ဆင်ဆတ္တံ(ဆင်ဆဒ္ဒန်)ကို။ လျှင်ထံကြွကြွ။ ချီနိုင်ကြသည်။ နန်းတော်ထက်မှာ။ လွန်းမကုံ၍။ ထိုးယူချင်စွ။

မိဖုရားကြီး၏ မေတ္တာသစ္စာ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ထိပ်ခေါင်တင်သည်။ လင်ဘုရားကို။ ရူတမပြီ။ ကျွန်တော်မမှာ။ လက်ဦချီ၍။ တိန်ဆီ မိုဃ်းဝ။ ဆီနှင်းကျသည်။ ချမ်းဇရွှေရင်။ ငိုလျက်ပင်လျှင်။ ငယ်လင်မျောက်သား။ မောင်ဘုရားကို။ သိကြားဒေဝါ။ နတ်များလာ၍။ မလာ ဇမြဲ(စမြဲ)။ သခင်မောင်ကို။ မ မဘဲနှင့်။ နတ်၏ပျော်ရာ။ ဝေယန္တာကို။ တောင်မွန်ရံပါတ်။ နဝါတတ်သည်။ ချမ်းမြတ်ရီကြေ။ ခုနစ်မေနှင့်။ လေးထွေညိုရောင်။ လေးဖြာဆောင်သည်။ တောင်မြင်းရှိရ်ဖျား။ သိကြားသူဇာ။ မကြည့်လာဘဲ။ ရှေ့ခါသော်က။ လင်မင်းဖျားနှင့်။ နန်းဝ ရိပ်ငြိန်(ငြိမ်)။ ထီးဖြူရွှန်းကြက်။ အာဏာဇက်(စက်)ဖြင့်။ သံဆင့်သံတင်။ ရှေ့ခွင် ပုဆိုက်။ သခင်မောင်ကို။ ညွတ်ညွတ်တိုက်၍။ နတ်ထက်လှန်ပျံ။ မည့်ရှင်မင်းမှာ။ ခြိန်းအာသံနှင့်။ ဗိုလ်ခံ မစည်း။ မင်းရဲမင်းကျော်။ များစွာသောင်းသောင်း။ မည့်’သခင်မှာ။ အမတ်ပေါင်းနှင့်။ ဆင်ကောင်း ဆင်ကျော်။ မြင်းရွှေများလှ။ တို့ရှင် မင်းမှာ။ သောင်းမကနှင့်။ မေသော် ခုဝယ်။ ရွေ့၍မကုံ။ လင်မင်းဖြူကြောင့်။ စိတ်ဝမ်းနှောင့်သည်။ ညောင်စောင်းသလွန်။ စက်မွေ့ဟန်က။ တပြန်ကညောင်း။ တပြန်ပြောင်းသည်။ မျက်ကောင်းလည်းရန်(ရံ)။ မြသလွန်ဝယ်။ ချိန်တံကသင့်။ အုပ်များဖျင်နှင့်။ ညန့်ခြင်း(ညံ့ခြင်း)ဖြူစွာ။ ကမ်းပါလား(ကမ္ပလာ) ထက်။ မွိရာဆင့်ဆင့်။ သခင်မောင်မှာ။ စက်မွေ့ခြင်းနှင့်။ မေ့လင့် နေရာ။ လီသွန်ဝတွင်။ မေ့ချစ်မောင်ကို။ မေလျှင်နိတိုင်း။ ရှိကထိုင်၍။ ဥတိုက်-ရွှေကြာ။ ထိပ်ခေါင်ဘင်(တင်)ကေ။ လင်ဘုရားကြောင့်။ လှထောရုပ်ဝါ။ မိစန္ဒာကား။ နန်းမှာနီလျက်။ တသက်သက်နှင့်။ ညချမ်းညဇာ။ ကျွန်တော်မမှာ။ လုပ်ကျွေးပါ၏။ များစွာလင်ဝတ်။ ယွင်းမချွတ်ပါ။ သစ္စာတော်နှင့်။ ကာယ ဝဇီ၊ အညီ မနော။ ကံသုံးပါးဖြင့်။ ညွတ်တွားပူဇော်။ ကံတော့(ကန်တော့)ပါ၏။[]

ဘုရင်ကြီးကို ရည်စူး၍ ကောင်းမှုပြုခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

လောင်းရာဇာကို။ ခေါ်လည်းမရ။ တလည်းမမြင်။ ခေါ်လျှင် သံကျော်။ မကျူးသော်လည်း။ စိတ်တွင်ဆူဝဲ။ ကျွန်တော်မမှာ။ သတိ ဆယ်၍။ သုံးထွေ သရာဏာ(သရဏ)။ ပဉ္စသီလ။ အနိစ္စကို။ နိညမကွာ။ မိဖုရားမှာ။ စောင့်လတ်ပါသော်။ များထွေဥစ္စာ။ ရတနာကို။ အများ သင်္ဃာ။ အရိယာကို။ ပင့်ပါပြီးလျှင်။ မိဖုရားမှာ။ နန်းဦတင်သည်။ သုံးထွေ ပဉ္စသီ။' များထွေမောင်းမ။ ရွေဘော်များနှင့်။ သုံးငြားတုံပြီး။ နန်းတော်ထက်မှာ။ ဆွမ်းလှူပီးရေ။[]

မင်းမဟိပြည် မတင့်တယ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

လှူပြီးသောခါ။ ရာဇာမင်းကြီး။ လုပြည်ညိန်း(လူ့ပြည်ညီး)၍။ ဘုံးရှိမင်းမွန်။ နတ်ပြည်စံသည်။ အကျွန်ုပ်မ။ ဤအလှူကို။ ဝီပါယက်လည်။ ချလျက် ရီစက်။ ခေါ်ငြားသာဓု။ နန်းတော်ထက်မှာ။ တရုရုနှင့်။ ကောင်းမှု မိတ္တာ။ ပြုပြီးခါမှ။ မကြာ တာရှဉ်(တာရှည်)။ သုံးလနီမှ။ ပြည်တွင်အတိတ်။ လက်ျာရံသည်။ အမတ်ကြီးက။ မတ်ပေါင်းခြံရံ။ သဘင်ခံ၍။ လျှောက်ပြန်သည်က။ နန်းရွှေတောင်မှာ။ တို့ရှင်မလည်။ လူတို့စည်လာ။ ဤလောကမှာ။ ဆိုခြင်းရာက။ အထိန်းမရှိ။ မိဖုရားမှာ။ ညှိုးနွန်းဘိ၍။ မင်းမရှိပြည်။ မိဖုရားမှာ။ မတင့်တယ်ပါ။ မင်းလောင်းမင်းလျှာ။ ရှာပါချင်ငြား။ မိဖုရားကို။ လျှောက်လတ်ငြားသော်။ စကားသံဝါ။ မိဖုရားမှာ။ ဆိုခြင်းရာက။ မင်းကြီးလားခါ။ ငကိုမှာထား။ ပတ္တမြားလက်စွပ်။ တံအပ်သောသူ။ မင်းမူစိမ့်ငှါ။ သွားခါကြောင်းလျှား။ မှာထားခဲ့ပြီး။ နန်းစည်ရှင်မှာ။ လက်စွပ်ပီးရေ။ မင်းမြှောက်ရအောင်။ မောင်တို့ကြိုးစား။ ဤလက်စွပ်နှင့်။ ထည့်လီငြားဟု။ မေးလတ်သောခါ။ အာဏာတော်ကို။ ကြားသော် ခန။ မတ်လင်္ကျာမှာ။ အားပါးရ၍။ မတ်ကြီးလက်ျာ။ မင်းလောင်းလျာကို။ တို့ရှာပါမေ။ ထွက်သွားလျှင်စွာ။ မတ်ငါးရာနှင့်။ ထွက်ပါလေပြီး။ ရွှေပြည်တော်ကို။ လက်ဦးပီး၍။ ထီးတော်နန်းတော်။ ပြည်တော်စောင့်ဘိ။ ထီးဖြူ အောက်မှာ။ နတ်သ္မီးတို့။ မင်းမရှိပြည်။ အကျွန်တို့မှာ။ မတင့်တယ်ပါ။[]

မင်းလောင်းရှာထွက်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မတ်ကြီးလက်ျာ။ ဝေသာလိကို။ လှည့်ပတ်ရှာသော်။ တံ...... ကြောင်းကြရှိ၍။ လက်ဝဲလက်ျာ။ ရံစကားနှင့်။ လက်ျာအမတ်။ ခရီး ထွန့်ရှည်၊ ရှာပါလေသော်။ ဂစ္ဆဘာနဒီ(ကစ္ဆပနဒီ )။ ဆံ(ဆန်)ပါလီမြောက်။' သိုင်းဂြတ် ရောက်လျှင်။ ဖွဲဒါးဝင်၍။ ထိုတွင်လက်စွပ်။ တံရှာလတ်ဘိ။ မင်းမတွိ သော်။ အမတ်တော်မှာ။ ရွှေလှီစီး၍။ ပီကျွန်းသို့ဝင်။ များဖြင် လူများ။ ပီကျွန်းသားတို့။ ထည့်ငြားလတ်သော်။ လက်စွပ်တော်ကို။ တံရာမဟိ။ မင်းမတွိသော်။ ကြွင်းကျန်တချို့။ လူများတို့မှာ။ ကို့ကိုယ်ကိုပင်။ မင်းလောင်းထင်၍။ ဝန်းကျင်ကြည့်ကာ။ အသာယုယ။ စိတ်လောဘနှင့်။ တံငြားမထင်။ ဤကျွန်းတွင်ဝယ်။ နန်းဝစောလောင်း။ ထီးဖြူဆောင်းသည်။ မင်းလောင်းမဟိ။ မင်းမတွိဘဲ။ ကျောက်တော်ရှင်ပင်။ ဆံဒေါ် ရှင်(ဆံတော်သျှင်)ကို။ ဦတင်ဝန္ဒဏာ။ သီရဿာဖြင့်။ ပူဇော်ညွတ်ခ။ ကံတော့မှ လျှင်။ ဝင်စုတောင်ကို။ လှည့်ပတ်ကျင်၍။ လောင်းတော်မင်းဖျား။ စိုင်းဒရားလျှင်။ ဘိုးတော်မတ်ကြီး။ ရွှေလှီစီး၍။ ခရီးဝီးစွာ။ သင်းထွေးပြည်က။ ဆိုက်ရော်လာသော်။ ကြွင်းပါလေငြား။ နန်းတောင်ညာမှာ။ မိဖုရားက။ ပြဉ်(ပြည်)ကတား၍။ မဝင်ရဘဲ။ ငါချေးငါဝယ်။ ပြည်ကိုမကတ်။ အမတ်တော်မှာ။ ကို့ဝမ်းမှတ်နှင့်။ နီရအမှန်။ ကုလားတန်မှာ။ လျှင်စွာ အကြောင်း။ ငါလားကောင်းဟု။ မတ်ကောင်းလက်ျာ။ ဆံ(ဆန်)လီ ပါမြောက်။ မတ်ကြီးထံမှာ။ ချက်ချင်းရောက်၍။ မတ်ကြီးလက်ျာ။ ဆိုခြင်းရာက။ ပြဉ်ကဟန့်တား။ မိဖုရားမှာ။ တခန(တခဏ)... သာ။ ကြောင်းခြင်းရာကို။ မဝင်ရဘဲ။ တောထဲကိုသာ။ ဝင်၍ လာကေ။ ဓမ္မဇဇ်သည်။ မတ်ကြီးသားလည်။ နှိပ်နှေးတိုင်ပင်။ အရှင်ကိုယ်စား။ ရွှေပြည်သားမှာ။ ရှာမရ၍။ ကာလ မြင့်ရှည်။ အံ့ဘွယ်မင်းခေါင်။ စောလောင်းဘုရင်။ အရှင်ကိုယ်စား။ ပတ္တမြားလက်စွပ်။ နဝရပ်(နဝရတ်)ကို။ ဝတ်၍ကြည့်ပါ။ တောင်းပန်ထော်(တောင်းပန်ထွာ)သည်။ အသာယူငင်။ ရှေ့တွင် ခန။ မတ်လက်ျာကို။ ဝတ်၍ပြသော်။ တံခြင်းရာကို။လက်ျာအမတ်။ မြင်တုံလတ်သော်။ ရွှေပြည်တော်သို့။ ကြွတော်မူပါ။ တောင်းပန်ထော်(တောင်းပန်ထွာ) က။ နာရစံသီး။ ဓမ္မဇဇ်သည်။ အမတ်ကြီးက။ တံပင်တံလည်း။ ဓမ္မဇဇ်မှာ။ ငြင်းခုံလီသော်။ မင်းမပြု ချင်၊ ပြည်တော်မြတ်ကို။ ငါမဝင်ဟု။ ရဟန်းသင်္ခါ(သံဃာ)။ လူသိက္ခာနှင့်။ မှန်စွာ ဆိုလျက်။ သစ္စာပျက်မေ။ ငါအမှတ်မှာ။ စိုးတော့သည့်ကြောင့်။ ပည္စ( ပဉ္စ) သီလ။ အနိစ္စကို။ မကွာနိတိုင်း။ အသက်ရှစ်ဆယ်။ အရွယ်တိုင်ပြီး။ အိုခါနီးမှာ။ မင်းမပြုချင်။ ဝေသာလိကို။ ငါမဝင်ဟု။ ဆိုလတ်သောခါ။ ဘယ်မှာရမေ။. .(စာကျန်) . . . . ။" ကြားသော်။ ဂစ္ဆဘ(ကစ္ဆပ)အညာ။ ဆံလေပါက။ လက်ျာလက်ဝဲ။ အံ့အေး(အံ့အဲ)မနိုင်။ ရွာစည်ဆက်ကာ။ တွိလီပါသော်။ ခွီးမွီးတောက်ကျီ။ လျှော်ထည်ကို(ယ်)ဝတ်။” ခါးတစောင်းမှာ။ မှည့်ကြီး ခတ်၍။ ကြိန်ဝတ် ခွီးမွီး။ လင်းကြဲးကယင်။ ကောင်းကင်ထက်မှာ။ ကြယ်လသွင် သို့။ များပါဘိခြင်း။ ချင်းနှင့်ကမြုံ။ တောင်သူတခြား။ အရိုင်းသားရို့။ ဘယ်သူမသိ။ မတ်လက်ျာမှာ။ လက်စွပ်ပီးလို့။ တံမိတံရာ။ နဒီဖျားကို။ ဆံ(န်)လေပါသော်။ မီးချောင်းဝမှာ။ ရောက်လေတုံသော်။

မင်းလောင်းရှာတွိခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

များဖြင်မြို့ဘုန်း။ အံ့မကုံလျှင်။ တွိလီကျင်သော်။ ထိုတွင်ရွှေလှီ။ ဆိုက်လီသောခါ။ များစွာမြိုအို။ အဘိုအမ။ လာကုံကြလျှက်။ ပတောက် ပယန်။ တချို့မြိုမှာ။ လှဲကိုထမ်း၍။ သီစာသောက်စား။ ယစ်လတ်ငြားလျက်။ အခိုးတက်၍။ သူ့သက် သူ့သား။ ကျွဲနွားစား၍။ မိုက်အားရွံ့ရှာ။ ငရဲရွာမှာ။ မိုက်ရာမသိ၊ အမိုက်တိကို။ မတ်ကြီးလက်ျာ။ မြိုသားရို့ကို။ မီးခြင်းရာက။ မြိုသား ညီနောင်။ သုံးယောက်မောင်တို့။ ကွန်ချာကြီးကို။ ပက်ခုံးမှာတင်။ ရှာလို့ လာကျင်။ ငါးကိုမြင်သော်။ ကွန်နှင့်ပစ်၍။ ရစ်ကာဝန်းကာ။ လာလတ်ပါ သော်။ လက်ျာအမတ်ကြီး။ မြိုသုံးယောက်ကို။ လက်စွပ်ပီးပျာ။ ဘုန်းဟိကြမ္မာ။ မင်းဇာတာနှင့်။ သုံးယောံ(က်)လုံးပင်။ တံလတ်ကျင်သော်။ မြိုသားတို့ကို။ မီးခြင်းရာကား။ ဆိုးပွားစကား။ မိဘမေရေ။ နီသည်ဌါန။ ကျိန်းနေရာကို။ ဟုတ်တိုင်းပြော၍။ မြိုသားတို့မှာ။ ဆိုခြင်းရာကား။ ငါကမြဂူ။ ညီမင်းဖြူသည်။ ပန်းဖြူ၊ သော်က။ သားဘညီနောင်။ သုံးယောက်မောင်ကို။ မင်းဆောင်းမင်းဝတ်။ မြိုသုံးယောက်ကို။ တန်ဆာဝတ်၍။ ရစ်ပတ်ဇလွေ(ရစ်ပတ်စလွယ်)။ အစ်ကိုယ်ကြီးကို။ မင်းမြှောက်သည်လည်း။ မကဋ်သရာဘူ(မကိုဋ်သရဖူ)။ မှန်ကူသင်းကျစ်။ ရှင်မြိုမင်းကို။ ခေါင်းပြည့် စွပ်ပျာ။ မင်းမြတ်ကိုယ်သာ။ ဝတ်လှည့်တော်ကို။ ဝတ်ပါလီကျင်။ ခြီမျက်စိကို။ များမမြင်သာ။ သို့ပင်ရစ်ပတ်။ ဤသို့ဝတ်ဟု။ မတ်ကြီး လက်ျာ။ မြိုမင်းကြီးကို။ ဆင်လတ်ပါသော်။ တီးမျိုးကိရိယာ။ ပဉ္စင်္ကာ(ပဉ္စင်္ဂါ) နှင့်။ နာဖျော်ငြိမ့်ဆိန့်။ မြိန့်မြိန့်တီး၍။ ဘုရင်မြိုမင်း။ ပွဲကြီးခင်း၍။ ကောင်းခြင်းမင်္ဂလာ။ ပြုပြီးခါမှ။ မတ်များရံကာ။ ဝေသာလိကို။ ဝင်၍လာသော်။ နန်းမှာရောက်ခါ။ မိဖုရားနှင့်။ ထိမ်းမြားလက်ထပ်။ မြိုမင်းကြီးကို။ နန်းကိုအပ်၍။ စိုးကွပ်အုပ်ချုပ်။ မင်းလျှင်လုပ်ပျာ။ ကိုယ်လုပ်မောင်းမ။ ဝန်းရံခ၍။ ညွတ်*. . . . .[]

* စာကျန်

  1. 1 2 3 4 5 6 7 8 9 10 11 12 13 14 ရခိုင်စိုင်းဒြားဖွေ့ (ပုရပိုက်မူ) ဓမ္မဇေယျ (ရက္ခဘေရီတည်းဖြတ်)၊ ၂၀၂၃ ခုနှစ်၊ စာ-၁၃၅