Jump to content

လေးမြို့လူမျိုး

ဝီကီးပီးဒီးယား က

လေးမြို့လူမျိုးစွာ လေးမြို့တိုက်နယ်အထဲဟိ ချင်းမျိုးနွယ်စုတိကို လေးမြို့ချင်းဟု ချုံလို့ ခေါ်ကတ်တေ။ အထက်လေးမြို့ တိုက်နယ်မာ ယတ်၊ ခူနန့် ဟန်ရို့ပါဝင်ရေ မရာချင်းရို့ဟိရေ။ အောက်လေးမြို့တိုက်နယ်မာ မင်းအုံးနန့် လိုင်ချင်းရို့ ပါဝင်ရေ လေးတူချင်းရို့ နီထိုင်ကတ်ရေ။ ယင်းရို့ အချင်းချင်းကိုမူ တရိုဟု ခေါ်ကတ်တေ။ တရိုမာ ချင်းဟု အဓိပ္ပာယ်ရလီရေ။

အယင်က လေးမြို့ချင်းရို့စွာ အချင်းချင်း တိုက်ခိုက်နီခကတ်လို့ လူဦးရွီ နည်းလာရေလို့ ဆိုရေ။ ရခိုင်ကုန်သည်တိနန့် ကူးလူးဆက်ဆံမှုတိသဖြင့် ရခိုင်စကားကို ကောင်းစွာပြောဆိုတတ်ကတ်ရေ။ အထက်လေးမြို့တိုက်နယ်ဟိ မရာချင်းရို့စွာ ဆံပင်ကို ရှိနဖူးတတည့်မာ ထုံးထားလိ့ဟိရေ။ ထို ဆံထုံးမာ ကြက်တောင် (သို့) လှပရေ တိရစ္ဆာန်တိက အမွှီးအတောင်ရို့ကို နှစ်ချောင်းမှ လေးချောင်းအထိ ထိုးထားလိ့ဟိကတ်တေ။

ရိုးရာဝတ်စားပုံမာ မြိုအမျိုးသားတိပိုင်ပင် အနံ လက်ငါးလုံးလှောက် ဟိရေ ဖျင်စတစကို ခါးမာ သိုင်းကာ လုံချုံအောင် ဆင်ယင်ထားခြင်းသာ ဖြစ်တေ။ အထက်လေးမြို့ ချင်းအမျိုးသမီးတိစွာ မျက်နှာမာ လှပအောင် ပါးရဲ ထိုးထားခြင်းကာလည်း အဆင်တန်ဆာ တခုပင် ဖြစ်တေ။ အချို့ ပန်းကွက်တိပင် ဖော်ထားရေ။ အမျိုးသားတိကလေ့ ပါးရဲထိုးမှ လှပရေဟု ယူဆကတ်တေ။ အောက်လေးမြို့တိုက်နယ်ဟိ လေးမြို့ချင်းအမျိုးသားတိစွာ သျှောင်ထုံးထားလိ့ဟိကတ်တေ။[]

  1. မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန်၊ စာ-၁၀၈၊ ၁၀၉

တမ်းပလိတ်:မြန်မာပြည် လူမျိုးများ