လေးဝတီခိုင်ကျော်
ငယ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆရာလေးဝတီခိုင်ကျော်ကို အဘဦးဖြူပန်းအောင်(ကွယ်)၊ အမိ ဒေါ်ဦးကြာဇံ(ကွယ်)ရို့မှ ၁၆/၁၀/၁၉၆၁ တနင်္လာနိ ပေါက်တောမြို့နယ် တောင်ညိုရွာမာ မွီးဖွားပါရေ။ နာမည်ရင်းမာ ကျော်ရွှေမောင် ဖြစ်ပါရေ။[၁][၂] မောင်နှမနှစ်ယောက်ဟိပါရေ။ နှမအမည်မာ မသန်းရွှေ ဖြစ်ပါရေ။ အသငယ်ဘဝခါ ခမောက် သျှေဆောင်းလို့ ကျုတ်တပျောင်းပျောင်းလမ်းမာ ဖိနပ်မပါဘဲ ကျောင်းစာသင် ခရေ။ ဗကပတိ ရွာကျောင်းကိုပိတ်ပစ်လို့ (၁၁)နှစ်အရွယ် (၄) တန်းကျောင်း သားဘဝကပင်စလို့ (၁၀)တန်းထိ ဘဝမ်း၊ ပေါက်တောမှာ စာဆက်သင်ရရေ။ ပြင်ပစာပီတိလိုက်စား၊ ကဗျာ၊ ဝတ္ထုရီးယင်းနန့် (၁၀)တန်း တစ်နှစ်ရေ။ နောက်တစ်နှစ်ခါ သဝင်ချောင်းရွာ (တွဲဖက် အ-ထ-က)က (၁၀)တန်း အောင်ရေ။[၃]
ဘဝဇာတ်ခုံ သရုပ်စုံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၈၀ ခုနှစ်မှာ ဆယ်တန်းအောင်ပြီးကေ မူလတန်းပြဆရာဝင်လုပ်တေ။ ၁၉၈၅ ၁၉၈၆ ခုနှစ်မှာ စာပီးစာယူနန့် ဥပဒေဘွဲ့ရရေ။ ၁၉၈၆ မှာ အလယ်တန်းဆရာဖြစ်ပြီးကေ ပေါက်တောမြို့နယ်၊ မြင့်ဂါ (အ-လ-က)မှာ တာဝန်ကျရေ။ မြင့်ဂါရွာဟောင်းသူ ဆရာမ စံယဉ်ဦး (အ-လ-ပြ)နန့် အကြောင်းပါလို့ ကြင်ရာဖြစ်ကတ်တေ။ ၁၉၉၆ ခုနှစ်မှာ ဌာနပြောင်းဗျာ ဥပဒေအရာဟိဖြစ်လှာရေ။ ဘူးသီးတောင်မြို့မှာ ပထမဆုံးတာဝန်ကျပြီးကေ ဆရာကြီးမောင်ဗသိန်းရို့နန့် “စိုင်းတင်မဂ္ဂဇင်း’” လုပ်ခကတ်တေ။ ၁၉၉၉ ခုနှစ်မှာ ပေါက်တောမြို့သို့ ပြန်ရောက်တေ။ “ပေါက်တောရွှေမြေမဂ္ဂဇင်း" ထုတ်တေ။ ၂၀၀၅-၂၀၁၆မှာ စစ်တွေ ရောက်တေ။ ၂၀၀ရ ခုနှစ်မှာ မြို့နယ် ဥပဒေအရာဟိတာဝန်နန့် မင်းပြားမြို့ ရောက်တေ။ ၂ဝ၁၁ ခုနှစ်မှာ စစ်တွေ မြို့နယ် ဥပဒေအရာဟိအဖြစ် ပြန်လည်ရောက်ဟိရေ။[၄]
စာပန်းရဂုံ လက်ရာစုံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၈ တန်း ၉ တန်း ကျောင်းသားအရွယ်ကစလို့ ကဗျာပိုးဝင်ရေ။ လယ်/ထက် ကျောင်းသားဘဝမှာ စာစီကုံး၊ ကဗျာ၊ ဝတ္ထုတို ဆုတိ အကြိမ် ကြိမ်ရဖူးရေ။ ကျောင်းနံရံကပ်စာစောင်တို့ ဖန်တီးရေး၊ လေးဝတီခိုင်ကျော် ကလောင်နန့်ရီးရေ ပညာတန်ဆောင်မဂ္ဂဇင်းပါ “မျှော်လင့်ကြိုနေမယ်” ဝထုတိုနန့် စာပီနယ်ထဲဝင်လာရေ။ ပထမဆုံးဖော်ပြခံရရေဆောင်းပါးက ဓညဝတီ မောင်ရွှေရိုး ကလောင်နာမည်နန့် “ကျင်သန်ကြီးဦးမောင်နီ၏ကျင်လောက အတွေ့အကြုံများ” (ရခိုင်ပြည်နယ်စာစောင်/ ၁၉၈၄)။ ပထမဆုံးဖော်ပြခံရ ကဗျာတိက “သမိုင်းပီးတာဝန်”” (ရခိုင့်ယဉ်ကျေးမှုမဂ္ဂဇင်း - ၁)၊ “မှိုကောက် လားကတ်ပေါ် (ဦးရာဇ်မြေမဂ္ဂဇင်း - ၂)။ ၂ဝဝ၁ ခုနှစ်မှာ "စုန်’"ဝတ္ထု တိုနန့် “လခြမ်း' ဝတ္ထုတိုဆု ရပါရေ။ ကလောင်ခွဲတိက နီရိုင်းနီ(တောင်ရင်းကျွန်း)၊ မောင်ခိုင်နှိုး၊ ခိုင်ကျော်(ဥပဒေ)၊ ဓညဝတီမောင်ရွှေရိုး၊ မေမိုးသီး၊ အိမ့်လှိုင်းရို့ ဖြစ်ပါရေ။ မဂ္ဂဇင်း/စာစောင်တိမှာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ သ စာတမ်း အစုံရီးပါရေး ရီးခရေ ရီးနီရေစာစောင်/ဂ္ဂဇင်းတိက = ရခိုင်၊ ရခိုင်သဟာယ၊ ရခိုင့်တန်ဆောင်၊ ရခိုင့်ယဉ်ကျေးမှု၊ ရခိုင်ညွန်ဖူး ရခိုင်ပြည် နယ်စာစောင်၊ ရခိုင်ကြေးမုံ၊ ရိုးမလှိုင်း၊ မေဃဝတီ၊ ဒွါရာဝတီ၊ သန္တာမြေ ရွှေကျွန်းသန္တာ၊ ရတနာမြေပုံ၊ ကျိန်းရိပ်မြေ၊ ဦးရာဇ်မြေ၊ လခြမ်းမြေ၊ မုနိမြေ၊ ပေါက်တောရွှေမြေ၊ မေယု၊ စိုင်းတင်၊ မောင်တော၊ ဝံသရက္ခိတ မဂ္ဂင်းရို့နန့် လခြမ်းသံစဉ်စာစောင်၊ နန္ဒာရာမငွေရတုစာစောင်၊ ပညာတန်ဆောင်၊ ရုပ်ရှင် အမြုတေ၊ ရယ်စရာမဂ္ဂဇင်း၊ ရွက်နုပြန်ချိန်ကဗျာပေါင်းချုပ်(စုပေါင်း)၊ ဒေသ ထုတ်စုပေါင်းစာအုပ်တိနန့် အခြား . . . ။ စိုင်းတင်မဂ္ဂဇင်း စာတည်း၊ ပေါက်တောရွှေမြေမဂ္ဂဇင်း ဥက္ကဋ္ဌ၊ တာဝန် ခံစာတည်း တာဝန်တိထမ်းခရေ။[၅]
လက်ဟိ ဘဝသမုဒ္ဒရာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ချစ်မယားက ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၀ မှာ ကွယ်လွန်ရေ။ အဂု ချစ်သား မင်းခိုင်ကျော်၊ အောင်သူကျော်၊ ခိုင်လင်းကျော်၊ ခိုင်အောင်ကျော်နန့်အတူ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မာ ဘဝသမုဒ္ဒရာကို ဆက်ဖြတ်သန်းနီပါရေ။[၆]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ရခိုင်မဂ္ဂဇင်း၊ အမှတ် ၂၉၊ ရန်ကုန်၊ လောကပါလပုံနှိပ်တိုက်၊ ၂၀၀၈။ စာ-၃၀
- ↑ ခိုင်ကျော်၊ လေးဝတီ။ (၂၀၁၂)။ ရင်ခွင်တော်။ ရန်ကုန်၊ ဝေဘူလစာပေ။
- ↑ ခိုင်ကျော်၊ လေးဝတီ။ (၂၀၁၂)။ ရင်ခွင်တော်။ ရန်ကုန်၊ ဝေဘူလစာပေ။
- ↑ ခိုင်ကျော်၊ လေးဝတီ။ (၂၀၁၂)။ ရင်ခွင်တော်။ ရန်ကုန်၊ ဝေဘူလစာပေ။
- ↑ ခိုင်ကျော်၊ လေးဝတီ။ (၂၀၁၂)။ ရင်ခွင်တော်။ ရန်ကုန်၊ ဝေဘူလစာပေ။
- ↑ ခိုင်ကျော်၊ လေးဝတီ။ (၂၀၁၂)။ ရင်ခွင်တော်။ ရန်ကုန်၊ ဝေဘူလစာပေ။