Jump to content

ဝင်းကိုခိုင်

ဝီကီးပီးဒီးယား က

အဆိုတော် ဝင်းကိုခိုင်ကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် မွီးဖွားခရေ။ နာမည်ရင်းမှာ ဝင်းကိုဖြစ်ရေ။ အဖဦးသန်းရွှေနန့် အမိ ဒေါ်သောင်းခင်ရို့က မွီးဖွားခရေ မောင်နှမနှစ်ဦးအနက် သားကြီးဖြစ်ရေ။

အချေခါကဗင် ရခိုင်ရိုးရာ ပုလွေနန့် မယ်ဒလင်ရို့ကို သင်ယူတီးမှုတ်ခရေ။

စစ်တွေဒီဂရီကောလိပ်မာ ပညာသင်ကြားနီစိုင် ၁၉၈၆ ခုနှစ်မာ တေးခြင်းတိ စတင်ရီးသားခရေ။ ရန်ကုန် ဝိဇ္ဇာနန့် သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားနီစိုင် ၁၉၉၁ ခုနှစ်တွင် ကဗျာတိ ဆက်လက်ရီးသားနီခရေ။

၁၉၉၅ ခုနှစ်တွင် ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် "သင်းကွဲကြယ်' ကို "လင်းအိမ်"အမည်ဖြင့် ဖြန့်ချိခရေ။

ဝင်းကိုခိုင်ကို တစ်ကိုယ်တော်ခွေတိထက် အုပ်စုခွေတိမာ သီဆိုခသော တေးခြင်းတိကြောင့် အဓိကလူသိများရေ။

၁၉၉၈ ခုနှစ်တွင် ထွက်ဟိခရေ ကမ္ပည်းထုဆစ်ခြင်းခွေမာ သီဆိုထားရေ နောက်ဆုံးအချစ်၊ အချစ်ရာပါစီ၊ အသဲကြွီမိုး၊ သက္ကရာဇ် ၂၀၀၀ ဝန်းကျင်မာ ထွက်ဟိခရေ တော်ဝင်သဇင်ခွေမာ သီဆိုထားရေ လွမ်းရကိုယ့်အိမ်၊ အား၊ အဖြူရောင်ပန်းချေ စသည့်သီချင်းတိနန့် ဝင်းကိုခိုင်ကို လူသိများ ထင်ရှားလာခရေ။

ရက္ခိတရို့ရင်ခုန်ညခွေမာ သီဆိုထားရေ "လမ်းပြငှက်" (ဆိုက်ဘေးရီးယား) နန့် "ရီခမ်းငါး"၊ တစ်မြီထဲမှာ ခွေတွင် သီဆိုထားရေ "မဟာနွယ်" သီချင်းတိစွာ ဝင်းကိုခိုင်ကို အအောင်မြင်ဆုံး ဖြစ်စီခရေ။ ၂၀၀၆ ခုနှစ်တွင် ထွက်ခရေ "တစ်မြီထဲမှာ" သီချင်းခွေမာ ဗမာဘာသာစကားနန့် ပါဝင်သီဆိုထားရေ "မဟာနွယ်" တေးခြင်းစွာ အထူးလူကြိုက်များ ကျော်ကြားခပြီးကေ အဆိုပါတေးခြင်းနန့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနန့်လူသိများလာခရေ။

ဝင်းကိုခိုင်ဧ့ သီချင်းတိစွာ Blues ၊ Jazz ၊ Country ၊ Rock ၊ Folk အစရှိသဖြင့် ပုံစံစုံရေ။ အစောပိုင်းတွင် Heavy Rock နန့် Rock ဟန်ကဲသည့် ရီးသားသီဆိုမှုတိ ဟိခကေလေ့ လူသိနည်းပြီးကေ ထင်သလောက် မပေါက်ခလီ။ နောက်ပိုင်းမာ Soft Rock ၊ Pop နန့် အမျိုးသားရီး သီချင်း ပုံစံတိကို အဆိုများရေ။

တကိုယ်တော်တေစီးရီးတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  1. သင်းကွဲကြယ် (၁၉၉၆) (လင်းအိမ်အမည်ဖြင့်)
  2. အိမ်လွမ်းစိတ်နန့်ငါ့ပင်လယ်
  3. နှောင်းဝတ္ထု
  4. ဆိုက်ဘေးရီးယား
  5. ပြုစားလီသူ
  6. လွမ်းရကိုယ့်အိမ် (လက်ရွေးစင်သီချင်းများ New Version)
  7. အာရက္ခမြေ
  8. နှစ်ဦးကဗျာ
  1. ပြိုင်စံမမီ (၁၉၉၈)
  2. ကမ္ပည်းထုဆစ်ခြင်း (၁၉၉၈)
  3. တော်ဝင်သဇင်
  4. ပစ္ဆိမကဗျာ
  5. နှစ်ကူးပန်း
  6. နွီမှာတမ်း (၁) (၂)
  7. ရာစုသစ်အလင်္ကာ
  8. ရက္ခိတရို့ရင်ခုန်ည (၁) (၂)
  9. တစ်မြေထဲမှာ (၂၀၀၆)
  10. ကြယ်စုံညဉ့် (၂၀၀၈)
  11. သင်ပုန်းပဲ့ချေတချပ်
  12. စိုင်းဒြားမင်းခွာသံ (၁) (၂)
  13. ငါ့ဘဝငါ့ဂီတ
  14. ပင်လယ်လမ်း