ဝဋ္ဋသုတ်
၀ဋ္ဋသုတ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋ ဇာတိယံ။ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။
၁။ သဗ္ဗညုတဉာဏ်ကို ရရှိခြင်းဧ့ အခြီခံဖြစ်တေ ပါရမီတိကို ဖြေ့ကျင့်ရေ ဘုရားအလောင်းစွာ နုစိုင်ဘဝက ငုံးငှက်မျိုးမှာ ဖြစ်ရလီရေ။ ငုံးငှက်သျှေကို ဒေပရိတ်တော်ဧ့ တန်ခိုးကြောင့် တောမီးရှောင်ရလီ၏။
၂။ ထေရဿ သာရိပုတ္တဿ၊ လောက နာထေန ဘာသိတံ။ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမဟေ။
၂။ ဒေပရိတ်တော်ကို အသျှင်သာရိပုတ္တရာကို မြတ်စွာဘုရား ဟောတော်မူခ၏။ ဒေပရိတ်တော်စွာ ကမ္ဘာတည်ပါ၏။ တန်ခိုးလွန်စွာကြီး၏။ ဒေဂုအခါ ယင်းငုံးမင်းပရိတ်ကို အကျွန်ရို့ စုပေါင်းရွတ်ဆို ကက်ပါစို့။
၃။ အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျ’ နုဒ္ဓယာ။တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ’ မုတ္တမံ။
၃။ လောကမှာ သီလဧ့ဂုဏ်ကျေးဇူးစွာ ဟိ၏။ မှန်ကန်ရေ သစ္စာစကားစွာ ဟိ၏။ ကိုယ်ရီး နှုတ်ရီး စိတ်ရီး လုံးဝစင်ကြယ်ခြင်းစွာ ဟိပေ၏။ သတ္တဝါရို့ကို ကြင်နာသနားခြင်းစွာ ဟိပေ၏။ ဒေစွာပိုင် သစ္စာစကားနန့် အတုမဟိရေ သစ္စာပြုခြင်းကို ငါဘုရား နုစိုင်က ပြုခဖူးလီရေ။
၄။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။သစ္စဗလ’ မဝဿာယ၊ သစ္စကိရိယ မကာသ ဟံ။
၄။ သစ္စာတရားဧ့ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီးကေ ယှိယှိကဘုရားရှင်ရို့ကို အောက်မိန့်သတိရပနာ သစ္စာဧ့အစွမ်းကို အမှီပြုပြီးကေ သစ္စာပြုခဖူးလီရေ။
၅။ သန္တိ ပက္ခာ အ ပတနာ၊ သန္တိ ပါဒါ အ ဝဉ္စနာ။မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။
၅။ အို တောမီး ငါ့မှာ အတောင်တိ ဟိပါကေလေ့ မပျံနိုင်သိပါ၊ ငါ့မှာ ခြီတိ ဟိပါကေလေ့ မလားတတ်သိပါ၊ ငါဧ့ မိဘရို့ကလေ့ ငါ့ကိုထားပနာ ထွက်လခကက်ယာ၊ အို တောမီး ငါ့ကို ရှောင်ကြဉ်ပါလော့။
သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။ဝဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။
၆။ ချစ်သားသာရိပုတ္တရာ ငါဘုရားအလောင်း ငုံးငှက်သျှေက သစ္စာပြုလိုက်ရေအခါ သစ္စာပြုပြီးစွာနန့် တခါတည်း တောမီးစွာ ရှိကိုမရောက်ပဲ ရှောင်ကြဉ်ရရေပိုင် ငါ့ကို ရှောင်ကြဉ်လီရေ၊ အရှိန်အလျှံကြီးမားလှရေ တောမီးစွာ မင်းပယ် ၁၆-ပယ်စာခန့်လောက် ရှောင်လီ၏။ ချစ်သားသာရိပုတ္တရာ ငါဧ့သစ္စာစကားနနန့်တူရေ တရားဆိုစော် မဟိချေ၊ ဒေပါရမီစွာ ငါဘုရား၏ သစ္စာ ပါရမီရာ ဖြစ်လီရေ။
၀ဋ္ဋသုတ္တံ နိဋ္ဌိတံ
၀ဋ္ဋသုတ် ပြီးပါဗျာလ်
ရွတ်ဖတ်ရခြင်း၏ အကျိုးတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မီးဘေး လွတ်ကင်းစီနိုင်ရေ၊ မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင်၊ မိမိအိမ် မိမိရပ်ကွက် မီးဘေးကင်းအောင် သစ္စာပြုနိုင်ရေ။