ဝန္ဒသုဓမ္မရာဇာ
| စန္ဒသုဓမ္မရာဇာ | |
| မွီးသက္ကရာဇ် | |
| နာမည်ရင်း | စန္ဒသုဓမ္မ |
| မိဖုရား | ရတနာပီယ |
| နာမည်ကွဲ | စန္ဒသုဓမ္မရာဇာ |
| ရခိုင်သက္ကရာဇ် နန်းတက် | 1014 |
| ရခိုင်သက္ကရာဇ် နန်းကျ | 1036 |
| ခရစ်နှစ် နန်းတက် | 1652 |
| ခရစ်နှစ် နန်းကျ | 1674 |
| အိမ်နိမ့် | 25 |
| နန်းစံ | 22 |
| အသက် | 47 |
| ဖခမည်းတော်၊မယ်တော် | သတိုးမင်း |
| ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
| ဆက်ခံခရေဘုရင် | သတိုးဓမ္မရာဇာ |
| ဆက်ခံရဖို့ဘုရင် | ဥဂ္ဂါဗလ |
| မင်းဆက် | တတိယမြောက်ဦးမင်းဆက် |
စန္ဒသုဓမ္မရာဇာ (ရခိုင်သက္ကရာဇ် ၁၀၁၄-၁၀၃၆)(ခရစ်နှစ် ၁၆၅၂-၁၆၇၄)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။
သတိုးမင်းတရား နတ်ရွာစံကေ သားတော် စန္ဒသုဓမ္မရာဇာမင်းရေ သက္ကရာဇ် ၁၀၁၄ တွင် ထီးနန်းကို ဆက်ခံခရေ။ ဤမင်းလက်ထက် တိုင်းပြည်ဝပြောသာယာရေ။ ဒတ်ချ်လူမျိုးတိနန့် ကူးသန်းရောင်းဝယ်မှု ဟိခရေ။ မြောက်ဦးမြို့မှ မဟာမြတ်မုနိ ဘုရားသို့တိုင်အောင် ကုန်းလမ်းကို ဖောက်လုပ်ခရေ။ စန္ဒ သုဓမ္မမင်းလက်ထက် မဂိုဘုရင် သျှာသျှဟန်၏ သားတော် သျှာသျှူသျှာနန့် အပေါင်းပါရို့ ရောက်ဟိခရေ။
သျှာသျှူသျှာရေ သူနန့်အတူ ပါလာရေ မဂိုစစ်ရေတိကို စုရုံးပြီး၊ ရခိုင်ဘုရင်၏ထီးနန်းကို လုရန်ကြံစည်သဖြင့် အသတ်ခံရရေ။ ဤအကြောင်းကို မဂိုတိ ကြားသိရေအခါ ရခိုင်ဘုရင် ပိုင်ရေ စစ်တကောင်းနယ်အချို့ကို တိုက်ခိုက်သိမ်းပိုက်ခလီရေ။ ထိုအချိန်မှစပြီး ရခိုင်ဘုရင်ရို့ရေ မဂိုရို့လက်ထဲမှ သိမ်းပိုက်ထားရေ နယ်မြေတိကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း မဟိခချေ။ ဤမင်းရေ ရွှေနန်းသခင် စန္ဒသုဓမ္မရာဇာဟု စာတမ်းထိုးထားရေ ငွေဒင်္ဂါးတိကို ထုတ်ဝီခရေ။ ဇိနမာရ်အောင်ဘုရား၊ လောကမာရ်အောင်ဘုရား၊ ရတနာ့မာရ်အောင် ဘုရားတိကို တည်ထားခရေ။ နန်းစံ(၂၂)နှစ်၊ သက္ကရာဇ် ၁၀၃၆ ခုနှစ်တွင် နတ်ရွာစံရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-23)