ဝိဟာရကာရသိက္ခာပုဒ်
၇-ဝိဟာရကာရသိက္ခာပုဒ်အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၃၆၇။ ကြီးရေကျောင်း ဆိုစွာ (ဆောက်လုပ်သူဒါယကာ) အသျှင်ဟိရေ ကျောင်းကို ဆို၏။
ကျောင်း၁ ဆိုစွာ အတွင်းမာ နှိမ်းအပ်ရေ ကျောင်းကေလိ့ကောင်း၊ အပ၌ နှိမ်းအပ်ရေ ကျောင်းကေလိ့ကောင်း၊ အတွင်းမာအပ၌ နှိမ်းအပ်ရေ ကျောင်းကေလိ့ကောင်းတည်း။
ဆောက်လုပ်စီလိုရေဟူစွာ ဆောက်လုပ်သူ (ရဟန်း) စွာလိ့ကောင်း၊ ဆောက်လုပ်စီသူ (ရဟန်း) စွာလိ့ကောင်းတည်း။
(ဆောက်လုပ်သူဒါယကာ) အသျှင် ဟိရေဟူစွာ မိမကေလိ့ကောင်း၊ ယောက်ျားကေလိ့ကောင်း၊ လူကေလိ့ကောင်း၊ ရဟန်းကေလိ့ကောင်း အခြားသော တစ်ယောက်တလီ (ဆောက်လုပ်သူ ဒါယကာ) အသျှင် ဟိ၏။
မိမိဆိုရေ ရည်ညွှန်းအပ်ရေ ပုဂ္ဂိုလ်ဟိရေဟူစွာ မိမိ၏ အလို့ငှါ။
ရဟန်းရို့ကို ကျောင်းရာကိုကြားခြင်းငှါ ပင့်ဆောင်အပ်ကုန်၏ဟူစွာ ကျောင်း ဆောက်လုပ်သောထိုရဟန်းစွာ ကျောင်းရာကို သုတ်သင်ပနာ သံဃာတော်သို့ ချိုင်းကပ်၍ လက်ဝဲတစ်ဖက် ပက်ခုံးထက်၌အပေါ်ရုံ 'ဧကသီ' ကို စံပယ်တင်ပနာ ကြီးကုန်သော ရဟန်းရို့၏ ခြီရို့ကို ယှိခိုးလျက် ဆောင့်ကြောင့်ထိုင်ရားကေ လက်အုပ်ကို မြှောက်ချီ၍-
"အသျှင်ဘုရားရို့ အငါစွာ (ဆောက်လုပ်သူဒါယကာ) အသျှင် ဟိရေ မိမိဆိုရေရည်ညွှန်းအပ်ရေ ပုဂ္ဂိုလ်ဟိရေ ကြီးရေကျောင်းကို ဆောက်လုပ်လိုပါရေ၊ အသျှင်ဘုရားရို့ထိုအငါစွာ သံဃာကို ကျောင်းရာကြေ့ဖို့ တောင်းပန်ပါရေ"ဟု လျှောက်ရာ၏။
နှစ်ကြိမ်မြောက်လည်း တောင်းပန်ရဖို့၊ သုံးကြိမ်မြောက်လည်း တောင်းပန်ရဖို့။
အဂယင့်လို့ သံဃာအားနူံးစွာ ကျောင်းရာကို ကြေ့ခြင်းငှါ တတ်နိုင်အံ့၊ သံဃာအားနူံးစွာကြေ့ရဖို့။ အဂယင့်လို့ သံဃာအားနူံးစွာ ကျောင်းရာကို ကြေ့ခြင်းငှါ မတတ်နိုင်အံ့၊ ထိုရဟန်းရို့တွင် အကြင် ရဟန်းရို့စွာ ဖီးရန်ရှိ မဟိ ဂါရီလှည့်လှည်လောက်သော ဥပစာရှိ မဟိကို သိခြင်းငှါလိမ္မာကုန်၏၊ စွမ်းနိုင်ကုန်၏၊ ထိုရဟန်းရို့ကို တောင်းပန်၍ သမုတ်ရဖို့။
ရဟန်းရို့ ဒေပိုင်ဆိုကေ သမုတ်ရဖို့၊ တမွတ်ချင်း လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ သံဃာကိုသိစီရဖို့။
၃၆၈။ "အသျှင်ဘုရားရို့ သံဃာတော်စွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေပိုင်သောရဟန်းစွာ (ဆောက်လုပ်သူဒါယကာ) အသျှင် ဟိရေ မိမိဆိုရေ ရည်ညွှန်းအပ် သော ပုဂ္ဂိုလ်ဟိရီကြီးရေကျောင်းကို ဆောက်လုပ်လို၏၊ ထိုရဟန်းစွာ သံဃာကို ကျောင်းရာကြေ့ဖို့တောင်းပန်၏၊ အဂယင့်လို့ သံဃာအား လျောက်ပတ်သော အခါဟိရေ ကံစွာ ဖြိုက်အံ့၊ သံဃာစွာဒေပိုင် ဒေပိုင်သော ရဟန်းရို့ကို ဒေပိုင်သော ရဟန်း၏ ကျောင်းရာကို ကြေ့ခြင်းငှါ သမုတ်ရာ၏၊ ဒေကား သိစီခြင်းတည်း။
အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေပိုင်သော ရဟန်းစွာ (ဆောက်လုပ်သူဒါယကာ) အသျှင်ဟိရေ မိမိဆိုရေ ရည်ညွှန်းအပ်ရေ ပုဂ္ဂိုလ် ဟိရေ ကြီးရီကျောင်းကို ဆောက်လုပ်လို၏၊ ထိုရဟန်းစွာ သံဃာကို ကျောင်းရာကြေ့ဖို့ တောင်းပန်၏၊ သံဃာစွာ ဒေပိုင် ဒေပိုင်သော ရဟန်းရို့ကို ဒေပိုင်သော ရဟန်း၏ ကျောင်းရာကို ကြေ့ဖို့သမုတ်၏၊ အကြင် အသျှင်အား ဒေပိုင် ဒေပိုင်သော ရဟန်းရို့ကို ဒေမည်သော ရဟန်း၏ကျောင်းရာကို ကြေ့ဖို့ သမုတ်ခြင်းကို ခြီ၏၊ ထိုအသျှင်စွာ ဆိတ် ဆိတ် နီရာ၏၊ အကြင်အသျှင်အား ခြီခြင်း မဟိ၊ ထိုအသျှင်စွာ ပြောဆိုရာ၏။
သံဃာစွာ ဒေပိုင် ဒေပိုင်သော ရဟန်းရို့ကို ဒေပိုင်သော ရဟန်း၏ ကျောင်းရာကို ကြေ့ရန့်သမုတ်အပ်ပြီ၊ သံဃာအား ခြီခြင်း ဟိ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နီ၏၊ ဧပိုင် ဆိတ်ဆိတ်နေအနိန်နန့် ဒေခြီရေ အဖြိုက်ကို သိမှတ်ရပါရေ"ဟု (သိစီရဖို့)။
၃၆၉။ သမ္မုတိရကုန်သော ထိုရဟန်းရို့စွာ ထိုအရပ်သို့ လားပနာ ကျောင်းရာကို ကြေ့ရဖို့။ ဖီးရန်ရှိ မဟိ ဂါရီလှည့်လည်လောက်သော ဥပစာရှိ မဟိကို သိရဖို့။ အဂယင့်လို့ ဖီးရန်ရှိအံ့၊ ဂါရီလှည့်လည်လောက်သော ဥပစာ မဟိအံ့၊ "ဒေအရပ်၌ မဆောက်လုပ်လင့်"ဟု ပြောရဖို့၊ အဂယင့်လို့ ဖီးရန် မဟိအံ့၊ ဂါရီလှည့်လည်လောက်သော ဥပစာရှိအံ့၊ သံဃာအား "ဖီးရန် မဟိပါ၊ ဂါရီလှည့် လည်လောက်သော ဥပစာဟိပါရေ"ဟု လျှောက်ကြားရဖို့။
ထိုကျောင်းဆောက်လုပ်သော ရဟန်းစွာ သံဃာသို့ ချိုင်းကပ်၍ လက်ဝဲတစ်ဖက် ပက်ခုံးထက်၌ အပေါ်ရုံ'ဧကသီ' ကို စံပယ်တင်ပနာ ကြီးကုန်သော ရဟန်းရို့၏ ခြီရို့ကို ယှိခိုး၍ ဆောင့်ကြောင့်ထိုင်လျက်လက်အုပ်ကို မြှောက်ချီပြီးကေ -
"အသျှင်ဘုရားရို့ အငါစွာ (ဆောက်လုပ်သူဒါယကာ) အသျှင် ဟိရေ မိမိဆိုရေရည်ညွှန်းအပ်ရေ ပုဂ္ဂိုလ်ဟိရေ ကြီးရေကျောင်းကို ဆောက်လုပ်လိုပါရေ၊ အသျှင်ဘုရားရို့ထိုအငါစွာ သံဃာကို ကျောင်းရာကြားခြင်းကို တောင်းပန်ပါ၏"ဟု လျှောက်ရာ၏။
နှစ်ကြိမ်မြောက်လည်း တောင်းပန်ရဖို့၊ သုံးကြိမ်မြောက်လည်း တောင်းပန်ရဖို့။
တမွတ်ချင်း လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ သံဃာကို သိစီရဖို့။
၃၇၀။ "အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေပိုင်သောရဟန်းစွာ (ဆောက်လုပ်သူဒါယကာ) အသျှင် ဟိရေ မိမိဆိုရေ ရည်ညွှန်းအပ်ရေ ပုဂ္ဂိုလ်ဟိရီကြီးရေကျောင်းကို ဆောက်လုပ်လို၏၊ ထိုရဟန်းစွာ သံဃာကို ကျောင်းရာ ကြားခြင်းကိုတောင်းပန်၏၊ အဂယင့်လို့ သံဃာအား လျောက်ပတ်သော အခါဟိရေ ကံစွာ ဖြိုက်အံ့၊ သံဃာစွာဒေပိုင်သော ရဟန်း၏ ကျောင်းရာကို ညွှန်ကြားရာ၏၊ ဒေကား သိစီခြင်းတည်း။
အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေပိုင်သော ရဟန်းစွာ (ဆောက်လုပ်သူဒါယကာ) အသျှင် ဟိရေ မိမိဆိုရေ ရည်ညွှန်းအပ်ရေ ပုဂ္ဂိုလ်ရှိ သော ကြီးရီကျောင်းကို ဆောက်လုပ်လို၏၊ ထိုရဟန်းစွာ သံဃာကို ကျောင်းရာကြားခြင်းကို တောင်းပန်၏၊ သံဃာစွာ ဒေပိုင်သော ရဟန်း၏ ကျောင်းရာကို ညွှန်ကြား၏၊ အကြင်အသျှင် အား ဒေပိုင်သောရဟန်း၏ ကျောင်းရာကို ညွှန်ကြားခြင်းကို ခြီ၏၊ ထိုအသျှင်စွာ ဆိတ် ဆိတ် နီရာ၏၊ အကြင်အသျှင်အား ခြီခြင်း မဟိ၊ ထိုအသျှင်စွာ ပြောဆိုရာ၏။
သံဃာစွာ ဒေပိုင်သော ရဟန်း၏ ကျောင်းရာကို ညွှန်ကြားအပ်ပြီ၊ သံဃာအား ခြီခြင်းဟိ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နီ၏၊ ဧပိုင် ဆိတ်ဆိတ်နေအနိန်နန့် ဒေခြီရေ အဖြိုက်ကိုသိမှတ်ရပါရေ"ဟု (သိစီရဖို့)။
၃၇၁။ ဖီးရန်ရှိ ဆိုစွာ ကရင်နီကောင်ရို့၏ကေလေ့ နီရာဖြိုက်၏၊ ခြရို့၏ကေလေ့ နီရာဖြိုက်၏၊ ကြွက်ရို့၏ကေလေ့။ပ။ မြွေရို့၏ကေလေ့။ ကင်းမြီးကောက် (ကင်းပုစွန်) ရို့၏ကေလေ့။ ကင်းခြီတိရို့၏ကေလေ့။ ဆင်ရို့၏ကေလေ့။ မြင်းရို့၏ကေလေ့။ ခြင်္သေ့ရို့၏ကေလေ့။ ကျားရို့၏ကေလေ့။ သစ်ရို့၏ကေလေ့။ ဝံရို့၏ကေလေ့။ အောင်းရို့၏ကေလေ့ နီရာဖြိုက်၏၊ အမှတ်မဟိ တိရစ္ဆာန် ဖြိုက်ကေုန်သော သတ္တဝါရို့၏ နီရာဖြိုက်၏၊ ကောက် 'စပါးခင်း'ကိုမူလည်း မှီ၏၊ ပဲခင်းကိုမူလည်း မှီ၏၊ ခိုးသူ သတ်ရာ ထောင်ကိုမူလည်း မှီ၏၊ လူသတ်ရာ သူသတ်ကုန်းကိုမူလည်း မှီ၏၊ သူကောင်ပုပ်မြှုပ်ရာ သင်းချိုင်းကို မူလည်း မှီ၏၊ ဟင်းခင်းကိုမူလည်း မှီ၏၊ မင်းနီရာကိုမူလည်း မှီ၏၊ ဆင်တင်းကုပ်ကိုမူလည်း မှီ၏၊ မြင်းတင်းကုပ်ကိုမူလည်း မှီ၏၊ နှောင်အိမ်သို့မူလည်း မှီ၏၊ သေတင်းကုပ်ကိုမူလည်း မှီ၏၊ ကဆိုင်ကိုမူလည်း မှီ၏၊ ခရီးလမ်းကိုမူလည်း မှီ၏၊ ဂွကိုမူလည်း မှီ၏၊ သဘင်ကိုမူလည်း မှီ၏၊ ထုတ်ချင်းထွင်းသော ခရီးကိုမူလည်း မှီ၏၊ ဒေစွာကား ဖီးရန်ဟိရေ မည်၏။
ဂါရီလှည့်လည်လောက်သော ဥပစာမဟိ ဆိုစွာ က-မြဲတိုင်းသော ဂါရီနန့် လှည့်ပတ်၍သွားခြင်းငှါကေလိ့ကောင်း၊ ထက်ဝန်းကျင်မှ လှီခါးနန့် လှည့်ပတ်ခြင်းငှါကေလိ့ကောင်းမတတ်နိုင်၊ ဒေစွာကား ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ မည်၏။
ဖီးရန်မဟိ ဆိုစွာ ကရင်နီကောင်ရို့၏ကေလေ့ နီရာမဟုတ်။ပ။ ထုတ်ချင်းထွင်းသော ခရီးလမ်းကိုမူ လည်း မမှီ၊ ဒေစွာကား ဖီးရန်မဟိရေ မည်၏။
ဂါရီလှည့်လည်လောက်သော ဥပစာရှိ ဆိုစွာ က-မြဲတိုင်းသော ဂါရီနန့် လှည့်ပတ်သွားခြင်းငှါကေလိ့ကောင်း၊ ထက်ဝန်းကျင်မှ လှီခါးနန့် လှည့်ပတ်ခြင်းငှါကေလိ့ကောင်း တတ်နိုင်၏၊ ဒေစွာကား ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ မည်၏။
ကြီးရေကျောင်း ဆိုစွာ (ဆောက်လုပ်သူဒါယကာ) အသျှင် ဟိရေ ကျောင်းကို ဆို၏။
ကျောင်း ဆိုစွာ အတွင်းမာ နှိမ်းအပ်ရေ ကျောင်းကေလိ့ကောင်း၊ အပ၌ နှိမ်းအပ်ရေ ကျောင်းကေလိ့ကောင်း၊ အတွင်းမာအပ၌ နှိမ်းအပ်ရေ ကျောင်းကေလိ့ကောင်းတည်း။
ဆောက်လုပ်စေငြားအံ့ဟူစွာ (ကိုယ်တိုင်) ကေလေ့ ဆောက်လုပ်၏၊ (သူတပါးကို ကေလေ့) ဆောက်လုပ်စီ၏။
ရဟန်းရို့ကိုကေလေ့ ကျောင်းရာကို ကြားခြင်းငှါ မပင့်ဆောင်ငြားအံ့ဟူစွာ ဉတ်ကေ နှစ်ကြိမ်မြောက်ဟိရေ ကံနန့် ကျောင်းရာကို မကြားစီဘဲ ကိုယ်တိုင်ကေလေ့ ဆောက်လုပ်ငြားအံ့၊ သူတပါးကိုကေလေ့ ဆောက်လုပ်စေငြားအံ့၊ လုံ့လတိုင်း လုံ့လတိုင်း ဒုက္ကဋ်အာပတ် သင့်၏။ မြေစိုင် (ခဲ) တစ်ခုသို့ မရောက်မီ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ထိုနောက်ဆုံး မြေစိုင် (ခဲ) ရောက်လတ်သော်သံဃာဒိသိသ်အာပတ် သင့်၏။
သံဃာဒိသိသ်ဆိုရေ။ပ။ ယင်းအတွက်နန့်လည်း "သံဃာဒိသိသ်"ဟု ဆိုအပ်၏။
၃၇၂။ ရဟန်းစွာ မကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ကျောင်းကို ဆောက်လုပ်အံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
ရဟန်းစွာ မကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သောဥပစာဟိရေ ကျောင်းကို ဆောက်လုပ်အံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းစွာ မကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သောဥပစာမဟိရေ ကျောင်းကို ဆောက်လုပ်အံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းစွာ မကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သောဥပစာဟိရေ ကျောင်းကို ဆောက်လုပ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ရဟန်းစွာ ကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ကျောင်းကို ဆောက်လုပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။
ရဟန်းစွာ ကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သောဥပစာဟိရေ ကျောင်းကို ဆောက်လုပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းစွာ ကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ကျောင်းကို ဆောက်လုပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းစွာ ကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ ကျောင်းကို ဆောက်လုပ်အံ့၊ အာပတ် မသင့်။
၃၇၃။ ရဟန်းစွာ "အကျွန်ုပ်၏ ကျောင်းကို ဆောက်လုပ်ကုန်လော့"ဟု ကိုယ်တိုင် ညွှန်း၏။ မကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေထိုရဟန်း၏ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
။ပ။ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ ထိုရဟန်း၏ ကျောင်းကိုဆောက်လုပ်ကုန်အံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ထိုရဟန်း၏ ကျောင်းကိုဆောက်လုပ်ကုန်အံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ ထိုရဟန်း၏ ကျောင်းကိုဆောက်လုပ်ကုန်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ရဟန်းစွာ "အကျွန်ုပ်၏ ကျောင်းကို ဆောက်လုပ်ကုန်လော့"ဟု ကိုယ်တိုင် ညွှန်း၏၊ ကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ထိုရဟန်း၏ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
။ပ။ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ကျောင်းကို ဆောက်လုပ် ကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ အာပတ် မသင့်။
၃၇၄။ ရဟန်းစွာ "အကျွန်ုပ်၏ ကျောင်းကို ဆောက်လုပ်ကုန်လော့"ဟု ကိုယ်တိုင် ညွှန်း၍ ဖဲလားရေ၊ "ကြားအပ်ရေ ကျောင်းရာဟိစီာ်လည်းဖြိုက်စီ ဖီးရန်မဟိစီာ်လည်းဖြိုက်စီ ဂါရီလှည့်လည်လောက်သော ဥပစာဟိစီာ်လည်းဖြိုက်စီ"ဟု ကား ကိုယ်တိုင် မညွှန်း၊ မကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ထိုရဟန်း၏ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
။ပ။ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ကျောင်းကို ဆောက်လုပ် ကုန်အံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ရဟန်းစွာ "အကျွန်ုပ်၏ ကျောင်းကို ဆောက်လုပ်ကုန်လော့"ဟု ကိုယ်တိုင် ညွှန်း၍ ဖဲလားရေ၊ "ကြားအပ်ရေ ကျောင်းရာဟိစီာ်လည်း ဖြိုက်စီ ဖီးရန်မဟိစီာ်လည်း ဖြိုက်စီ ဂါရီလှည့်လည်လောက်သော ဥပစာဟိစီာ်လည်း ဖြိုက်စီ"ဟု ကား ကိုယ်တိုင် မညွှန်းကြားအပ်ရေ ကျောင်းရာဟိရေဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ထိုရဟန်း၏ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။
။ပ။ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ကျောင်းကို ဆောက်လုပ် ကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ အာပတ် မသင့်။
၃၇၅။ ရဟန်းစွာ "အကျွန်ုပ်၏ ကျောင်းကို ဆောက်လုပ်ကုန်လော့"ဟု ကိုယ်တိုင် ညွှန်း၍ ဖဲလားရေ၊ "ကြားအပ်ရေ ကျောင်းရာဟိစီာ်လည်းဖြိုက်စီ ဖီးရန်မဟိစီာ်လည်းဖြိုက်စီ ဂါရီလှည့်လည်လောက်သော ဥပစာဟိစီာ်လည်းဖြိုက်စီ"ဟုလေ့ ကိုယ်တိုင် ညွှန်း၏၊ မကြားအပ်ရီကျောင်းရာ ဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ထိုရဟန်း၏ကျောင်းကို ဆောက် လုပ်ကုန်၏၊ ထိုရဟန်းစွာ "မကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ငါ၏ ကျောင်းကို ဆောက်လုပ်သတတ်"ဟု ကြား၏၊ ထိုရဟန်းစွာ "ကြားအပ်ရေ ကျောင်းရာဟိစီာ်လည်း ဖြိုက်စီ ဖီးရန်မဟိစီာ်လည်းဖြိုက်စီဂါရီလှည့်လည်လောက်သော ဥပစာဟိစီာ်လည်းဖြိုက်စီ"ဟု ကိုယ်တိုင်ကေလေ့ လားရဖို့၊ တမန်ကိုကေလေ့စီရေဖို့၊ ။ပ။ "ကြားအပ်ရေ ကျောင်းရာဟိစီာ်လည်းဖြိုက်စီဖီးရန်မဟိစီာ်လည်းဖြိုက်စီ"ဟု။ပ။ "ကြားအပ်ရေ ကျောင်းရာ ဟိစီာ်လည်းဖြိုက်စီဂါရီလှည့်လည်လောက်သော ဥပစာဟိစီာ်လည်း ဖြိုက်စီ"ဟု။ပ။ "ကြားအပ်ရီကျောင်းရာဟိစီာ်လည်း ဖြိုက်စီ"ဟု (ကိုယ်တိုင်ကေလေ့ လားရ မည်၊ တမန်ကိုကေလေ့စီရေဖို့) အဂယင့်လို့ ကိုယ်တိုင်ကေလေ့ မလားငြားအံ့၊ တမန်ကိုသော် လည်း မစေငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏။
ရဟန်းစွာ "အကျွန်ုပ်၏ ကျောင်းကို ဆောက်လုပ်ကုန်လော့"ဟု ကိုယ်တိုင် ညွှန်း၍ ဖဲလားရေ၊ "ကြားအပ်ရေ ကျောင်းရာဟိစီာ်လည်းဖြိုက်စီ ဖီးရန်မဟိစီာ်လည်းဖြိုက်စီ ဂါရီလှည့်လည်လောက်သော ဥပစာဟိစီာ်လည်းဖြိုက်စီ"ဟု လည်း ကိုယ်တိုင် ညွှန်း၏၊ ကြားအပ်ရေ ကျောင်းရာဟိရေဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ထိုရဟန်း၏ ကျောင်းကို ဆောက်လုပ်ကုန်၏၊ ထိုရဟန်းစွာ "ကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ငါ၏ ကျောင်းကို ဆောက်လုပ်သတတ်"ဟု ကြား၏၊ ထိုရဟန်းစွာ "ဖီးရန်မဟိ စော်လည်းဖြိုက်စီ ဂါရီလှည့်လည်လောက်သော ဥပစာဟိစီာ်လည်းဖြိုက်စီ"ဟု ကိုယ်တိုင်ကေလေ့ လားရဖို့၊ တမန်ကိုကေလေ့စီရေဖို့။ပ။ "ဖီးရန်မဟိရေ ဖြိုက်စီ"ဟု "ဂါရီလှည့်လည်လောက်သော ဥပစာဟိရေ ဖြိုက်စီ"ဟု ကိုယ်တိုင်ကေလေ့ လားရဖို့၊ တမန်ကိုကေလေ့စီရေဖို့၊ (ယင်းပိုင် ကိုယ်တိုင် သွားအံ့စီအံ့)။ အာပတ် မသင့်။
၃၇၆။ ရဟန်းစွာ "အကျွန်ုပ်၏ ကျောင်းကို ဆောက်လုပ်ကုန်လော့"ဟု ကိုယ်တိုင် ညွှန်း၍ ဖဲလားရေ၊ "ကြားအပ်ရေ ကျောင်းရာဟိစီာ်လည်းဖြိုက်စီ ဖီးရန်မဟိစီာ်လည်းဖြိုက်စီ ဂါရီလှည့်လည်လောက်သော ဥပစာဟိစီာ်လည်းဖြိုက်စီ"ဟု လည်း ကိုယ်တိုင်ညွှန်း၏၊ မကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ထိုရဟန်း၏ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ ဆောက်လုပ်သူ (ရဟန်း) ရို့အား ဒုက္ကဋ်အာပတ် သုံးချက်သင့်၏။
။ပ။ ဖီးရန်ရှိအံ့ ဂါရီလှည့်လည်လောက်သော ဥပစာရှိအံ့၊ ဆောက်လုပ်သူ (ရဟန်း) ရို့အားဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
။ပ။ ဖီးရန်မဟိအံ့ ဂါရီလှည့်လည်လောက်သော ဥပစာမဟိအံ့၊ ဆောက်လုပ်သူ (ရဟန်း) ရို့အားဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
။ပ။ ဖီးရန်မဟိအံ့ ဂါရီလှည့်လည်လောက်သော ဥပစာရှိအံ့၊ ဆောက်လုပ်သူ (ရဟန်း) ရို့အားဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းစွာ "အကျွန်ုပ်၏ ကျောင်းကို ဆောက်လုပ်ကုန်လော့"ဟု ကိုယ်တိုင် ညွှန်း၍ ဖဲလားရေ၊ "ကြားအပ်ရေ ကျောင်းရာဟိစီာ်လည်းဖြိုက်စီ ဖီးရန်မဟိစီာ်လည်းဖြိုက်စီ ဂါရီလှည့်လည်လောက်သော ဥပစာဟိစီာ်လည်းဖြိုက်စီ"ဟု လည်း ကိုယ်တိုင်ညွှန်း၏၊ ကြားအပ်ရေ ကျောင်းရာဟိရေဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ထိုရဟန်း၏ ကျောင်းကို ဆောက်လုပ်ကုန်အံ့၊ ဆောက်လုပ်သူ (ရဟန်း) ရို့အား ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
။ပ။ ဖီးရန်ရှိအံ့ ဂါရီလှည့်လည်လောက်သော ဥပစာရှိအံ့၊ ဆောက်လုပ်သူ ရဟန်းရို့အားဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိအံ့ ဂါရီလှည့်လည်လောက်သော ဥပစာမဟိအံ့၊ ဆောက်လုပ်သူ (ရဟန်း) ရို့အားဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိအံ့ ဂါရီလှည့်လည်လောက်သော ဥပစာရှိအံ့၊ အာပတ် မသင့်။
၃၇၇။ ရဟန်းစွာ "အကျွန်ုပ်၏ ကျောင်းကို ဆောက်လုပ်ကုန်လော့"ဟု ကိုယ်တိုင် ညွှန်း၍ ဖဲလားရေ၊ "မကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာ မဟိရေထိုရဟန်း၏ ကျောင်းကို ဆောက်လုပ်ကုန်၏၊ အဂယင့်လို့ ထိုရဟန်းစွာ ထိုကျောင်းကို ဆောက် လုပ်ပနာမပြီးမီ လာအံ့၊ ထိုရဟန်းစွာ ထိုကျောင်းကို အခြားသူအားကေလေ့ ပီးရဖို့၊ ဖျက်၍ ကေလေ့တစ်ဖန် ဆောက်လုပ်ရဖို့၊ အဂယင့်လို့ အခြားသူအားကေလေ့ မပေးငြားအံ့၊ ဖျက်၍ ကေလေ့တစ်ဖန် မဆောက်လုပ်ငြားအံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။
။ပ။ ဖီးရန်ရှိအံ့ ဂါရီလှည့်လည်လောက်သော ဥပစာရှိအံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိအံ့ ဂါရီလှည့်လည်လောက်သော ဥပစာမဟိအံ့၊ သံဃာဒိသိသ်နန့် ဒုက္ကဋ်အာပတ် သင့်၏။
။ပ။ ဖီးရန်မဟိအံ့ ဂါရီလှည့်လည်လောက်သော ဥပစာရှိအံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ရဟန်းစွာ "အကျွန်ုပ်၏ ကျောင်းကို ဆောက်လုပ်ကုန်လော့"ဟု ကိုယ်တိုင် ညွှန်း၍ ဖဲလားရေ၊ ကြားအပ်ရေ ကျောင်းရာဟိရေ ဖီးရန်ဟိရေ ဂါရီလှည့်လည်လောက်သော ဥပစာမဟိရေ ထိုရဟန်း၏ ကျောင်းကို ဆောက်လုပ်ကုန်၏၊ အဂယင့်လို့ ထိုရဟန်းစွာ ထိုကျောင်းကို ဆောက်လုပ်ပနာမပြီးမီ လာအံ့၊ ထိုရဟန်းစွာ ထိုကျောင်းကို အခြားသူအားကေလေ့ ပီးရဖို့၊ ဖျက်၍ကေလေ့တစ်ဖန်ဆောက်ရဖို့၊ အဂယင့်လို့ အခြားသူအားကေလေ့ မပေးငြားအံ့၊ ဖျက်၍ကေလေ့ တစ်ဖန်မဆောက်လုပ်ငြားအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ပ။ ဖီးရန်ရှိအံ့ ဂါရီလှည့်လည်လောက်သောဥပစာရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏ ဖီးရန် မဟိအံ့ ဂါရီလှည့်လည်လောက်သော ဥပစာမဟိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ပ။ ဖီးရန်မဟိအံ့၊ ဂါရီ လှည့်လည်လောက်သော ဥပစာ ရှိအံ့၊ အာပတ် မသင့်။
၃၇၈။ မိမိရေ ဆောက်လုပ်ပနာ မပြီးသိမ့်စွာကို မိမိရေ ပြီးဆုံးစီအံ့၊ သံဃာဒိသိသ်အာပတ်သင့်၏။
မိမိရေ ဆောက်လုပ်ပနာ မပြီးသိမ့်စွာကို သူတပါးရို့ကို ပြီးဆုံးစီအံ့၊ သံဃာဒိသိသ်အာပတ်သင့်၏။
သူတပါးရို့စွာ ဆောက်လုပ်ပနာ မပြီးသိမ့်စွာကို မိမိရေ ပြီးဆုံးစီအံ့၊ သံဃာဒိသိသ် အာပတ်သင့်၏။
သူတပါးရို့စွာ ဆောက်လုပ်ပနာ မပြီးသိမ့်စွာကို သူတပါးရို့ကို ပြီးဆုံးစီအံ့၊ သံဃာ ဒိသိသ်အာပတ် သင့်၏။
၃၇၉။ လိုဏ်၌ ဂူ၌ မြက်မိုးကျောင်း၌ သူတပါး၏ အလို့ငှါ (ဆောက်လုပ်အပ်ရေ) နီအိမ်သို့ ထားပနာအားနူံးရို့မာ အာပတ် မသင့်။ ရူးသော ရဟန်း အစ လက်ဦး လွန်ကျူးသော ရဟန်းအား အာပတ့်မသင့်။
သတ္တမ ဝိဟာရကာရသိက္ခာပုဒ် ပြီး၏။
၁။ ကျောင်း- ကျောင်းကြီး 'ဝိဟာရ'