Jump to content

ဝီကီးမီဒီယာ ဖောင်ဒေးရှင်း

ဝီကီးပီးဒီးယား က
(ဝီကီမီဒီယာ ဖောင်ဒေးရှင်း မှ ပြန်ညွှန်းထားရေ)
Wikimedia Foundation, Inc.
ဖွဲ့တည်ချိန်စိန့်ပီတာစဘတ်မြို့, ဖခရာဝရီဒါပြည်နယ် အမေရိကန်ပြည်ထောင်စု
ဇွန် ၂ဝ၊ ၂ဝဝ၃ (၂ဝဝ၃-ဝ၆-၂ဝ)
တည်ထောင်သူဂျင်မီဝေးလ်စ်
အမျိုးအစားအကျိုးအမြတ်မယူသော အဖွဲ့အစီး
ရည်ရွယ်ချက်အခမဲ့၊ open content၊ ဝီကီးအခြီပြု အိန်တာနက် ပရောဂျက်တိ
တည်နီရာ
ဝန်ဆောင်မှုဒေသ
ကမ္ဘာတစ်ဝန်း
ဝန်ဆောင်မှုနည်းလမ်းဝီကီးပီးဒီးယားဝီသျှန်နရီဝီကီးကိုးကားဝီကီးစာအုပ်ဝီကီးရင်းမြစ်Wikimedia Commonsဝီကီးမျိုးစိတ်ဝီကီးသတင်းဝီကီးဗာစတီဝီကီးဒေတာWikivoyage၊ Wikimedia Incubator နန့် မေတာ-ဝီကီး
အရီးကြီးပုဂ္ဂိုလ်တိ
Patricio Lorente (ဘုတ်အဖွဲ့ဥက္ကဋ္ဌ)[]
Lila Tretikov (အမှုဆောင်ဒါရိုက်တာ)
ဘဏ္ဍာရီး
Increase US$ ၄၈.၆ သန်း[]
ကုန်ကျစရိတ်တိNegative increase $၃၅.၇ သန်း[]
အလုပ်သမား
၂၇၅ ဦးဝန်းကျင် (၂၀၁၅ သြဂတ်လအထိ)[]
စေတနာ့ဝန်ထမ်း
၃၅၉,၀၀၀ (၂၀၀၅)[]
ဝက်ဘ်ဆိုဒ်wikimediafoundation.org

ဝီကီးမီဒီယာ ဖောင်ဒေးရှင်း (အင်္ဂလိပ်: Wikimedia Foundation; အတိုကောက် WMF) စွာ အမေရိကန်အခြီစိုက် အကျိုးအမြတ်မယူသော ပရဟိတ အဖွဲ့အစီးတခုဖြစ်ပြီးကေ ဝီကီးများစွာကို စီမံခန့်ခွဲနိန်ရေ။ ဌာနချုပ်မှာ ဆန်ဖရန်စစ္စကိုမြို့ကယ်လီဖိုးနီးယားပြည်နယ် မာ တည်ဟိရေ။ ဝီကီးမီဒီယာ ဖောင်ဒေးရှင်းမှာ အိန်တာနက် စွယ်စုံကျမ်း ဝီကီးပီးဒီးယားကို လွှင့်တင်ရေ အဖွဲ့အစီးအဖြစ် လူသိများရေ။ ဝီကီးပီးဒီးယားအပြင် ဝီသျှန်နရီဝီကီးကိုးကားဝီကီးစာအုပ်ဝီကီးရင်းမြစ်Wikimedia Commonsဝီကီးမျိုးစိတ်ဝီကီးသတင်းဝီကီးဗာစတီဝီကီးဒေတာဝီကီးခရီးလား၊ Wikimedia Incubator နန့် မေတာ-ဝီကီး ရို့ကိုလည်း စီမံခန့်ခွဲလျက်ဟိရေ။

အဖွဲ့အစီးကို ၂၀၀၃ ခုနှစ်မာ ဝီကီးပီးဒီးယား တွဲဖက်တည်ထောင်သူ ဂျင်မီဝေးလ်စ်မှ ဝီကီးပီးဒီးယားနန့် တခြားသော ညီအေးမပရောဂျက်တိကို အကျိုးအမြတ်မယူသောနည်းနန့် ရန်ပုံငွီပံ့ပိုးနှိုင်ဖို့အတွက် တည်ထောင်ခရေ။[][]

၂၀၁၅ ခုနှစ်မာ ဖောင်ဒေးရှင်း၌ ဝန်ထမ်းပေါင်း ၂၅၀ လှောက်ရှိပြီး နှစ်စိုင်ဝင်ငွီအနိန်နန့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ရဟိနိန်ယာဖြစ်တေ။[] ဖောင်ဒေးရှင်းကို Lila Tretikov က အမှုဆောင်ဒါရိုက်တာအနိန်နန့် ဦးဆောင်ကာ Patricio Lorente က ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူရေ။

၂၀၀၁ ခုနှစ်မာ အိန်တာနက် စီးပွားရီးစွမ်းဆောင်ရှင်တဦးဖြစ်သူ ဂျင်မီဝေးလ်စ်နန့် ဆော့ဖ်ဝဲလ်ရီးသားသူ လာရီဆန်ဂါ ရို့စွာ အိန်တာနက်စွယ်စုံကျမ်းတခုဖြစ်ရေ ဝီကီးပီးဒီးယားကို စတင်တည်ထောင်ခရေ။ ပရောဂျက်ကို အစောပိုင်းမာ ဝေးလ်စ်ဧ့ ဘိုးမစ်ကုမ္ပဏီမှ ရန်ပုံငွီထောက်ပံ့ခရေ။ ဝီကီးပီးဒီးယားစွာ အရှိန်အဟုန်နန့်ကြီးထွားလာကာ လူသိများလာခပြီးကေ ပရောဂျက်ကို ရန်ပုံငွီထောက်ပံ့ရန် ဆိုင်းငံ့အချိန်ဈီးခရင်းခံရခရေ။[] ဝီကီးပီးဒီးယားအနိန်နန့် ဘိုးမစ်ကုမ္ပဏီဧ့အရင်းအနှီးကို လျော့နည်းလာစီအနိန်နန့် ဝေးလ်စ်နန့် ဆန်ဂါရို့စွာ ပရောဂျက်ကို ရန်ပုံငွီထောက်ပံ့နိုင်ဖို့ ပရဟိတအဖွဲ့အစီးတခု တည်ထောင်ရန် စိုင်းစားခကတ်ရေ။[] ၂၀၀၃ ခုနှစ် ဂျုန်လ ၂၀ မာ ဝီကီးမီဒီယာ ဖောင်ဒေးရှင်းကို ဝီကီးပီးဒီးယားနန့် နျူပီးဒီးယား ရို့နန့် တည်ထောင်ခရေ။[]

၂၀၀၄ ခုနှစ် စတ်တင်ဘာ ၁၇ မာ အမေရိကန်ပြည်ထောင်စု မူပိုင်ခွင့်နန့် ကုန်သွယ်တံဆိပ်ရုံး၌ ဝီကီးပီးဒီးယား ကို ကုန်သွယ်တံဆိပ်မူပိုင် လျောက်ထားခရေ။ ၂၀၀၆ ခုနှစ် ဂျန်နဝါရီလ ၁၀ ရက်နိမာ အမှတ်တံဆိပ်အား မှတ်ပုံတင်ခွင့် ရဟိခရေ။ အမှတ်တံဆိပ်ကာကွယ်ခြင်းကို ၂၀၀၄ ခုနှစ် ဒီဇန်ဘာလ ၁၆ ရက်နိမာ ဂျပန်နိုင်ငံမာလေးကောင်း၊ ၂၀၀၅ ခုနှစ် ဂျန်နဝါရီ ၂၀ ရက်နိမာ ဥရောပသမဂ္ဂမာ လေးကောင်း အသီးသီး ဆောင်ရွက်ခရေ။ စာအုပ်တိနန့် ဒီဗွီဒေချင့်ကဲ့သို့သော အခြားကုန်ဝန်တချို့မာ ဝီကီးပီးဒီးယားအမှတ်တံဆိပ် အသုံးပြုခြင်းကို လိုင်စင်ခွင့်ပြုဖို့ ရည်ရွယ်ခရေ။[]

၂၀၀၅ ခုနှစ် ဧပြီလမာ အမေရိကန် ပြည်မားအခွန်လုပ်ငန်းမှ ဝီကီးမီဒီယာ ဖောင်ဒေးရှင်းအား ပညာပီးဖောင်ဒေးရှင်းအဖြစ် သတ်မှတ်ပီးခရေ။

ဖခရာဝရီဒါပြည်နယ် ပြဋ္ဌာန်းဥပဒေတိဧ့ မှတ်ပုံတင်လိုအပ်ချက်တိနန့် မကိုက်ညီခြင်းကြောင့် ဝီကီးမီဒီယာ ဖောင်ဒေးရှင်းအနိန်နန့် သမဝါယမအဖွဲ့အစီးတခု ဖြစ်မလာနိုင်တော့ကြောင်းကို ဘုတ်အဖွဲ့မှ ၂၀၀၆ ခုနှစ် ဒီဇန်ဘာလ ၁၁ ရက်နိမာ မှတ်ချက်ပြုခရေ။ ယင်းအတွက်နန့် အဖွဲ့ဝင်အခွင့်အရီးတိ၊ လုပ်ဆောင်ချက်တိနန့် ဆက်စပ်သလှောက်ကို အဖွဲ့အစီးမား ဥပဒေတိနန့် ကိုက်ညီမှုဟိစီရန် ဖယ်ယှားခရေ။ အဖွဲ့အစီးမား ဥပဒေတိကို ပြင်ဆင်ရန် ဆုံးဖြတ်ခြင်းအား ဘုတ်အဖွဲ့မှ တညီတညွတ်တည်း ထောက်ခံခရေ။[]

၂၀၀၇ ခုနှစ် စတ်တင်ဘာလ ၂၅ ရက်နိမာ ဖောင်ဒေးရှင်းဧ့ ဘုတ်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်မှုတိအား ဆန်ဖရန်စစ္စကို ပင်လယ်အော် ဧရိယာသို့ ရွှီ့ပြောင်းမည်ဖြစ်ကတ်ောင်း အသိပီးခရေ။ စိတ်တူကိုယ်တူအဖွဲ့အစီးတိ၊ ပိုင်အလာဟိရေ တွဲဖက်တိ၊ ပညာသျှင်ပေါများခြင်းရို့ရာမက စိန့်ပီတာစဘတ်မြို့နန့်စာကေ နိုင်ငံတိုင်းသို့ အဆင်ပြေပြေလားလာနိုင်ခြင်းနန့် ကုန်ကျစရိတ်သက်သာခြင်းတိကြောင့် ဆန်ဖရန်စစ္စကိုအား ရွီးချယ်ခရခြင်းဖြစ်တေဟု ဆိုရေ။[၁၀][၁၁][၁၂]

ဝီကီးမီဒီယာ ပရောဂျက်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

စာလုံးအစောင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဝီကီးမီဒီယာ ပရောဂျက်တိ

ဖောင်ဒေးရှင်းအနိန်နန့် ဝီကီးပီးဒီးယားရာမက အခမဲ့ဖြစ်ရေ တခြားသော ဝီကီးတိကိုလည်း အသိပညာ ဖြန့်ဝီရေအနိန်နန့် လုပ်ကိုင်ဆောင်ရွက်လျက်ဟိရေ။ ဝီကီးမီဒီယာ ဖောင်ဒေးရှင်းမှ စီမံခန့်ခွဲလျက်ဟိရေ ပရောဂျက်တိမာ အောက်ပါရို့ပါဝင်ရေ။

Wikibooks logo နာမည်: ဝီကီးစာအုပ်
ဖော်ပြချက်: ပြဋ္ဌာန်းစာအုပ်တိ စုဆောင်းမှု
ဝက်ဘ်ဆိုဒ်: www.wikibooks.org
Wikinews logo နာမည်: ဝီကီးသတင်း
ဖော်ပြချက်: အွန်လိုင်းသတင်းစာ
ဝက်ဘ်ဆိုဒ်: www.wikinews.org
Wikispecies logo နာမည်: ဝီကီးမျိုးစိတ်
ဖော်ပြချက်: သက်ဟိမျိုးစိတ်တိဧ့ အမျိုးအစားခွဲတိ စုဆောင်းမှု
ဝက်ဘ်ဆိုဒ်: species.wikimedia.org
Wikidata logo နာမည်: ဝီကီးဒေတာ
ဖော်ပြချက်: အသိပညာ အခြီပြု
ဝက်ဘ်ဆိုဒ်: www.wikidata.org
Wikipedia logo နာမည်: ဝီကီးပီးဒီးယား
ဖော်ပြချက်: အွန်လိုင်းစွယ်စုံကျမ်း
ဝက်ဘ်ဆိုဒ်: www.wikipedia.org
Wikiversity logo နာမည်: ဝီကီးဗာစတီ
ဖော်ပြချက်: ကျူတိုရီရယ်တိနန့် သင်ရိုးညွှန်းတမ်းတိ စုဆောင်းမှု၊ ပူးပေါင်းသုတေသနပြုလုပ်နိုင်ခြင်း
ဝက်ဘ်ဆိုဒ်: www.wikiversity.org
Wikimedia Commons logo နာမည်: Wikimedia Commons
ဖော်ပြချက်: ဓာတ်ပုံတိ၊ အသံတိ၊ ဗွီဒီယိုတိနန့် အထွေထွေမီဒီယာတိ စုဆောင်းထားဟိရာနီရာ
ဝက်ဘ်ဆိုဒ်: commons.wikimedia.org
Wikiquote logo နာမည်: ဝီကီးကိုးကား
ဖော်ပြချက်: အဆိုအမိန့်တိ စုဆောင်းထားမှု
ဝက်ဘ်ဆိုဒ်: www.wikiquote.org
Wikivoyage logo နာမည်: ဝီကီးခရီးလား
ဖော်ပြချက်: ခရီးလားလမ်းညွှန်
ဝက်ဘ်ဆိုဒ်: www.wikivoyage.org
Wikimedia Meta logo နာမည်: မေတာ-ဝီကီး
ဖော်ပြချက်: ဝီကီးမီဒီယာ ပရောဂျက်တိဧ့ ဗဟိုချက်
ဝက်ဘ်ဆိုဒ်: meta.wikimedia.org
Wikisource logo နာမည်: ဝီကီးရင်းမြစ်
ဖော်ပြချက်: ဒစ်ဂျစ်ရေ စာကြည့်တိုက်
Website: www.wikisource.org
Wiktionary logo နာမည်: ဝီသျှန်နရီ
ဖော်ပြချက်: အွန်လိုင်းအဘိဓာန် နန့် ဝေါဟာရပဒေသာကျမ်း
ဝက်ဘ်ဆိုဒ်: www.wiktionary.org
  1. Cbrown1023. "Board of Trustees". Wikimedia Foundation. Retrieved July 22, 2015.
  2. 1 2 "Wikimedia Foundation, Inc. Financial Statements June, 2013 and 2012" (PDF). Upload.wikimedia.org. Retrieved December 14, 2013.
  3. "Staff and contractors page (Wikimedia Foundation website)". Wikimedia Foundation. Retrieved August 7, 2015.
  4. (ပြင်သစ်) Open for business (၂၀၀၇), Jaap Bloem & Menno van Doorn (trad. Audrey Vuillermier), éd. VINT, 2007 (ISBN 978-90-75414-20-2), p. 93. No official number available since 2006 Archived 10 December 2013 at the Wayback Machine.
  5. 1 2 3 Neate၊ Rupert။ "Wikipedia founder Jimmy Wales goes bananas"၊ The Daily Telegraph၊ October 7, 2008 October 25, 2009 တွင် ပြန်စစ်ပြီး "The encyclopedia's huge fan base became such a drain on Bomis's resources that Mr Wales, and co-founder Larry Sanger, thought of a radical new funding model – charity."
  6. 1 2 Jimmy Wales (June 20, 2003). "Announcing Wikimedia Foundation". mail:wikipedia-l. Retrieved November 26, 2012.
  7. "Wikimedia Foundation, Inc. Financial Statements June, 2014 and 2013" (PDF). Upload.wikimedia.org. Retrieved December 11, 2014.
  8. Nair၊ Vipin။ "Growing on volunteer power"၊ Business Line၊ December 5, 2005 December 26, 2008 တွင် ပြန်စစ်ပြီး
  9. Bylaws revision.
  10. Carlos Moncada (September 25, 2007). "Wikimedia Foundation Moving To Another Bay Area". The Tampa Tribune. Archived from the original on 28 December 2007. Retrieved 20 September 2015.
  11. Richard Mullins (September 26, 2007). "Online Encyclopedia To Leave St. Petersburg For San Francisco". The Tampa Tribune. Archived from the original on 28 December 2007. Retrieved 20 September 2015.
  12. Kim, Ryan (October 10, 2007). "Wikipedia team plans move to San Francisco". San Francisco Chronicle. Archived from the original on 11 October 2007. Retrieved 20 September 2015.