ဝီကီးရင်းမြစ်
ဝဘ်ဆိုဒ် အမျိုးအစား | ဒယ်ဂျစ်ရေ စာကြည့်တိုက် |
|---|---|
| ဖတ်ရှုရဟိနိုင်မှု | Multilingual |
| ပိုင်ဆိုင်သူ | ဝီကီးမီဒီယာ ဖောင်ဒေးရှင်း |
| ဖန်တီးသူ | User-generated |
| ဝဘ်ဆိုဒ် | wikisource |
| စီးပွားရီး | No |
| မှတ်ပုံတင်ခြင်း | Optional |
| ရွှင့်တင်ခြင်း | နိုဝင်ဘာ ၂၄၊ ၂,၀၀၃[၁] |
| လက်ဟိ အခြီအနီ | Online |
ဝီကီးရင်းမြစ် (အင်္ဂလိပ်: Wikisource) စွာ အခမဲ့ရနှိုင်ရေ စာပီရင်းမြစ်ရို့အတွက် အွန်လိုင်းဒစ်ဂျစ်ရေစာကြည့်တိုက် ဖြစ်ပြီးကေ ဝီကီးမီဒီယာဖောင်ဒေးရှင်းမှ တာဝန်ယူလိုင်ပတ်နိန်ရေ။ ဝီကီးရင်းမြစ်ဟူစွာ စီမံကိန်းတခုလုံးကို ခြုံငုံခေါ်ဝေါ်ရေ နာမည်ဖြစ်တေ။ ၎င်းအောက်မာ ဘာသာစကားအလိုက် ဝီကီးရင်းမြစ်တိ ဟိရေ။ စီမံကိန်းဧ့ ရည်ရွယ်ချက်မှာ အခမဲ့ရနှိုင်ရေ ဘာသာစကားအမျိုးမျိုးနန့် စာပီအားနုန်း၊ ဘာသာပြန်အားလုံးကို စုစီးပီးဖို့ ဖြစ်တေ။ ကနဦးမာ သမိုင်းဝင်စာပီရို့ကို မော်ကွန်းတိုက်အဖြစ်ထားရန် သုံးကတ် (ပထမဆုံး ဝီကီးရင်းမြစ်ပေါ်ရောက်ရေ စာမာ ပြင်သစ်ဘာသာနန့်ရီးရေ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရီးကြေညာစာတမ်းဖြစ်) ကေလေ့ တစတစနန့် အမျိုးစုံရေစာကြည့်တိုက်အနေသို့ ရောက်လှာဧ့။ တရားဝင်စီမံကိန်းအဖြစ်မူ ၂၀၀၃ ခု၊ နိုဗန်ဘာလ ၂၄ ရက်မာ စတင်ပြီး ပရောဂျက်ဂူတင်ဘတ် (Project Gutenberg) နန့် ကာရန်ညှိကာ ပရောဂျက်ဆို့စဘတ် (Project Sourceberg) ဆိုရေနာမည်ကို ယူရေ။ ထိုနှစ်မာပင် ဝီကီးရင်းမြစ်ဟု နာမည်ပြောင်းကာ သီးခြားဒိုမိန်းနာမည် သုံးခရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ Ayers, Phoebe; Matthews, Charles; Yates, Ben (2008). How Wikipedia Works. No Starch Press. pp. 435–436. ISBN 978-1-59327-176-3.