ဝေရဉ္ဇအခန်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဝေရဉ္ဇအခန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဝေရဉ္ဇပုဏ္ဏားအကြောင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁။ အခါတစ်ပါးမာ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ ဝေရဉ္ဇာမြို့ နဠေရုမည်ရေ (ဘီလူးသိမ်းဆီးအပ်တေ) တမာပင်အနီးမာ များမြတ်တေ ရဟန်းသံဃာ ငါးရာနန့် အတူ သီတင်းသုံးနိန်တော်မူ၏။ (ယင်းပိုင် နိန်တော်မူရေအခါ) ဝေရဉ္ဇပုဏ္ဏားစွာ (ဒေဆိုအံ့ရေပိုင်) ကြားသိရလီယာ။ အချင်းရို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုရေ သာကီဝင်မင်းသား ရဟန်းဂေါတမစွာ ဝေရဉ္ဇာမြို့ နဠေရုမည်ရေ (ဘီလူး သိမ်းဆည်းအပ်တေ) တမာပင်အနီးမာ များမြတ်တေ ရဟန်းသံဃာ ငါးရာနန့်တတူ သီတင်းသုံးနိန်တော်မူ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းရေ ကျော်စောသတင်းစွာ အေပိုင် ပျံ့နှံ့ပြီးကေ ထွက်၏။
ထိုမြတ်စွာဘုရားစွာ ပူဇော်အထူးကို ခံယူတော်မူထိုက်ရေ အကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏။
အလုံးစုံသော တရားတိကို ကိုယ်တိုင် မှန်ကန်စွာ သိတော်မူရေ အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏။
အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နန့် ပြည့်စုံတော်မူရေ အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏။
ကောင်းရေ စကားကို ဆိုတော်မူတတ်ရေ အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏။
လောကကို သိတော်မူရေ အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏။
ဆုံးမထိုက်သူကို ဆုံးမတတ်ရေ အတုမဲ့လွန်မြတ်ရေ ပုဂ္ဂိုလ်ဖြစ်တော်မူရေ အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏။
နတ်လူရို့ဧ့ ဆရာဖြစ်တော်မူရေ အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏။
သစ္စာလေးပါးတရားတိကို ကိုယ်တိုင် သိပြီးကေ သူတစ်ပါးတိကို သိစေတော်မူရေ အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏။
ဘုန်းတန်ခိုးကြီးတော်မူရေ အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူဧ့ဟု (ပျံ့နှံ့ပြီးကေ ထွက်၏)။
ထိုမြတ်စွာဘုရားစွာ နတ်နန့်တကွဖြစ်တေ မာရ်နတ်နန့်တကွဖြစ်တေ ဗြဟ္မာနန့်တကွဖြစ်တေ ဒေဩကာသလောကကိုဖြစ်စီ၊ သမဏဗြာဟ္မဏနန့်တကွဖြစ်တေ မင်းတိလူတိနန့်တကွဖြစ်တေ ဒေသတ္တလောကကိုဖြစ်စီ ကိုယ်တိုင် ထူးရေ ဉာဏ်နန့် သိပြီးကေ မျက်မှောက်ပြုပနာ ဟောကြားတော်မူ၏။
ထိုမြတ်စွာဘုရားစွာ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းဟိရေ အနက်နန့် ပြည့်စုံရေသဒ္ဒါနန့် ပြည့်စုံရေ တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံ စင်ကြယ်ရေ မြတ်ရေ အကျင့်ကို ပြတော်မူ၏၊ ယင်းပိုင် သဘောဟိရေ ရဟန္တာ (ပုဂ္ဂိုလ်) တိကို ဖူးမြင်ရခြင်းစွာ ကောင်းရေပင်တဲးဟု (ကြားသိရလီ၏)။
၂။ ယင်းခါ ဝေရဉ္ဇပုဏ္ဏားစွာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးကေ မြတ်စွာဘုရားနန့် အတူ ဝမ်းပန်းတသာ နှုတ်ဆက်ပြောဆိုဧ့။ အားပါဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးကေ တစ်ခုသော နိန်ရာမာ ထိုင်ပြီးကေ ဝေရဉ္ဇပုဏ္ဏားစွာ မြတ်စွာဘုရားအား -
'အသျှင်ဂေါတမ ဒေစကားကို အကျွန်ုပ် ကြားဖူးပါရေ၊ ရဟန်းဂေါတမစွာ အိုကုန်ရေ ကြီးကုန်ရေ ရင့်ကုန်ရေ ရှီးမီကုန်ရေအဆုံးအရွယ်သို့ ရောက်ကုန်ရေ ပုဏ္ဏားတိကို ယှိလည်းမခိုး ခရီးဦးလည်း မကြို ထိုင်ဖို့နိန်ရာနန့် ဖိတ်လည်း မဖိတ်လို့ ကြားဖူးပါရေ။ အသျှင်ဂေါတမ ထို (အကျွန်ုပ်ကြားဖူးရေ စကား) စွာ ထို (ကြားဖူးရေ) ပိုင် မှန်စွာပင်တဲး၊ အသျှင်ဂေါတမစွာ အိုကုန်ရေ ကြီးကုန်ရေ ရင့်ကုန်ရေ ရှီးမီကုန်ရေ အဆုံးအရွယ်သို့ ရောက်ကုန်ရေ ပုဏ္ဏားတိကို ယှိလည်းမခိုး ခရီးဦးလည်း မကြို ထိုင်ဖို့ နိန်ရာနန့် ဖိတ်လည်း မဖိတ်၊ အသျှင်ဂေါတမ ထို (ယှိခိုးခြင်းအစဟိစော်ကို မပြုခြင်း) စွာ မသင့်လျှော်စွာပင်တဲး'လို့ လျှောက်ဧ့။
ပုဏ္ဏား နတ်နန့်တကွဖြစ်တေ မာရ်နတ်နန့်တကွဖြစ်တေ ဗြဟ္မာနန့်တကွဖြစ်တေ ဒေဩကာသလောကမာဖြစ်စီ၊ သမဏဗြာဟ္မဏနန့်တကွဖြစ်တေ မင်းတိ လူတိနန့်တကွဖြစ်တေဒေသတ္တလောကမာဖြစ်စီ ငါစွာ ယှိခိုးလည်း ယှိခိုးထိုက် ခရီးဦးလည်း ကြိုထိုက် ထိုင်ဖို့နိန်ရာနန့် ဖိတ်လည်း ဖိတ်ထိုက်ရေသူကို မြင်တော်မမူ၊ ပုဏ္ဏား အကြင်သူကို ငါစွာ ယှိခိုးမူလည်း ဟိခိုးငြားအံ့၊ ခရီးဦးမူလည်းကြိုငြားအံ့၊ ထိုင်ဖို့နိန်ရာနန့် ဖိတ်မူလည်း ဖိတ်ငြားအံ့၊ ထိုသူဧ့ အဂေါင်းစော်လည်း ပြတ်ကျရာဧ့ဟု (မိန့်တော်မူဧ့)။
၃။ 'အသျှင်ဂေါတမစွာ အရသာကင်းရေ သဘောဟိဧ့'လို့ (ပုဏ္ဏားက ဆိုဧ့)။
ပုဏ္ဏား အကြင်သို့သော လဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ အရသာ ကင်းရေ သဘောဟိဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ ယင်းပိုင်သော လဲပရိယာယ်မျိုးစွာ ဟိစွာပင်တဲး။ ပုဏ္ဏား ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံရို့မာ သာယာခြင်း အရသာတိကို မြတ်စွာဘုရားစွာ ပယ်ပြီးရာ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးရာ၊ (နုတ်ပြီးရေ) ထန်းပင်ရာပိုင် ပြုပြီးရာ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးရာ၊ နောင်အခါ ဖြစ်ခြင်းသဘော မဟိကုန်ပြီ။ ပုဏ္ဏား ဒေလဲပရိယာယ်အားနန့် 'ရဟန်းဂေါတမစွာ အရသာကင်းရေ သဘောဟိဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုရေ လဲပရိယာယ်မျိုးကား (ငရို့မာ) မဟိစွာသာတဲးလို့ (မိန့်တော်မူဧ့)။
၄။ 'အသျှင်ဂေါတမစွာ သုံးဆောင်ခြင်း မဟိ'လို့ (ပုဏ္ဏားက ဆိုဧ့)။
ပုဏ္ဏား အကြင်သို့သော လဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ သုံးဆောင်ခြင်း မဟိ'လို့ ငါ့ကိုပြောဆိုမူ ပြောဆိုနိုင်ရာဧ့။ ယင်းပိုင်သော လဲပရိယာယ်မျိုးစွာ ဟိစွာပင်တဲး။ ပုဏ္ဏား ရူပါရုံသဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗရုံရို့မာ သုံးဆောင်ခြင်းတိကို မြတ်စွာဘုရားစွာ ပယ်ပြီးရာ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးရာ၊ (နုတ်ပြီးရေ) ထန်းပင်ရာပိုင် ပြုပြီးရာ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးရာ၊ နောင်အခါ ဖြစ်ခြင်းသဘော မဟိကုန်ပြီ။ ပုဏ္ဏား ဒေလဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ သုံးဆောင်ခြင်းမဟိ'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့။ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုရေ လဲပရိယာယ်မျိုးကား (ငရို့မာ) မဟိစွာသာတဲးလို့ (မိန့်တော်မူဧ့)။
၅။ 'အသျှင်ဂေါတမစွာ မပြုထိုက်ဆိုရေ အယူ (အကိရိယဝါဒ) ဟိဧ့'လို့ (ပုဏ္ဏားက ဆိုဧ့)။
ပုဏ္ဏား အကြင်သို့သော လဲပရိယာယ်အားနန့် 'ရဟန်းဂေါတမစွာ မပြုထိုက်ဆိုရေ အယူ(အကိရိယဝါဒ) ဟိဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့။ ယင်းပိုင်သော လဲပရိယာယ်မျိုးစွာ ဟိစွာပင်တဲး၊ ပုဏ္ဏား ငါစွာ ကိုယ်နန့် ပြုရေ မကောင်းရေအကျင့် 'ကာယဒုစရိုက်' ကိုဖြစ်စီ၊ နှုတ်နန့် ပြုရေ မကောင်းရေ အကျင့် 'ဝစီဒုစရိုက်' ကိုဖြစ်စီ၊ စိတ်နန့် ပြုရေမကောင်းရေ အကျင့် 'မနောဒုစရိုက်' ကိုဖြစ်စီ မပြုထိုက်လို့ ဟောဧ့၊ များပြားရေ ယုတ်ညံ့ရေ အကုသိုလ်တရားတိကို မပြုထိုက်လို့ ဟောဧ့၊ ပုဏ္ဏား ဒေလဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ မပြုထိုက်ဆိုရေ အယူ 'အကိရိယဝါဒ' ဟိဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ သင့် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုရေ လဲပရိယာယ်မျိုးကား (ငရို့မာ) မဟိစွာသာတဲးလို့ (မိန့်တော်မူဧ့)။
၆။ 'အသျှင်ဂေါတမစွာ ဖြတ်အပ်ဧ့ဆိုရေ အယူ (ဥစ္ဆေဒဝါဒ) ဟိဧ့'လို့ (ပုဏ္ဏားက ဆိုဧ့)။
ပုဏ္ဏား အကြင်သို့သော လဲ ပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ ဖြတ်အပ်ဧ့ဆိုရေ အယူ(ဥစ္ဆေဒဝါဒ) ဟိဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ ယင်းပိုင်သော လဲပရိယာယ်မျိုးစွာ ဟိစွာပင်တဲး။ ပုဏ္ဏား ငါစွာ ရာဂ ဒေါသ မောဟတိကို ဖြတ်အပ်စော်ကို ဟောဧ့။ များပြားရေယုတ်ညံ့ရေ အကုသိုလ်တရားတိကို ဖြတ်အပ်စော်ကို ဟောဧ့။ ပုဏ္ဏား ဒေလဲပရိယာယ်အနီနန့်'ရဟန်းဂေါတမစွာ ဖြတ်အပ်ဧ့ဆိုရေ အယူ (ဥစ္ဆေဒဝါဒ) ဟိဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုရေ လဲပရိယာယ်မျိုးကား (ငရို့မာ) မဟိစွာသာတဲးလို့ (မိန့်တော်မူဧ့)။
၇။ 'အသျှင်ဂေါတမစွာ စက်ဆုပ်ခြင်းသဘော ဟိဧ့'လို့ (ပုဏ္ဏားက ဆိုဧ့)။
ပုဏ္ဏား အကြင်သို့သော လဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ စက်ဆုပ်ခြင်းသဘော ဟိဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ ယင်းပိုင်သော လဲပရိယာယ်မျိုးစွာ ဟိစွာပင်တဲး။ ပုဏ္ဏား ငါစွာ ကိုယ်နန့် ပြုရေ မကောင်းရေ အကျင့် 'ကာယဒုစရိုက်' ကိုဖြစ်စီ၊ နှုတ်နန့် ပြုရေ မကောင်းရေ အကျင့် 'ဝစီဒုစရိုက်' ကိုဖြစ်စီ၊ စိတ်နန့်ပြုရေ မကောင်းရေ အကျင့် 'မနောဒုစရိုက်' ကိုဖြစ်စီ၊ များပြားရေ ယုတ်ညံ့ရေ အကုသိုလ်တရားရို့သို့ ရောက်ခြင်းကိုဖြစ်စီ စက်ဆုပ်တော်မူဧ့၊ ပုဏ္ဏား ဒေလဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ စက်ဆုပ်ခြင်းသဘော ဟိဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုရေ လဲပရိယာယ်မျိုးကား (ငရို့မာ) မဟိစွာသာတဲးလို့ (မိန့်တော်မူဧ့)။
၈။ 'အသျှင်ဂေါတမစွာ ဖျက်ဆီးတတ်ဧ့'လို့ (ပုဏ္ဏားက ဆိုဧ့)။
ပုဏ္ဏား အကြင်သို့သော လဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ ဖျက်ဆီးတတ်ဧ့'လို့ ငါ့ကိုပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ ယင်းပိုင်သော လဲပရိယာယ်မျိုးစွာ ဟိစွာပင်တဲး။ ပုဏ္ဏား ငါစွာ ရာဂကိုဖြစ်စီ၊ ဒေါသကိုဖြစ်စီ၊ မောဟကိုဖြစ်စီ ဖျက်ဆီးခြင်းငှါ တရားကိုဟောဧ့။ များပြားရေ ယုတ်ညံ့ရေ အကုသိုလ်တရားတိကို ဖျက်ဆီးခြင်းငှါ တရားကို ဟောဧ့။ ပုဏ္ဏားဒေလဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ ဖျက်ဆီးတတ်ဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆို နိုင်ရာဧ့၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုရေ လဲပရိယာယ်မျိုးကား (ငရို့မာ) မဟိစွာသာတဲးလို့ (မိန့်တော်မူဧ့)။
၉။ 'အသျှင်ဂေါတမစွာ ပူပန်စီတတ်တေ သဘောဟိဧ့'လို့ (ပုဏ္ဏားက ဆိုဧ့)။
ပုဏ္ဏား အကြင်သို့သော လဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ ပူပန်စီတတ်တေ သဘောဟိဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ ယင်းပိုင်သော လဲပရိယာယ်မျိုးစွာ ဟိစွာပင်တဲး။ ပုဏ္ဏား ငါစွာ ကိုယ်နန့် ပြုရေမကောင်းရေ အကျင့် 'ကာယဒုစရိုက်' ကိုဖြစ်စီ၊ နှုတ်နန့် ပြုရေ မကောင်းရေ အကျင့် 'ဝစီဒုစရိုက်' ကိုဖြစ်စီ၊ စိတ်နန့် ပြုရေ မကောင်းရေ အကျင့် 'မနောဒုစရိုက်' ကိုဖြစ်စီ၊ များပြားရေ ယုတ်ညံ့ရေ အကုသိုလ်တရားတိကိုဖြစ်စီ ပူပန်စီတတ်တေ တရားရို့ဆိုပနာ ဟောဧ့။ ပုဏ္ဏား ပူပန်စီတတ်ပြီးကေ ယုတ်ညံ့ကုန်ရေ အကုသိုလ်တရားတိကို ပယ်ပြီးရေ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးရေ (နုတ်ပြီးရေ)ထန်းပင်ရာ ပိုင် ပြုပြီးရေ (အသစ်) မဖြစ်ခြင်းကို ပြုပြီးရေ နောင်အခါမာဖြစ်ခြင်းသဘော မဟိရေသူကို ပူပန်စီတတ်တေ အကျင့်ဟိသူလို့ ငါဟောဧ့။ ပုဏ္ဏား မြတ်စွာဘုရားစွာ ပူပန်စီတတ်တေ ယုတ်ညံ့ရေ အကုသိုလ်တရားတိကို ပယ်ပြီးရာ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးရာ၊ (နုတ်ပြီးရေ)ထန်းပင်ရာပိုင် ပြုပြီးရာ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးရာ၊ နေယင်အခါမာ ဖြစ်ခြင်းသဘော မဟိကုန်ပြီ။ ပုဏ္ဏား ဒေလဲပရိယာယ်အနီနန့်'ရဟန်းဂေါတမစွာ ပူပန်စီတတ်တေ သဘောဟိဧ့'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုရေ လဲပရိယာယ်မျိုးကား (ငရို့မာ) မဟိစွာသာတဲးလို့ (မိန့်တော်မူဧ့)။
၁၀။ 'အသျှင်ဂေါတမစွာ နတ်ပြည်ရောက်ခြင်းငှါ မထိုက်'လို့ (ပုဏ္ဏားက ဆိုဧ့)။
ပုဏ္ဏား အကြင်သို့သော လဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ နတ်ပြည်ရောက်ခြင်းငှါမထိုက်'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ ယင်းပိုင်သော လဲပရိယာယ်မျိုးစွာ ဟိစွာပင်တဲး။ ပုဏ္ဏား နောင်တစ်ဖန် ပဋိသန္ဓေနိန်ခြင်း ဘဝသစ်မာ ဖြစ်ခြင်းကို ပယ်ပြီးရေ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးရေ (နုတ်ပြီးရေ)ထန်းပင်ရာပိုင် ပြုပြီးရေ (အသစ်) မဖြစ်ခြင်းကိုပြုပြီးရေ နောင်အခါမာ ဖြစ်ခြင်းသဘော မဟိရေသူကို ပဋိသန္ဓေနိန်ခြင်းမှ ကင်းဧ့ဟု ငါဟောဧ့၊ ပုဏ္ဏား မြတ်စွာဘုရားစွာ နောင်တစ်ဖန် ပဋိသန္ဓေနိန်ခြင်း ဘဝသစ်မာ ဖြစ်ခြင်းကို ပယ်ပြီးရာ။ (အဝိဇ္ဇာတဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးရာ၊ (နုတ်ပြီးရေ)ထန်းပင်ရာပိုင် ပြုပြီးရာ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးရာ၊ နိန်ာင်အခါမာ ဖြစ်ခြင်းသဘော မဟိကုန်ပြီ၊ ပုဏ္ဏား ဒေလဲပရိယာယ်အနီနန့် 'ရဟန်းဂေါတမစွာ နတ်ပြည်ရောက်ခြင်းငှါ မထိုက်'လို့ ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာဧ့၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုရေ လဲပရိယာယ်မျိုးကား (ငရို့မာ) မဟိစွာသာတဲးလို့ (မိန့်တော်မူဧ့)။
ကြက်ငယ်ဥပမာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၁။ ပုဏ္ဏား ဥပမာကေကား ကြက်မမာ ရှစ်လုံးဖြစ်စီ၊ ဆယ်လုံးဖြစ်စီ၊ တစ်ဆယ့်နှစ်လုံးဖြစ်စီ ဥရို့စွာ ဟိကုန်ရာဧ့၊ ထို (ဥ) တိကို ကြက်မစွာ ကောင်းစွာဝပ်အပ်ကုန်ဧ့၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွိ့ပီးအပ်ကုန်ဧ့၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစီအပ်ကုန်ဧ့၊ (ကြက်ဥရို့ အတွင်းမာ တည်ရေ)ထိုကြက်ငယ်အပေါင်းရို့မှာ ခြီသီးဖျား နှုတ်သီးဖျားနန့် ဥခွံကို ရှီးဦးစွာ ဖောက်ခွဲပြီးကေ ချချမ်းသသာ ပေါက်ဖွားလာရေ ကြက်ငယ်ကို အစော်ပိုင် ဆိုအပ်သလဲ၊ အကြီးဆိုပနာ ဆိုအပ်ရေလော၊ မဟုတ်ကေလဲ့ အသျှေဆိုပနာ ဆိုအပ်ရေလောလို့ (မီးတော်မူဧ့)။
အသျှင်ဂေါတမ အကြီးဆိုပနာ ဆိုအပ်ပါရေ၊ ဒေကြက်ငယ်အပေါင်းရို့မှာ (ဥခွံကို ဖောက်ခွဲပြီးကေ ရှီးဦးစွာထွက်လာရေ) ထို (ကြက်ငယ်) စွာ အကြီးဖြစ်ပါဧ့လို့ (လျှောက်ဧ့)။
ပုဏ္ဏား ဒေအတူပင် အဝိဇ္ဇာမာ ရောက်ရေ (အဝိဇ္ဇာ)ဆိုရေ ဥမာဖြစ်တေ (အဝိဇ္ဇာဆိုရေဥခွံနန့်) ထက်ဝန်းကျင် မြှေးယှက်အပ်တေ သတ္တဝါအပေါင်းမှာ အဝိဇ္ဇာဆိုရေ ဥခွံကို ဖောက်ခွဲပြီးကေ (ငါ) တစ်ဦးတဲးနိန်ပြီးကေလောကမာ အတုမဲ့လွန်မြတ်တေ ကိုယ်တိုင် မှန်စွာ သိမြင်ရေ 'သမ္မာသမ္ဗောဓိ'ဉာဏ်ကို ထိုးထွင်းပြီးကေ သိယာ၊ ပုဏ္ဏား ဒေငါစွာလောကထက် ကြီးဧ့၊ မြတ်ဧ့။
ပုဏ္ဏား ငါစွာ မတွန့်တိုရေ လုံ့လကို အားထုတ်ပြီးရာ၊ (ငါ့အား) မိန့်လျော့ခြင်းမဟိရေသတိစွာ ထင်ယာ၊ (ငါဧ့) ကိုယ်စွာ ပူပန်ခြင်းမဟိ ငြိမ်းအီးယာ၊ (ငါဧ့) စိတ်စွာ တစ်ခုတဲးသော အာရုံဟိစွာဖြစ်ပြီးကေ ကောင်းစွာ တည်ပြီ၊ ပုဏ္ဏား ဒေငါစွာ ကာမဂုဏ်ရို့မှ ဆိတ်ပနာနိန်ပြီးကေ အကုသိုလ်တရားရို့မှ ဆိတ်ပနာနိန်ပြီးကေ ကြံစီခြင်း 'ဝိတက်' နန့်တကွ ဖြစ်တေ သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' နန့်တကွဖြစ်တေ (နီဝရဏ) ဆိတ်ခြင်းကြောင့်ဖြစ်တေ နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ' ဟိရေ ပဌမဈာန်သို့ ရောက်ပြီးကေ နိန်ခယာ။
ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်မာ စိတ်ကို ကြည်လင်စီတတ်တေ စိတ်တည်ကြည်ခြင်း'သမာဓိ' ကို ဖြစ်ပွားစေတတ်တေ ကြံစည်ခြင်း 'ဝိတက်' မဟိရေ သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' မဟိရေတည်ကြည်ခြင်း 'သမာဓိ' ကြောင့်ဖြစ်တေ နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ' ဟိရေ ဒုတိယဈာန့်သို့ ရောက်ပြီးကေ နိန်ခယာ။
နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မိန့်ခြင်း 'သတိ'၊ ဆင်ခြင်ခြင်း 'သမ္ပဇဉ်' နန့်ပြည့်စုံစွာဖြစ်ပြီးကေ လျစ်လျူရှုပနာ နိန်ခယာ၊ ချမ်းသာခြင်း 'သုခ' ကိုလည်း ကိုယ်နန့် ခံစားခယာ၊ အကြင်တတိယဈာန်ကြောင့် ဒေသူ့ကို 'လျစ်လျူရှုသူ သတိဟိသူ ချမ်းသာစွာနီလိ့ဟိသူ'လို့ အရိယာ (ပုဂ္ဂိုလ်) ရို့စွာ ပြောကြားကုန်ဧ့၊ (ဒေငါစွာ) ထိုတတိယဈာန်သို့ ရောက်ပြီးကေ နိန်ခယာ။
ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်ဖြစ်စီ၊ ရှီးဦးကပင်ကေ အားပါခြင်း,နှလုံးမသာခြင်း ရို့ဧ့ ချုပ်နန့်ခြင်းကြောင့်ဖြစ်စီ ဆင်းရဲ ချမ်းသာမဟိရေ လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့် ဖြစ်ရေသတိဧ့ စင်ကြယ်ခြင်းဟိရေ စတုတ္ထဈာန်သို့ ရောက်ပြီးကေ နိန်ခယာ။
၁၂။ အေပိုင် တည်ကြည်ရေ စိတ်စွာ စင်ကြယ်လတ်ကေ ဖြူစင်လတ်ကေ ညစ်ကြေးမဟိလတ်ကေ ညစ်ညူးခြင်းကင်းလတ်ကေ နူးညံ့လတ်ကေ ပြုခြင်းငှါ အသင့်ဖြစ်လတ်ကေ တည်တံ့လတ်ကေ မတုန်လှုပ်ခြင်းသို့ ရောက်လတ်ကေ ထိုငါစွာ ရှီးမာ ဖြစ်ဖူးရေ ဘဝကို အောက်မေ့ပြီးကေသိရေ 'ပုဗ္ဗေနိဝါသာနုဿတိဉာဏ် အလို့ငှါ စိတ်ကို ရှီးရှု ညွတ်စီခယာ။
ဒေငါစွာ များပြားရေ ရှီးမာဖြစ်ဖူးသော ဘဝကို အောက်မေ့ဧ့၊ ဒေစွာရို့ကား ဇာပါလဲ - တစ်ဘဝကိုဖြစ်စီ၊ နှစ်ဘဝရို့ကိုဖြစ်စီ၊ သုံးဘဝရို့ကိုဖြစ်စီ၊ လေးဘဝရို့ကိုဖြစ်စီ၊ ငါးဘဝရို့ကိုဖြစ်စီ၊ ဆယ်ဘဝရို့ကိုဖြစ်စီ၊ ဘဝနှစ်ဆယ်ရို့ကိုဖြစ်စီ၊ ဘဝသုံးဆယ်ရို့ကို ဖြစ်စီ၊ ဘဝလေးဆယ်ရို့ကိုဖြစ်စီ၊ ဘဝငါးဆယ်ရို့ကိုဖြစ်စီ၊ ဘဝတစ်ရာကိုဖြစ်စီ၊ ဘဝတစ်ထောင်ကိုဖြစ်စီ၊ ဘဝတစ်သိန်းကိုဖြစ်စီ၊ များပြားရေ ပျက်ကပ်တိကိုဖြစ်စီ၊ များပြားရေ ဖြိုက်ကေပ်တိကိုဖြစ်စီ၊ များပြားရေရေက်ကပ် ဖြိုက်ကပ်တိကိုဖြစ်စီ ဒေမည်ရေ ဘဝမာ (ငါစွာ) အေပိုင် နာမည် ဟိခဧ့။ အေပိုင် အနွယ် ဟိခဧ့၊ အေပိုင် အဆင်း ဟိခဧ့၊ အေပိုင် အစာ ဟိခဧ့၊ အေပိုင် ချမ်းသာဆင်းရဲကို ခံစားခဧ့၊ အေပိုင် အသက်အပိုင်းအခြား ဟိခဧ့။ ထို (ငါ) စွာ ထိုဘဝမှ သေခပြီးကေ ဒေမည်ရေ ဘဝမာ ဖြစ်ပြန်ဧ့၊ ထိုဘဝမာလည်း အေပိုင် နာမည် ဟိခဧ့၊ အေပိုင် အနွယ် ဟိခဧ့၊ အေပိုင် အဆင်း ဟိခဧ့၊ အေပိုင် အစာ ဟိခဧ့၊ အေပိုင် ချမ်းသာဆင်းရဲကို ခံစားခဧ့၊ အေပိုင်အသက်အပိုင်းအခြား ဟိခဧ့။ ထို (ငါ) စွာ ထိုဘဝမှ သေခပြီးကေ ဒေဘဝမာ ဖြစ်ပြန်ဧ့ဟု အေပိုင် အခြင်းအရာနန့်တကွ ညွှန်ပြဖွယ် (နာမည်အနွယ်) နန့်တကွ များပြားရေ ရှီးမာ ဖြစ်ဖူးရေ ဘဝကိုအောက်မိန့်ခယာ။
ပုဏ္ဏား ငါစွာ ညဉ့်ဦး 'ပဌမ' ယာမ်မာ ဒေပဌမဖြစ်တေ အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခယာ၊ မမေ့မလျော့ပြင်းစွာ အားထုတ်ပနာစေလွှတ်အပ်တေ စိတ်ဟိစွာ ဖြစ်ပြီးကေ နိန်ရေ သူအား မသိမှု 'အဝိဇ္ဇာ'ပျောက်ပြီးကေ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်လီါ်သပိုင် (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်ပြီးကေ အသိဉာဏ် 'ဝိဇ္ဇာ'ဖြစ်လီခယာ၊ အမိုက်မှောင်ပျောက်ပြီးကေ အလင်းရောင် ဖြစ်လီသပိုင် (ငါ့အား) အမိုက်မှောင် ပျောက်ပြီးကေအလင်းရောင် ဖြစ်လီခယာ။
ပုဏ္ဏား ဒေစွာကား ကြက်ငယ်စွာ ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသပိုင် (အဝိဇ္ဇာ ဥခွံမှ) ငါဧ့ပဌမဖောက်ခွဲ ထွက်ပေါ်လာခြင်း ဖြစ်ဧ့။
၁၃။ အေပိုင် တည်ကြည်ရေ စိတ်စွာ စင်ကြယ်လတ်ကေ ဖြူစင်လတ်ကေ ညစ်ကြေးမဟိလတ်ကေ ညစ်ညူးခြင်းကင်းလတ်ကေ နူးညံ့လတ်ကေ ပြုခြင်းငှါ အသင့်ဖြစ်လတ်ကေ တည်တံ့လတ်ကေ မတုန်လှုပ်ခြင်းသို့ ရောက်လတ်ကေ ထို ငါစွာ သတ္တဝါရို့ဧ့ သေခြင်း ဖြစ်ပေါ်ခြင်းကို သိရေ 'စုတူပပါတဉာဏ်' အလို့ငှါ စိတ်ကို ရှီးရှုညွတ်စီခယာ။
ထိုငါစွာ အထူးအနိန်နန့် စင်ကြယ်ရေ လူရို့ဧ့ မျက်စိထက် သာလွန်ရေ နတ်မျက်စိနန့်တူရေ 'ဒိဗ္ဗစက္ခု' ဉာဏ်နန့် သီဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်ရေ သတ္တဝါ၊ မြတ်ရေ သတ္တဝါ၊ အဆင်းလှရေ သတ္တဝါ၊ အဆင်းမလှရေ သတ္တဝါ၊ ကောင်းရေ လားရာဟိရေ သတ္တဝါ၊ မကောင်းရေ လားရာဟိရေ သတ္တဝါတိကို မြင်ဧ့၊ ကံအနိန်နန့် ဖြစ်တေ သတ္တဝါတိကို သိဧ့၊ 'အချင်းရို့ ဒေသတ္တဝါရို့စွာ ကိုယ်နန့် ပြုရေ မကောင်းရေ အကျင့် 'ကာယဒုစရိုက်' နန့် ပြည့်စုံကုန်ဧ့၊ နှုတ်နန့် ပြုရေ မကောင်းရေ အကျင့် 'ဝစီဒုစရိုက်' နန့် ပြည့်စုံကုန်ဧ့၊ စိတ်နန့် ပြုသောမကောင်းရေ အကျင့် 'မနောဒုစရိုက်' နန့် ပြည့်စုံကုန်ဧ့၊ အရိယာရို့ကို ယိုးချကုန်ဧ့၊ မှားရေအယူဟိကုန်ဧ့၊ မှားရေအယူနန့် ပြုရေကံ ဟိကုန်ဧ့၊ ထိုသတ္တဝါရို့စွာ ခန္ဓာကိုယ် ပျက်စီးပြီးကေ သေပြီးစွာမှ နောက်မာ ချမ်းသာကင်းရာ မကောင်းရေ လားရာ ဖောလီဖောလောကျရောက်ရာ ငရဲမာ ဖြစ်ပေါ်ကုန်ဧ့၊ အချင်းရို့ ဒေသတ္တဝါရို့စွာကား ကိုယ်နန့် ပြုရေ ကောင်းရေ အကျင့် 'ကာယသုစရိုက်'နန့် ပြည့်စုံကုန်ဧ့၊ နှုတ်နန့် ပြုရေ ကောင်းရေ အကျင့် 'ဝစီသုစရိုက်'နန့် ပြည့်စုံကုန်ဧ့၊ စိတ်နန့် ပြုရေကောင်းရေ အကျင့် 'မနောသုစရိုက်'နန့် ပြည့်စုံကုန်ဧ့၊ အရိယာရို့ကို ယိုးချခြင်းမှ ကင်းကုန်ဧ့၊ မှန်ရေ အယူဟိကုန်ဧ့၊ မှန်ရေအယူနန့် ပြုရေကံ ဟိကုန်ဧ့၊ ထိုသတ္တဝါတိစွာ ခန္ဓာကိုယ်ပျက်စီးပြီးကေ သေပြီး စွာနန့် နောက်မာ ကောင်းရေ လားရာ လူ့ပြည် နတ်ပြည် 'သုဂတိ' မာဖြစ်ပေါ်ကုန်ဧ့'လို့ သိဧ့။
အေပိုင်ကေ အထူးအနိန်နန့် စင်ကြယ်ရေ လူရို့ဧ့ မျက်စိထက် သာလွန်ရေ နတ်မျက်စိနန့်တူရေ 'ဒိဗ္ဗစက္ခု' ဉာဏ်နန့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်ရေ သတ္တဝါ၊ မြတ်ရေသတ္တဝါ၊ အဆင်းလှရေ သတ္တဝါ၊ အဆင်းမလှရေ သတ္တဝါ၊ ကောင်းရေ လားရာဟိရေ သတ္တဝါ၊ မကောင်းရေလားရာဟိရေ သတ္တဝါတိကို မြင်ဧ့၊ ကံအနိန်နန့် ဖြစ်ပေါ်ရေ သတ္တဝါတိကို သိဧ့။
ပုဏ္ဏား ငါစွာ သန်းခေါင် 'မဇ္ဈိမ' ယာမ်မာ ဒေဒုတိယဖြစ်တေ အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခယာ၊ မမေ့မလျော့ပြင်းစွာ အားထုတ်ပနာစေလွှတ်အပ်တေ စိတ်ဟိစွာဖြစ်ပြီးကေ နိန်ရေ သူအား မသိမှု 'အဝိဇ္ဇာ'ပျောက်ပြီးကေ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သပိုင် (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်ပြီးကေ အသိဉာဏ် 'ဝိဇ္ဇာ'ဖြစ်ပေါ်ခယာ၊ အမိုက်မှောင်ပျောက်ပြီးကေ အလင်းရောင် ဖြစ်လီါ်သပိုင် (ငါ့အား) အမိုက်မှောင် ပျောက်ပြီးကေအလင်းရောင် ဖြစ်ပေါ်ခယာ။
ပုဏ္ဏား ဒေစွာကား ကြက်ငယ်စွာ ဥခွံအတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသပိုင် (အဝိဇ္ဇာ ဥခွံမှ) ငါဧ့ဒုတိယ ဖောက်ခွဲ ထွက်ပေါ်လာခြင်းဖြစ်ဧ့။
၁၄။ အေပိုင် တည်ကြည်ရေစိတ်စွာ စင်ကြယ်လတ်ကေ ဖြူစင်လတ်ကေ ညစ်ကြေးမဟိလတ်ကေ ညစ်ညူးခြင်း ကင်းလတ်ကေ နူးညံ့လတ်ကေ ပြုခြင်းငှါ အသင့်ဖြစ်လတ်ကေ တည်တံ့လတ်ကေ မတုန်လှုပ်ခြင်းသို့ ရောက်လတ်ကေ ထိုငါစွာ အာသဝေါတရားတိကို ကုန်စီရေ'အာသဝက္ခယ' ဉာဏ်အလို့ငှါ စိတ်ကို ရှီးရှုညွတ်စီခယာ။
ထိုငါစွာ ဒေကား ဆင်းရဲ 'ဒုက္ခ'လို့ ဟုတ်မှန်ရေပိုင် သိခယာ၊ ဒေကား ဆင်းရဲဖြစ်ပေါ်ခြင်းဧ့အကြောင်း 'ဒုက္ခသမုဒယ'လို့ ဟုတ်မှန်ရေပိုင် သိခယာ၊ ဒေကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) 'ဒုက္ခနိရောဓ'လို့ ဟုတ်မှန်ရေပိုင် သိခယာ၊ ဒေကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းကျင့်စိုင် 'ဒုက္ခနိရောဓဂါမိနီပဋိပဒါ'လို့ ဟုတ်မှန်ရေပိုင် သိခယာ၊ ဒေစွာရို့ကား ယိုစီးခြင်း 'အာသဝ'ရို့လို့ ဟုတ်မှန်ရေပိုင် သိခယာ၊ ဒေကား ယိုစီးခြင်း 'အာသဝ' ရို့ ဖြစ်ပေါ်ခြင်းဧ့ အကြောင်း'အာသဝသမုဒယ'လို့ ဟုတ်မှန်ရေပိုင် သိခယာ၊ ဒေကား ယိုစီးခြင်း 'အာသဝ' ရို့ ချုပ်ရာ (နိဗ္ဗာန်) 'အာသဝနိရောဓ'လို့ ဟုတ်မှန်ရေပိုင် သိခယာ၊ ဒေကားယိုစီးခြင်း 'အာသဝ' ရို့ ချုပ်ရာ (နိဗ္ဗာန်သို့) ရောက်ကြောင်း ကျင့်စိုင် 'အာသဝနိရောဓဂါမိနီပဋိပဒါ'လို့ ဟုတ်မှန်ရေပိုင် သိခယာ။ အေပိုင် သိကေ အေပိုင် မြင်ကေ ထိုငါ (ဘုရား)ဧ့ စိတ်ရေကာမာသဝမှလည်း လွတ်မြောက်ခယာ၊ ဘဝါသဝမှလည်း လွတ်မြောက်ခယာ၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်ခယာ၊ လွတ်မြောက်ပြီးလတ်ကေ လွတ်မြောက်ခလီယာလို့ အသိဉာဏ် ဖြစ်ပေါ်ဧ့၊ ပဋိသန္ဓေနိန်မှုကုန်ပြီ၊ မြတ်ရေ အကျင့်ကို ကျင့်သုံးပြီးရာ၊ (မဂ်) ကိစ္စကို ပြုပြီးရာ၊ ဒေမဂ်ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ် မဟိတော့ယာလို့ သိခယာ။
ပုဏ္ဏား ငါစွာ မိုဃ်းသောက် 'ပစ္ဆိမ' ယာမ်မာ ဒေတတိယဖြစ်တေ အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခယာ၊ မမိန့်မလျော့ ပြင်းစွာ အားထုတ်ပနာစေလွှတ်အပ်တေ စိတ်ဟိစွာဖြစ်ပြီးကေ နိန်ရေ သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်ပြီးကေ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သပိုင် (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်ပြီးကေ အသိဉာဏ်'ဝိဇ္ဇာ' ဖြစ်ပေါ်ခယာ၊ အမိုက်မှောင်ပျောက်ပြီးကေ အလင်းရောင် ဖြစ်ပေါ်သပိုင် (ငါ့အား) အမိုက်မှောင်ပျောက်ပြီးကေ အလင်းရောင် ဖြစ်ပေါ်ခယာ။
ပုဏ္ဏား ဒေစွာကား ကြက်ငယ်စွာ ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသပိုင် (အဝိဇ္ဇာ ဥခွံမှ) ငါဧ့တတိယ ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်ဧ့။
၁၅။ အေပိုင် မိန့်တော်မူကေ ဝေရဉ္ဇပုဏ္ဏားစွာ မြတ်စွာဘုရားအား-
'အသျှင်ဂေါတမစွာ အကြီး ဖြစ်ပါပေဧ့၊ အသျှင်ဂေါတမစွာ အမြတ် ဖြစ်ပါပေဧ့၊ အသျှင်ဂေါတမ (တရားတော်စွာ) ကကောင်းနှစ်သက်ဖွယ် ဟိပါပေဧ့၊ အသျှင်ဂေါတမ (တရားတော် စွာ) ကကောင်းနှစ်သက်ဖွယ် ဟိပါပေဧ့၊ အသျှင်ဂေါတမ ဥပမာစွာကား မှောက်ထားစော်ကိုလှန်သပိုင်ဖြစ်စီ၊ ဖုံးလွှမ်းထားစော်ကို ဖွင့်လှစ်သပိုင်ဖြစ်စီ၊ အရပ်လည်ရေသူအား လမ်းမှန်ကို ပြောကြားသပိုင်ဖြစ်စီ၊ မျက်စိအမြင်ဟိရေ သူရို့စွာ အဆင်းတိကို မြင်ကက်လိမ့်ဖို့လို့ အမိုက်မှောင်မာ ဆီမီးတန်ဆောင်ကို ဆောင်ပြသပိုင်ဖြစ်စီ အသျှင်ဂေါတမ ဒေအတူနိန်ပြီးကေ အသျှင်ဂေါတမစွာ အများကြီးဖြစ်တေအကြောင်းနန့် တရားတော်ကိုပြတော်မူပါပေဧ့။ အသျှင်ဂေါတမ ထိုအကျွန်ုပ်စွာ အသျှင်ဂေါတမကို ကိုးကွယ်ရာဆိုပနာဆည်းကပ်ပါဧ့၊ တရားတော်ကိုလည်း ကိုးကွယ်ရာဆိုပနာ ဆည်းကပ်ပါဧ့၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဆိုပနာ ဆည်းကပ်ပါဧ့၊ အသျှင်ဂေါတမစွာ အကျွန်ုပ်ကို ဒေနိန့်မှစပြီးကေ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ရေ ဥပါသကာလို့ မှတ်တော်မူပါ၊ အသျှင်ဂေါတမစွာ ရဟန်း သံဃာနန့် အတူ ဝေရဉ္ဇာမြို့မာ ဝါဆိုခြင်းကိုလည်း လက်ခံတော်မူပါ'လို့ လျှောက်ဧ့။
မြတ်စွာဘုရားစွာ ဆိတ်ဆိတ် နိန်ခြင်းနန့် (ဝါကပ်ရန်) လက်ခံတော်မူဧ့၊ ယင်းခါ ဝေရဉ္ဇ ပုဏ္ဏားစွာမြတ်စွာဘုရားဧ့ လက်ခံတော်မူခြင်းကို သိပြီးကေ နိန်ရာမှ ထပနာ မြတ်စွာဘုရားကို ယှိခိုးပြီးကေအရိုအသေပြုပြီးကေ ဖဲခွါလားလီဧ့။
၁။ ပုဗ္ဗေ = ရှီးမာ + နိဝါသ = နိန်ဖူးရေဘဝ ဖြစ်ဖူးရေဘဝကို + အနုဿတိ = အောက်မိန့် ပြီးကေ + ဉာဏ = သိရေဉာဏ်
၂။ စုတိ = သီခြင်း + ဥပပါတ = ဖြစ်ပေါ် လီခြင်း ပဋိသန္ဓီ။
ဝေရဉ္ဇာမြို့မာ ဒုဗ္ဘိက္ခဖီး ဆိုက်ရောက်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၆။ ထိုစိုင်အခါ ဝေရဉ္ဇာမြို့စွာ အစာခေါင်းပါးဧ့၊ အသက်မွီးဖို့ ခဲယိုင်းဧ့၊ ဆဆွတ်ဖြူရေအရိုးဟိဧ့၊၁ စာရီးတံ လက်မှတ်နန့် အသက်မွီးရဧ့၊ သပိတ်လက်စွဲပြီးကေ ဆွမ်းခံခြင်းနန့် မျှတဖို့မလွယ်ကူချေ။
ယင်းခါ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်ရို့စွာ မြင်းငါးရာရို့နန့်အတူ ဝေရဉ္ဇာမြို့မာ မိုဃ်းခိုကက်ကုန်ဧ့၊ ထို (မြင်းကုန်သည်) ရို့စွာ မြင်းဝိုင်းရို့မာ ရဟန်းရို့အား တစ်စလယ် တစ်စလယ်စီသော ရိက္ခာ မုယောဆန်ကို ဝတ်တည်ကက်ကုန်ဧ့၊ ရဟန်းရို့စွာ စစောအချိန်မာ (သင်္ကန်းကို) ပြင်ဝတ်ပြီးကေ သပိတ်သင်္ကန်းကို ယူပနာ ဝေရဉ္ဇာမြို့သို့ ဆွမ်းခံဝင်ကတ်ရာ ဆွမ်းမရကက်ကုန်လို့ မြင်းဝိုင်းရို့မာ ဆွမ်းအတွက်လှည့်လည်ပြီးကေ တစ်စလယ် တစ်စလယ်စီသော ရိက္ခာမုယောဆန်ကို အရံအတွင်းသို့ ယူဆောင်ခကတ်ပြီးကေ ဆုံမာ ထောင်းပြီးကေ ထောင်းပြီးကေ သုံးဆောင်ကက်ကုန်ဧ့။
အသျှင်အာနန္ဒာစွာကား တစ်စလယ်သော ရိက္ခာမုယောဆန်ကို ကျောက်ပြင်ထက်မှာ ကြိတ်ပြီးကေ မြတ်စွာဘုရားအား ဆက်ကပ်ဧ့၊ မြတ်စွာဘုရားစွာ ထို (မုယောဆန်မှုန့်) ကို သုံးဆောင်တော်မူဧ့။
မြတ်စွာဘုရားစွာ ဆုံသံကို ကြားတော်မူဧ့၊ မြတ်စွာဘုရားရို့စွာ သိပနာလည်း မီးတော်မူကုန်ဧ့၊ သိပနာလည်း မီးတော်မမူကုန်၊ အခါကို သိပြီးကေ မီးတော်မူကုန်ဧ့၊ အခါကို သိပြီးကေ မီးတော်မမူကုန်၊ မြတ်စွာဘုရားရို့စွာ အကျိုးနန့်စပ်စော်ကို မီးတော်မူကုန်ဧ့၊ အကျိုးနန့်မစပ်စော်ကို မီးတော်မမူကုန်၊ မြတ်စွာဘုရားရို့စွာ အကျိုးနန့် မစပ်စွာတိကို မဂ်နန့် ပယ်တော်မူပြီးဖြိုက်ကုန်ဧ့၊ တရားကိုလည်း ဟောကုန်အံ့၊ တပည့်ရို့အား သိက္ခာပုဒ်ကိုကေလည်း ပညတ်ကုန်အံ့ဆိုရေအကြောင်း နှစ်မျိုးရို့နန့် ဘုန်းတော်ကြီးကုန်ရေ မြတ်စွာဘုရားရို့စွာ ရဟန်းရို့ ကို မီးတော်မူကုန်ဧ့။
ယင်းခါ မြတ်စွာဘုရားစွာ အသျှင်အာနန္ဒာကို 'အာနန္ဒာ ထိုဆုံသံစွာ ဇာလုပ်ရေ အသံလဲ'လို့ မီးတော်မူဧ့၊ ယင်းခါ အသျှင်အာနန္ဒာစွာ မြတ်စွာဘုရားအား ဒေအကြောင်းအရာကိုလျှောက်ဧ့။
'အာနန္ဒာ ကောင်းစွ၊ ကောင်းစွ၊ သူတော်ကောင်း ဖြိုက်ကက်တေ သင်ရို့စွာ (အစာ ခေါင်းပါးခြင်း၊ လိုချင်ခြင်း၊ အလိုဆိုးသို့လိုက်ခြင်းကို) အောင်နိုင်ကက်ကုန်ဧ့၊ နောင်လာ နောက်သားတိစွာကား သလေးသားပြွမ်းဆွမ်းကိုပင် အထင်သေးကက်လီဖို့'လို့ (မိန့်တော်မူဧ့)။
၁၇။ ယင်းခါ အသျှင်မဟာမောဂ္ဂလာန်စွာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးကေ မြတ်စွာဘုရားကို ရိုသေစွာ ယှိခိုးပြီးကေ တစ်ခုသော နိန်ရာမာ ထိုင်ပြီးကေ မြတ်စွာဘုရားအား-
'အသျှင်ဘုရား အဂုအခါမာ ဝေရဉ္ဇာမြို့စွာ အစာခေါင်းပါးဧ့၊ အသက်မွီးဖို့ ခဲယိုင်းဧ့၊ ဆဆွတ်ဖြူရေ အရိုးဟိဧ့၊ စာရီးတံ လက်မှတ်နန့် အသက်မွီးရဧ့၊ သပိတ်လက်စွဲပြီးကေ ဆွမ်းခံခြင်းနန့် မျှတဖို့ မလွယ်ကူချေ။ အသျှင်ဘုရား ဒေမြီကြီးဧ့ အောက်အပြင်စွာ ပျားကောင် ပျားဥမဟိရေ ပျားရည်ပိုင် ချိုမြိန်ကောင်းမြတ်ပြီးကေ သာယာဖွယ်ဟိပါရေ၊ အသျှင်ဘုရား တောင်းပန်ပါဧ့၊ အကျွန်ုပ်စွာ မြီကြီးကို လှန်လိုပါရေ၊ ရဟန်းများစွာ အောက်အပြင်ဟိ မြီဆီ မြီလွှာ မြီဩဇာကို သုံးဆောင်ကြရပါလီဖို့'လို့ လျှောက်ဧ့။
မောဂ္ဂလာန် မြီကြီးကို မှီနိန်ကုန်ရေ သတ္တဝါတိကို ဇာပိုင်လုပ်ဖို့လဲလို့ (မီးတော်မူဧ့)။
အသျှင်ဘုရား အကျွန်ုပ်စွာ လက်တစ်ဖက်ကို မြီကြီးပိုင် ဖန်ဆင်းပါဖို့၊ မြီကြီးကို မှီနိန်ကုန်ရေ သတ္တဝါတိကို ထို (မြီကြီးပိုင် ဖန်ဆင်းထားရေ လက်ပေါ်) မာ ပြောင်းရွိ့ ထားပါဖို့၊ လက်တစ်ဖက်နန့် မြီကြီးကို မှောက်လှန်ပါဖို့လို့ (လျှောက်ဧ့)။
မောဂ္ဂလာန် မသင့်လျော်ပေ၊ မြီကြီးကို လှန်ဖို့ သင် မနှစ်သက် (မလိုလား) ကေ့၊ သတ္တဝါရို့စွာ အထင်အမြင် ဖောက်ပြန်မှားယွင်းခြင်းသို့လည်း ရောက်ကုန်ရာဧ့လို့ (မိန့်တော်မူဧ့)။
အသျှင်ဘုရား တောင်းပန်ပါရေ အားနူံးသော ရဟန်းသံဃာကို မြောက်ကျွန်းသို့ ဆွမ်းခံကြွပါစီလို့ (လျှောက်ဧ့)။
မောဂ္ဂလာန် မသင့်လျော်ပေ၊ အားနူံးသော ရဟန်းသံဃာဧ့ မြောက်ကျွန်းသို့ ဆွမ်းခံလားခြင်းကို သင်မနှစ်သက် (မလိုလား) ကေ့လို့ (မိန့်တော်မူဧ့)။
၁၈။ ယင်းခါ ဆိတ်ငြိမ်ရာသို့ ကပ်ပြီးကေ တစ်ပါးတဲး နိန်စိုင် အသျှင်သာရိပုတြာအား-
'ဘုန်းတော်ကြီးကုန်ရေ အဇာမြတ်စွာဘုရားရို့ဧ့ သာသနာတော်စွာ ကြာမြင့်စွာမတည်လေသလဲ၊ ဘုန်းတော်ကြီးကုန်ရေ အဇာမြတ်စွာဘုရားရို့ဧ့ သာသနာတော်စွာကြာမြင့်စွာ တည်လေသလဲ'လို့ စိတ်အကြံစွာ ဖြစ်ပေါ်ဧ့။
ယင်းခါ အသျှင်သာရိပုတြာစွာ ညနိန်ချမ်းအချိန်မာ တစ်ပါးတဲး နိန်ရာမှ ထပြီးကေ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးကေ ရိုသေစွာ ယှိခိုးပြီးကေ တစ်ခုသော နိန်ရာမာ ထိုင်ပြီးကေ မြတ်စွာဘုရားအား-
အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်ပြီးကေ တစ်ဦးတဲး နိန်စိုင် ဘုန်းတော်ကြီးကုန်ရေအဇာမြတ်စွာဘုရားရို့ဧ့ သာသနာတော်စွာ ကြာမြင့်စွာ မတည်လေသလဲ၊ ဘုန်းတော်ကြီးကုန်ရေ အဇာမြတ်စွာဘုရားရို့ဧ့ သာသနာတော်စွာ ကြာမြင့်စွာ တည်လေသလဲလို့အကျွန်ုပ်အား စိတ်အကြံ ဖြစ်ပေါ်ပါရေ၊ အသျှင်ဘုရား ဘုန်းတော်ကြီးကုန်ရေ အဇာမြတ်စွာဘုရားရို့ဧ့ သာသနာတော်စွာ ကြာမြင့်စွာ မတည်ပါသလဲ၊ ဘုန်းတော်ကြီးကုန်ရေ အဇာမြတ်စွာဘုရားရို့ဧ့ သာသနာတော်စွာ ကြာမြင့်စွာ တည်ပါသလဲ'လို့ လျှောက်ဧ့။
သာရိပုတြာ ဝိပဿီမြတ်စွာဘုရားဧ့ဖြစ်စီ၊ သိခီမြတ်စွာဘုရားဧ့ဖြစ်စီ၊ ဝေဿဘူမြတ်စွာဘုရားဧ့ဖြစ်စီ သာသနာတော်စွာ ကြာမြင့်စွာ မတည်ခချေ၊ သာရိပုတြာ ကကုသန်မြတ်စွာဘုရားဧ့ဖြစ်စီ၊ ကောဏာဂုံမြတ်စွာဘုရားဧ့ဖြစ်စီ၊ ကဿပမြတ်စွာဘုရားဧ့ဖြစ်စီ သာသနာတော်စွာ ကြာမြင့်စွာ တည်ခဧ့လို့ (မိန့်တော်မူဧ့)။
၁၉။ အသျှင်ဘုရား ဝိပဿီ မြတ်စွာဘုရားဧ့ဖြစ်စီ၊ သိခီ မြတ်စွာဘုရားဧ့ ဖြစ်စီ၊ ဝေဿဘူ မြတ်စွာဘုရားဧ့ဖြစ်စီ သာသနာတော်စွာ ကြာမြင့်စွာ မတည်ခြင်းဧ့ အကြောင်းကား ဇာပါလဲ၊ အထောက်အပံ့ကား ဇာပါလဲလို့ (လျှောက်ဧ့)။
သာရိပုတြာ ဝိပဿီ မြတ်စွာဘုရားစော်ဖြစ်စီ၊ သိခီ မြတ်စွာဘုရားစွာ ဖြစ်စီ၊ ဝေဿဘူ မြတ်စွာဘုရားစော်ဖြစ်စီ တပည့်ရို့အား တရားတော်ကို အကျယ်ဟောတော်မူရဖို့ ကြောင့်ကြမစိုက်ကက်ကုန်။ ထိုမြတ်စွာဘုရားရို့ဧ့ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်း ဣတိဝုတ်ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လရို့စွာ တဖဲ့ချေလောက်ရာ ဖြိုက်ကုန်ဧ့၊ တပည့်ရို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူခချေ၊ ဘုန်းတော်ကြီးကုန်ရေ ထိုမြတ်စွာဘုရားရို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်ရေအခါမာဖြစ်စီ၊ မြတ်စွာဘုရားရို့သို့ အတုလိုက်ပြီးကေ သစ္စာလေးပါးကို သိကုန်ရေ တပည့်ရို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်ရေအခါမာဖြစ်စီ အထူးထူးသော နာမည် အနွယ် ဇာတ်ဟိကုန်ရေ အမျိုးရို့မှ ရဟန်းပြုကုန်ရေ နောင်လာနောက်သားတပည့်ရို့စွာ ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စီကုန်ဧ့၊ သာရိပုတြာ ချည်မျှင်နန့်မသီကုံးဘဲ ပျဉ်ပြား ပေါ်မာ တင်ထားရေ ပန်းဆိဆောက်ခရောက်တိကို ချည်မျှင်နန့် မသီကုံးခြင်းကြောင့် လီစွာ ဖောလီဖောလော ကြဲဖြန့် တိုက်ခတ် မှုတ်လွှင့် ဖျက်ဆီးသပိုင် ဒေဥပမာ အတူနိန်ပြီးကေ ဘုန်းတော်ကြီးကုန်ရေ ထိုမြတ်စွာဘုရား ရို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်ရေ အခါမာဖြစ်စီ၊ မြတ်စွာဘုရားရို့သို့ အတုလိုက်ပြီးကေ သစ္စာ လေးပါးကို သိကုန်ရေ တပည့်ရို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်ရေ အခါမာဖြစ်စီ အထူးထူးသော နာမည် အနွယ် ဇာတ် ဟိကုန်ရေ အမျိုးရို့မှရဟန်းပြုကုန်ရေ နောင်လာနောက်သား တပည့်ရို့စွာ ထိုသာသနာတော်ကို လျင်မြန်စွာနိန်ပြီးကေ ကွယ်ပျောက်စီကုန်ဧ့။
ဘုန်းတော်ကြီးကုန်ရေ ထို (သုံးဆူသော) မြတ်စွာဘုရားရို့စွာ တပည့်ရို့ဧ့ စိတ်အကြံကို (မိမိဧ့) စိတ်နန့် သိတော်မူပြီးကေ ဆုံးမဖို့ရန် ကြောင့်ကြစိုက်ကုန်ဧ့။
သာရိပုတြာ ရှီးမာ ဖြစ်ဖူးစွာကား ပူဇော်အထူးကို ခံတော်မူထိုက်တေ (အလုံးစုံသော တရား တိကို) ကိုယ်တိုင် မှန်စွာ သိတော်မူရေ ဝေဿဘူ မြတ်စွာဘုရားစွာ ကြောက်မက်ဖွယ် တောအုပ်တစ်ခုမာ့ (ရဟန်းရို့ဧ့) စိတ်ကို (မိမိ) စိတ်နန့် သိတော်မူပြီးကေ 'အေပိုင် ကြံကုန်ဖိ၊ အေပိုင် မကြံကုန်လင့်၊ အေပိုင်နှလုံးသွင်းကုန်ဖိ၊ အေပိုင် နှလုံးမသွင်းကုန်လင့်၊ ဒေတရားကို ပယ်ကုန်ဖိ၊ ဒေတရားသို့ ရောက်ပြီးကေနီထိုင်ကုန်ဖိ'လို့ ရဟန်းတစ်ထောင်ကို သွန်သင်တော်မူဧ့၊ ဆုံးမတော်မူဧ့၊ သာရိပုတြာ ယင်းခါဘုန်းတော်ကြီးရေ ပူဇော်အထူးကို ခံတော်မူထိုက်တေ (အလုံးစုံသော တရားတိကို) ကိုယ်တိုင် မှန်စွာသိတော်မူရေ ဝေဿဘူ မြတ်စွာဘုရားစွာ အေပိုင် သွန်သင် ဆုံးမလတ်ကေ ထိုရဟန်းတစ်ထောင်ဧ့စိတ်ရို့စွာ (တဏှာဒိဋ္ဌိရို့နန့်) တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူပြီးကေ အာသဝေါတရားရို့မှ လွတ်မြောက်ကုန်ဧ့၊ သာရိပုတြာ ထို (ကြောက်မက်ဖွယ်တောအုပ်ဆိုရေ စကား) မာ ရာဂမကင်းသူ တစ်ဦးတစ်ယောက်စွာ ထိုတောအုပ်သို့ ဝင်ကေ အများအားဖြင့်က ကြက်သီးမွီးညှင်းရို့စွာ ထကုန်ဧ့၊ ဒေ (ကြက်သီးမွီးညှင်းထခြင်း) စွာ ကြောက်မက်ဖွယ်ကောင်းရေ ထိုတောအုပ်ဧ့ ကြောက်မက်ဖွယ်ကောင်းရေ အဖြစ်တဲး။
သာရိပုတြာ ဒေကနိန်ပြီးကေ ဝိပဿီ မြတ်စွာဘုရားဧ့ဖြစ်စီ၊ သိခီ မြတ်စွာဘုရားဧ့ဖြစ်စီ၊ ဝေဿဘူ မြတ်စွာဘုရားဧ့ဖြစ်စီ သာသနာတော် ကြာမြင့်စွာ မတည်ခြင်းဧ့ အကြောင်းပေတဲး၊ ဒေကနိန်ပြီးကေ ကြာမြင့်စွာ မတည်ခြင်းဧ့ အထောက်အပံ့ပေတဲးလို့ (မိန့်တော်မူဧ့)။
၂၀။ အသျှင်ဘုရား ကကုသန် မြတ်စွာဘုရားဧ့ဖြစ်စီ၊ ကောဏာဂုံ မြတ်စွာဘုရားဧ့ဖြစ်စီ၊ ကဿပ မြတ်စွာဘုရားဧ့ဖြစ်စီ သာသနာတော် ကြာမြင့်စွာ တည်ခြင်းဧ့အကြောင်းကား ဇာပါလဲ၊ အထောက်အပံ့ကား ဇာပါလဲလို့ (လျှောက်ဧ့)။
သာရိပုတြာ ကကုသန် မြတ်စွာဘုရားစော်ဖြစ်စီ၊ ကောဏာဂုံ မြတ်စွာဘုရားစော်ဖြစ်စီ၊ ကဿပ မြတ်စွာဘုရားစော်ဖြစ်စီ တပည့်ရို့အား တရားတော်ကို အကျယ်ဟောတော်မူဖို့ကြောင့်ကြ စိုက်တော်မူကုန်ဧ့၊ ထိုမြတ်စွာဘုရားရို့ဧ့ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်းဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လရို့စွာ များပြားကုန်ဧ့၊ တပည့်ရို့အား သိက္ခာပုဒ်ကို ပညတ်တော်မူဧ့၊ (အာဏာ) ပါတိမောက်ကို ပြတော်မူဧ့၊ ဘုန်းတော်ကြီးကုန်ရေ ထိုမြတ်စွာဘုရားရို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်ရေ အခါမာဖြစ်စီ၊ မြတ်စွာဘုရားရို့သို့ အတုလိုက်ပြီးကေ သစ္စာလေးပါးကို သိကုန်ရေ တပည့်ရို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်ရေအခါမာဖြစ်စီ အထူးထူးသော နာမည် အနွယ် ဇာတ် ဟိကုန်ရေ အမျိုးရို့ မှ ရဟန်းပြုကုန်ရေ နောင်လာနောက်သားတပည့် ရို့စွာ ထိုသာသနာတော်ကို ကြာမြင့်စွာသော ကာလလုံးလုံး တည်စေကုန်ဧ့၊ သာရိပုတြာချည်မျှင်နန့် သီကုံးပြီးကေ ပျဉ်ပြားပေါ်မာ တင်ထားသော ပန်းဆိဆောက်ခရောက်တိကို ချည်မျှင်နန့် သီကုံးပြီးကေထားခြင်းကြောင့် လီရေ ဖောလီဖောလော မကြဲဖြန့် မတိုက်ခတ် မမှုတ်လွှင့် မဖျက်ဆီးနိုင် သပိုင်၊ ဒေဥပမာအတူနိန်ပြီးကေ ဘုန်းတော်ကြီးကုန်ရေ ထိုမြတ်စွာဘုရားရို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်ရေအခါမာဖြစ်စီ၊ မြတ်စွာဘုရားရို့သို့ အတုလိုက်ပြီးကေ သစ္စာလေးပါးကို သိကုန်ရေ တပည့်ရို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ် ပျောက်ရေ အခါမာဖြစ်စီ၊ အထူးထူးသော နာမည် အနွယ် ဇာတ်ဟိကုန်ရေ အမျိုးရို့မှ ရဟန်းပြုကုန်ရေ နောင်လာနောက်သား တပည့်ရို့စွာ ထိုသာသနာတော်ကိုကြာမြင့်စွာသော ကာလလုံးလုံး တည်စေကုန်ဧ့။ သာရိပုတြာ ဒေစွာကားကကုသန်မြတ်စွာဘုရားဧ့ဖြစ်စီ၊ ကောဏာဂုံ မြတ်စွာဘုရားဧ့ဖြစ်စီ၊ ကဿပမြတ်စွာဘုရားဧ့ဖြစ်စီ သာသနာတော် ကြာမြင့်စွာတည်ခြင်းဧ့ အကြောင်းပေတဲး၊ ဒေစွာက ကြာမြင့်စွာတည်ခြင်းဧ့ အထောက်အပံ့ပေတဲးလို့ (မိန့်တော်မူဧ့)။
၁။ သေတဋ္ဌိကာ ဟိရေအရ ပြန်စွာ၊ သေတဋ္ဋိကာဟိကေ ကောက်ပင်များ ပိုးဖျက်ခံရဧ့လို့ပြန်။
သိက္ခာပုဒ်ပညတ်ဖို့ အချိန်တန်ပါယာလို့ အသျှင်သာရိပုတြာ လျှောက်ထားပုံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၁။ ယင်းခါ အသျှင်သာရိပုတြာစွာ နိန်ရာမှ ထပြီးကေ လက်ဝဲတစ်ဖက် ပုခုံးထက်မာ ကိုယ်ဝတ်ကိုစံပယ်တင်ပနာ မြတ်စွာဘုရားဟိတော်မူရာသို့ လက်အုပ်ချီ ယှိခိုးပြီးကေ မြတ်စွာဘုရားအား-
'ဒေသာသနာတော် ကက်ာမြင့်စွာ တည်ရန် မြတ်စွာဘုရားစွာ တပည့်ရို့အား အကြင် သိက္ခာပုဒ်ကို ပညတ်တော်မူရာဧ့၊ အကြင် ပါတိမောက်ကို ပြတော်မူရာဧ့၊ ဘုန်းတော်ကြီးတော်မူရေ မြတ်စွာဘုရား ထိုသိက္ခာပုဒ်ကို ပညတ်တော်မူဖို့ အချိန်တန်ပါယာ၊ ကောင်းသောစကားကို ဆိုတော်မူရေ မြတ်စွာဘုရား ထိုပါတိမောက်ကို ပြတော်မူဖို့ အချိန်တန်ပါယာ'လို့ လျှောက်ဧ့။
သာရိပုတြာ သင် ဆိုင်းငံ့ဦးဖိ၊ သာရိပုတြာ သင် ဆိုင်းငံ့ဦးဖိ၊ မြတ်စွာဘုရားရာဆိုစွာ ထို (သိက္ခာပုဒ် ပညတ်ခြင်း ပါတိမောက်ပြခြင်း) မာ အချိန်ကို သိတော်မူလီဖို့၊ သာရိပုတြာ ဒေ (သာသနာတော်) မာ အာသဝေါတရားစွာ တည်ရာဟိကုန်ရေ အချို့သော (လွန်ကျူးမှု) တရားရို့စွာ သံဃာမာထင်ယှား မဖြစ်ပေါ်သိသမျှ ကာလလုံးလုံး မြတ်စွာဘုရားစွာ တပည့်ရို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူချေ။
သာရိပုတြာ ဒေ (သာသနာတော်) မာ အာသဝေါတရားကေ တည်ဟိရာကုန်ရေ အချို့သော (လွန်ကျူးမှု) တရားရို့စွာ သံဃာမာ ထင်ယှားဖြစ်ပေါ်လာရေ အခါ အာသဝေါတရားစွာ တည်ရာဟိကုန်ရေ ထို (လွန်ကျူးမှု) တရားတိကို ပယ်ဖျောက်ခြင်းအကျိုးငှါနိန်ပြီးကေ မြတ်စွာဘုရားစွာ တပည့်ရို့အားသိက္ခာပုဒ်ကို ပညတ်တော်မူဧ့၊ (အာဏာ) ပါတိမောက်ကို ပြတော်မူဧ့။
သာရိပုတြာ သံဃာစွာ ညဉ့်အတိကို သိရေ (ဝါရင့်ရေ) ရဟန်း များပြားစွာဧ့ အဖြစ်သို့မရောက်သေးသမျှ ကာလလုံးလုံး ဒေ (သာသနာတော်) မာ အာသဝေါတရားကေ တည်ရာဟိကုန်ရေအချို့သော (လွန်ကျူးမှု) တရားရို့စွာ သံဃာမာ ထင်ယှား မဖြစ်ပေါ်ကုန်သိ၊ သာရိပုတြာ သံဃာစွာညဉ့်အတိကို သိရေ (ဝါရင့်ရေ) ရဟန်း များပြားစွာဧ့ အဖြစ်သို့ ရောက်ရေအခါမာမူကား ဒေ (သာသနာတော်) မာ အာသဝေါတရားစွာ တည်ရာဟိကုန်ရေ အချို့သော (လွန်ကျူးမှု) တရားရို့စွာသံဃာမာ ထင်ယှား ဖြစ်ပေါ်လာကုန်ဧ့၊ ယင်းခါ အာသဝေါတရားစွာ တည်ရာဟိကုန်ရေထို (လွန်ကျူးမှု) တရားတိကို ပယ်ဖျောက်ခြင်းအကျိုးငှါနိန်ပြီးကေ မြတ်စွာဘုရားစွာ တပည့်ရို့အားသိက္ခာပုဒ်ကို ပညတ် တော်မူဧ့။ (အာဏာ) ပါတိမောက်ကို ပြတော်မူဧ့။
သာရိပုတြာ သံဃာစွာ ပြန့်ပြောများပြားစွာဧ့ အဖြစ်သို့ မရောက်သေးသမျှ ကာလလုံးလုံး ဒေ (သာသနာတော်) မာ အာသဝေါတရားစွာ တည်ရာဟိကုန်ရေ အချို့သော (လွန်ကျူးမှု) တရားရို့စွာသံဃာမာ ထင်ယှား မဖြစ်ပေါ်ကုန်သိ၊ သာရိပုတြာ သံဃာစွာ ပြန့်ပြောများပြားစွာဧ့ အဖြစ်သို့ရောက်ရေ အခါမာမူကား ဒေ (သာသနာတော်) မာ အာသဝေါတရားကေ တည်ရာဟိကုန်ရေ အချို့သော (လွန်ကျူးမှု) တရားရို့စွာ သံဃာမာ ထင်ယှား ဖြစ်ပေါ်လာကုန်ဧ့၊ ယင်းခါ အာသဝေါတရားကေ တည်ရာ ဟိကုန်ရေ ထို (လွန်ကျူးမှု) တရားတိကို ပယ်ဖျောက်ခြင်းအကျိုးငှါနိန်ပြီးကေ မြတ်စွာဘုရားစွာတပည့်ရို့အား သိက္ခာပုဒ်ကို ပညတ်တော်မူဧ့၊ (အာဏာ) ပါတိမောက်ကို ပြတော်မူဧ့။
သာရိပုတြာ သံဃာစွာ လာဘ်များစွာဧ့ အဖြစ်သို့ မရောက်သိသမျှ ကာလလုံးလုံး ဒေ (သာသနာတော်) မာ အာသဝေါတရားကေ တည်ရာဟိကုန်ရေ အချို့သော (လွန်ကျူးမှု) တရားရို့စွာသံဃာမာ ထင်ယှား မဖြစ်လီါ်ကုန်သေး၊ သာရိပုတြာ သံဃာစွာ လာဘ်များစွာဧ့ အဖြစ်သို့ ရောက်ရေ အခါမာမူကား ဒေ (သာသနာတော်) မာ အာသဝေါတရားစွာ တည်ရာဟိကုန်ရေ အချို့သော (လွန်ကျူးမှု) တရားရို့စွာ သံဃာမာ ထင်ယှား ဖြစ်ပေါ်လာကုန်ဧ့၊ ယင်းခါ အာသဝေါတရားကေ တည်ရာဟိကုန်ရေ ထို (လွန်ကျူးမှု) တရားတိကို ပယ်ဖျောက်ခြင်းအကျိုးငှါနိန်ပြီးကေ မြတ်စွာဘုရားစွာ တပည့်ရို့အား သိက္ခာပုဒ်ကို ပညတ်တော်မူဧ့၊ (အာဏာ) ပါတိမောက်ကို ပြတော်မူဧ့။
သာရိပုတြာ သံဃာစွာ အကြားအမြင် (ဗလို့သုတ) များပြားစွာဧ့ အဖြစ်သို့ မရောက်သိသမျှကာလလုံးလုံး ဒေ (သာသနာတော်) မာ အာသဝေါတရားကေ တည်ရာဟိကုန်ရေ အချို့သော (လွန်ကျူးမှု) တရားရို့စွာ သံဃာမာ ထင်ယှား မဖြစ်ပေါ်ကုန်သိ၊ သာရိပုတြာ သံဃာစွာ အကြားအမြင် (ဗလို့သုတ) များပြားစွာဧ့ အဖြစ်သို့ ရောက်ရေ အခါမာမူကား၊ ဒေ (သာသနာတော်) မာအာသဝေါတရားကေ တည်ရာဟိကုန်ရေ အချို့သော (လွန်ကျူးမှု) တရားရို့စွာ သံဃာမာ ထင်ယှားဖြစ်ပေါ်လာကုန်ဧ့၊ ယင်းခါ အာသဝေါတရားစွာ တည်ရာဟိကုန်ရေ ထို (လွန်ကျူးမှု) တရားတိကိုပယ်ဖျောက်ခြင်း အကျိုးငှါနိန်ပြီးကေ မြတ်စွာဘုရားစွာ တပည့်ရို့အား သိက္ခာပုဒ်ကို ပညတ်တော်မူဧ့၊ (အာဏာ) ပါတိမောက်ကို ပြတော်မူဧ့။
သာရိပုတြာ (အဂုအခါ) ရဟန်းသံဃာစွာ (ဒုဿီလဆိုရေ) အမြှုပ်မှကင်းဧ့၊ အပြစ်မှကင်းဧ့၊ အမည်းအညစ်မှ ကင်းဧ့၊ စင်ဧ့၊ (သီလစရေ) အနှစ်မာ တည်ဧ့၊ သာရိပုတြာ ဒေရဟန်း ငါးရာရို့တွင် အညံ့ဆုံးရဟန်းစွာ အပါယ်သို့ ကျခြင်းသဘောမဟိသော ကိန်းသေမြဲ အထက်မဂ် သုံးပါးစွာ လားရာဟိရေ သောတာပန် ဖြစ်ဧ့လို့ (မိန့်တော်မူဧ့)။
၂၂။ ယပြီးနောက် မြတ်စွာဘုရားစွာ အသျှင်အာနန္ဒာကို ခေါ်ပြီးကေ-
'အာနန္ဒာ (ဘုရားသျှင်ရို့စွာ) ပင့်ဖိတ်ယင်းတိုင်သှျင်များဟိပြီးကေ ဝါကပ်တော်မူရာဝယ် ထိုပင့်ဖိတ် သူတိကိုမပန်ကြားဘဲ ဇနပုဒ် (တိုင်းနိုင်ငံ) မာ လှည့်လည်ပြီးကေ ဒေသစာရီ မကြွချီခြင်းစွာ ဘုရားသျှင်ရို့ဧ့ အလိ့အကျက်ဖြစ်ဧ့၊ အာနန္ဒာ လာ, လားကက်ကုန်အံ့၊ ဝေရဉ္ဇပုဏ္ဏားကို ပြန်ကြားကုန်အံ့'လို့မိန့်တော်မူဧ့။
ကောင်းပါယာအသျှင်ဘုရားလို့ အသျှင်အာနန္ဒာစွာ မြတ်စွာဘုရားအား ဝန်ခံဧ့၊ ယပြီးနောက် မြတ်စွာဘုရားစွာ (သင်္ကန်းကို) ပြင်ဝတ်တော်မူပြီးကေ သပိတ်သင်္ကန်းကို ယူပနာ နောက်ပါရဟန်းဖြိုက်ရေ အသျှင်အာနန္ဒာနန့် အတူ ဝေရဉ္ဇပုဏ္ဏားဧ့ အိမ်သို့ ချဉ်းကပ်ပြီးကေ ပြင်ထား နိန်ရာမာ ထိုင်တော်မူဧ့။
ယင်းခါ ဝေရဉ္ဇပုဏ္ဏားစွာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးကေ မြတ်စွာဘုရားကို ဟိခိုးပြီးကေ တစ်ခု သောနိန်ရာမာ ထိုင်ဧ့၊ တစ်ခုသော နိန်ရာမာ ထိုင်ပြီးကေ ဝေရဉ္ဇပုဏ္ဏားအား မြတ်စွာဘုရားစွာ-
'ပုဏ္ဏား သင် ပင့်ဖိတ်အပ်စွာ ဖြစ်ပြီးကေ ငရို့စွာ ဝါကပ်ခကုန်ပြီ၊ သင့်ကို ပြန်ကြားကုန်ဧ့၊ ငရို့စွာ ဒေသစာရီ ကက်ွချီလိုကုန်ဧ့'လို့ မိန့်တော်မူဧ့။
အသျှင်ဂေါတမ မှန်ပါရေ၊ အကျွန်ုပ် ပင့်ဖိတ်အပ်စွာဖြစ်ပြီးကေ ဝါကပ်တော်မူခပါရေ၊ ယေကေလဲလှူဖွယ်ဝထုကို မလှူရသိပါ၊ ထို (လှူဖွယ်ဝတ်ထု) စွာ မဟိစော်လည်း မဟဟုတ်ပါ၊ မပီးလှူလိုစော်လည်း မဟုတ်ပါ၊ လူ့ဘောင်မာ နိန်ကုန်ရေ သူရို့စွာ လုပ်ဖွယ်ကိစ္စ များပြားလှပါကုန်ဧ့၊ ထိုပီးလှူခွင့်ကို အဇာမှာ ရနိုင်ပါဖို့လဲ၊ အသျှင်ဂေါတမစွာ နှက်ဖြန်ခါအတွက် အကျွန်ုပ်ဧ့ဆွမ်းကို ရဟန်းသံဃာနန့် အတူ လက်ခံတော်မူပါလို့ (လျှောက်ဧ့)။
မြတ်စွာဘုရားစွာ ဆိတ်ဆိတ်နိန်ခြင်းနန့် လက်ခံတော်မူဧ့၊ ယပြီးနောက် မြတ်စွာဘုရားစွာ ဝေရဉ္ဇပုဏ္ဏားအား တရားနန့် လျော်ရေ စကားနန့် (အကျိုးစီးပွားကို) သိမြင်စီပနာ (တရားကို) ဆောက်တည်စကာ (တရားကျင့်သုံး) ထက်သန်စီပြီးကေ ရွှန်လန်းစီပြီးကေ နိန်ရာမှ ထပနာ ဖဲခွါ ကြွလားတော်မူဧ့။
ယင်းခါ ဝေရဉ္ဇပုဏ္ဏားစွာ ထိုညဉ့် လွန်မြောက်ပြီးနောက် မိမိနိန်အိမ်မာ မွန်မြတ်ရေ ခဲဖွယ် ဘောဇဉ်ကို စီမံစီပြီးကေ 'အသျှင်ဂေါတမ အချိန်တန်ပါယာ၊ ဆွမ်း (ပြင်) ပြီးပါယာ'လို့ မြတ်စွာဘုရားအား အချိန် (တန်ကြောင်း) ကို လျှောက်စီဧ့။
၂၃။ ယပြီးနောက် မြတ်စွာဘုရားစွာ စစောအချိန် (သင်္ကန်းကို) ပြင်ဝတ်တော်မူပြီးကေ သပိတ်သင်္ကန်းကိုယူပနာ ဝေရဉ္ဇပုဏ္ဏားအိမ်သို့ ချဉ်းကပ်တော်မူပြီးကေ ပြင်ထားအပ်တေ နိန်ရာမာ ရဟန်းသံဃာနန့် အတူ့ထိုင်နိန်တော်မူဧ့၊ ယင်းခါ ဝေရဉ္ဇပုဏ္ဏားစွာ မြတ်စွာဘုရား အမှူးဟိရေ ရဟန်းသံဃာကို မွန်မြတ်ရေခဲဖွယ်ဘောဇဉ်နန့် ရောင့်ရဲရေအထိ တားမြစ်ရေအထိ မိမိကိုယ်တိုင် လုပ်ကျွေးဧ့၊ မြတ်စွာဘုရား ဆွမ်းစားပီးပြီးပြီးကေ သပိတ်မှ လက်ကို ဖယ်ပြီးရေအခါ (ဝေရဉ္ဇပုဏ္ဏားစွာ) မြတ်စွာဘုရားအားသင်္ကန်း တစုံကို ကပ်လှူဧ့၊ ရဟန်း တစ်ပါး တစ်ပါးစီအားလည်း သင်္ကန်းလျာ တစ်စုံ တစ်စုံစီကို ကပ်လှူဧ့။
ယပြီးနောက် မြတ်စွာဘုရားစွာ ဝေရဉ္ဇပုဏ္ဏားအား တရားနန့် လျော်ရေ စကားနန့် (အကျိုးစီးပွားကို) သိမြင်စီပနာ (တရားကို) ဆောက်တည်စီကာ (တရားကျင့်သုံးရန်) ထက်သန်စေပြီးကေ ရွှင်လန်းစေပြီးကေ နိန်ရာမှ ထပနာ ဖဲခွါ ကြွလားတော်မူဧ့။
ယပြီးနောက် မြတ်စွာဘုရားစွာ ဝေရဉ္ဇာမြို့မာ မွေ့လျော်တော်မူသရွီ့ (သီတင်းသုံး) နိန်တော်မူပြီးကေ သောရေယျ သင်္ကဿ ကဏ္ဏကုဇ္ဇ (မြို့များ) သို့ မဝင်မူပြီးကေ ပယာဂဆိပ်ကမ်းသို့ ချဉ်းကပ်ပြီးကေ ပယာဂဆိပ်ကမ်းမှ ဂင်္ဂါမြစ်ကို ကူးတော်မူပြီးကေ ဗာရာဏသီမြို့သို့ ရောက်တော်မူဧ့၊ ယင်းခါ မြတ်စွာဘုရားစွာ ဗာရာဏသီမြို့မာ မွေ့လျော်သမျှ သီတင်းသုံးတော်မူပြီးကေ ဝေသာလီမြို့သို့ ဒေသစာရီကက်ွချီတော်မူဧ့၊ အစိုင်ပိုင် ဒေသစာရီ ကြွချီတော်မူစွာ ဝေသာလီမြို့သို့ ရောက်ပြီးကေ ထိုဝေသာလီမြို့အနီးမဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်တေ ကျောင်းကြီးမာ (သီတင်းသုံး) နိန်တော်မူလေသတဲး။
ဝေရဉ္ဇပုဏ္ဏားအကြောင်း ပြဆိုရာအခန်း ရခိုင်ဘာသာပြန် ပြီးပါဗျာလ်။