ဝဿိကသာဋိကသိက္ခာပုဒ်၊ ပတ္တဝဂ်
၄-ဝဿိကသာဋိကသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၂၆။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူရေအခါ ရဟန်းရို့အား မိုးရီခံသင်္ကန်းကို ခွင့်ပြုတော်မူ၏။ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ "မြတ်စွာဘုရားစွာ မိုးရီခံသင်္ကန်းကို ခွင့်ပြုတော်မူအပ်ပြီ"ဟုစောစောကပင်မိုးရီခံသင်္ကန်းရို့ကို ရှာကုန်၏။ စောစောကပင် ချုပ်ဆိုးပနာ ဝတ်ကုန်၏။ မိုးရီခံသင်္ကန်း အဆွီးလတ်သော် အဝတ်မဆီးဘဲ ကိုယ်ကို မိုးစွတ်စီကုန်၏။
အလိုနည်းသော ရဟန်းရို့စွာ "အဇာကြောင့် ဆဗ္ဗဂ္ဂီရဟန်းရို့စွာစောစောကပင် မိုးရီခံ့သင်္ကန်းရို့ကို ရှာကုန်ဘိသနည်း။ စောစောကပင် ချုပ်ဆိုးပနာ ဝတ်ကုန်ဘိသနည်း။ မိုးရီခံသင်္ကန်းအဆွီးလတ်သော် အဝတ်မဆီးဘဲ ကိုယ်ကို မိုးစွတ်စီကုန်ဘိသနည်း"ဟု သရော်ကုန်၏။ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။
ယင်းခါ ထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။
"ရဟန်းရို့ သင်ရို့စွာစောစောကပင် မိုးရီခံသင်္ကန်းရို့ကို ရှာကုန်၏၊ စောစောကပင် ချုပ်ဆိုးပနာဝတ်ကုန်၏။ မိုးရီခံသင်္ကန်း အဆွီးလတ်သော် အဝတ်မဆီးဘဲ ကိုယ်ကို မိုးစွတ်စီကတ်ကုန်၏ဟူစွာမှန်သလော"ဟု စီစစ်မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ အဇာကြောင့် သင်ရို့စွာစောစောကပင် မိုးရီခံသင်္ကန်းကို ရှာကုန်ဘိသနည်း၊ စောစောကပင် ချုပ်ဆိုးပနာ ဝတ်ကုန်ဘိသနည်း၊ မိုးရီခံသင်္ကန်း အဆွီးလတ်သော် အဝတ်မဆီးဘဲကိုယ်ကို မိုးစွတ်စီကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ပြုမိသော အမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၂၇။ "ရဟန်းစွာ နွေလရို့၏ တစ်လ ကြွင်းကျန်သိမ့်ရေလို့ မိုးရီခံ သင်္ကန်းကိုယှာရဖို့၊ နွေလရို့၏ လခွဲစွာ ကြွင်းကျန်သိမ့်ရေလို့ ချုပ်ဆိုးပနာ ဝတ်ရဖို့၊ အဂယင့်လို့ နွေလရို့၏ တစ်လ ကြွင်းကျန်သိမ့်ရေလို့ ယပိုင်မှာဘက်အတွင်းမာ မိုးရီခံ သင်္ကန်းကို ရှာငြားအံ့၊ နွေလရို့၏ လခွဲ ကြွင်းကျန် သိမ့်ရေဟု ယပိုင်မှာဘက်အတွင်းမာ ချုပ်ဆိုးပနာ ဝတ်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟုမိန့်တော်မူ၏)။
၄-ဝဿိကသာဋိကသိက္ခာပုဒ်အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၂၈။ "ရဟန်းစွာ နွေလရို့၏ တစ်လ ကြွင်းကျန်သိမ့်ရေလို့ မိုးရီခံသင်္ကန်းကို ယှာရဖို့ဟူစွာအကြင်လူရို့စွာ ရှီးကလည်း မိုးရီခံသင်္ကန်းကို လှူကုန်၏၊ ဟိုလူရို့ပါးကို ချိုင်းကပ်ပနာ"မိုးရီခံသင်္ကန်း၏ အခါတည်း၊ မိုးရီခံသင်္ကန်း၏ အချိန်တည်း၊ အခြားသော သူရို့ စွာလည်း မိုးရီခံသင်္ကန်းကို လှူကုန်၏၊"ဟု ဆိုရာ၏၊ "ငါ့အား မိုးရီခံသင်္ကန်းကို လှူကတ်ဖိ၊ ငါ့ဖို့ မိုးရီခံသင်္ကန်းကို ဆောင်ခဲ့ကတ်ဖိ၊ ငါ့ဖို့ မိုးရီခံသင်္ကန်းကို ဖလှယ်ကတ်ဖိ၊ ငါ့ဖို့ မိုးရီခံသင်္ကန်း ကို ဝယ်ကတ်ဖိ"ဟု မဆိုရ။
နွေလရို့၏ လခွဲစွာ ကြွင်းကျန်သိမ့်ရေလို့ ချုပ်ဆိုးပနာ ဝတ်ရဖို့ဟူစွာ လခွဲ ကြွင်းကျန်ရေနွီရာသီ၌ ချုပ်ဆိုးပနာ ဝတ်ရမည ်။
အဂယင့်လို့ နွေလရို့၏ တစ်လ ကြွင်းကျန်သိမ့်ရေလို့ ယပိုင်မှာဘက်အတွင်းမာဟူစွာ တစ်လထက်ကကောင်း ကြွင်းကျန်ရေ နွီရာသီ၌ မိုးရီခံသင်္ကန်းကို ရှာအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
နွေလရို့၏ လခွဲ ကြွင်းကျန်သိမ့်ရေလို့ ယပိုင်မှာဘက်အတွင်းမာဟူစွာ လခွဲကကောင်း ကြွင်းကျန်ရေနွီရာသီ၌ ချုပ်ဆိုးပနာ ဝတ်အံ့၊ စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း ၊ ဂိုဏ်းအားသော်လိ့ကောင်း ၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။
ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။
"အသျှင်ဘုရားရို့ ဒေအကျွန်ုပ်၏ မိုးရီခံသင်္ကန်းစွာ တစ်လထက်ကကောင်း ကြွင်းကျန်ရေ နွီရာသီ၌ရှာအပ်အနိန်နန့် လခွဲကကောင်း ကြွင်းကျန်ရေ နွီရာသီ၌ ချုပ်ဆိုးပနာ ဝတ်အပ်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသင်္ကန်းကို သံဃာအားစွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။
၆၂၉။ တစ်လထက်ကကောင်း ကြွင်းကျန်ရေ နွေလ၌ ကကောင်းဟု ထင်မှတ်ခြင်းဟိပြီးကေ မိုးရီခံ သင်္ကန်းကိုရှာအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ တစ်လထက်ကကောင်း ကြွင်းကျန်ရေ နွေလ၌ ယုံမှားဟိပြီးကေ မိုးရီခံသင်္ကန်းကို ရှာအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ တစ်လထက်ကကောင်း ကြွင်းကျန်ရေ နွေလ၌ ယုတ်လျော့ရေလို့ ထင်မှတ်ခြင်းဟိပြီးကေ မိုးရီခံသင်္ကန်းကို ရှာအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
လခွဲကကောင်း ကြွင်းကျန်သိမ့်သော နွေလ၌ ကကောင်းဟု ထင်မှတ်ခြင်းဟိပြီးကေ ချုပ်ဆိုးပနာ ဝတ်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ လခွဲကကောင်း ကြွင်းကျန်သိမ့်သော နွေလ၌ ယုံမှားဟိပြီးကေ ချုပ်ဆိုးပနာ ဝတ်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ လခွဲကကောင်း ကြွင်းကျန်သိမ့်သော နွေလ၌ ယုတ်လျော့ရေလို့ ထင်မှတ်ခြင်းဟိပြီးကေချုပ်ဆိုးပနာ ဝတ်အံ့၊ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
မိုးရီခံသင်္ကန်းရှိလျက် အဝတ်မဆီးဘဲ ကိုယ်ကို မိုးစွတ်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်လ အောက်ယုတ်လျော့ ကြွင်းကျန်ရေ နွေလ၌ ကကောင်းဟု ထင်မှတ်ခြင်း ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်လအောက် ယုတ်လျော့ ကြွင်းကျန်ရေ နွေလ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်လအောက် ယုတ်လျော့ ကြွင်းကျန်ရေ နွေလ၌ ယုတ်လျော့ရေလို့ ထင်မှတ်ခြင်း ရှိအံ့၊ အာပတ်မသင့်။
လခွဲအောက် ယုတ်လျော့ကြွင်းကျန်ရေ နွေလ၌ ကကောင်းဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ လခွဲအောက် ယုတ်လျော့ကြွင်းကျန်ရေ နွေလ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ လခွဲအောက်ယုတ်လျော့ ကြွင်းကျန်ရေနွေလ၌ ယုတ်လျော့ရေလို့ ထင်မှတ်ခြင်းရှိအံ့၊ အာပတ် မသင့်။
၆၃၀။ နွေလရို့၏ တစ်လစွာ ကြွင်းကျန်သိမ့်၏ဟု မိုးရီခံသင်္ကန်းကို ရှာအံ့၊ နွေလရို့မာ လခွဲစွာကြွင်းကျန်သိမ့်ရေလို့ ချုပ်ဆိုးပနာ ဝတ်အံ့၊ နွေလရို့၏ တစ်လအောက် ယုတ်လျော့ ကြွင်းကျန်သိမ့်၏ဟု မိုးရီခံသင်္ကန်းကို ရှာအံ့၊ နွေလရို့၏ လခွဲအောက် ယုတ်လျော့ကြွင်းကျန်သိမ့်၏ဟု ချုပ်ဆိုးပနာ ဝတ်အံ့၊ အာပတ် မသင့်။ မိုးရီခံသင်္ကန်းရှာစိုင် ဝါထပ် 'ရက်ငင်' အံ့၊ မိုးရီခံသင်္ကန်းဝတ်စိုင် ဝါထပ် 'ရက်ငင်' အံ့၊ ဖွပ်လျှော်ပနာ ထားရဖို့၊ အခါ၌ ဝတ်ရဖို့။ သင်္ကန်းကို အလုခံရရေ ရဟန်းအားလိ့ကောင်း၊ သင်္ကန်းပျောက်သောရဟန်းအားလိ့ကောင်း၊ ဖီးရန်ရို့ကြောင့်လိ့ကောင်း၊ ရူးသောရဟန်းအားလိ့ကောင်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအားလိ့ကောင်း အာပတ် မသင့်။
စတုတ္ထ ဝဿိကသာဋိကသိက္ခာပုဒ် ပြီး၏။