သကြား
သကြားရေ လူရို့၏ အရီးကြီးရေ အစာတစ်မျိုးဖြစ်တေ။ ဓာတ်ဆီရေ မော်တော်ယာဉ်စက်ကို အပူငွိနန့် စွမ်းအင်ပီးရန်အတွင်မဟိမဖြစ်သကဲ့သို့ သကြားဓာတ်ရေလည်း လူ့ခန္ဓာကိုယ်စက်ကြီးအား အပူငွိ နန့် စွမ်းအင်ပီးရန်အတွက် မဟိမဖြစ်ရေ အာဟာရဓာတ်ဖြစ်တေ။ ကိုယ်လက်လှုပ်ရှား ကစပ်၍ဖြစ်စေ၊ အပင်ပန်းခံ အလုပ်လုပ်၍ဖြစ်စီ၊ အင်အား ကုန်ခမ်းမောပန်းရေအခါ သကြားကို စားကတ်ရရေ။ ဂလူးကို့ ဆီးသကြားကို အင်အားကုန်ခမ်း ညောနိန်သည့် လူနာတိအားတိုက်ခြင်း၊ ထိုးဆီးအဖြစ် ထိုးပီးခြင်းရို့ကိုထောက်ပနာသိသာရေ။ ထို့ပြင် သကြားစွာ အရသာအဟိဆုံးသော အစာတစ်ခုလည်းဖြစ်တေ။ သာမန်အားဖြင့် လူရို့ရေ တစ်နှစ်မာ ပျမ်းမျှခြင်းအားဖြင့် မိမိခန္ဓာကိုယ် အလေးချိန်နန့် အမျှ သကြားစားကတ်ရေဟုဆိုရေ။
သကြား တစ်ပေါင်မာ အပူ၏ပမာဏဖြစ်တေ ကယ်လိုရီ ၁၈ဝဝ ပါဟိရေ။ လူရို့၏ အသက်သျှင် ကျန်းမာရီးအတွက် လိုအပ်ရေ ဓာတ်တစ်ပါးဖြစ်သည့် ကာဗိုဟိုက်ဒြိတ်ဓာတ်ရေ သကြား၌ ရာခိုင်နှုန်း ပြည့်ပါရေ။ အဓိပ္ပာယ်ကား ကာဗွန်၊ ဟိုက်ဒရိုဂျင်နန့် အောက်ဆီဂျင်ဓာတ်သုံးမျိုးစလုံးပါရေဟုဖြစ်ရေ။ ယင်းချင့်ကြောင့် သကြား၏ ဓာတုပုံသေနည်းရေ C12H22O11 ဖြစ်တေ။ မေပယ်ပင်မှရရေ သကြား၌ ကာဗိုဟိုက်ဒြိတ် ၈၃ ရာခိုင်နှုန်း၊ ရေ ၁၆ ရာခိုင်နှုန်းနန့် ဓာတ်ဆားတစ်ရာခိုင်နှုန်းပါရေ။
သကြားကို ခရစ်မပေါ်မီကာလကပင် လူရို့စားသုံးနီကတ်ပျာလို့ ဆိုရေ။ ခရစ်ပေါ်ပြီးအနှစ် ၄ဝဝ ခန့်အကြာတွင် အိန္ဒိယနိုင်ငံ၌ စတင်အသုံး ပြုခကတ်ရာ ဖြစ်ကြောင်းကိုမူ အတိအကျ သိရရေ။ အေဒီ ၅ဝဝ ခန့်တွင် အိန္ဒိယနိုင်ငံမှတစ်ဆင့် အရှေ့အိန္ဒိယကျွန်းစု၊ တရုတ်နိုင်ငံ၊ ပါးရှားနိုင်ငံရို့သို့ လည်းကောင်း၊ ထိုမှအေဒီ ၇ဝဝ ခန့်တွင် စပိန်နိုင်ငံရို့သို့လည်းကောင်း အေဒီ ၉ဝဝခန့်တွင် ဥရောပတောင်ပိုင်း နိုင်ငံတိနန့် အာဖရိကမြောက်ပိုင်း နိုင်ငံတိသို့လည်းကောင်း သကြားပြုလုပ်နည်းတိ ပျံ့နှံ့ခရေ။ အလယ်ခေတ်တွင် အီဂျစ်နိုင်ငံရေ သကြားချက်နည်းကို အတော်အဆင့်တန်းမြင့်မြင့် သိဟိနေပျာဖြစ်ကြောင်းသိရရေ။ ၁၆ ရာစုနှစ်ခန့်တွင် အနောက် အိန္ဒိယကျွန်းစုနန့် တောင်အမေရိကတိုက်ရို့သို့ သကြားလုပ်နည်း ရောက်ဟိ ပျံ့နှံ့ခရေ။ ၁၇ နန့် ၁ဂ ရာစုနှစ်ခန့်တွင် အမေရိကန်ပြည်ထောင်စု နယူး အင်္ဂလန်ပြည်နယ်မှ ကုန်ရေတိရေ ကျူးဗားကျွန်းထွက် သကြားချက်ရာမှထွက်ရေ သကာရည်တိကို ခိုးသွင်းပနာအရက်ချက်ကာ နိုင်ငံခြားသို့ အရက်ကုန်ကူးကြကြောင်း ဆိုရေ။
သကြားကို ကြံ၊ မုန်လာဥနီ (သကြားမုန်လာ)၊ မေပယ်ပင်၊ စပျစ်သီး၊ပြောင်း၊ သစ်သား စရေရို့မှ ချက်လုပ်နိုင်ရေ။ ဥတုဘောဇန သင်္ဂဟကျမ်း အလိုအရ သကြားကို သစ်မယ်ဇယ်ပွင့်၊ ပျားရည်၊ ဝက်မြီဖြူဥရို့မှ ချက်၍ရကြောင်း သိရရေ။
သကြား အမျိုးအစားတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကြံမှထုတ်ရေ သကြား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကြံကို အယင်ဆီးကြောပနာ အပိုင်းပိုင်းခွတ်ပြီးနောက် ဒလိမ့် တုံးကြိတ်စက်ထဲထည့်ပနာအရည်ညစ်ယူရရေ။ ကြံဖတ်၌ အရည်လုံးဝကုန်ရေအထိ အထပ်ထပ်ရီဖြန်းပနာညှစ်ရရေ။ ထိုနောက် ကြံရည်ကို သန့်ယောင် စစ်ပြီးကေ ထုံးရည်ထည့်ပနာကျိုအိုးနန့် ကြိုရရေ။ ယင်းသို့ ကြိုစဉ် ထွက်လာရေ အညစ်အကြေးတိကို ဂရုစိုက်ပနာထုတ်ပစ်ရရေ။ အညစ်အကြေးတိ ကုန်ရေအခါ ထိုကြံရည်ထဲမှ ထုံးဓာတ်ကုန်လားစီရန် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ထည့်ပီးရရေ။ သန့်စင်အေင် ကျိုချက်ပြီးရေ ကြံရည်ကို အီဗက်ပရေတာခေါ် ဒယ်ပက်အိုးကြီးထဲသို့ထည့်ပနာအရည်ပျစ်ခဲ လာရေအထိ အပူတိုက်ပနာကျိုရရေ။ ယင်းသို့ ပျစ်ခဲလာရေအရည်ကို အခြားအိုးသို့ပြောင်းကာ လေဖိအားလျှော့ထားရေ အခန်းထဲ၌ မီးမျှင်းဖြင့် သကြားခဲကလေးတိ ဖြစ်လာရေအထိ ချက်ရရေ။ ယင်းသို့ကျိုချက်ပြီး နောက် တင်လဲရည်နန့်ရောနီရေ သကြားတိကို စက်နန့်ခွဲထုတ်ယူပြီးနောက် အရိုး၊ ကျပ်ခိုးရို့နန့် ဖြူအောင်ချွတ်မှ အကျွန်ရို့ စားသုံးနီရေ သကြားဖြူကိုရရေ။
မုန်လာဥနီမှထုတ်ရေ သကြား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စာလုံးအစောင်း
မုန်လာဥနီမှ သကြားထုတ်နည်းကို ၁၇၄၇ ခုနှစ်တွင် ဂျာမန် သိပ္ပံပညာသျှင် အန်းဒရီးယ မတ်ဂရပ်က စတင်တွိဟိရေ။ သို့ရာတွင် ၁၈ဝဝ ပြည့်နှစ် နောက်ပိုင်းကမှ မုန်လာဥနီမှ သကြားထုတ်ခြင်းကို တွင် တွင်ကျယ်ကျယ် လုပ်ကိုင်လာကတ်ရေ။ ဂုအခါတွင်မူ မုန်လာဥနီကို ကြံနောက် သကြားအထွက်ဆုံးပစ္စည်းအဖြစ် အသိအမှတ် ပြုလာခကတ်ရေ။ မုန်လာဥနီမှ သကြားချက်သည့်အခါ ယင်းဥတိကိုဆီးကြောပြီးနောက် အပိုင်းပိုင်းဖြတ်ကာ ကြိတ်စက်ထဲထည့်၍ကြိတ်ရရေ။ ယင်းရေ ကြံကဲ့သို့ အရည်မရွှမ်းသောကြောင့် ကြိတ်နိန်စဉ် ရီနွီးနန့် သမအောင်လုပ်ပီးရရေ။ ယင်းသို့ အဖန်ဖန်ကြိတ်ပနာထွက်လာရေအရည်ကို ကြံရည်ကဲ့သို့ ကြိုချက်လျှက် သကြားဖြစ်လာရေ။
ပြောင်းမှထုတ်ရေ သကြား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပြောင်းမှထုတ်ယူရေ သကြားကို ပြောင်းမှထွက်သည့် အစေး ရည်၌ ဟိုဒရိုကလောရစ် အက်ဆစ်ကိုထည့်ပနာ ကြိုခြင်းဖြင့်ရရေ။ ယင်း ရေ ကြံမှထုတ်ရေ သကြားလောက်မချိုချေ။ အရက်ချက်ရာနန့် သကြားခဲ၊ သကြားချောင်း လုပ်ရာရို့၌ ယင်းသကြားကို အသုံးပြုရေ။ ပြောင်းမှ ထုတ်ရေသကြားကို ဂလူးကို့၊ သို့မဟုတ် ဒက်စထရို့ဟုလည်းခေါ်ရေ။ ယင်းရေ သကြားအမျိုးမျိုးအနက် အစာကြီလွယ်ဆုံးသော သကြားဖြစ်တေ။ ပြောင်းစိကို သေချာစွာအမှုန့်ကြတ်ပြီးကေ ဟိုက်ဒရိုကလောရစ် အက်ဆစ်ဖြင့် ရောပြီးနောက် ရီနွီးငွိဖြင့် အပူဓာတ်ပီးရရေ။ ယင်းမှ ထွက်ရေအရည်ကို ကြံရည်မှ သကြားချက်သကဲ့သို့ ကြိုချက်ကေ သကြား ထွက်လာရေ။
မေပယ်ပင်မှထုတ်ရေ သကြား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စာလုံးအစောင်း
မေပယ်ပင်ရေ အမေရိကန်ပြည်ထောင်စုနန့် ကနေဒါနိုင်ငံရို့ တွင် အများအပြားပေါက်အနိန်နန့် ယင်းနိုင်ငံရို့မှ ထိုသကြားမျိုး အများအပြားထွက်တေ။ မေပယ်ပင်စည်ကို နွီကူးရာသီအစတွင် အနက် နှစ်လက်မခန့် ဖောက်ထွင်းပနာယင်းမှ ကျလာရေအရည်ကို ကတော့ဖြင့် ခံယူကာ ကြိုချက်ကေ သကြားထွက်ရေ။
သစ်သားမှထုတ်ရေ သကြား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သစ်သားမှ သကြားထုတ်နည်းကို ၁၉၂ဝ ပြည့်နှစ်တွင် ဂျာမန်ရို့ စတင် တီထွင်ရေ။ သစ်သားကို အမှုန့်သျှေတိဖြစ်ရေအထိ ကြိတ်ခြီကာ ယင်းသစ်မှုန့်ရို့ကို ဟိုက်ဒရိုကလောရစ်အက်ဆစ် ရာခိုင်နှုန်း ၄ဝ အရည်ဖြင့်ရောရရေ။ ထို့နောက် သစ်မှုန့်နန့် ဆတူရေရောပြီးနောက် ကြိုချက်ရရေ။ သစ်သားမှထုတ်ရေ သကြားရေ ပြောင်းမှထုတ်ရေ သကြားနန့် ခပ်ဆင်ဆင်တူရေ။ အချိုအရသာ များစွာမပါကေလည်း ဩဇာဓာတ် အလွန်ပါရေ သကြားမျိုးဖြစ်ရေ။
ကမ္ဘာပေါ်ဟိ သကြားထုတ်လုပ်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကမ္ဘာတစ်ဝန်းလုံးမှ တစ်နှစ်ကေ သကြားတန်ချိန် လေးကုဋေခွဲ ခန့်ထွက်ရေ။ အိန္ဒိယနန့် ကျူးဗားနိုင်ငံရို့ရေ ကမ္ဘာပေါ်တွင် သကြား အထွက်ဆုံး နိုင်ငံတိဖြစ်ကတ်တေ။ အိန္ဒိယနိုင်ငံမှ တစ်နှစ်လျှင် သကြား ပေါင်ချိန် ၁၃ ကုဋေခန့်ထွက်ပနာကျူးဗားနိုင်ငံမှ ခုနစ်ကုဋေကျော်ထွက်တေ။ သကြားထွက်ရေအခြားနိုင်ငံတိမှာ ဂျားဗားကျွန်း၊ ဖော်မိုးဆာ ကျွန်း၊ ဟဝိုင်းယန်းကျွန်း၊ ဗရာဇီနိုင်ငံ၊ တောင်အမေရိကတိုက်ဟိ ဂူယားနား၊ မော်ရစ်ရှပ် စရေနိုင်ငံတိ၊ ဩစတြေးလီးယား၊ ဂျာမနီ၊ အမေရိကန်၊ ရုရှ၊ တရုတ် စရေနိုင်ငံတိဖြစ်တေ။ မြန်မာနိုင်ငံ၌လည်း ပြည်တွင်းစားသုံးမှု အတွက် အစိုးရက ပျဉ်းမနား၊ ဇေယျဝတီ၊ ဆားမှော်၊ နမ္မတီး၊ နှင်းပုလဲ၊ ဘီးလင်း၊ အင်းလေးစရေ မြို့ရွာဒေသတိ၌ သကြားစက်တိ တည်ထောင်ထားရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)