Jump to content

သဉ္စရိတ္တသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

သဉ္စရိတ္တသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅-သဉ္စရိတ္တသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၂၉၆။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်ရေ ဇေတဝန်ကျောင်းမာ သီတင်းသုံး နိန်တော်မူရေ။ ယင်းအခါ အသျှင်ဥဒါယီစွာ သာဝတ္ထိမြို့မာ အိမ်သို့ကပ်တတ်တေ ရဟန်း ဖြစ်၏၊ အိမ်အများကြီးတို့ ချဉ်းကပ်၏၊ အကြင် အမျိုးမာ မယားမဟိရေသတိုးသားကိုလည်းကောင်း၊ လင်မဟိရေ သမီးသျှင်ကိုလည်းကောင်း တွိ့မြင်အံ့၊ သတိုးသားဧ့ မိဘထံမာ သမီးသျှင်၏ ဂုဏ်ကျေးဇူးကို-

'ဒေမည်ရေ အမျိုးဧ့ သမီးသျှင်စွာ ကကောင်းအဆင်းလှဧ့၊ ကြေ့ရှုဖွယ် ကောင်းဧ့၊ စိတ်ကိုကြည်လင်စီတတ်ဧ့၊ ပညာဟိဧ့၊ ထက်မြက်ဧ့၊ ထိုးထွင်းဉာဏ်ဟိဧ့၊ လိမ္မာဧ့၊ ပျင်းရိခြင်းမှ ကင်းဧ့၊ ထို သမီးသျှင်စွာ ဒေ သတိုးသားနန့် ထိုက်တန် သင့်လျော်ဧ့'လို့ ပြောဆိုဧ့။ ထိုသားသျှင် မိဘရို့စွာ-

'အသျှင်ဘုရား တပည့်တော်ရို့စွာ ထိုသူတိကို 'ဒေသူရို့စွာ အဇာသူများလို့လည်းကောင်း၊ အဇာသူဧ့ သား သမီးများလို့လည်းကောင်း' မသိကတ်ပါ၊ အသျှင်ဘုရား အကယ်ပြီးကေအသျှင်ဘုရားစွာ (သမီးသျှင်ဧ့ မိဘတိကို) ပီးစီပါမူ တပည့်တော်ရို့စွာ ထိုသမီးသျှင်ကိုဒေ သတိုးသားအတွက် ခေါ်ငင်ဆောင်ယူကတ်ပါမည်'လို့ ပြောဆိုကက်ကုန်ဧ့။

သမီးသျှင်ဧ့ မိဘရို့ထံမာ သတိုးသားဧ့ ဂုဏ်ကျေးဇူးကို-

'ဒေမည်ရေ အမျိုးဧ့ သတိုးသားစွာ ကကောင်းအဆင်းလှဧ့၊ ကြေ့ရှုဖွယ် ကောင်းဧ့၊ စိတ်ကိုကြည်လင်စီတတ်ဧ့၊ ပညာဟိဧ့၊ ထက်မြက်ဧ့၊ ထိုးထွင်းဉာဏ်ဟိဧ့၊ လိမ္မာဧ့၊ ပျင်းရိခြင်းမှ ကင်းဧ့၊ ဒေသမီးသျှင်စွာ ထို သတိုးသားနန့် ထိုက်တန်သင့်လျော်ဧ့'လို့ ပြောဆိုဧ့။ ထိုသမီးသျှင်သျှင် မိဘရို့စွာ-

'အသျှင်ဘုရား တပည့်တော်ရို့စွာ ထိုသူတိကို 'ဒေသူရို့စွာ အဇာသူများလို့လည်းကောင်း၊ အဇာသူဧ့ သား သမီးများလို့လည်းကောင်း' မသိကတ်ပါ၊ သမီးသျှင်အတွက် ပြောဆိုခြင်းငှါအသရေမဲ့ ရှက်ဖွယ်ပိုင် ဖြစ်ပါရေ၊ အသျှင်ဘုရား အကယ်ပြီးကေ အသျှင်ဘုရားစွာ (သတိုးသားဧ့မိဘတိကို) အတောင်းခိုင်းပါမူ တပည့်တော်ရို့စွာ ဒေ သမီးသျှင်ကို ထိုသတိုးသားအား ပီးပါကုန်မည်'လို့ ပြောဆိုကက်ကုန်ဧ့။

ဒေနည်းနန့်ပင် သမီးဆောင်ယူခြင်းတိကိုလည်း လုပ်စီဧ့၊ သမီးပီးခြင်းတိကိုလည်း လုပ်စီဧ့၊ ထိမ်းမြားခြင်းတိကိုလည်း လုပ်စီဧ့။

၂၉၇။ အယင်ခေါက်ကခါ ဟူးရားကတော်ဟောင်း တစ်ယောက်ဧ့ သမီးစွာ ကကောင်းအဆင်းလှဧ့၊ ကြေ့ရှုဖွယ်ကောင်းဧ့၊ စိတ်ကို ကြည်လင်စီတတ်ဧ့၊ တစ်ရွာသား အာဇီဝက 'တက္ကတွန်း'ဧ့ တပည့်ရို့စွာ လာကတ်ပြီးကေ ထိုဟူးရားကတော်ကို 'သျှင်မ ဒေသမီးသျှင်ကို အကျွန်ရို့ဧ့ သတိုးသားအား ပီးပါ'လို့ ပြောဆိုကက်ကုန်ဧ့၊ ထိုဟူးရားကတော်ဟောင်းစွာ 'အမောင်ရို့ ငါစွာကား သင်ရို့ကို 'ဒေသူရို့ ကား အဇာသူများလို့လည်းကောင်း၊ အဇာသူဧ့ မောင်နှမ များလို့လည်းကောင်း' မသိပါ၊ ဒေ မိန်းမအသျှေစွာ ငါဧ့ တစ်ယောက်ထည်း သမီးဖြစ်ရေပြင် တစ်ရွာသို့လည်းလားရဖို့ဖြစ်ပြီးကေ ငါစွာ မပီးနိုင်ပါ'လို့ ပြောဧ့၊ လူရို့စွာ ထိုအာဇီဝက 'တက္ကတွန်း'ဧ့ တပည့်ရို့အား 'အမောင်ရို့ သင်ရို့စွာ ဇာအတွက်ကြောင့်လာကက်ကုန်ရေလဲ'လို့ မီးကက်ကုန်ဧ့။

အမောင်ရို့ ဒေသာဝတ္ထိမြို့မာ ငရို့စွာ ဒေမည်ရေဟူးရားကတော်ဧ့ သမီးကို ငရို့ဧ့သတိုးသားအတွက် တောင်းကတ်ပါရေ၊ ထို (ဟူးရားကတော်) စွာ 'အမောင်ရို့ ငါစွာကား သင်ရို့ကို 'ဒေသူရို့ကား အဇာသူများလို့လည်းကောင်း၊ အဇာသူဧ့မောင်နှမ များလို့လည်းကောင်း' မသိပါ၊ ဒေမမသျှေစွာ ငါဧ့တစ်ယောက်ထည်း သမီးဖြစ်ရေပြင် တစ်ရွာသို့လည်း လားရဖို့ဖြစ်ပြီးကေ ငါစွာ မပီးနိုင်ပါလို့ (ပြောပါရေလို့ ဆိုကက်ကုန်ဧ့)။

အမောင်ရို့ သင်ရို့စွာ အဇာကြောင့်ထိုဟူးရားကတော်ကို သမီးတောင်းကက်ကုန်ရေလဲ၊ အသျှင်ဥဒါယီကို ပြောသင့်စွာ မဟုတ်ပါလော၊ အသျှင်ဥဒါယီစွာ အပီးခိုင်းပါလိမ့်ဖို့လို့ (ပြောကက်ကုန်ဧ့)။

ယင်းအခါ ထိုအာဇီဝက တပည့်ရို့စွာ အသျှင်ဥဒါယီအထံသို့ ချဉ်းကပ်ကက်ကုန်ပြီးကေ အသျှင်ဥဒါယီကို 'အသျှင်ဘုရား ဒေသာဝတ္ထိမြို့မာ တပည့်တော်ရို့စွာ ဒေမည်ရေဟူးရားကတော်ကိုအကျွန်ရို့ သတိုးသားအတွက် သမီးတောင်းကတ်ပါရေ၊ ထိုဟူးရားကတော်စွာ 'အမောင်ရို့ငါစွာကား သင်ရို့ကို 'ဒေသူရို့ကား အဇာသူများလို့လည်းကောင်း၊ အဇာသူဧ့မောင်နှမ များလို့လည်းကောင်း' မသိပါ၊ ဒေမမသျှေစွာ ငါဧ့ လုံးချင်းတဲး သမီးဖြစ်ရေပြင် တစ်ရွာသို့လည်း လားရဖို့ ဖြစ်ပြီးကေ မပီးနိုင်ပါ'လို့ ပြောပါရေ၊ အသျှင်ဘုရား တောင်းပန်ပါရေ၊ အသျှင်ဘုရားစွာ ထိုဟူးရားကတော်ကို အကျွန်ရို့ သတိုးသားအတွက် သမီးကိုအပီးခိုင်းတော်မူပါ'လို့ (ပြောဆိုကက်ကုန်ဧ့)။

ယင်းအခါ အသျှင် ဥဒါယီစွာ ထိုဟူးရားကတော်ထံသို့ ချဉ်းကပ်ပြီးကေ ထိုဟူးရားကတော်အား 'အဇာကြောင့်ဒေသူရို့အား သမီးကို မပီးရေလဲ'လို့ မီးဧ့။

အသျှင်ဘုရား ဒေသူတိကို 'ဒေသူရို့ကား အဇာသူများလို့လည်းကောင်း၊ အဇာသူဧ့ သား သမီးများလို့လည်းကောင်း' မသိပါ၊ ဒေမမသျှေစွာ အကျွန်ဧ့ တစ်ယောက်ထည်း သမီးဖြစ်ရေပြင် တစ်ရွာသို့လည်း လိုက်လားရဖို့ ဖြစ်ပြီးကေ အကျွန်စွာ မပီးနိုင်ပါလို့ (လျှောက်ဧ့)။

ဒေသူရို့အား ပီးလိုက်ပါ၊ ဒေသူတိကို ငါသိပါရေလို့ (ပြောဧ့)။

အသျှင်ဘုရား အကယ်ပြီးကေ အသျှင်ဘုရား သိကေ ပီးလိုက်ပါဖို့လို့ (လျှောက်ဧ့)။

ယပြီးနောက် ထိုဟူးရားကတော်စွာ ထိုအာဇီဝကဧ့ တပည့်ရို့အား သမီးကို ပီးလိုက်ဧ့၊ ယင်းအခါထိုအာဇီဝက တပည့်ရို့စွာ ထိုသမီးသျှင်ကို ယူဆောင်ပြီးကေ တစ်လလောက်ရာ ချွေးမအဖြစ်နန့်အသုံးလုပ်ကုန်ဧ့၊ ထိုတစ်လမှ လွန်ရေအခါမာ ကျွန်အဖြစ်နန့် အသုံးလုပ်ကုန်ဧ့၊ ယင်းအခါ ထိုသမီးသျှင်စွာ မိခင်ထံသို့-

'အကျွန်စွာ မကောင်းရေ အမျိုးသို့ ရောက်နိန်ရပါရေ၊ ဆင်းရဲနိန်ရပါရေ၊ ကိုယ်စိတ်ချမ်းသာမှုကို မရပါ၊ တစ်လလောက်ရာ အကျွန့်ကို ချွေးမအဖြစ်နန့် အသုံးလုပ်ကတ်ပါရေ၊ ထိုတစ်လမှ လွန်ရေ အယင်းအခါမာ ကျွန်အဖြစ်နန့် အသုံးလုပ်ကတ်ပါရေ၊ အို အကျွန်ဧ့မိခင် လာပါဖိ၊ အကျွန့်ကို ခေါ်ဆောင်ပါဖိ'လို့ တမန်စေလွှတ်ဧ့။

ယင်းအခါ ထိုဟူးရားကတော်စွာ အာဇီဝကဧ့တပည့်များထံသို့ ချဉ်းကပ်ပြီးကေ ထိုအာဇီဝကဧ့ တပည့်တိကို 'အမောင်ရို့ ဒေသမီးသျှင်ကို ကျွန်အဖြစ်နန့် အသုံးမလုပ်ကတ်ပါကေ့၊ ဒေသမီးသျှင်ကို ချွေးမအဖြစ်နန့် အသုံးလုပ် ကတ်ပါဖိ'လို့ ပြောဆိုဧ့။

ထိုအာဇီဝကဧ့ တပည့်ရို့စွာ 'ငရို့အား သင်နန့်အတူ အပီးအယူမဟိ၊ ငရို့အား ရဟန်းနန့်အတူသာ အပီးအယူဟိဧ့၊ သင် လားလီ၊ ငရို့စွာ သင်ကို မသိကုန်'လို့ ပြောဆိုကက်ကုန်ဧ့၊ ယင်းအခါ ထိုဟူးရားကတော်စွာ ထိုအာဇီဝကဧ့ တပည့်ရို့က မောင်းမဲ နှင်ထုတ်အပ်လက်ကေ တစ်ဖန်သာဝတ္ထိမြို့သို့နိန်ပြီးကေ ပြန်လာဧ့။

နှစ်ကြိမ်မြောက်လည်း ထိုသမီးသျှင်စွာ မိခင်ထံသို့-

'အကျွန်စွာ မကောင်းရေ အမျိုးသို့ ရောက်နိန်ရပါရေ၊ ဆင်းရဲနိန်ရပါရေ၊ ကိုယ်စိတ်ချမ်းသာမှုကို မရပါ၊ တစ်လလောက်ရာ အကျွန့်ကို ချွေးမအဖြစ်နန့် အသုံးလုပ်ကတ်ပါရေ၊ ထိုတစ်လမှ လွန်ရေအခါမာ ကျွန်အဖြစ်နန့် အသုံးလုပ် ကတ်ပါရေ၊ အို အကျွန်ဧ့မိခင် လာပါဖိ၊ အကျွန့်ကို ခေါ်ဆောင်ပါဖိ'လို့ တမန်စေလွှတ်ဧ့။

ယင်းအခါဟူးရားကတော်စွာ အသျှင်ဥဒါယီထံသို့ ချဉ်းကပ်ပြီးကေ အသျှင်ဥဒါယီအား-

'အသျှင်ဘုရား ထိုသမီးသျှင်စွာ မကောင်းရေ အမျိုးသို့ ရောက်နိန်ရရေလက်၊ ဆင်းရဲနိန်ရရေလက်၊ ကိုယ်စိတ်ချမ်းသာမှုကို မရလက်၊ တစ်လလောက်ရာကေ ထိုသမီးသျှင်ကို ချွေးမအဖြစ်နန့်အသုံးလုပ် ကက်ရေလက်၊ ထိုတစ်လမှ လွန်ရေအခါမာ ကျွန်အဖြစ်နန့် အသုံးလုပ်ကက် ရေလက်၊ အမောင်ရို့ ဒေသမီးသျှင်ကို ကျွန်အဖြစ်နန့် အသုံးမလုပ် ကတ်ပါကေ့၊ ချွေးမအဖြစ်နန့်အသုံးလုပ်ကတ်ပါဖိ'လို့ ပြောတော်မူပါ အသျှင်ဘုရားလို့ လျှောက်ဧ့။

ယင်းအခါ အသျှင်ဥဒါယီစွာ ထိုအာဇီဝကဧ့ တပည့်များထံသို့ ချဉ်းကပ်ပြီးကေ ထိုအာဇီဝကဧ့ တပည့်တိကို-

'အမောင်ရို့ ဒေသမီးသျှင်ကိုကျွန်အဖြစ်နန့် အသုံးမလုပ်ကတ်ပါကေ့၊ ချွေးမအဖြစ်နန့်အသုံးပြ ကတ်ပါဖိ'လို့ ပြောဆိုဧ့၊ ထိုအာဇီဝကဧ့ တပည့်ရို့စွာ 'ငရို့အား သင်နန့် အတူအပီးအယူ မဟိပါ၊ ငရို့အားဟူးရားကတော်နန့် အတူရာ အပီးအယူဟိဧ့၊ ရဟန်းဆိုစွာ ကြောင့်ကြမစိုက်သင့်၊ ရဟန်းကောင်းသာ ဖြစ်သင့်ဧ့၊ သင် လားလီ၊ သင့်ကို ငရို့ မသိကက်ကုန်'လို့ ပြောဆိုကက်ကုန်ဧ့။

ယင်းအခါ အသျှင်ဥဒါယီစွာ ထိုအာဇီဝကဧ့ တပည့်ရို့က မောင်းမဲ နှင်ထုတ်အပ်လက်ကေ တစ်ဖန်သာဝတ္ထိမြို့သို့ရာ ပြန်လာဧ့။

သုံးကြိမ်မြောက်လည်း ထိုသမီးသျှင်စွာ မိခင်ထံသို့-

'အကျွန်စွာ မကောင်းရေ အမျိုးသို့ ရောက်နိန်ရပါရေ၊ ဆင်းရဲနိန်ရပါရေ၊ ကိုယ်စိတ်ချမ်းသာမှုကို မရပါ၊ အကျွန့်ကို တစ်လလောက်ရာ ချွေးမအဖြစ်နန့် အသုံးလုပ်ကတ်ပါရေ၊ ထိုတစ်လမှ လွန်ရေအခါမာ ကျွန်အဖြစ်နန့် အသုံးလုပ်ကတ်ပါရေ၊ အို အကျွန်ဧ့မိခင် လာပါဖိ၊ အကျွန့်ကို ခေါ်ဆောင်ပါဖိ'လို့ တမန်စီလွှတ်ဧ့။

နှစ်ကြိမ်မြောက်လည်း ထိုဟူးရားကတော်စွာ အသျှင်ဥဒါယီထံသို့ ချဉ်းကပ်ပြီးကေ အသျှင်ဥဒါယီကို-

'အသျှင်ဘုရား ထိုသမီးသျှင်စွာ မကောင်းရေ အမျိုးသို့ ရောက်နိန်ရရေလက်၊ ဆင်းရဲနိန်ရရေလက်၊ ကိုယ်စိတ်ချမ်းသာမှုကို မရလက်၊ တစ်လလောက်ရာကေ ထိုသမီးသျှင်ကို ချွေးမ အနိန်နန့်အသုံးလုပ် ကက်ရေလက်၊ ထိုတစ်လမှ လွန်ရေအခါမာ ကျွန်အဖြစ်နန့် အသုံးလုပ်ကက် ရေလက်၊ အမောင်ရို့ ဒေသမီးသျှင်ကို အကျွန်အဖြစ်နန့် အသုံးမလုပ်ကတ်ပါကေ့၊ ချွေးမအဖြစ်နန့် အသုံးလုပ်ကတ်ပါဖိ'လို့ ပြောတော်မူပါ အသျှင်ဘုရားလို့ လျှောက်ဧ့။

ပဌမကလည်း ငါ့ကို ထိုအာဇီဝကဧ့ တပည့်ရို့စွာ မောင်းမဲနှင်ထုတ်လီယာ၊ သင် လားလီ၊ ငါ မလားအံ့လို့ (ဥဒါယီက ပြန်ပြောဧ့)။

၂၉၈။ ယင်းအခါ ထိုဟူးရားကတော်စွာ 'ငါဧ့ သမီးစွာ ယုတ်မာရေ ယောက္ခမမိမသူကြောင့် ယုတ်မာရေ ယောက္ခမယောက်ျားသူကြောင့် ယုတ်မာရေလင်ကြောင့် မကောင်းရေ အမျိုးသို့ရောက်ရသပိုင်၊ ဆင်းရဲနိန်ရသပိုင်၊ ကိုယ်စိတ်ချမ်းသာမှုကို မရသပိုင် ဒေအတူ အသျှင်ဥဒါယီစွာ မကောင်းရာသို့ ရောက်ပါစီသတဲး၊ ဒေအတူ အသျှင်ဥဒါယီစွာ ဆင်းရဲပါစီသတဲး၊ ဒေအတူအသျှင်ဥဒါယီစွာ ကိုယ် စိတ်ချမ်းသာမှုကို မရပါစီသတဲး'လို့ သရော်ဧ့၊ ရှုတ်ချဧ့၊ အပြစ်ပြပြောဆိုဧ့။

ထိုသမီးသျှင်စော်လည်း 'ငါစွာ ယုတ်မာရေ ယောက္ခမ မိမသူကြောင့် ယုတ်မာရေ ယောက္ခမယောက်ျားသူကြောင့် ယုတ်မာရေလင်ကြောင့် မကောင်းရေ အမျိုးသို့ ရောက်ရသပိုင်၊ ဆင်းရဲနိန်ရသပိုင်၊ ကိုယ်စိတ်ချမ်းသာမှုကို မရသပိုင် ဒေအတူ အသျှင်ဥဒါယီစွာ မကောင်းရာသို့ ရောက်ပါစီသတဲး၊ ဒေအတူ အသျှင်ဥဒါယီစွာ ဆင်းရဲပါစီသတဲး၊ ဒေအတူ အသျှင်ဥဒါယီစွာ ကိုယ်စိတ်ချမ်းသာမှုကို မရပါစီသတဲး'လို့ သရော်ဧ့၊ ရှုတ်ချဧ့၊ အပြစ်ပြ ပြောဆိုဧ့။

ယောက္ခမမိမသူရို့နန့်လည်းကောင်း၊ ယောက္ခမယောက်ျားသူရို့နန့်လည်းကောင်း၊ လင်ရို့နန့်လည်းကောင်း ရောင့်ရဲမှု မဟိကက်ကုန်ရေ အခြားမိမရို့စွာလည်း 'ငရို့စွာ ယုတ်မာရေယောက္ခမမိမသူရို့ကြောင့် ယုတ်မာရေယောက္ခမယောက်ျားသူရို့ကြောင့် ယုတ်မာရေလင်ရို့ကြောင့်မကောင်းရေ အမျိုးသို့ ရောက်ရကုန်သပိုင်၊ ဆင်းရဲနိန်ရကုန်သပိုင်၊ ကိုယ်စိတ်ချမ်းသာမှုကိုမရကုန်သပိုင် ဒေအတူ အသျှင်ဥဒါယီစွာ မကောင်းရာသို့ ရောက်ပါစီသတဲး၊ ဒေအတူ အသျှင်ဥဒါယီစွာ ဆင်းရဲပါစီသတဲး၊ ဒေအတူ အသျှင်ဥဒါယီစွာ ကိုယ်စိတ်ချမ်းသာမှုကို မရပါစီသတဲး'လို့ ကျိန်ဆဲကက်ကုန်ဧ့။

ယောက္ခမမိမသူရို့နန့်လည်းကောင်း၊ ယောက္ခမ ယောက်ျားသူရို့နန့်လည်းကောင်း၊ လင်ရို့နန့်လည်းကောင်း ရောင့်ရဲမှုဟိကက်ကုန်ရေ အကြင် မိမရို့စွာကား 'ငရို့စွာ ကောင်းရေ ယောက္ခမမိမသူရို့ကြောင့် ကောင်းရေယောက္ခမယောက်ျားသူရို့ကြောင့်ကောင်းရေ လင်ရို့ကြောင့် ချမ်းသာရကုန်သပိုင်၊ အသုံးအဆောင် ပြည့်စုံကုန်သပိုင်၊ ချမ်းသာပွါးကုန်သပိုင် ဒေအတူ အသျှင်ဥဒါယီစွာ ချမ်းသာရပါစီသတဲး၊ ဒေအတူ အသျှင်ဥဒါယီစွာ အသုံးအဆောင်ပြည့်စုံပါစီသတဲး၊ ဒေအတူ အသျှင်ဥဒါယီစွာ ချမ်းသာပွါးပါစီသတဲး'လို့ ဆုတောင်းကက်ကုန်ဧ့။

ရဟန်းရို့စွာ အချို့မိမရို့ဧ့ ကျိန်ဆဲကက်ပုံနန့် အချို့မိမရို့ဧ့ ဆုတောင်းကက်ပုံကို ကြားကက်ကုန်ပြီးကေ အလိုနည်းပါးရေ ရဟန်းရို့စွာ 'အဇာကြောင့်အသျှင်ဥဒါယီစွာ အောင်သွယ်မှုကို လုပ်လေဘိရေလဲ'လို့ သရော်ကက်ကုန်ဧ့၊ ရှုတ်ချကက်ကုန်ဧ့၊ အပြစ်ပြ ပြောဆိုကက်ကုန်ဧ့။

ယပြီးနောက် ထိုရဟန်းရို့စွာ အသျှင်ဥဒါယီကို အများကြီးဖြစ်တေ အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့၊ ယင်းအခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝီးစီပြီးကေ အသျှင်ဥဒါယီကို-

'ဥဒါယီ သင်စွာ အောင်သွယ်မှုကို လုပ်ဧ့ဟူစွာ မှန်သလော'လို့ စိစစ် မီးမြန်းတော်မှုဧ့။

မှန်ပါရေ မြတ်စွာဘုရားလို့ (လျှောက်ဧ့)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မှုဧ့။ပ။

'(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား အဇာကြောင့်သင်စွာ အောင်သွယ်မှုကို လုပ်ဘိသလဲ။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေသူရို့အား ကြည်ညိုစီခြင်းငှါလည်းကောင်း။ပ။

ရဟန်းရို့ အေပိုင်ကေ ဒေသိက္ခာပုဒ်တော်ကို ပြကက်ကုန်ဖိ-

ပထမပညတ်သိက္ခာပုဒ်

(က) ၂၉၉။ 'အကြင် ရဟန်းစွာ မိမအားမူလည်း ယောက်ျားဧ့ အလိုကို မယားဖြိုက်စီလိုအတွက်နန့် ကေလည်းကောင်း၊ ယောက်ျားအားမူလည်း မိမဧ့ အလိုကို လင်ဖြိုက်စီလိုအတွက်နန့်ပင်လည်းကောင်း အောင်သွယ်မှုကို ပြုငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ် အာပတ်သင့်ဧ့' အေပိုင် (ပြကက်ကုန်ဖိလို့ မိန့်တော်မူဧ့)။

အေပိုင်ပင် မြတ်စွာဘုရားစွာ ရဟန်းရို့အား ဒေသိက္ခာပုဒ်တော်ကို ပညတ်တော်မူဧ့။

အနုပညတ်သိက္ခာပုဒ်နန့် သိက္ခာပုဒ်အဖွင့်

၃၀၀။ အယင်ခေါက်ကခါ အများကြီး အပျော်ကြူးသူရို့စွာ ဟင်းခင်းမာ မြူးထူးပျော်ပါး ကစားလိုကတ်တေ ဖြစ်ပြီးကေ 'ဟင်းခင်းသို့ လာခဖိ၊ မြူးထူးပျော်ပါး ကစားကက်ကုန်အံ့'လို့ ပြည့်တန်ဆာမတစ်ယောက်ထံသို့ တမန်စေလွှတ်ကက်ကုန်ဧ့။

ထိုပြည့်တန်ဆာမစွာ 'အမောင်ရို့ ငါစွာ သင်တိကို 'ဒေသူရို့စွာ အဇာသူများလို့လည်းကောင်း၊ အဇာသူဧ့ မောင်နှမများလို့လည်းကောင်း' မသိပါ၊ ငါ့မှာလည်း ဝန်ဘဏ္ဍာများပြားဧ့၊ အသုံးအဆောင်များပြားဧ့၊ မြို့ပြင်သို့လည်း လိုက်ရဖို့ဖြစ်ပြီးကေ ငါမလိုက်နိုင်ပါ'လို့ ပြောဧ့။

ယင်းခါ ထိုတမန်စွာ ထိုအပျော်ကြူးသူရို့အား ဒေအကြောင်းကို ပြောဧ့၊ အေပိုင် ပြောလတ်ကေ ယောက်ျားတစ်ယောက်စွာ ထိုအပျော်ကြူးသူတိကို 'အမောင်ရို့ သင်ရို့စွာ အဇာကြောင့်ထိုပြည့်တန်ဆာမကို တောင်းကက်ကုန်ရေလဲ၊ အသျှင်ဥဒါယီကို ပြောသင့်စွာ မဟုတ်ပါလော၊ အသျှင်ဥဒါယီစွာ တိုက်တွန်းပါလီဖို့'လို့ ပြောဆိုဧ့။

အေပိုင် ပြောလတ်ကေ ဥပါသကာတစ်ယောက်စွာ ထိုယောက်ျားကို 'အမောင်ရို့ အေပိုင် မပြောပါကေ့၊ သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြိုက်ရေ ရဟန်းရို့အား အေပိုင်သဘောဟိရေ အမှုကိုပြုလုပ်ဖို့ မအပ်စပ်ပါ၊ အသျှင်ဥဒါယီစွာ အေပိုင် လုပ်လီဖို့ မဟုတ်ပါ'လို့ ပြောဆိုဧ့။

အေပိုင် ပြောလတ်ကေ 'ပြုလုပ်လီဖို့၊ ပြုလုပ်လီဖို့မဟုတ်'လို့ အလောင်းအစား လုပ်ကက်ကုန်ဧ့၊ ယပြီးနောက် ထိုအပျော်ကြူးသူရို့စွာ အသျှင်ဥဒါယီထံသို့ ချဉ်းကပ်ပြီးကေ အသျှင်ဥဒါယီကို'အသျှင်ဘုရား တပည့်တော်ရို့စွာ ဒေဟင်းခင်းမာ မြူးထူးပျော်ပါး ကစားလိုကတ်ရေဖြစ်ပြီးကေ 'ဟင်းခင်းသို့လာခဖိ၊ မြူးထူးပျော်ပါး ကစားကက်ကုန်အံ့'လို့ ဒေမည်ရေ ပြည့်တန်ဆာမထံသို့ တမန်စေလွှတ်ကတ်ပါရေ၊ ထိုပြည့်တန်ဆာမစွာ 'အမောင်ရို့ ငါစွာ သင်ရို့ကို ဒေသူရို့ကား အဇာသူများလို့လည်းကောင်း၊ အဇာသူဧ့ မောင်နှမ လို့လည်းကောင်း မသိပါ၊ ငါ့မှာလည်း ဝန်ဘဏ္ဍာ များပြားဧ့၊ အသုံးအဆောင်များပြားဧ့၊ မြို့ပြင်သို့လည်း လိုက်ရဖို့ဖြစ်ပြီးကေ ငါမလိုက်နိုင်ပါ'လို့ ပြောပါရေ၊ အသျှင်ဘုရား တောင်းပန်ပါရေ၊ အသျှင်ဘုရားစွာ ထိုပြည့်တန်ဆာမကို တိုက်တွန်းတော်မူပါ'လို့ လျှောက်ထားကက်ကုန်ဧ့။

ယင်းခါ အသျှင်ဥဒါယီစွာ ထိုပြည့်တန်ဆာမထံသို့ ချဉ်းကပ်ပြီးကေ ထိုပြည့်တန်ဆာမအား-

'အဇာကြောင့် ဒေသူရို့ဧ့ အထံသို့ မလိုက်ရေလဲ'လို့ မီးဧ့။

'အသျှင် အကျွန်ုပ်စွာ ဒေသူတိကို 'ဒေသူရို့ကား အဇာသူများလို့လည်းကောင်း၊ အဇာသူဧ့မောင်နှမများလို့လည်းကောင်း' မသိပါ၊ တပည့်တော်မှာလည်း ဝန်ဘဏ္ဍာများပြားဧ့၊ အသုံးအဆောင်များပြားဧ့၊ မြို့ပြင်သို့လည်း လိုက်ရဖို့ဖြစ်ပြီးကေ တပည့်တော်မ မလိုက်နိုင်ပါ'လို့ (လျှောက်ဧ့)။

ဒေသူရို့ဧ့ အထံသို့ လိုက်လားလီ၊ ဒေသူတိကို ငါသိပါရေလို့ (ပြောဧ့)။

အသျှင်ဘုရား တကေလို့ အသျှင်ဘုရားသိကေ တပည့်တော်မ လိုက်လားပါဖို့လို့ (လျှောက်ဧ့)။

ယင်းခါ ထိုအပျော်ကြူးသူရို့စွာ ထိုပြည့်တန်ဆာမကို ခေါပြီးကေ ဟင်းခင်းသို့ လားကက်ကုန်ဧ့၊ ယင်းခါထိုဥပါသကာစွာ 'အဇာကြောင့် အသျှင်ဥဒါယီစွာ ထိုခဏမျှ ပေါင်းဖော်အပ်တေ 'အခိုက်အတန့်' မယားမာ အောင်သွယ်မှုကို လုပ်လေဘိရေလဲ'လို့ သရော်ဧ့၊ ရှုတ်ချဧ့၊ အပြစ်ပြ ပြောဆိုဧ့။

ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုရေ ထိုဥပါသကာဧ့ စကားကို ကြားကက်ကုန်ပြီးကေ အလိုနည်းပါးရေ ရဟန်းရို့စွာ 'အဇာကြောင့် အသျှင်ဥဒါယီစွာ ထိုခဏမျှ ပေါင်းဖော်အပ်တေ'အခိုက်အတန့်' မယားမာ အောင်သွယ်မှုကို လုပ်လေဘိရေလဲ'လို့ သရော်ကက်ကုန်ဧ့၊ ရှုတ်ချကက်ကုန်ဧ့၊ အပြစ်ပြ ပြောဆိုကက်ကုန်ဧ့။

ယပြီးနောက် ထိုရဟန်းရို့စွာ အသျှင်ဥဒါယီကို အများကြီး အကြောင်းနန့် သရော်ပြစ်တင်ကက် ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့။ပ။

'ဥဒါယီ သင်စွာ ထိုခဏမျှ ပေါင်းဖော်အပ်တေ 'အခိုက်အတန့်' မယားမာ အောင်သွယ်မှုကို လုပ်ဧ့ဟူစွာ မှန်သလော'လို့ စိစစ် မီးမြန်းတော်မူဧ့။

မှန်ပါရေ မြတ်စွာဘုရားလို့ (လျှောက်ဧ့)။

ဘုန်းတော်ကြီး မြတ်စွာဘုရားစွာ သရော်တော်မူဧ့။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျား သင်စွာ အဇာကြောင့် ထိုခဏမျှ ပေါင်းဖော်အပ်တေ 'အခိုက်အတန့်' မယားမာ အောင်သွယ်မှုကို လုပ်လေဘိရေလဲ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေသူရို့အား ကြည်ညိုစီခြင်းငှါလည်းကောင်း။ပ။

ရဟန်းရို့ အေပိုင်ပင် ဒေသိက္ခာပုဒ်တော်ကို ပြကက်ကုန်ဖိ။

၃၀၁။ 'အကြင် ရဟန်းစွာ မိမအားမူလည်း ယောက်ျားဧ့ အလိုကို မယားဖြိုက်စီလိုအတွက်နန့်ပင် လည်းကောင်း၊ ယောက်ျားအားမူလည်း မိမဧ့ အလိုကို လင်ဖြိုက်စီလိုအတွက်နန့်ပင် လည်းကောင်း အောင်သွယ်မှုကို ပြုငြားအံ့၊ အယုတ်ဆုံးအနိန်နန့် ထိုခဏမျှ ပေါင်းဖော်အပ်တေ 'အခိုက်အတန့်' မယားအားလည်း အောင်သွယ်မှုကို ပြုငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ် အာပတ်သင့်ဧ့' အေပိုင် (ပြကုန်ဖိလို့ မိန့်တော်မူဧ့)။

၅-သဉ္စရိတ္တသိက္ခာပုဒ် အဖွင့်

၃၀၂။ အကြင်ဟူစွာ အကြင်သို့သဘောဟိရေ။ပ။

ရဟန်းဟူရေပ။ ဒေအရာမာ ဒေဉတ္တိစတုတ္တကံနန့် ရဟန်းအဖြစ်သို့ ရောက်သူကို 'ရဟန်း'လို့အလိုဟိအပ်ဧ့။

အောင်သွယ်မှုကို ပြုငြားအံ့ဟူစွာ မိမကစီစပ်အပ်စွာ ဖြစ်ပြီးကေမူလည်း ယောက်ျားဧ့ အထံသို့လားဧ့၊ ယောက်ျားကစီစပ်အပ်စွာ ဖြစ်ပြီးကေမူလည်း မိမဧ့ အထံသို့ လားဧ့။

မိမအားမူလည်း ယောက်ျားဧ့ အလိုကိုဟူစွာ ယောက်ျားဧ့ အလိုကို မိမအား ပြောကြားဧ့။

ယောက်ျားအားမူလည်း မိမဧ့ အလိုကိုဟူစွာ မိမဧ့ အလိုကို ယောက်ျားအား ပြောကြားဧ့။

မယားဖြိုက်စီလိုအတွက်နန့်ပင် လည်းကောင်းဟူစွာ သင် မယားဖြစ်ရအံ့။

လင်ဖြိုက်စီလိုအတွက်နန့်ပင် လည်းကောင်းဟူစွာ သင် လင်ဖြစ်ရအံ့။

အယုတ်ဆုံးအနိန်နန့် ထိုခဏမျှလည်းဖြိုက်ရေဟူစွာ သင် ခဏမယားဖြစ်ရအံ့။

သံဃာဒိသိသ်ဟူရေပ။ ယင်းချင့်ကြောင့်လည်း 'သံဃာဒိသိသ်'လို့ ဆိုအပ်ဧ့။

၅-သဉ္စရိတ္တသိက္ခာပုဒ်အဖွင့် ပြီးဧ့။

၃၀၃။ အမိစောင့်ရေမိမ၊ အဖစောင့်ရေမိမ၊ အမိအဖစောင့်ရေ မိမ၊ မောင်စောင့်ရေ မိမ၊ မမ ညီမစောင့်ရေ မိမ၊ ဆွေမျိုးစောင့်ရေ မိမ၊ အနွယ်စောင့်ရေ မိမ၊ တရားကျင့်ဖော်ရို့စောင့်ရေ မိမ၊ အစောင့်အရှောက်ချထားရေ မိမ၊ ဒဏ်ထားရေ မိမ အနိန်နန့် မိမဆယ်မျိုး။

ဖေသာနန့် ဝယ်ယူအပ်တေ မယား၊ အလိုတူပြီးကေ နိန်ရေ မယား၊ စည်းစိမ်ကြောင့် နိန်ရေ မယား၊ အဝတ်အထည်ကြောင့် နိန်ရေ မယား၊ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယား၊ ခေါင်းခုကိုချစီပြီးကေ နိန်ရေ မယား၊ ကျွန်လည်းဖြစ် မယားလည်းဖြိုက်ရေ မယား၊ အလုပ်သမားမ 'အငှားသမားမ'လည်းဖြစ် မယားလည်းဖြိုက်ရေ မယား၊ စစ်နိုင်ပြီးကေ ဆောင်အပ်တေ မယား၊ တချက်ချေမျှ ထားရေ'အခိုက်အတန့်' မယား အနိန်နန့် မယားဆယ်မျိုး။

၃၀၄။ အမိစောင့်ရေ မိမမည်စွာ အမိစွာစောင့်ရှောက်ဧ့၊ လုံခြုံစီဧ့၊ အစိုးရခြင်းကို လုပ်ဧ့၊ မိမိဧ့ အလိုသို့ လိုက်စီဧ့။

အဖစောင့်ရေ မိမမည်စွာ အဖစွာစောင့်ရှောက်ဧ့၊ လုံခြုံစီဧ့၊ အစိုးရခြင်းကို လုပ်ဧ့၊ မိမိဧ့အလိုသို့ လိုက်စီဧ့။

အမိ အဖစောင့်ရေ မိမမည်စွာ မိဘရို့စွာစောင့်ရှောက်ကုန်ဧ့၊ လုံခြုံစီကုန်ဧ့၊ အစိုးရခြင်းကို လုပ်ကုန်ဧ့၊ မိမိရို့ဧ့ အလိုသို့ လိုက်စီကုန်ဧ့။

မောင်စောင့်ရေ မိမမည်စွာ မောင်စွာစောင့်ရှောက်ဧ့၊ လုံခြုံစီဧ့၊ အစိုးရခြင်းကို လုပ်ဧ့၊ မိမိဧ့ အလိုသို့ လိုက်စီဧ့။

မမ ညီမစောင့်ရေ မိမမည်စွာ မမ ညီမစွာစောင့်ရှောက်ဧ့၊ လုံခြုံစီဧ့၊ အစိုးရခြင်းကို လုပ်ဧ့၊ မိမိဧ့ အလိုသို့ လိုက်စီဧ့။

ဆွေမျိုးစောင့်ရေ မိမမည်စွာ ဆွေမျိုးရို့စွာစောင့်ရှောက်ကုန်ဧ့၊ လုံခြုံစီကုန်ဧ့၊ အစိုးရခြင်းကို လုပ်ကုန်ဧ့၊ မိမိရို့ဧ့ အလိုသို့ လိုက်စီကုန်ဧ့။

အနွယ်စောင့်ရေ မိမမည်စွာ အနွယ်တူရို့စွာစောင့်ရှောက်ကုန်ဧ့၊ လုံခြုံစီကုန်ဧ့၊ အစိုးရခြင်းကို လုပ်ကုန်ဧ့၊ မိမိရို့ဧ့ အလိုသို့ လိုက်စီကုန်ဧ့။

တရားကျင့်ဖော်ရို့စောင့်ရေ မိမမည်စွာ သီတင်းသုံးဖော်ရို့စွာစောင့်ရှောက် ကုန်ဧ့၊ လုံခြုံစီကုန်ဧ့၊ အစိုးရခြင်းကို လုပ်ကုန်ဧ့၊ မိမိရို့ဧ့ အလိုသို့ လိုက်စီကုန်ဧ့။

အစောင့်အရှောက်ချထားရေ မိမမည်စွာ အမိဝမ်းတွင်းမာပင် 'ဒေမိမစွာ ငါဧ့ မယားတဲး'လို့ အယုတ်အနိန်နန့် ပန်းတုံးတိုင်စိုက်ပြီးကေ သတ်မှတ်အပ်တေ မိမစွာလည်း အစောင့်ချ ထားရေ မိမမည်ဧ့။

ဒဏ်ထားရေ မိမမည်စွာ 'အကြင်သူစွာ ဒေမည်ရေ မိမကို လားလာဧ့၊ ထိုသူအားဒေမျှလောက် ဒဏ်တပ်စီ'လို့ အချို့ပုဂ္ဂိုလ်ရို့က ဒဏ်ထားအပ်တေ မိမတဲး။

ဖေသာနန့်ဝယ်ယူအပ်တေ မယားမည်စွာ ဖေသာနန့် ဝယ်ယူပြီးကေ နိန်စီဧ့။

အလိုတူပြီးကေနိန်ရေ မယားမည်စွာ ချစ်ရေယောက်ျားစွာ ချစ်ရေမိမကို နိန်စီဧ့။

စည်းစိမ်ကြောင့်နိန်ရေ မယားမည်စွာ စည်းစိမ်ကို ပီးပြီးကေ နိန်စီဧ့။

အဝတ်အထည်ကြောင့်နိန်ရေ မယားမည်စွာ အဝတ်အထည်ကို ပီးပြီးကေ နိန်စီဧ့။

ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယားမည်စွာ ရီခွက်ကို သုံးသပ်ကိုင်တွယ်ပြီးကေ နိန်စီဧ့။

ခေါင်းခုကိုချစီပြီးကေနိန်ရေ မယားမည်စွာ ခေါင်းခုကို ချစီပြီးကေ နိန်စီဧ့။

ကျွန်မည်စွာ ကျွန်လည်းဟုတ်ဧ့၊ မယားလည်းဟုတ်ဧ့။

အလုပ်သမားမ 'အငှားသမားမ' မည်စွာ အလုပ်သမားမ 'အငှားသမားမ'လည်းဟုတ်ဧ့၊ မယားလည်းဟုတ်ဧ့။

စစ်နိုင်ပြီးကေဆောင်အပ်တေ မယားမည်စွာ သုံ့ပန်းမယားကို ဆိုဧ့။

တစ်ခဏမျှထားရေ မယား မည်စွာ ထိုခဏ 'အခိုက်အတန့်' မယားကို ဆိုဧ့။

၃၀၅။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကို ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားဖြစ်ပါလို့ ပြောပါဖိ'လို့ စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အဖစောင့်ရေမိမကို ပြောပါဖိ'လို့စေလွှတ်ဧ့။ပ။ အမိအဖစောင့်ရေမိမကို ပြောပါဖိ။ မောင်စောင့်ရေမိမကိုပြောပါဖိ။ မမ ညီမစောင့်ရေမိမကို ပြောပါဖိ။ ဆွေမျိုးစောင့်ရေမိမကို ပြောပါဖိ။ အနွယ်စောင့်ရေမိမကို ပြောပါဖိ။ တရားကျင့်ဖော်စောင့်ရေမိမကို ပြောပါဖိ။ အစောင့်အရှောက်ချထားရေမိမကို ပြောပါဖိ။ ဒဏ်ထားရေမိမကို ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားဖြစ်ပါလို့ ပြောပါဖိလို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန်ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

နိက္ခေပပုဒ်ရို့တဲး။

စက်ပြတ်'ခဏ္ဍစက်'

၃၀၆။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုလည်းကောင်း၊ အဖစောင့်ရေမိမကိုလည်းကောင်း ဒေမည်ရေသူဧ့ ဖေသာနန့်ဝယ်အပ်တေ မယားများ ဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန်ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုလည်းကောင်း၊ အမိအဖစောင့်ရေမိမကိုလည်းကောင်း။ပ။ အမိစောင့်ရေမိမကိုလည်းကောင်း၊ မောင်စောင့်ရေမိမကိုလည်းကောင်း။ အမိစောင့်ရေမိမကိုလည်းကောင်း၊ မမ ညီမစောင့်ရေမိမကိုလည်းကောင်း။ အမိစောင့်ရေမိမကိုလည်းကောင်း၊ ဆွေမျိုးစောင့်ရေမိမကို လည်းကောင်း။ အမိစောင့်ရေမိမကိုလည်းကောင်း၊ အနွယ်စောင့်ရေမိမကိုလည်းကောင်း။ အမိစောင့်ရေမိမကိုလည်းကောင်း၊ တရားကျင့်ဖော်စောင့်ရေမိမကိုလည်းကောင်း။ အမိစောင့်ရေမိမကိုလည်းကောင်း၊ အစောင့်အရှောက်ချထားရေမိမကိုလည်းကောင်း။ အမိစောင့်ရေမိမကို လည်းကောင်း၊ ဒဏ်ထားရေ မိမကိုလည်းကောင်း ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယား များဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာ ဒိသိသ်အာပတ် သင့်ဧ့။

စက်ပြတ် 'ခဏ္ဍ' စက် ပြီးဧ့။

စက်ဝိုင်း 'ဗဒ္ဓစက်' ၃၀၇။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အဖစောင့်ရေမိမကိုလည်းကောင်း၊ အမိအဖစောင့်ရေမိမကိုလည်းကောင်း ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားများ ဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ် အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အဖစောင့်ရေမိမကိုလည်းကောင်း၊ မောင်စောင့်ရေမိမကိုလည်းကောင်း။ပ။ အဖစောင့်ရေမိမကိုလည်းကောင်း၊ မမ ညီမစောင့်ရေမိမကိုလည်းကောင်း။ အဖစောင့်ရေမိမကိုလည်းကောင်း၊ ဆွေမျိုးစောင့်ရေမိမကိုလည်းကောင်း။ အဖစောင့်ရေမိမကိုလည်းကောင်း၊ အနွယ်စောင့်ရေမိမကိုလည်းကောင်း။ အဖစောင့်ရေမိမကိုလည်းကောင်း၊ တရားကျင့်ဖော်စောင့်ရေမိမကိုလည်းကောင်း။ အဖစောင့်ရေမိမကိုလည်းကောင်း၊ အစောင့်အရှောက်ချထားရေမိမကိုလည်းကောင်း။ အဖစောင့်ရေ မိမကိုလည်းကောင်း၊ ဒဏ်ထားရေ မိမကိုလည်းကောင်းဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားများဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ် အာပတ်သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အဖစောင့်ရေမိမကိုလည်းကောင်း၊ အမိစောင့်ရေမိမကိုလည်းကောင်း ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားများ ဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ဝိုင်း'ဗဒ္ဓစက်'ပြီးဧ့။

မူကိုအကျိုင်းချုပ်အပ်ဧ့။

၃၀၈။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ ဒဏ်ထားရေမိမကိုလည်းကောင်း၊ အမိစောင့်ရေမိမကိုလည်းကောင်း ဒေမည်ရေ သူဧ့ ဖေသာနန့်ဝယ်အပ်တေ မယားများ ဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန်ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ အဖစောင့်ရေမိမကိုလည်းကောင်း။ပ။ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ အမိအဖစောင့်ရေမိမကိုလည်းကောင်း။ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ မောင်စောင့်ရေမိမကိုလည်းကောင်း။ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ မမ ညီမစောင့်ရေမိမကိုလည်းကောင်း။ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ ဆွေမျိုးစောင့်ရေမိမကိုလည်းကောင်း။ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ အနွယ်စောင့်ရေမိမကိုလည်းကောင်း။ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ တရားကျင့်ဖော်စောင့်ရေမိမကိုလည်းကောင်း။ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ အစောင့်အရှောက်ချထားရေမိမကိုလည်းကောင်း ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယား များဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူပြီးဧ့။

[ဒုမူကိုလည်းကောင်း တိမူကိုလည်းကောင်း နဝမူအထိ ဒေနည်းတူ ပြုလုပ်အပ်ဧ့]။

ဒေဆိုလထ္တံ့ကား ဒသမူတဲး။

၃၀၉။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုလည်းကောင်း၊ အဖစောင့်ရေမိမကိုလည်းကောင်း၊ အမိအဖစောင့်ရေမိမကိုလည်းကောင်း၊ မောင်စောင့်ရေမိမကိုလည်းကောင်း၊ မမညီမစောင့်ရေမိမကိုလည်းကောင်း၊ ဆွေမျိုးစောင့်ရေမိမကိုလည်းကောင်း၊ အနွယ်စောင့်ရေမိမကိုလည်းကောင်း၊ တရားကျင့်ဖော်စောင့်ရေမိမကိုလည်းကောင်း၊ အစောင့်အရှောက်ချထားရေ မိမကိုလည်းကောင်း၊ ဒဏ်ထားရေမိမကိုလည်းကောင်း ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားများဖြိုက်ကတ်ပါလို့ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဥစ္စာနန့် ဝယ်အပ်တေ မယားဘက်မှ စက် ပြီးဧ့။

၃၁၀။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုဒေမည်ရေ သူဧ့ အလိုတူပြီးကေနိန်ရေ မယားဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့။ပ။ စည်းစိမ်ကြောင့်နိန်ရေ မယား။ အဝတ်အထည်ကြောင့်နိန်ရေ မယား။ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယား။ ခေါင်းခုကို ချစီပြီးကေနိန်ရေ မယား။ ကျွန်မယား။ အလုပ်သမားမ'အငှားသမား'မယား။ သုံ့ပန်းမယား။ အခိုက်အတန့်မယား လုပ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန်ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အဖစောင့်ရေမိမကိုပြောပါဖိ။ပ။ အမိအဖစောင့်ရေမိမကို ပြောပါဖိ။ မောင်စောင့်ရေမိမကို ပြောပါဖိ။ မမ ညီမစောင့်ရေမိမကို ပြောပါဖိ။ ဆွေမျိုးစောင့်ရေမိမကိုပြောပါဖိ။ အနွယ်စောင့်ရေမိမကို ပြောပါဖိ။ တရားကျင့်ဖော်စောင့်ရေမိမကို ပြောပါဖိ။ အစောင့်အရှောက်ချထားရေ မိမကို ပြောပါဖိ။ ဒဏ်ထားရေ မိမကို ဒေမည်ရေသူဧ့ အခိုက်အတန့် မယားဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့။ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

မူလပုဒ်ရင်း 'နိက္ခေပပုဒ်' ရို့တဲး။

၃၁၁။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုလည်းကောင်း၊ အဖစောင့်ရေမိမကိုလည်းကောင်း ဒေမည်ရေသူဧ့ အခိုက်အတန့်မယားများ ဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုလည်းကောင်း၊ အမိအဖစောင့်ရေမိမကိုလည်းကောင်း။ပ။ အမိစောင့်ရေမိမကိုလည်းကောင်း၊ ဒဏ်ထားရေ မိမကိုလည်းကောင်း ဒေမည်ရေသူဧ့ အခိုက်အတန့် မယားများဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ပြတ် 'ခဏ္ဍစက်' ပြီးဧ့။

၃၁၂။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အဖစောင့်ရေမိမကိုလည်းကောင်း၊ အမိ အဖစောင့်ရေမိမကိုလည်းကောင်း ဒေမည်ရေသူဧ့ အခိုက်အတန့်မယားများ ဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အဖစောင့်ရေမိမကို လည်းကောင်း၊ မောင်စောင့်ရေမိမကိုလည်းကောင်း။ပ။ အဖစောင့်ရေမိမကိုလည်းကောင်း၊ ဒဏ် ထားရေ မိမကိုလည်းကောင်း ဒေမည်ရေ သူဧ့ အခိုက်အတန့် မယားများ ဖြိုက်ကတ်ပါလို့ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ်သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အဖစောင့်ရေမိမကိုလည်းကောင်း၊ အမိစောင့်ရေမိမကိုလည်းကောင်း ဒေမည်ရေ သူဧ့ အခိုက်အတန့် မယားများဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ဝိုင်း 'ဗဒ္စစက်' ပြီးဧ့။

မူကို အကျိုင်းချုပ်အပ်ပြီ။

၃၁၃။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ ဒဏ်ထားရေမိမကိုလည်းကောင်း၊ အမိစောင့်ရေမိမကိုလည်းကောင်း ဒေမည်ရေ သူဧ့ အခိုက်အတန့်မယား များဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာ ဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ အဖစောင့်ရေမိမကိုလည်းကောင်း။ပ။ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ အစောင့်အရှောက်ချထားရေ မိမကိုလည်းကောင်း ဒေမည်ရေ သူဧ့ အခိုက်အတန့် မယားများဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူပြီးဧ့။

[ဒုမူ အစဟိစော်တိကိုလည်း ဒေအတူပင် လုပ်လုပ်အပ်ကုန်ဧ့]။

ဒေဆိုအံ့ကား ဒသမူတဲး။

၃၁၄။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုလည်းကောင်း၊ အဖစောင့်ရေမိမကိုလည်းကောင်း၊ အမိအဖစောင့်ရေမိမကိုလည်းကောင်း၊ မောင်စောင့်ရေမိမကိုလည်းကောင်း၊ မမ ညီမစောင့်ရေမိမကိုလည်းကောင်း၊ ဆွေမျိုးစောင့်ရေမိမကိုလည်းကောင်း၊ အနွယ်စောင့်ရေမိမကိုလည်းကောင်း၊ တရားကျင့်ဖော်စောင့်ရေမိမကိုလည်းကောင်း၊ အစောင့်အရှောက်ချထားရေ မိမကိုလည်းကောင်း၊ ဒဏ်ထားရေ မိမကိုလည်းကောင်း ဒေမည်ရေ သူဧ့ အခိုက်အတန့် မယားများဖြိုက်ကတ်ပါလို့ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ်သင့်ဧ့။

အခိုက်အတန့် မယားဘက်မှ စက် ပြီးဧ့။

၃၁၅။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုဒေမည်ရေ သူဧ့ အလိုတူပြီးကေ နိန်ရေ မယား။ပ။ စည်းစိမ်ကြောင့်နိန်ရေ မယား။ အဝတ်အထည်ကြောင့် နိန်ရေ မယား။ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယား။ ခေါင်းခုကို ချစီပြီးကေ နိန်ရေ မယား။ ကျွန်ယား။ အလုပ်သမား 'အငှားသမား'မယား။ သုံ့ပန်းမယား။ အခိုက်အတန့် မယားဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန်ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

မူလပုဒ်ရင်း 'နိက္ခေပပုဒ်' ရို့တဲး။

၃၁၆။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေ နိန်ရေ မယားလည်းကောင်း ဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း။ပ။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အဝတ်အထည်ကြောင့်နိန်ရေ မယားလည်းကောင်း။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေမယားလည်းကောင်း။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ ခေါင်းခုကို ချစီပြီးကေ နိန်ရေမယားလည်းကောင်း။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ ကျွန် မယားလည်းကောင်း။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလုပ်သမား 'အငှားသမား' မယားလည်းကောင်း။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ သုံ့ပန်းမယားလည်းကောင်း။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း ဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာ ဒိသိသ်အာပတ် သင့်ဧ့။

စက်ပြတ် 'ခဏ္ဍစက်' ပြီးဧ့။

၃၁၇။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကို ဒေမည်ရေသူဧ့ အလိုတူပြီးကေ နိန်ရေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း။ပ။ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း။ အလိုတူ ပြီးကေ နိန်ရေ မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း ဖြစ်ပါလို့ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ်သင့်ဧ့။

စက်ဝိုင်း 'ဗဒ္ဓစက်' ပြီးဧ့။

မူကို အကျဉ်းချုပ်အပ်ပြီ။

၃၁၈။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကို ဒေမည်ရေသူဧ့ အခိုက်အတန့် မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း။ပ။ အခိုက်အတန့် မယားလည်းကောင်း၊ အလိုတူပြီးကေ နိန်ရေ မယားလည်းကောင်း။ အခိုက်အတန့်မယားလည်းကောင်း၊ သုံ့ပန်း မယားလည်းကောင်း ဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူပြီးဧ့။

[ဒုမူ အစဟိစော်တိကိုလည်း ဒေအတူပင် ပြုလုပ်အပ်ကုန်ဧ့]။

ဒေဆိုအံ့ကား ဒသမူတဲး။

၃၁၉။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေ နိန်ရေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း၊ အဝတ်အထည်ကြောင့်နိန်ရေ မယားလည်းကောင်း၊ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယားလည်းကောင်း၊ ခေါင်းခုကို ချစီပြီးကေ နိန်ရေမယားလည်းကောင်း၊ ကျွန် မယားလည်းကောင်း၊ အလုပ်သမား 'အငှားသမား'မယားလည်းကောင်း၊ သုံ့ပန်းမယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း ဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အမိစောင့်ရေမိမဘက်မှ စက် ပြီးဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အဖစောင့်ရေမိမကို။ပ။ အမိအဖစောင့်ရေမိမကို။ မောင်စောင့်ရေမိမကို။ မမညီမစောင့်ရေမိမကို။ ဆွေမျိုးစောင့်ရေမိမကို။ အနွယ်စောင့်ရေမိမကို။ တရားကျင့်ဖော်စောင့်ရေမိမကို။ အစောင့်အရှောက်ချထားရေ မိမကို။ ဒဏ်ထားရေ မိမကို ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယား ဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ ဒဏ်ထားရေ မိမကို ဒေမည်ရေသူဧ့ အလိုတူပြီးကေ နိန်ရေ မယား။ပ။ စည်းစိမ်ကြောင့်နိန်ရေ မယား၊ အဝတ်အထည်ကြောင့် နိန်ရေ မယား၊ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယား၊ ခေါင်းခုကို ချစီပြီးကေ နိန်ရေမယား၊ ကျွန်မယား၊ အလုပ်သမား 'အငှားသမား' မယား၊ သုံ့ပန်းမယား၊ အခိုက်အတန့် မယား ဖြစ်ပါလို့ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ်သင့်ဧ့။

မူလပုဒ်ရင်း 'နိက္ခေပပုဒ်' ရို့တဲး။

၃၂၀။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ ဒဏ်ထားရေ မိမကိုဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေ နိန်ရေ မယားလည်းကောင်း ဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ ဒဏ်ထားရေ မိမကိုဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း။ပ။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း ဖြစ်ပါလို့ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ်သင့်ဧ့။

စက်ပြတ် 'ခဏ္ဍစက်' ပြီးဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ ဒဏ်ထားရေမိမကို ဒေမည်ရေသူဧ့ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း။ပ။ အလိုတူပြီးကေ နိန်ရေ မယားလည်းကောင်း အခိုက်အတန့် မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း ဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ဝိုင်း 'ဗဒ္ဓစက်' ပြီးဧ့။

မူကို အကျဉ်းချုပ်အပ်ပြီ။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ ဒဏ်ထားရေမိမကို ဒေမည်ရေသူဧ့ အခိုက်အတန့်မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း။ပ။ အခိုက်အတန့် မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း။ အခိုက်အတန့် မယားလည်းကောင်း၊ သုံ့ပန်းမယားလည်းကောင်း ဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူပြီးဧ့။

[ဒုမူကိုလည်းကောင်း၊ တိမူကိုလည်းကောင်း၊ နဝမူအထိ ဒေအတူပင် လုပ်လုပ်အပ်ဧ့]။

ဒေဆိုအံ့ကား ဒသမူတဲး။

၃၂၁။ ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ ဒဏ်ထားရေမိမကို ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း၊ အဝတ်အထည်ကြောင့်နိန်ရေမယားလည်းကောင်း၊ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယားလည်းကောင်း၊ ခေါင်းခုကို ချစီပြီးကေ နိန်ရေ မယား လည်းကောင်း၊ ကျွန်မယားလည်းကောင်း၊ အလုပ်သမား 'အငှားသမား' မယားလည်းကောင်း၊ သုံ့ပန်းမယား လည်းကောင်း၊ အခိုက်အတန့်မယားလည်းကောင်း ဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန်ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဒဏ်ထားရေ မိမဘက်မှ စက် ပြီးဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားဖြစ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုလည်းကောင်း၊ အဖစောင့်ရေမိမကိုလည်းကောင်း၊ ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေမယား လည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း ဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုလည်းကောင်း၊ အဖစောင့်ရေမိမကိုလည်းကောင်း၊ အမိအဖစောင့်ရေမိမကိုလည်းကောင်း၊ ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း ဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။ ဒေအတူနှစ်ဖက်ပွားကို လုပ်လုပ်အပ်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ အမိစောင့်ရေမိမကိုလည်းကောင်း၊ အဖစောင့်ရေမိမကိုလည်းကောင်း၊ အမိအဖစောင့်ရေမိမကိုလည်းကောင်း၊ မောင်စောင့်ရေမိမကိုလည်းကောင်း၊ မမညီမစောင့်ရေမိမကိုလည်းကောင်း၊ ဆွေမျိုးစောင့်ရေမိမကိုလည်းကောင်း၊ အနွယ်စောင့်ရေမိမကိုလည်းကောင်း၊ တရားကျင့်ဖော်စောင့်ရေမိမကိုလည်းကောင်း၊ အစောင့်အရှောက်ချထားရေ မိမကိုလည်းကောင်း၊ ဒဏ်ထားရေ မိမကိုလည်းကောင်း၊ ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း၊ အဝတ်အထည်ကြောင့်နိန်ရေ မယားလည်းကောင်း၊ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယားလည်းကောင်း၊ ခေါင်းခုကို ချစီပြီးကေ နိန်ရေမယားလည်းကောင်း၊ ကျွန်မယားလည်းကောင်း၊ အလုပ်သမား 'အငှားသမား' မယားလည်းကောင်း၊ သုံ့ပန်းမယားလည်းကောင်း၊ အခိုက်အတန့်မယားလည်းကောင်း ဖြိုက်ကတ်ပါလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

နှစ်ဖက်ပွားပြီးဧ့။

ယောက်ျားဧ့ အမိစွာ ရဟန်းကိုစေလွှတ်ဧ့။ပ။ ယောက်ျားဧ့ အဖစွာ ရဟန်းကိုစေလွှတ်ဧ့။ပ။ ယောက်ျားဧ့ အမိအဖရို့စွာ ရဟန်းကိုစေလွှတ်ကုန်ဧ့။ပ။ ယောက်ျားဧ့ ဂိုးချေစွာရဟန်းကိုစေလွှတ်ဧ့။ပ။ ယောက်ျားဧ့ မမ ညီမစွာ ရဟန်းကိုစေလွှတ်ဧ့။ပ။ ယောက်ျားဧ့ဆွေမျိုးရို့စွာ ရဟန်းကိုစေလွှတ်ကုန်ဧ့။ပ။ ယောက်ျားဧ့ အနွယ်ရို့စွာ ရဟန်းကိုစေလွှတ်ကုန်ဧ့။ပ။ ယောက်ျားဧ့ တရားကျင့်ဖော်ရို့စွာ ရဟန်းကိုစေလွှတ်ကုန်ဧ့။ပ။

ယောက်ျားဘက်မှစက်မြှုပ် 'ပုရိသပေယျာလ' ကို အကျယ်ချဲ့အပ်ဧ့။

[ရှီးနည်းပိုင် နှစ်ဖက်ပွားကို အကျယ်ချဲ့အပ်ဧ့]။

၃၂၂။ အမိစောင့်ရေမိမဧ့ အမိစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေမိမကို ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယား ဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အမိစောင့်ရေမိမဧ့ အမိစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကိုဒေမည်ရေ သူဧ့ အလိုတူပြီးကေနိန်ရေ မယား။ပ။ စည်းစိမ်ကြောင့်နိန်ရေ မယား၊ အဝတ်အထည်ကြောင့် နိန်ရေ မယား၊ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယား၊ ခေါင်းခုကို ချစီပြီးကေ နိန်ရေ မယား၊ ကျွန် မယား၊ အလုပ်သမား 'အငှားသမား' မယား၊ သုံ့ပန်းမယား၊ အခိုက်အတန့်မယား ဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန်ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

မူလပုဒ်ရင်း 'နိက္ခေပပုဒ်' ရို့တဲး။

၃၂၃။ အမိစောင့်ရေမိမဧ့ အမိစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေမိမကို ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယား။ပ။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း ဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ပြတ် 'ခဏ္ဍစက်' ပြီးဧ့။

၃၂၄။ အမိစောင့်ရေမိမဧ့ အမိစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေမိမကို ဒေမည်ရေသူဧ့ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း။ပ။ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း၊ အလိုတူပြီးကေ နိန်ရေ မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း ဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ဝိုင်း 'ဗဒ္ဓစက်' ပြီးဧ့။

မူကို အကျိုင်းချုပ်အပ်ပြီ။

၃၂၅။ အမိစောင့်ရေမိမဧ့ အမိစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေမိမကို ဒေမည်ရေသူဧ့ အခိုက်အတန့် မယားလည်းကောင်း ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း။ပ။ အခိုက်အတန့် မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း၊ သုံ့ပန်းမယားလည်းကောင်း ဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူပြီးဧ့။

[ဒုမူကိုလည်းကောင်း တိမူကိုလည်းကောင်း နဝမူအထိ ဒေအတူပင် ပြုလုပ်အပ်ဧ့]။

ဒေဆိုအံ့ကား ဒသမူတဲး။

၃၂၆။ အမိစောင့်ရေမိမဧ့ အမိစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေမိမကို ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေမယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း၊ အဝတ်အထည်ကြောင့်နိန်ရေမယားလည်းကောင်း၊ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယားလည်းကောင်း၊ ခေါင်းခုကို ချစီပြီးကေ နိန်ရေမယား လည်းကောင်း၊ ကျွန်မယားလည်းကောင်း၊ အလုပ်သမား 'အငှားသမား' မယားလည်းကောင်း၊ သုံ့ပန်းမယား လည်းကောင်း၊ အခိုက်အတန့်မယားလည်းကောင်း ဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိ သိသ်အာပတ် သင့်ဧ့။

အမိဘက်မှစက် ပြီးဧ့။

အဖစောင့်ရေမိမဧ့ အဖစွာ ရဟန်းကိုစေလွှတ်ဧ့။ပ။ အမိအဖစောင့်ရေမိမဧ့ အမိအဖရို့စွာ ရဟန်းကိုစေလွှတ်ကုန်ဧ့။ မောင်စောင့်ရေမိမဧ့ မောင်စွာ ရဟန်းကိုစေလွှတ်ဧ့။ မမ ညီမစောင့်ရေမိမဧ့ မမ ညီမစွာ ရဟန်းကိုစေလွှတ်ဧ့။ ဆွေမျိုးစောင့်ရေမိမဧ့ဆွေမျိုးရို့စွာ ရဟန်းကိုစေလွှတ်ကုန်ဧ့။ အနွယ်စောင့်ရေမိမဧ့ အနွယ်ရို့စွာ ရဟန်းကိုစေလွှတ်ကုန်ဧ့။ တရားကျင့်ဖော်စောင့်ရေမိမဧ့ တရားကျင့်ဖော်ရို့စွာ ရဟန်းကိုစီလွှတ့်ကုန်ဧ့။ အစောင့်အရှောက် ချထားရေ မိမဧ့ သိမ်းပိုက်သူစော် ရဟန်းကိုစေလွှတ်ဧ့။ ဒဏ်ထားရေ မိမဧ့ ဒဏ်ထားသူစော် ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကိုဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဒဏ်ထားရေ မိမဧ့ ဒဏ်ထားသူစော် ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေမိမကို ဒေမည်ရေ သူဧ့ အလိုတူပြီးကေနိန်ရေ မယား။ပ။ စည်းစိမ်ကြောင့်နိန်ရေ မယား။ အဝတ်အထည်ကြောင့် နိန်ရေ မယား။ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယား။ ခေါင်းခုကို ချစီပြီးကေ နိန်ရေ မယား။ ကျွန်မယား။ အလုပ်သမား 'အငှားသမား' မယား။ သုံ့ပန်းမယား။ အခိုက်အတန့် မယားဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

မူလပုဒ်ရင်း 'နိက္ခေပပုဒ်' ရို့တဲး။

၃၂၇။ ဒဏ်ထားရေ မိမဧ့ ဒဏ်ထားသူစော် ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကို ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေ နိန်ရေမယားလည်းကောင်း။ပ။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်းဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ပြတ် 'ခဏ္ဍစက်' ပြီးဧ့။

၃၂၈။ ဒဏ်ထားရေ မိမဧ့ ဒဏ်ထားသူစော် ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကို အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း။ပ။ အလိုတူပြီးကေ နိန်ရေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း။ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း ဖြစ်ပါစီလို့ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ဝိုင်း 'ဗဒ္ဓစက်'ပြီးဧ့။

မူကိုအကျိုင်းချုပ်အပ်ပြီ။

၃၂၉။ ဒဏ်ထားရေ မိမဧ့ ဒဏ်ထားသူစော် ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကို ဒေမည်ရေ သူဧ့ အခိုက်အတန့်မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေမယား လည်းကောင်း။ပ။ အခိုက်အတန့်မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ အခိုက် အတန့်မယားလည်းကောင်း၊ သုံ့ပန်းမယားလည်းကောင်း ဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူပြီးဧ့။

[ဒုမူကိုလည်းကောင်း တိမူကိုလည်းကောင်း နဝမူအထိ ဒေအတူပင် လုပ်လုပ်အပ်ဧ့]။

ဒေဆိုလထ္တံ့ကား ဒသမူတဲး။

၃၃၀။ ဒဏ်ထားရေ မိမဧ့ ဒဏ်ထားသူစော် ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေ့မည်ရေ မိမကို ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေ နိန်ရေမယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း၊ အဝတ်အထည်ကြောင့်နိန်ရေမယားလည်းကောင်း၊ ရီခွက်မာ လက်စုံချ ပြီးကေ ပဇပ်တေ မယားလည်းကောင်း၊ ခေါင်းခုကို ချစီပြီးကေနိန်ရေ မယားလည်းကောင်း၊ ကျွန်မယားလည်းကောင်း၊ အလုပ်သမား 'အငှားသမား' မယားလည်းကောင်း၊ သုံ့ပန်းမယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း ဖြစ်ပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဒဏ်ထားရေ မိမဘက်မှ စက် ပြီးဧ့။

အမိစောင့်ရေမိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ သူကို (အကျွန်ုပ်စွာ) ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယား ဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အမိစောင့်ရေမိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ သူကို (အကျွန်ုပ်စွာ) ဒေမည်ရေသူဧ့ အလိုတူပြီးကေနိန်ရေမယား။ပ။ စည်းစိမ်ကြောင့်နိန်ရေမယား။ အဝတ်အထည်ကြောင့်နိန်ရေ မယား။ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေမယား။ ခေါင်းခုကိုချစီပြီးကေနိန်ရေ မယား။ ကျွန်မယား။ အလုပ်သမား 'အငှားသမား' မယား။ သုံ့ပန်းမယား။ အခိုက်အတန့်မယားဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

မူလပုဒ်ရင်း 'နိက္ခေပပုဒ်' ရို့တဲး။

၃၃၁။ အမိစောင့်ရေမိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ သူကို (အကျွန်ုပ်စွာ) ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလို တူပြီးကေနိန်အပ်တေ မယားလည်းကောင်း ဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

အမိစောင့်ရေမိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ သူကို (အကျွန်ုပ်စွာ) ဒေမည်ရေသူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း စည်းစိမ်ကြောင့်နိန်ရေမယားလည်းကောင်း။ပ။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း အဝတ်အထည်ကြောင့်နိန်ရေမယားလည်းကောင်း။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အခိုက်အတန့်မယားလည်းကောင်းဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ပြတ် 'ခဏ္ဍစက်' ပြီးဧ့။

၃၃၂။ အမိစောင့်ရေမိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေသူကို (အကျွန်ုပ်စွာ) ဒေမည်ရေသူဧ့ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း။ပ။ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း။ အလိုတူပြီးကေ နိန်ရေ မယားလည်းကောင်း၊ ဖေသာနန့်ဝယ်အပ်တေ မယားလည်းကောင်းဖြစ်ရပါစီလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ဝိုင်း 'ဗဒ္ဓစက်' ပြီးဧ့။

မူကိုအကျိုင်းချုပ်အပ်ပြီ။

အမိစောင့်ရေမိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ သူကို (အကျွန်ုပ်စွာ) ဒေမည်ရေ သူဧ့ အခိုက်အတန့် မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း။ပ။ အခိုက်အတန့်မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း၊ သုံ့ပန်း မယားလည်းကောင်း ဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူပြီးဧ့။

[ဒုမူအစဟိစော်တိကိုလည်း ဒေအတူပင် ပြုလုပ်အပ်ကုန်ဧ့]။

ဒေဆိုအံ့ကား ဒသမူတဲး။

၃၃၃။ အမိစောင့်ရေမိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေသူကို (အကျွန်ုပ်စွာ) ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေမယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း၊ အဝတ်အထည်ကြောင့်နိန်ရေမယားလည်းကောင်း၊ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယားလည်းကောင်း၊ ခေါင်းခုကို ချစီပြီးကေ နိန်ရေ မယားလည်းကောင်း၊ ကျွန်မယားလည်းကောင်း၊ အလုပ်သမား 'အငှားသမား' မယားလည်းကောင်း၊ သုံ့ပန်းမယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း ဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာ ဒိသိသ်အာပတ် သင့်ဧ့။

အမိစောင့်ရေမိမဘက်မှ စက်တစ်မျိုး ပြီးဧ့။

အဖစောင့်ရေမိမစွာ ရဟန်းကိုစေလွှတ်ဧ့။ပ။ အမိအဖစောင့်ရေမိမစွာ ရဟန်းကိုစေလွှတ်ဧ့။ မောင်စောင့်ရေမိမစွာ ရဟန်းကိုစေလွှတ်ဧ့။ မမညီမစောင့်ရေမိမစွာရဟန်းကိုစေလွှတ်ဧ့။ ဆွေမျိုးစောင့်ရေမိမစွာ ရဟန်းကိုစေလွှတ်ဧ့။ အနွယ်စောင့်ရေမိမစွာ ရဟန်းကိုစေလွှတ်ဧ့။ တရားကျင့်ဖော်စောင့်ရေမိမစွာ ရဟန်းကိုစေလွှတ်ဧ့။ အစောင့်အရှောက် ချထားရေ မိမစွာ ရဟန်းကိုစေလွှတ်ဧ့။ ဒဏ်ထားရေ မိမစွာရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ သူကို (အကျွန်ုပ်စွာ) ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဒဏ်ထားရေ မိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ သူကို (အကျွန်ုပ်စွာ) ဒေမည်ရေ သူဧ့ အလိုတူပြီးကေ နိန်ရေ မယား။ပ။ စည်းစိမ်ကြောင့် နိန်ရေ မယား။ အဝတ်အထည်ကြောင့် နိန်ရေ မယား။ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေ မယား။ ခေါင်းခုကို ချစီပြီးကေ နိန်ရေ မယား။ ကျွန်မယား။ အလုပ်သမား 'အငှားသမား' မယား။ သုံ့ပန်းမယား။ အခိုက်အတန့်မယား ဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန်ဆောင်လာအံ့၊ သံဃာဒိသိသ် အာပတ် သင့်ဧ့။

မူလပုဒ်ရင်း 'နိက္ခေပပုဒ်' ရို့တဲး။

၃၃၄။ ဒဏ်ထားရေ မိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေသူကို (အကျွန်ုပ်စွာ) ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း။ပ။ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း ဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ပြတ် 'ခဏ္ဍစက်' ပြီးဧ့။

၃၃၅။ ဒဏ်ထားရေ မိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေသူကို (အကျွန်ုပ်စွာ) ဒေမည်ရေ သူဧ့ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း။ပ။ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း။ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေမယားလည်းကောင်း ဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန်ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

စက်ဝိုင်း 'ဗဒ္ဓစက်' ပြီးဧ့။

မူကို အကျိုင်းချုပ်အပ်ပြီ။

၃၃၆။ ဒဏ်ထားရေ မိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ သူကို (အကျွန်ုပ်စွာ) ဒေမည်ရေ သူဧ့ အခိုက်အတန့် မယားလည်းကောင်း၊ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း။ပ။ အခိုက်အတန့် မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေ မယားလည်းကောင်း။ အခိုက် အတန့် မယားလည်းကောင်း၊ သုံ့ပန်းမယားလည်းကောင်း ဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဧကမူပြီးဧ့

[ဒုမူအစဟိစော်တိကိုလည်း ဒေအတူပင် ပြုလုပ်အပ်ကုန်ဧ့]။

ဒေဆိုအံ့ကား ဒသမူတဲး။

၃၃၇။ ဒဏ်ထားရေ မိမစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ သူကို (အကျွန်ုပ်စွာ) ဒေမည်ရေ သူဧ့ ဖေသာနန့် ဝယ်အပ်တေ မယားလည်းကောင်း၊ အလိုတူပြီးကေနိန်ရေမယားလည်းကောင်း၊ စည်းစိမ်ကြောင့်နိန်ရေ မယားလည်းကောင်း၊ အဝတ်အထည်ကြောင့်နိန်ရေ မယား လည်းကောင်း၊ ရီခွက်မာ လက်စုံချပြီးကေ ပဇပ်တေမယားလည်းကောင်း၊ ခေါင်းခုကို ချစီပြီးကေ နိန်ရေ မယားလည်းကောင်း၊ ကျွန်မယားလည်းကောင်း၊ အလုပ်သမား 'အငှားသမား' မယားလည်းကောင်း၊ သုံ့ပန်း မယားလည်းကောင်း၊ အခိုက်အတန့် မယားလည်းကောင်း ဖြစ်ဦးမေလို့ ပြောပါဖိ'လို့စေလွှတ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ဒဏ်ထားရေ မိမဘက်မှ စက်တစ်မျိုး ပြီးဧ့။

စက်မြှုပ်အားနူံး 'သဗ္ဗစက္ကပေယျာလ' ပြီးဧ့။

၃၃၈။ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် မဆောင်လာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။

လက်ခံအံ့ မစနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။

လက်ခံအံ့ မစနည်းနာအံ့ တစ်ဖန် မဆောင်လာအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။

လက်မခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။

လက်မခံအံ့ စနည်းနာအံ့ တစ်ဖန် မဆောင်လာအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။

လက်မခံအံ့ မစနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။

လက်မခံအံ့ မစနည်းနာအံ့ တစ်ဖန် မဆောင်လာအံ့၊ အာပတ် မသင့်။

ယောက်ျားစွာ ရဟန်းများစွာရို့ကို 'အသျှင်ဘုရားရို့ ကြွကတ်ပါကုန်ဖိ၊ ဒေမည်ရေမိမကိုစနည်းနာကတ်ပါကုန်ဖိ'လို့စီစပ်ဧ့၊ အားနူံး လက်ခံကုန်အံ့ အားနူံး စနည်းနာကုန်အံ့ အားနူံး တစ်ဖန်ဆောင်လာကုန်အံ့၊ အားနူံး သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းများစွာရို့ကို 'အသျှင်ဘုရားရို့ ကြွကတ်ပါကုန်ဖိ၊ ဒေမည်ရေမိမကိုစနည်းနာကတ်ပါကုန်ဖိ'လို့စီစပ်ဧ့၊ အားနူံး လက်ခံကုန်အံ့ အားနူံး စနည်းနာကုန်အံ့ ရဟန်း တစ်ပါးကိုတစ်ဖန် ဆောင်လာစီကုန်အံ့၊ အားနူံး သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းများစွာရို့ကို 'အသျှင်ဘုရားရို့ ကြွကတ်ပါကုန်ဖိ၊ ဒေမည်ရေမိမကိုစနည်းနာကတ်ပါကုန်ဖိ'လို့စီစပ်ဧ့၊ အားနူံး လက်ခံကုန်အံ့ (ရဟန်း) တစ်ပါးကို စနည်းနာစီပြီးကေ အားနူံးတစ်ဖန် ဆောင်လာကုန်အံ့၊ အားနူံး သံဃာဒိသိသ် အာပတ်သင့်ဧ့။

ယောက်ျားစွာ ရဟန်းများစွာရို့ကို 'အသျှင်ဘုရားရို့ ကြွကတ်ပါကုန်ဖိ၊ ဒေမည်ရေမိမကိုစနည်းနာကတ်ပါကုန်ဖိ'လို့စီစပ်ဧ့၊ အားနူံး လက်ခံကုန်အံ့ ရဟန်းတစ်ပါးကို စနည်းနာစီပြီးကေ ရဟန်းတစ်ပါးကို တစ်ဖန် ဆောင်လာစီကုန်အံ့၊ အားနူံး သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကို စနည်းနာပါဖိ'လို့စီစပ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကို စနည်းနာပါဖိ'လို့စီစပ်ဧ့၊ လက်ခံအံ့ စနည်းနာအံ့ အနီးနိန်တပည့်ကို တစ်ဖန် ဆောင်လာစီအံ့၊ သံဃာဒိသိသ်အာပတ်သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကို စနည်းနာပါဖိ'လို့စီစပ်ဧ့၊ လက်ခံအံ့ အနီးနိန်တပည့်ကို စနည်းနာစီပြီးကေ မိမိက တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။

ယောက်ျားစွာ ရဟန်းကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကို စနည်းနာပါဖိ'လို့စီစပ်ဧ့၊ လက်ခံအံ့ အနီးနိန်တပည့်ကို စနည်းနာစီအံ့ အနီးနိန်တပည့်စွာ စနည်းနာပြီးပြီးကေ အပြင်ပ (ထိုယောက်ျား) သို့ တစ်ဖန် ဆောင်လာအံ့၊ နှစ်ပါးလုံး ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။

၃၃၉။ လားကေ ပြည့်စုံစီဧ့ 'လက်လည်း ခံဧ့၊ စုံလည်း စနည်းနာဧ့'၊ ပြန်လာကေ ချို့ယွင်းစီဧ့၊ 'တစ်ဖန် မဆောင်လာ'၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့၊ လားကေ ချို့ယွင်းစီဧ့ 'လက်မခံ'၊ ပြန်လာ ကေပြည့်စုံစီဧ့ 'စုံလည်း စနည်းနာဧ့၊ တစ်ဖန်လည်း ဆောင်လာဧ့'၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ လား ကေပြည့်စုံစီဧ့၊ ပြန်လာကေ ပြည့်စုံစီဧ့၊ သံဃာဒိသိသ်အာပတ် သင့်ဧ့။ လားကေ ချို့ယွင်းစီဧ့၊ ပြန်လာကေ ချို့ယွင်းစီဧ့၊ အာပတ်မသင့်။

၃၄၀။ သံဃာဧ့လည်းကောင်း၊ ဇာတီဧ့လည်းကောင်း၊ မကျန်းမာသူဧ့လည်းကောင်း ပြုဖွယ် ကိစ္စနန့်လားအံ့၊ (အာပတ်မသင့်)။ ရူးရေ ရဟန်း၊ အစလက်ဦး လွန်ကျူးရေ ရဟန်းအား အာပတ် မသင့်။

၅-သဉ္စရိတ္တသိက္ခာပုဒ် စက်လှည့်ပုံ ပြီးဧ့။

ဝိနီတဝထု ခေါင်းစိုင်မာတိကာ

အိပ်ပျော်ရေမိမ၊ သီရေ မိမ၊ ထွက်လားရေ မိမ၊ မိမ မဟုတ်၊ မိမပဏ္ဍုက်၊ ငြင်းခုံခြင်းကို လုပ်ပနာ အားပါစီပြီ၊ ပဏ္ဍုက်မာ အောင်သွယ်မှုကို လုပ်ခြင်း။ ဒေကား ခေါင်းစိုင်မာတိကာတဲး။

ဝိနီတဝထု ဖြတ်ထုံးတိ

၃၄၁။ အယင်ခေါက်ကခါ ယောက်ျားတစ်ယောက်စွာ ရဟန်းတစ်ပါးကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကို စနည်းနာပါဖိ'လို့စီစပ်ဧ့၊ ထိုရဟန်းစွာ လားပြီးကေ လူတိကို-

'ဒေမည်ရေ မိမစွာ အဇာမှာလဲ'လို့ မီးဧ့။

အိပ်ပျော်နိန်ပါရေဘုရားလို့ (လျှောက်ကက်ဧ့)။

'ငါစွာ သံဃာဒိသိသ်အာပတ် သင့်လီသလော'လို့ ထိုရဟန်းအား တွေးတောမှု 'သံသယ ကုက္ကုစ္စ'ဖြစ်ဧ့။ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ဧ့။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁)

အယင်ခေါက်ကခါ ယောက်ျားတစ်ယောက်စွာ ရဟန်းတစ်ပါးကို 'အသျှင်ဘုရား ကြွပါဖိ၊ ဒေမည်ရေ မိမကို စနည်းနာပါဖိ'လို့စီစပ်ဧ့၊ ထိုရဟန်းစွာ လားပြီးကေ လူတိကို-

'ဒေမည်ရေ မိမစွာ အဇာမှာလဲ'လို့ မီးဧ့။

သီပါယာဘုရား။ပ။ ထွက်လားပါရေဘုရား။ မိမ မဟုတ်ပါဘုရား။ မိမပဏ္ဍုက်ပါဘုရားလို့ (လျှောက်ကက်ဧ့)။

ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၂-၅)

အယင်ခေါက်ကခါ မိမတစ်ယောက်စွာ လင်ယောက်ျားနန့် ငြင်းခုံပြီးကေ အမိအိမ်သို့ လားဧ့၊ အိမ်သို့ကပ်တတ်ရေ ရဟန်းစွာ အားပါစရာ စကားကို ပြုဧ့ 'အိမ်ကို ပြန်စီဧ့'၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။

ရဟန်း အောင်သွယ်စကား ပြောကြားထိုက်ရေ မိမလောလို့ (မီးတော်မူရာ)

အောင်သွယ်စကား ပြောကြားထိုက်ရေ မိမ မဟုတ်ပါ မြတ်စွာဘုရားလို့ (လျှောက်ဧ့)။

ရဟန်း အောင်သွယ်စကား မပြောကြားထိုက်ရေ မိမမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၆)

အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ပဏ္ဍုက်မာ အောင်သွယ်မှုကို ပြုဧ့၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၇)

ပဉ္စမ သဉ္စရိတ္တသိက္ခာပုဒ် ပြီးဧ့။