သတိုးမင်းတရား
အသွင်ပြင်
| သတိုးမင်းတရား | |
| မွီးသက္ကရာဇ် | |
| နာမည်ရင်း | ညိုရောင်ဖြူ |
| မိဖုရား | ရတနာကုမ္မာရ |
| နာမည်ကွဲ | သတိုးမင်းတြား/သတိုးဓမ္မရာဇာ |
| ရခိုင်သက္ကရာဇ် နန်းတက် | 1007 |
| ရခိုင်သက္ကရာဇ် နန်းကျ | 1014 |
| ခရစ်နှစ် နန်းတက် | 1645 |
| ခရစ်နှစ် နန်းကျ | 1652 |
| အိမ်နိမ့် | 26 |
| နန်းစံ | 7 |
| အသက် | 33 |
| ဖခမည်းတော်၊မယ်တော် | နရပတိကြီး |
| ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
| ဆက်ခံခရေဘုရင် | နရပတိကြီး |
| ဆက်ခံရဖို့ဘုရင် | စန္ဒသုဓမ္မရာဇာ |
| မင်းဆက် | တတိယမြောက်ဦးမင်းဆက် |
သတိုးမင်းတရား (ရခိုင်သက္ကရာဇ် ၁၀ဝ၇-၁၀၁၄)(ခရစ်နှစ် ၁၆၄၅-၁၆၅၂)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။
နရပတိကြီးမင်းလွန်ကေ သာတော် သတိုးမင်းတရားရေ သက္ကရာဇ် ၁၀ဝ၇ ခုနှစ်တွင် ထီးနန်းကို ဆက်ခံခရေ။ ဤမင်းရေ ကနက္ကဒဏ်ထီးကိုဖွင့်၍ ပွင့်သဖြင့် အနားပတ်လည်တွင် ဗိန္ဒု အစက်တိ ဖော်၍ ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားဟု စာတမ်းထိုးထားရေ ငွေဒင်္ဂါးတိကို ထုတ်ဝေခရေ။ နန်းစံ(၇)နှစ်၊ သက္ကရာဇ် ၁၀၁၄ ခုတွင် နတ်ရွာစံရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-22)