Jump to content

သန်းထွန်း (သမိုင်းပညာရှင်)

ဝီကီးပီးဒီးယား က
သန်းထွန်း
ဖိုင်:Dr Than Tun.jpg
ဒေါက်တာသန်းထွန်း
မွီးဖွား(1923-04-06)၆ ဧပြီ၊ ၁၉၂၃
ဧရာဝတီတိုင်းငါးသိုင်းချောင်းမြို့နယ်ဒေါင့်ကြီးရွာ
ဆုံးပါး၃၀ နိုဝင်ဘာ၊ ၂၀၀၅(2005-11-30) (အသက် ၈၂)
မန္တလေးမြို့
နီထိုင်ရာမန္တလေးမြို့
နိုင်ငံသားမြန်မာ
နိုင်ငံလူမျိုးမြန်မာ
နယ်ပယ်မြန်မာ့သမိုင်းသုတေသန
အဖွဲ့အစည်းဌာနမန္တလေးတက္ကသိုလ်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
လန်ဒန်တက္ကသိုလ်
ကျော်ကြားမှုအရင်းခံပုဂံခေတ်ဦးသမိုင်း
သူ့အပေါ် ဩဇာလွှမ်းမိုးသူတိဂေါဒန် လုစ်
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်တိဖုကုအိုကာ အာသျှယိုင်ကျေးမှုဆု (၂၀၀၀)
အိမ်ထောင်ဘက်ခင်ရီ

ဒေါက်တာသန်းထွန်း (၆ ဧပြီ ၁၉၂၃ - ၃၀ နိုဝင်ဘာ ၂၀၀၅) စွာ မြန်မာနိုင်ငံမှ ထင်ရှားသော သမိုင်းပညာသျှင်တဦး ဖြစ်တေ။ ဘဝတသက်တာလုံး မြန်မာ့သမိုင်းနန့် ယိုင်ကျေးမှုဆိုင်ရေ ပညာရပ်များ ဖြစ်ထွန်းတိုးတက်ခြင်းအပေါ် အကျိုးပြုခသူတဦးဖြစ်ကာ ခရစ်နှစ် (၂၀၀၀) မာ ဖူကုအိုကာ အာသျှယိုင်ကျေးမှုဆု ချီးမြှင့်ခံရရေ။

ဒေါက်တာသန်းထွန်း (၆ ဧပြီ ၁၉၂၃ - ၃၀ နိုဝင်ဘာ ၂၀၀၅) ကို ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် ဒေါင့်ကြီးရွာမာ အဖ ဦးဖိုးတွေ၊ မိခင် ဒေါ်သင်ရို့က ၁၉၂၃၊ဧပြီလ ၆ ရက်နိမာ မွီးဖွားခရေ။ ကုန်းဘောင်ခေတ် မြင်းကွန်း မြင်းခုံတိုင် အရီးအခင်းမာ ပါဝင်ရေ မောင်လူကြီး ဆိုသူရေ ဒေါက်တာသန်းထွန်းဧ့မိခင် ဒေါ်သင်၏ အဘိုးဖြစ်တေ။ ဒေါက်တာသန်းထွန်းစွာ မွီးချင်း ညီအစ်ကိုမောင်နှမ ၅ ဦး အနက် ၂ ယောက်မြောက် ဖြစ်တေ။ ဒုတိယကမ္ဘာစစ်အထဲ မွီးရပ်မြီ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ် အာသျှလူငယ် အစည်းအရုံးမာ အတွင်းရီးမှူးအဖြစ် စတင်ပါဝင်ခရေ။ ဖက်ဆစ် ဂျပန် တော်လှန်ရီးအတွက် ၁၉၄၄ ခုနှစ်မာ ငါးသိုင်းချောင်း မြို့နယ်မာ ဖွဲ့စည်းခရေ ဖဆပလဧ့ ပထမဆုံးဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခရေ။ မြန်မာနိုင်ငံ လွတ်လပ်ရီး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇) မာပါဝင်ခရေ။

၁၉၃၉ ခုနှစ် အသက် ၁၆ နှစ်အရွယ်မာ အထက်တန်းအောင်မြင်ခရေ။ ၁၉၄၆ ခုနှစ် စစ်ပြီး ခေတ် ရန်ကုန် တက္ကသိုလ်ဧ့ ကျောင်းသား ဂေါင်းဆောင် အဖြစ်တာဝန်ယူ ဆောင်ရွက်ခရေ။ ၁၉၄၇ ခနစ် ကျောင်းသားညီလာခံမာ ဥက္ကဋ္ဌ နီရာအတွက် ဆန္ဒမဲပီးပြီး ရွီးချယ်တင်မြှောက်ရာမာ ဒေါက်တာသန်းထွန်းနန့် ဦးသန်းရို့က မဲတူနီရာ သဘာပတိ ဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရေကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွီ မှ ယင်းဧ့ သဘာပတိမဲဖြင့် (casting-vote) ဒေါက်တာသန်းထွန်းအား ကျောင်းသား ဥက္ကဋ္ဌ ဖြစ်စီခရေ။[]

၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရီး ကာလမာ မြန်မာနိုင်ငံလုံးဆိုင်ရေ ကျောင်းသားများသမဂ္ဂဧ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခရေ။ လက်ဝဲကွန်မြူနစ် စာပီတိကို သဘောကျသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗ.က.ပ) ဝင် အဖြစ်ခံယူခကေလေ့ ၁၉၄၈ ခုနှစ်မှ စပြီးကေ နိုင်ငံရီး သမားဘဝကို စွန့်လွှတ်ခရေ။ ကွန်မြူနစ်ပါတီမှ ထွက်ပြီးနောက် ရန်ကုန်တက္ကသိုလ် သမိုင်း နည်းပြဆရာ အဖြစ် တာဝန် ထမ်းဆောင်ချိန် ၁၉၄၈ ခုနှစ် စတ်တင်ဘာလ ၁၈ ရက်နိမာ ဒေါ်ခင်ရီ နန့်ပီးစပ်ခပြီးကေ သားသမီး ၅ ယောက် ထွန်းကား ခရေ။ ၁၉၄၇ ခုနှစ်မာ ဝိဇ္ဇာဂုဏ်ထူးတန်း ဖြင့်ဘွဲ့ရခရေ။ ၁၉၅၀ ဖေဖဝါရီ ၂၄ မာ သမိုင်းဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရဟိခရေ။ ၁၉၅၁မာ ဥပဒေ သင်တန်း တက်ခပြီး ၁၉၅၂မာ ဥပဒေဘွဲ့ ရခရေ။ ယပြီးနောက် ကိုလံဘိုစီမံကိန်း ဖြင့် အမေရိကန်နိုင်ငံ၊ ကော်နဲလ်တက္ကသိုလ်မှ ပညာသင်ဆုရဟိကာ အစိုးရပညာတော်သင် အဖြစ်လည်း အရွီးခံရကေလေ့ ကိုယ့်ဆန္ဒဖြင့် လန်ဒန် တက္ကသိုလ်မာ ၁၉၅၂ မှ ၁၉၅၆ အထိ ပါရဂူသင်တန်း တက်ကာ ပုဂံခေတ် ဗုဒ္ဓဘာသာ Buddhist Church in Pagan Period စာတမ်းကို တင်သွင်းလို့ အရှိတဝှမ်းနန့် အာဖရိကဆိုင်ရေပညာကျောင်းမှ ပါရဂူဘွဲ့ ရဟိခရေ။

စာပီသင်ကြားပို့ချခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ဖိုင်:Dr.thanhtun.jpg
ဒေါက်တာသန်းထွန်း (၁၉၂၃-၂၀ဝ၅)

၁၉၅၉ ခုနှစ်မာ ရန်ကုန်တက္ကသိုလ် သမိုင်းနန့် နိုင်ငံရီးသိပ္ပံဌာနမာ ကထိကအဖြစ်တာဝန်ထမ်းဆောင်ခရေ။ ၁၉၆၅ ခုနှစ်မာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတက္ကသိုလ်မာ သမိုင်းပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခရပြီး ၁၉၆၅ မှ ၁၉၈၂ အထိ ဆက်ပနာတာဝန်ထမ်းဆောင်ခရေ။ ၁၉၈၂ ခုနှစ်မာ မန္တလေးတက္ကသိုလ်မှ တိုကျိုတက္ကသိုလ် အရှေတောင်အာသျှ ပညာဌာနသို့ ထွက်ခွာခရေ။ ၁၉၈၃ ခုနှစ်မာ မြန်မာပညာရီးဌာနမှ ပင်စင်ယူခရေ။ တိုကျိုတက္ကသိုလ်နိုင်ငံခြားပညာဌာန၊ အာဖရိကနန့် အာသျှဘာသာစကားနန့် ယိုင်ကျေးမှုပညာဌာန၊ တိုကျို ခရစ်ယာန်တက္ကသိုလ်နန့် အိုဆာကာမြို့ အိုဆာကာ တက္ကသိုလ်ရို့မာ သုတေသနပြုသူနန့် ဧည့်ပါမောက္ခအဖြစ် ၅ နှစ်အကြာမျှ တာဝန်ယူခရေ။ ယပြီးနောက် ဒေါက်တာသန်းထွန်းစွာ အမေရိကန်ပြည်ထောင်စုသို့လားရောက်ကာ မြောက်အီလီနွိုင်းတက္ကသိုလ်မာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခပြီးကေ ထိုတက္ကသိုလ်မှ စာပီဆိုင်ရေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို အပ်နှင်းခြင်းခံခရရေ။ စာမျက်နှာ ၇၆၀၀ ဟိရေ ဆယ်စောင်တွဲ မြန်မာမင်းအမိန့်တော်တိကို ပြုစုရီးသားထုတ်ဝီခဲ့ရေအပြင် ရှီးခေတ်မြန်မာ့သမိုင်းနန့် ဆိုင်ရေ အရာစာပီတိကို ရီးသားပြုစုခရေ။ ယကေလေ့ အများစုကတော့ခါ မြန်မာဆင်ဆာအဖွဲ့ဧ့ တင်းကျပ်မှုကြောင့် ထုတ်ဝီနိုင်ခြင်း မဟိခပါ။

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၉ရက်နိမာ လန်ဒန်တက္ကသိုလ်မှချီးမြှင့်သော စာပီ ပါရဂူဘွဲ့ ကိုလက်ခံရဟိခရေ။ ၁၉၉၀ ခုနှစ် မာ့ခ်ျလ၁၅ ရက်နိ မာ နိုင်ငံတိုင်းဝိဇ္ဇာ သိပ္ပံ ထိပ်တန်း ပညာသျှင် ကြီးများရှိနှစ်မှာဒုတိယအယ်လီဇဘတ် ဘုရင်မ ကြီးဧ့ သမီးတော် ကိုယ်တိုင် အပ်နှင်းသော D.Litt. ကို လက်ခံရယူရေ။ မြန်မာပြည်သို့ ၁၉၉၀ ခုနှစ်မာ ပြန်ပနာရောက် ဟိပြီးး ၁၉၉၁မာ မြန်မာစာ အဖွဲ့ဝင်၊ မြန်မာ အိန်းဂလိချ် အဘိဓာန် ပြုစုရီး ကော်မတီဝင်အဖြစ်ပင်ဖြစ်ဖြစ်၊၁၉၉၂ မာ ရန်ကုန်တက္ကသိုလ် ရှီးဟောင်းသုတေသန ပညာဌာန ကို တည်ထောင်ခသူ ဂေါင်းဆောင် အဖြစ်ပင်ဖြစ်ဖြစ် အသီးသီးတာဝန်ယူခရေ။ မြန်မာ့သမိုင်းကော်မသျှင်ဧ့အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခရေ။ ၁၉၉၃ မှ ၂၀ဝ၁ အထိ ရှေးဟောင်း သုတေသန ပညာ ဌာန၊ သမိုင်းဌာန၊ အရှိတိုင်း ပညာဌာန အစဟိရေ ဌာနများမာ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တာဝန်ယူခရေ။ ၂၀၀၀ ခုနှစ်မာ ပညာရီးဆိုင်ရေ အမြင့်မားဆုံးဆု တခုဖြစ်ရေ ဖူကူအိုကာအာသျှယိုင်ကျေးမှုဆုကို အပ်နှင်းချီးမြှင့်ခြင်းခံခရရေ။[]

၁၉၄၆ ခုနှစ် မြန်မာပြည် လွတ်လပ်ရီးမရမီက အမျိုးသားနိအောင်ပွဲကို ကျောင်းသားဂေါင်းဆောင်တဦးအဖြစ် ဦးဆောင်ပြီး ဖဆပလ အဖွဲ့ချုပ်အား ဆန့်ကျင်ခရေ။ မန္တလေးတက္ကသိုလ်ကျောင်းဆရာ ဘဝမာ အာဏာသိမ်းစစ်တပ်ဧ့ မဆလ အရံပါတီဝင်ကြီးနန့် လုပ်သားကောင်စီကြီးများ မထည့်ဝင်ဘဲ သပိတ်မှောက်ခအတွက်နန့် မဆလပါတီက ဒေါက်တာသန်းထွန်းကို ထုတ်ပယ်ခရေ။ မကွယ်လွန်မီ နအဖ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ဧ့ ဆင်ဖြူ ကိုးကွယ်မှုကို ရဲဝံ့စွာ ပြစ်တင် ဝေဖန်ခရေ။ “ဆင်ဖြူဖြစ်ဖြစ် ဆင်မည်းဖြစ်ဖြစ် ဆင်ဟာ တိရစ္ဆာန်၊ တိရစ္ဆာန်ကို လူစွာ ရှိမခိုးအပ်ဘူး” ဟု မှတ်ချက်ပီးခရေ။

ဖိုင်:Drthuntuntomb.jpg
ဒေါက်တာသန်းထွန်းဧ့ အုတ်ဂူ

၂၀ဝ၅ ခုနှစ် နိုဗန်ဘာလ ၂၉ ရက်နိမာ မန္တလေး အမရပူရမြို့တောင်သမန်အင်းစောင်းဟိ တောင်လေးလုံးကျောင်းတိုက်မာ ပြုလုပ်ရေ လူထုဒေါ်အမာ အသက် ၉၀ ပြည့်မွီးနိသို့ လာရောက်ဆင်နွဲပြီး၊ အရာတရက်နိ နိုဗန်ဘာလ ၃၀ ရက်နိ မိုးထ ၂ နာရီမာ အသက် ၈၃နှစ်အရွယ်မာ သူချစ်မြတ်နိုးသော မန္တလေးတက္ကသိုလ် သမိုင်းဌာန အဆောက်အဦးအတွင်းမာ နှလုံးရောဂါနန့် ကွယ်လွန်ခရေ။ ဆရာဒေါက်တာ သန်းထွန်းစွာ မြန်မာနိုင်ငံသားတိအတွက် သမိုင်းဆိုင်ရေရှာဖွီမှုတိနန့် သုတေသန ပြုလုပ်မှုပေါင်းများစွာ၊ စာတမ်းနန့် သမိုင်းဆိုင်ရေ စာပီကိစ္စပေါင်း များစွာကို တာဝန်ခံဆောင်ရွက်ခရေ နိုင်ငံချစ် ကမ္ဘာသိ ပညာသျှင်ကြီး ဆရာကြီး တဦးအဖြစ် မော်ကွန်းထိုးလောက်ရေ သူတဦး ဖြစ်လီရေ။

ပြုစုခသော စာတမ်းများ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  1. ငါပြောချင်သမျှ ငါ့အကြောင်း
  2. မြန်မာသမိုင်း နိဒါန်း
  3. မြန်မာအနုပညာလက်ရာပစ္စည်း
  4. မြန်မာ့ဗုဒ္ဓသာသနိက အနုပညာလက်ရာ
  5. မြန်မာရက်စွဲသမိုင်း(ကုန်းဘောင်ဆက်)
  6. ကပျာကယာဂျပန်ကဗျာတစ်ရာ
  7. ကျော်စွာ ၁၀၀
  8. အသစ်မြင် မြန်မာသမိုင်း
  9. မြန်မာသမိုင်း လစ်ကွက်များ
  10. ခေတ်ဟောင်းရာဇဝင်
  11. ခေတ်သစ်ရာဇဝင်
  12. မြန်မာမင်းအမိန့်တော်ပုံပေါင်းချုပ်
  13. မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ
  14. ပုဂံခေတ်နိုင်ငံရေးရာဇဝင်
  15. နယ်လှဲ့ရာဇဝင်
  16. ဝိတိုရိယနဲ့အယ်လဗတ်ပြတိုက်မှာရှိတဲ့ မြန်မာအနုပညာလက်ရာပစ္စည်းတွေ
  17. ပျူတွေ ဘယ်ရောက်သွားလဲ
  1. ဒေါက်တာသန်းထွန်း (၂၀ဝ၁ မေလ). ငါပြောသမျှငါ့အကြောင်း (ပထမအကြိမ် ed.). ဦးကျော်ဆန်း (ရဲအောင်စာပီတိုက်). p. စာမျက်နှာ ၁၃. {{cite book}}: Check date values in: |date= (help)
  2. (ဒေါက်တာသန်းထွန်း၊ သမိုင်းနန့် စကားပြောခြင်းက)